Thursday, December 24, 2009
ခရစ်စမတ်အမှတ်တရ
Jingle Bell
Dashing through the snow
In a one-horse open sleigh
Through the fields we go
Laughing all the way.
Bells on bob-tail ring
Making spirits bright
What fun it is to ride and sing
A sleighing song tonight.
Jingle bells, jingle bells
Jingle all the way,
Oh what fun it is to ride
In a one-horse open sleigh, O
Jingle bells, jingle bells
Jingle all the way,
Oh what fun it is to ride
In a one-horse open sleigh.A day or two ago
I thought I'd take a ride
And soon Miss Fanny Bright
Was seated by my side;
The horse was lean and lank
Misfortune seemed his lot,
We ran into a drifted bank
And there we got upsot.
A day or two ago
The story I must tell
I went out on the snow
And on my back I fell;
A gent was riding by
In a one-horse open sleigh
He laughed at me as
I there sprawling laid
But quickly drove away.
Now the ground is white,
Go it while you're young,
Take the girls along
And sing this sleighing song.
Just bet a bob-tailed bay,
Two-forty as his speed,
Hitch him to an open sleigh
and crack! You'll take the lead.
Wednesday, December 23, 2009
ကျမနဲ့ကြောက်စိတ်
အဲဒီအခါ ကျန်းမာရေး အတွက် အမြဲတမ်း လမ်လျှောက် နေကြ လူကြီးတွေ အတွက်တော့ စိတ် အနှောက်အယှက် ဖြစ်ကြ ရတာပေါ့။ လူကြီးတွေက ကစားကွင်းကို ၃ပတ်၊ ၄ပတ် လျှောက်ကြပြီး သွေးပူ လေ့ကျင့်ခန်း လုပ်ကြပြီးမှ ပြန်ကြ ပါတယ်။ တချို့ လူငယ်တွေ ကျတော့ လည်း ကြက်တောင်ရိုက်၊ ဘောလုံးကန် ကြတယ်။
ကျမတို့ ညီအမ နှစ်ယောက် ဟာ စက်ဘီးလည်း မစီးရဲ၊ မစီးတတ်ကြပါဘူး။ ဖေကြီးက စက်ဘီးစီး တတ်အောင် သင်ရမယ် ဆိုတော့ တော်တော် စဉ်းစားခဲ့ ရပါတယ်။ ဗန္ဓုလသွေး အပြည့် ပါတယ်လေ (ကြောက်စိတ် ကများနေလို့) ....။ ဒီလောက် စီးတတ်စေချင်တာ သင်ကြည့်မယ် ဆိုပြီးပြောတော့ မောင်လေး တယောက်က စသင်ပေး ပါတယ်။ ပထမ ရက်တော့ လက်ကိုင်ရော၊ နောက်ကနေပါ ကိုင်ပေးတော့ ဟန်ကျပန်ကျ စီးနေလိုက်တာ အဆင်ပြေ သွားပါတယ်။ နောက်နေ့ကျတော့ လက်ကိုင်ကို မကိုင်ပေးတော့ ဘူးတဲ့။ နောက်ကနေပဲ ထိန်းပေးတော့မယ်တဲ့။ တော်တော် ရနေပါပြီတဲ့... ပြောတော့ သဘောတွေကျ လို့ပေါ့....။ သူက အနောက်က ထိန်းပေးမှန်း သိတော့ ကြောက်စိတ် မရှိပဲ စီးနေလိုက်တာ လှည့်ကြည့် လိုက်တော့ သူက မရှိတော့ဘူး။ကိုင်ပေးတဲ့သူ မရှိမှန်းလည်း သိရော ယိုင်ထိုးထိုးနဲ့ နင်းသွားလိုက်တာ `ပုဏ္ဍရိတ်´ ပန်းပင်ခြံဘောင်ရိုး ထဲကို အရှိန် မထိန်းနိုင်ပဲ ထိုးဝင် သွားတော့တယ်။ သင်ပေးတဲ့ သူကတော့ ဟိုးအဝေးကြီး ကနေကြည့်ပြီး ရယ်နေပါတယ်။ အဲဒီ နေ့ကလည်း သင်ပေးတဲ့ မောင်လေးက သူ့ရဲ့မျက်မှန်ကို ပေးထားလို့ ကိုယ့်ရင်ဘတ်မှာ ချိတ်ထားလိုက်တာ... စက်ဘီးရော၊ လူရော မှောက်ပြီး ကျမ မထနိုင်တော့ ပါဘူး။ ကြည့်လိုက်တော့ မျက်မှန်လေး ကလည်း အစိပ်စိပ် အမွှာမွှာ.... ကျမမှာ နာလည်းနာ၊ လူတွေကလည်း ပြုံးစိစိ နဲ့ကြည့်နေတော့ ကြောက်စိတ်ရော၊ ရှက်တဲ့စိတ်ပါ ရောထွေးပြီး နေပါတယ်။ ကျမမှာ သူများ တကာတွေ အလွယ်တကူ စီးနိုင်တဲ့ အလုပ်ကို ကျမ ကြောက်စိတ် ကြောင့် မစီးတတ်ခဲ့ ပါဘူး။ တခါတရံ မှာ လူတွေဟာ ကြောက်စိတ်နဲ့ ကင်းအောင် နေထိုင် တတ်ရင်လည်း ကောင်းပါတယ်။ ကြောက်စိတ် ရှိတိုင်း အရာရာ မအောင်မြင် တော့ပါဘူး။ (ကျမအတွေ့အကြုံအရပေါ့) ... ကြောက်စိတ်ကြောင့် တချို့နေရာ တွေမှာ အဟန့်အတား ဖြစ်နိုင်လာ ပါတယ်။
ကျမ တူမလေး ကိုတော့ ကျမနဲ့ မတူအောင် ငယ်ငယ်လေး ထဲက စက်ဘီးကို စီးတတ်အောင် သင်ပေးခဲ့တယ်။ စစီးခါစတော့ နောက်ဘီး ဘေးနှစ်ဘက်မှာ ခွပြီးဘီးနှစ်ဘီး တပ်ပေးထား ပါတယ်။ တဖြည်းဖြည်းနဲ့ စီးတတ် လာတော့ နောက်က ဘီးနှစ်ဘီး ကိုဖြုတ်ပေးလိုက် တော့လည်း စီးတာများ ကျွမ်းကျင်လို့။ သိပ်မကြာ လိုက်ပါဘူး... လူကြီး စက်ဘီး အကြီးရပ်ထားတာ ကို သူ့ဟာသူ ယူစီးတာ အဆင်ပြေ ချောမွေ့လို့... ကိုယ်က အံ့အားတကြီးနဲ့ သမီးလေး ဘယ်လိုစီးလိုက် တာလဲဆိုတော့ သမီးလည်း ရမလားလို့ တက်စီးကြည့် လိုက်တာ ရသွား တာတဲ့။ ကျမ မစီးတတ်တဲ့ စက်ဘီးကို သူကစီးတတ်လို့ ၀မ်းသာ နေလိုက်တာများ...။ တကယ်တော့ သူ့မှာ ကြောက်စိတ် မရှိလို့ပါ။ ကြောက်စိတ် မရှိတော့ အဟန့်အတား မဖြစ်ဘူးဆိုတာပါ။ ဒါနဲ့ ကျမလည်း ကိုယ့်ကိုကိုယ် အားပြန်တင်းပြီး ဘယ်လို လုပ်ရပါ့ မလဲပေါ့...
ကျမလည်း သားကောင် မဖြစ်အောင်တော့ ကြောက်စိတ် ကို ဖယ်ဖို့ ကြိုးစား ရတော့မယ်..........
Tuesday, December 22, 2009
လွမ်းနေတယ်…….
စိတ်က ဖေကြီးတို့ မေကြီးတို့ ဆီ ရောက်သွားလိုက်၊ အလုပ်ထဲ စိတ်ရောက်သွားလိုက် နဲ့ ဂဏှာ မငြိမ်ပါလား…ဘယ်လို လုပ်ရပါ့ မလဲလို့ တယောက်တည်း စဉ်းစားရင်း ဆေးသောက် ရအုံးမယ် ဆိုတော့ အစားလေး တော့ စားအုံးမှ ဆိုပြီး ခေါက်ဆွဲပြုတ် ထပြုတ်ပြီး စားလိုက်တယ်။ ပြီးတော့ ဆေးသောက်ပြီး ပြန်လှဲ နေလိုက်တယ်။ ခေါင်းက ဘယ်လိုမှ မထူနိုင်ဘူး ဖြစ်နေတယ်။ လူကသာ လှဲနေတာ…
စိတ်ကတော့ လျှောက်ပြေး နေလိုက်တာ … မိုင်ပေါင်း ကုဋေကုဋာ ဆိုတာ လိုပေါ့…. မေကြီးရှိရင် ဒီအချိန်ဆို ဘာလုပ် ပေးနေမလဲ နဲ့လည်း တွေးနေ သေးတယ်။ မိတ်ဆွေ တယောက်က လှမ်းပြောတယ်။ ဝေဒနာ ခံစားနေရတဲ့ အချိန်မှာ တရား ကိုရှုပါတဲ့။ ဝေဒနာ ကို ရှုပါတဲ့.....။ အဲဒီ အချိန်မှာ ဘာဝေဒနာမှ မရှုနိုင်ပဲ စိတ်တွေက ပြေးနေလို့ မနည်း လိုက်ဖမ်း နေရတယ်လေ။ တကယ့် တကယ် ဖြစ်လာတော့ ဘာဝေဒနာမှ မရှုနိုင် ပါလားလို့.....။ ဒါကြောင့် နေကောင်းတဲ့ အချိန်မှာ (လုပ်နိုင်တဲ့အချိန်) မှာ ဘုရား တရား ပိုလုပ်ပါလို့ ပြောကြတာ ကိုး ...။ နေမကောင်းတဲ့အချိန် ဘာမှမလုပ်နိုင်တော့ လို့လေ။
အင်း...... ဘာရယ်လို့ မဟုတ်ပါဘူး။ နေမကောင်းတုန်း လွမ်းနေရတာလေး ချရေး မိတာပါ...။
Monday, December 21, 2009
၈၈မျိုးဆက်ကျောင်းသားခေါင်းဆောင် `ကိုကိုကြီး´ ရဲ့မွေးနေ့
ကျောင်းသား ခေါင်းဆောင် `ကိုကိုကြီး´ ရဲ့ `နိုင်ငံရေး အကျဉ်းသား ဆိုတာ ဘာလဲ…ဘယ်သူ တွေလဲ…´နဲ့ အမေနဲ့ ပက်သက်ပြီး ကိုယ်တိုင် ရေးထားတဲ့ ၀တ္ထု`လားရာ´ဆိုတာ ကို ဒီလင့် မှာ ဖတ်ရှုနိုင် ပါတယ်။
(၄၈)နှစ်မြောက် မွေးနေ့မှ စပြီး အကျဉ်းထောင် မှ အမြန်ဆုံး ပြန်လည် လွတ်မြောက်ပြီး စိတ်ချမ်းသာ ကိုယ်ကျန်းမာ နဲ့ တိုင်းပြည် အကျိုးကို စိတ်ထဲမှာ ရှိတဲ့အတိုင်း လုပ်ဆောင် နိုင်ပါစေ။
တောင်းတဲ့ဆုနဲ့ အမြန်ဆုံး ပြည့်ဝ ရပါလို၏..........
အိပ်မက်…..မက်ခဲ့တယ်…..
ကားဂိတ်မှာ ကားစောင့်နေရင်း ဟိုကြည့် ဒီကြည့်နဲ့ ကားရောက် လာတော့ ကားပေါ်တက် လိုက်တယ်။ လမ်းတလျှောက်လုံး အအေးဒဏ် ခံစားရင်း စာသင်မဲ့ ဆရာမဆီ ကိုသာ စိတ်က ရောက်နေတယ်။ ၇နာရီ သင်မဲ့ ဆရာမက စာအသင်အပြ အရမ်း ကောင်းတယ်။ စိတ်ကူးရင်းနဲ့ စီးလာလိုက်တာ မြေနီကုန်းကျော် လို့ လှည်းတန်းတောင် ရောက်ခါနီးပြီပဲ။ ကားပေါ်က ဆင်းဖို့ အဆင်သင့် ရပ်နေ လိုက်တယ်။ လှည်းတန်း မှတ်တိုင် ရောက်တော့ ကားပေါ်က ဆင်းပြီး ခပ်သုတ်သုတ် လျှောက်လာရင်း ဒီအချိန်ဆို အတန်းထဲမှာ စာသင်နေလောက် ပြီလို့ တွေးရင်း လျှောက်လာ ခဲ့တယ်။ အတန်းထဲ မသွားခင် စာကြည့်တိုက် ရှေ့မှာ သူငယ်ချင်းတွေ ဆုံနေကြ ဆိုတော့ သူတို့တွေ ငါ့ကို စောင့်နေလောက် ပြီပေါ့။ တမျှော်မျှော်နဲ့ စောင့်နေကြတဲ့ သူတို့က လည်း ကိုယ့်ကို တွေ့တော့ ဘာဖြစ်လို့ နောက်ကျတာ လည်းတဲ့။ ကျမလည်း သူတို့ အမေးကို မဖြေတော့ပဲ လာ…လာ အတန်းထဲ မြန်မြန် သွားကြမယ်ဆိုပြီး ထွက်ခဲ့ကြတယ်။ လမ်းတလမ်းလုံး လည်း ကံ့ကော်ပန်း ရနံတွေ မွှေးပျံ့ နေလိုက်တာ…
အတန်းထဲ ရောက်တော့ ဆရာမက စာသင်နေပါပြီ။ ကျမတို့လည်း ခပ်ရို့ရို့ ၀င်ထိုင်ရင်း စာအုပ် ထုတ်ပြီး မှတ်စုလိုက် ရေးလိုက်တယ်။ ဒီလိုနဲ့ တချိန်ပြီး တချိန် သင်လိုက်တာ နေ့လည် ၁၂နာရီတောင် ထိုးသွားပြီ။ ဗိုက်ထဲ ကလည်း ဆာလိုက်တာ။ ဒီနေ့တော့ ၁နာရီဆို အတန်းချိန် ပြီးပြီ ဆိုတော့ သူငယ်ချင်းတွေ တနေရာရာ သွားဖို့ စိတ်ကူးထား ကြတယ်။ ၁နာရီ ထိုးလို့ စာသင်ချိန်လည်း ပြီးရော သူငယ်ချင်းတွေ ရှစ်မိုင် လမ်းဆုံက (junction 8) ကို သွားခဲ့ကြတယ်။ တလမ်းလုံး စကားတွတ် ထိုးပြီး မတွေ့ရတာ အတော်ကြာ နေကြတဲ့ သူတွေလိုပဲ။ (junction 8) မရောက်ခင် ထမင်းသုပ်ဆိုင် ကောင်းတယ်။ ၀င်စားကြမယ် ဆိုပြီး စားကြတယ်။ ပြီးတော့မှ (junction 8) ကို လာကြပြီး လျှောက်ကြည့်ကြ လိုတာတွေ ၀ယ်ကြတယ်။ (junction 8) ထဲက (J Donut) မှာ အအေးဝင် သောက်လိုက် ကြသေးတယ်။ ပြီး ဘယ်သွားအုံးမလဲ ဆိုတော့ ကျမက စာအုပ်တန်းဘက် ကို သွားချင်တယ် ပြောတော့ အားလုံး ကလည်း တညီတညွတ်တည်း သွားမယ်တဲ့။ အဲဒါနဲ့ (junction 8) ထဲက ပြန်ထွက်လာပြီး ရန်ကုန်မြို့ထဲ ဘက်ကို ကားစီး လာခဲ့ကြတယ်။
စာအုပ်တန်း မှာ တဆိုင်ဝင် တဆိုင်ထွက် နဲ့ စာအုပ်တွေ ကြည့်ရတာ အရမ်း ကောင်းတာပဲ။ နောက်ဆုံး `အမေ့အိမ်´ဆိုင်က ဖတ်ချင်တဲ့ စာအုပ် တချို့  ၀ယ်လာ ခဲ့တယ်။ ပြီးတော့ ဘယ်သွားရင် ကောင်းအုံး မလဲလို့…. တရုတ်တန်း ဘက်ကို သွားကြမယ် ဆိုတော့ အားလုံးက ခေါင်းညိတ် ကြတယ်လေ။ တရုတ်တန်း ဘက်မှာ စားစရာ တွေက အများကြီးလေ။ စာအုပ်တန်း ဘက်က လျှောက်လာရင်း ဆိုင်တန်းတွေ ငေးပြီး လျှောက်လာ လိုက်တာ တရုတ်တန်း ကို ရောက်နေပြီပဲ။ ရောက်တော့ အားလုံး အကြိုက် အရင်ဆုံး ၀က်သား ဒုတ်ထိုး စားကြတယ်။ ဘေးနားမှာ ကြည့်လိုက် တော့ ကော်ပြန့်စိမ်းဆိုင်။ အား… ကော်ပြန့်စိမ်း လည်း စားလိုက် အုံးမယ် ဆိုပြီး စားကြပြန်တယ်။ ပြီးတော့ `ချစ်စရာ´ အအေးဆိုင် ကို လမ်းလျှောက်ကြပြီး ကူလ်ဖီး စားကြတယ်။ သူငယ်ချင်းတွေ ကတော့ ဖါလူဒါ စားတဲ့သူနဲ့ သစ်သီးဖျော်ရည် သောက်တဲ့သူ နဲ့ပေါ့။ ထုံးစံ အတိုင်း သူ့ဟာ ကိုယ်ယူစား ကိုယ့်ဟာ သူယူစားနဲ့ ပျော်စရာ ပေါ့။ အင်း နာရီ ကြည့်လိုက်တော့ ညနေ ၅နာရီ တောင် ထိုးနေပြီပဲ။ ဖေကြီးကို ကြိုပြော ထားရတယ်။ မဟုတ်ရင် ပြန်တာ နောက်ကျလို့ စိတ်ပူ နေအုံးမယ်။ ပြီးတော့မှ လမ်းခွဲပြီး အိမ်ပြန် လာကြတယ်။ ကျန်တဲ့ သူငယ်ချင်းတွေ က လှည်းတန်း နဲ့ အင်းစိန် နဲ့ ကိုးမိုင် နဲ့ပြန်မှာ ဆိုတော့ လမ်းတူကြတယ်။ ကျမ သာ တာမွေဘက် ပြန်မှာ ဆိုတော့ သူတို့နဲ့ မတူ တယောက်တည်း ပြန်လာခဲ့တယ်။
လမ်းတလမ်း လုံးလည်း မနက်ဖန်မှာ လုပ်ရမဲ့ (ပရက်တီကယ်) လက်တွေ့ အကြောင်း စဉ်းစားရင်း အတွေး နယ်ချဲ့  လာခဲ့တာ အိမ်နားကိုတောင် ရောက်ခါနီး လာပြီ။ အင်း… ဒီနေ့တော့ သွားချင်တဲ့ နေရာတွေ သွားလိုက်ရတဲ့ အတွက် စိတ်ချမ်းသာ သွားတယ်။ ဖေကြီးတို့ ကတော့ ထမင်းစားဖို့ စောင့်နေကြမှာ။ အိမ်ရောက်တော့ ဖေကြီးက ပင်ပန်း သွားပြီလားတဲ့။ ပင်ပန်းတာ ပေါ့လို့ ပြန်ပြောတော့ ထမင်းစားကြမယ် တဲ့။ ဆာတော့ မဆာ သေးဘူး။ ဒါပေမဲ့ မစားရင် လည်း စိတ်မကောင်းမှာ စိုးလို့ ၀င်စား လိုက်တယ်။ ထမင်းစားပြီး ခန နားတုန်း ၀ယ်လာတဲ့စာအုပ်တွေ ဖတ်ကြည့်လိုက် အုံးမယ် ဆိုပြီး ဖတ်လိုက်တာ။
တူမလေး က `တီတီကြီး´ သမီး ကျောင်းသွားတော့မယ် `တာ့တာ´ ဆိုတဲ့ အသံကြားမှ ဟင်…. ငါဘယ်ရောက် နေပါလိမ့် လို့ကြည့်လိုက်တော့ …. ကိုယ့်အိမ်၊ ကိုယ့်မြေ မဟုတ်တဲ့ နေရာလေး တခုမှာ အိပ်စက် နေတာပါလား…
အေးစက် နေတဲ့ ပါးပြင်ပေါ် မှာတော့ မျက်ရည်စ တချို့ ……….
Tuesday, December 15, 2009
ကိုမင်းကိုနိုင်၏ `နောက်ကြည့်မှန်´
" Rear View Mirror " by Ko Min Ko Naing
Monday, December 14, 2009
ဖြစ်ချင်တိုင်းမဖြစ်ကြရ…..
ယနေ့ ဘွဲ့ရ လူငယ် တွေကလည်း နိုင်ငံခြား ထွက်ပြီး အလုပ်လုပ် နေတဲ့ အခြေအနေ ရောက်နေ ကြရတာကိုး။ အဲဒီတော့ ရတဲ့ ဘွဲ့နဲ့ လုပ်ရတဲ့ အလုပ်နဲ့ မတူနိုင် တော့ဘူးလေ။ သူငယ်ချင်းထဲက တယောက်က ဓါတုဗေဒ (ဂုဏ်ထူးတန်း) နဲ့ ဘွဲ့ရပြီး ခေါင်းလျှော်တဲ့ ဆိုင်ဖွင့်ပြီး ခေါင်းလျှော် နေရတယ်။ ဒါဟာ ဘယ်လိုမှ မအပ်ဆက် ပါဘူး။ ဒါပေမဲ့ လည်း လတ်တလော စီးပွားရေး အရ လုပ်နေရ တာပဲလေ။ ၀ါသနာ ပါချင် မှလည်း ပါနိုင်တယ်။
အမှန်မှာ တော့ ဓါတုဗေဒ နဲ့ ဘွဲ့ရတဲ့ သူတယောက် ဟာ သူနဲ့ သက်ဆိုင်တဲ့ ရေသန့် တို့လို… စက်ရုံမှာလို… သုတေသန တွေမှာ ဓါတ်ခွဲခန်း တွေမှာလို… ရှိသင့်တာပေါ့။ ကိုယ့်ရဲ့ ပညာနဲ့ ကိုယ်လုပ်နေရတဲ့ အလုပ် တခြားစီ ပါလားလို့ တွေးမိလိုက် တဲ့အခါ… အရာ အားလုံးကို လိုက်လျော ညီထွေအောင် လုပ်နေရတဲ့ အခါ တွေမှာ တိုးတက်မှု မရှိနိုင်ဘူး လို့ ထင်တယ်လေ။ ကိုယ်လည်းပဲ ဒီလိုပဲ ၀ါသနာ ပါတာနဲ့ ရတဲ့ ဘွဲ့နဲ့ လုပ်ရတဲ့ အလုပ်နဲ့ တခြားစီ ပါပဲ။
ဒါပေမဲ့ ရတဲ့ ဘွဲ့နဲ့လည်း နောင်တချိန် အကျိုးပြုနိုင် အောင် အခု လုပ်နေရတဲ့ အလုပ် နဲ့လည်း အဆင်ပြေ အောင် နေရတာ ပါပဲ။ သူငယ်ချင်း အများစု ကတော့ တက္ကသိုလ် ဆရာမ အဖြစ် ရပ်တည်ကျတော့ သူတို့ ကတော့ လိုက်လျော ညီထွေ ရှိတာပေါ့။ သူဌေး မဖြစ်ပေမဲ့ ကိုယ်ရတဲ့ ဘွဲ့နဲ့စာပြန်သင် ရတော့ အကျိုးရှိ တာပေါ့။ အများကြီး လည်း တိုးတက် နိုင်တယ်လေ။
ဆယ်တန်း အောင်ပြီးရင် ဘာ ဆက်တက်မလဲ…….ဘွဲ့ရပြီး ဘာလုပ်မလဲ လို့ စဉ်းစားကြတယ်….. အဲဒီတော့ မိဘ တွေက လည်း ဆေးလိုင်း၊ အင်ဂျင်နီယာလိုင်း ၀င်စေချင် ကြတယ်။ ဒါတွေနဲ့ ဘွဲ့ရပြီးရင် အဆင်ပြေနိုင် တယ်လေ။ အဲဒီတော့ ၀ါသနာ မပါနဲ့ပဲလည်း မိဘတွေက ဆရာဝန်လိုင်း တက်စေချင်ကြလို့ တက်ခဲ့ကြရ… တက်နေကြရတဲ့ သူတွေလည်း အများကြီးရှိတယ်။ ၀ါသနာ မပါပဲ တက်ကြရတော့ လည်း ထူးချွန်သင့် သလောက် မထူးချွန်နိုင် ကြဘူးလို့ ထင်တယ်။ တချို့ ကျတော့ လည်း ဘွဲ့ရရင်ပြီးရော တက်လိုက်တာပဲ။
ပြီးမှ ကြုံတဲ့ အလုပ် ၀င်လုပ် ကြတယ်။ ဘာတွေများ လာသလဲ ဆိုတော့ ပုဂ္ဂလိက သင်တန်းတွေ အများကြီး ဖွင့်လာ ကြတယ်။ ဒါကလည်း အများစု ကတော့ ပိုက်ဆံရှိ သားသမီးတွေပဲ တက်နိုင်တဲ့ သင်တန်း တွေလေ။ အဲဒီအခါ ပိုက်ဆံ ရှိတဲ့ သူတွေ ကိုတော့ အဲဒီ သင်တန်း တွေမှာပဲ အများဆုံး တွေ့ရတတ်တယ်။ ပြီးတော့ နိုင်ငံခြား စာမေးပွဲတွေဖြေ၊ နိုင်ငံခြားမှာ ပညာတွေ သင်လို့ အလားအလာ ကောင်းသွား တာပေါ့။ တစတစ ကိုယ့်နိုင်ငံရဲ့ အပြင်ဘက် ကို ရောက်သွားရ တာပဲလေ။
ဖြစ်ချင်တာ မဖြစ်ကြရတဲ့ အခြေအနေမှာ လုပ်နေကြရတဲ့ အလုပ်ကိုပဲ အစွမ်းကုန် ကြိုးစားပြီး နေသွားမယ် ဆိုရင် ပျော်ရွှင်မှု၊ စိတ်ချမ်းသာမှု ကိုတော့ မလွဲမသွေ ရနေမှာပါ။
Tuesday, December 8, 2009
စိတ်ဆိုတဲ့စိတ်
စကားပုံ ကလည်း `ရောမကို ရောက်ရင် ရောမလိုကျင့်´ ဆိုတာ ကလည်း ရှိသေးတယ်။ ပတ်ဝန်းကျင် ကိုလိုက်ပြီး ပြောင်းတယ် ဆိုတာ ကလည်း ဖြစ်နိုင် ပါတယ်။ ဒါပေမဲ့ တသားတည်း ဖြစ်သွားလောက် အောင် ဘယ်လို အရာ တွေကများ ဖြစ်သွား တာလဲ။ `သဲကုန်းဆရာတော် အသျှင် ဥာဏိဿရ´ ဟောဖူးတယ်။ ကိုယ့်နိုင်ငံရဲ့ တန်ဖိုးရှိတဲ့ ပတ္တမြား ဟာ ဘယ်နိုင်ငံ ကို ရောက်ရောက် အရောင် မပြောင်းသွား သလိုပဲ လူတွေလည်း ဘယ်နိုင်ငံပဲ ရောက်ရောက် အရောင် မပြောင်းသင့် ဘူးတဲ့။ စိတ် ဆိုတာကလည်း ပြောင်းလဲတဲ့ သဘော ရှိလေတော့ အတိအကျ ပြောဖို့တော့ ခက်ပါလိမ့်မယ်။
တချို့ ကျတော့ လည်း စိတ်က အမြဲပြောင်းလဲ နေတယ်။ အခု ကောင်းလိုက်၊ အခု မကောင်းလိုက်နဲ့၊ အဲဒါမျိုး ကျတော့ ဆက်ဆံရ ခက်တယ် နော်။ သူက စိတ်ကောင်းဝင် နေတာလား၊ စိတ်မကောင်းတာလား ဆိုတာ သိမှ မသိနိုင်ပဲ။ ကိုယ်ကိုယ်တိုင် ကတော့ ပြောင်းလဲ နေတာ သတိ ထားမိချင်မှ ထားမိမယ်။ ကျွန်မ ရှေ့မှာ စိတ်ကောင်းလိုက်၊ တော်ကြာ တမျိုးဖြစ်ပြီး စိတ်မကောင်းလိုက် လူမျိုး တွေ့ခဲ့ဖူးတယ်။ စိတ်ကောင်း ၀င်တုန်းတော့ အရမ်း ကောင်းတာပဲ။ တော်ကြာ သူ့ဟာနဲ့သူ စိတ်မကောင်းပြီး ဆက်ဆံတာ တမျိုး ဖြစ်နေပြန် တယ်။ အဲလို လူမျိုးရဲ့ စိတ်ကို လည်း နားလည်နိုင်အောင် ကြိုးစားခဲ့ ပါတယ်။ တခါတလေ ကျတော့လည်း ကိုယ့် ဘက်ကချည်း တဘက်သတ် နားလည် နေရသလို ဖြစ်နေတယ်။ စိတ်ပြောင်းလာမလား စိတ်ပြောင်းလာ မလား နဲ့စောင့်နေရင်း မပြောင်းလဲတဲ့ သူတွေလည်း ရှိတယ်။
စိတ်ကိုဖြူစင်အောင် ထားတတ်ခြင်းဟာ တပါးသူရဲ့ စိတ်ကိုလည်း ပြောင်းလဲ သွားစေ နိုင်တယ်လို့ ကျွန်မ ထင်တယ်။ တချို့ ကျတော့ လည်း ကိုယ့်ဘက်က ရမယ်ဆိုရင် ဘယ်လို လူမျိုးကို မဆို အောက်ကျို့ခံပြီး ပေါင်းဖို့ ၀န် မလေးပြန်ဘူး။ ကျွန်မ ကတော့ လူတမျိုး၊ ကျွန်မ စိတ်မပါရင် ဘယ်လို လူမျိုးကိုမဆို ဆက်ဆံဖို့ ခက်တယ်။ ကျွန်မ မျက်နှာမှာ အထင်းသား ပေါ်နေတတ်တယ်။ ကိုယ့်အတွက် ဘာပဲရမယ် ပြောပြော ကျွန်မ စိတ်မ၀င် စားဘူး။ အဲဒါကြောင့်လည်း ကျွန်မမှာ တော်ရုံ အပေါင်းအသင်း မရှိဘူး။ ကျွန်မရဲ့ အပေါင်းအသင်း တွေက ကျွန်မ စိတ်နဲ့ တော်တော်လေး တူတဲ့သူ တွေပါ။ အရေးကြီးတာ ကတော့ ကိုယ့်ကြောင့် သူတပါး စိတ်ကို မထိခိုက် စေဖို့ပါ။ ကျွန်မလည်း ကိုယ့်ကြောင့် သူတပါးရဲ့စိတ် ထိခိုက် နစ်နာမဲ့ အလုပ်မျိုး ဘယ်တော့မှ မလုပ်မိအောင် နေပါတယ်။ ကျွန်မ ကတော့ တပါးသူကြောင့် စိတ် ထိခိုက်စရာ တွေကြုံခဲ့ရဖူးတယ်။ အဲဒီ အခါလည်း နေထိုင်တတ် အောင် ကိုယ့်စိတ်ကို ဆုံးမပြီးနေခဲ့ ရတယ်။ ဘယ်လိုပဲဖြစ်ဖြစ် သူ့ဘက် ကိုယ့်ဘက် ကိုယ်ချင်းစာစိတ် ကလေးထားပြီး အားလုံးကို ဆက်ဆံနိုင် မယ်ဆိုရင် ကမ္ဘာကြီးပေါ်က လူသားတွေ အားလုံး စိတ်ချမ်းသာ ကြမှာပါ။ လူသားတွေ အားလုံး စိတ်ချမ်းသာရင် ကမ္ဘာကြီးလည်း သာယာ လှပနေမှာ မလွဲဧကန် ပါပဲ။
စိတ်ထဲ ပေါ်လာတာလေး ရေးလိုက်တာပါ။ တခါတလေ စိတ်ထဲအခန့်မသင့်တဲ့ အခါပေါ့။
Monday, December 7, 2009
ငယ်ငယ်ကဖတ်ဖူးခဲ့တဲ့ ကောသလမင်းကြီးအိပ်မက်(၁၆)ချက်
မင်းဆိုး မင်းညစ် တွေ လက်ထက်မှာ ဖြစ်မှာတဲ့။ အခု အချိန်မှာ တော့ မှန်နေပါပြီ။ ပညာမတတ်တဲ့ သူတွေကလည်း နေရာတွေရ၊ ရာထူးတွေရနဲ့၊ ပညာတတ်တဲ့ သူတွေကို ပြန်အမိန့်ပေးတဲ့ အခြေအနေကို ရောက်နေရပြီ။ အသက်ကြီးတဲ့ သူတွေကလည်း အသက်ငယ်တဲ့ သူတွေကို ရှိခိုးနေရပြီ။ အခုမှပဲ ငယ်ငယ်တုန်းက ဖတ်ခဲ့တဲ့ ကောသလမင်းကြီး အိပ်မက် က တကယ် ဖြစ်နေပြန် ပါပေါ့ လို့ တွေးမိရင်း သိပြီးသား သူတွေရော မသိသေးတဲ့သူ တွေပါ ဖတ်လို့ရအောင် တင်ပေး လိုက်ပါတယ်။ သိပြီးသား သူတွေ တော့ နားလည်ပေး ပါနော်။
ကောသလမင်းကြီး၏ အိပ်မက် (၁၆) ချက်
နောင်အခါ တရားမစောင့်သော မင်းတို့ လက်ထက်၌ အရပ်လေးမျက်နှာမှ မိုးတို့သည် ရွာအံသကဲ့သို့ ထစ်ကြိုးလျက် မရွာပဲသာလျှင် ပျောက်ပျက် ကုန်လတ္တံ့။ ထိုအခါ ကောက်ပဲသီးနှံတို့ ပျက်ဆီး၍ လူတို့၌ အစာရေစာ ရှားပါး ငတ်မွတ်ခြင်း ဖြစ်လတ္တံ့။
နောင်အခါ ဆုတ်ယုတ်သောကာလ လူတို့ အသက်တမ်း တိုသော ကာလ၌ ယောင်္ကျား မိန်းမတို့သည် ထက်သန် ပြင်းသော ရာဂ ရှိကုန်သည် ဖြစ်၍ ငယ်ရွယ်စဉ် အခါ၌ပင် အိမ်ထောင်ပြုခြင်း၊ သားမွေးခြင်း တို့ကို ပြုကုန်လတ္တံ့။
နောင်အခါ ကြီးသောသူတို့အား အရိုအသေပြုခြင်း ပျောက်ကွယ်သော ကာလ၌ အမိအဖ၊ ယောက္ခမ စသူတို့သည် ကိုးကွယ်ရာ မရှိကုန်သည် ဖြစ်သဖြင့် မိမိတို့၏ သားသမီး၊ သားမက်၊ ချွေးမ စသူတို့ထံ၌ ကပ်ရပ်၍ ငြိုငြင် ညှိုးငယ်စွာ အသက်မွေးရကုန်လတ္တံ့။
နောင် တရားမစောင့်သော မင်းတို့ လက်ထက်၌ အသက်ကြီး ဝါကြီး ပညာရှိကုန်သော သူတို့အား အမတ်၊ တရားသူကြီး စသော ရာထူးစည်းစိမ်တို့၌ မခန့်ထားမူ၍ အသက်၊ ဝါ၊ ပညာ ငယ်ကုန်သော လူငယ်တို့အားသာ ခန့်ထားကြလတ္တံ့။ ထိုအခါ အခွင့်အရေးမသိ၊ မတော် မမှန်ဖြစ်၍ အမှု မပြီး၊ အကျိုးမပြီး ရှိသောအခါ လူငယ်တို့သည် မိမိတို့၏ ရာထူး စည်းစိမ်ကို စွန့်ကြလတ္တံ့။ လူကြီးတို့သည်လည်း ငါတို့မှာ ပြင်ပကသာ ဖြစ်၏ဟု လျစ်လျှုပြု၍ နေကြလကုန်လတ္တံ့။ သို့ဖြစ်၍ တရားမစောင့် အမှုမပြီးကြသည်နှင့် မင်းနှင့်တကွ တိုင်းပြည်ပါ ဆုတ်ယုတ် ပျက်ဆီးကြလတ္တံ့။
နောင် တရားမစောင့်သော မင်းတို့လက်ထက်၌ တရားမစောင့်သော တရားသူကြီးတို့သည် နှစ်ဖက်သော အမှုသည်တို့မှ ပေးသော တံစိုးလက်ဆောင်တို့ကို စား၍ အမှုတို့ကို မမှန်မကန် ဆုံးဖြတ်ကြကုန်လတ္တံ့။
နောင် တရားမစောင့်သော မင်းတို့ လက်ထက်၌ အမျိုးမြတ်သော သူတို့သည် အချီးအမြှောက် မခံရ၊ ဆင်းရဲကြ၍ အမျိုးယုတ်သော သူတို့ အစိုးတရ ကြွယ်ဝ ချမ်းသာကြလတ္တံ့။ ထိုအခါ အမျိုးမြတ်တို့ အသက် မွေးခြင်းငှာ မတတ်နိုင်ကုန်သည် ဖြစ်၍ မိမိတို့ သမီးတို့ကို အမျိုးယုတ်တို့အား ပေး၍ အသက်မွေး ကြကုန်လတ္တံ့။
နောင်အခါ မိန်းမတို့သည် အစားအသောက်၊ အဝတ်၊ အနေအထိုင် စသည်တို့၌ လော်လည်ခြင်း ရှိ၍ မိမိတို့ လင်ယောင်္ကျားသည် ဆင်းရဲငြိုငြင်စွာ ရှာဖွေ စုဆောင်းအပ်သော ဥစ္စာ ပစ္စည်းတို့ကို အဝတ်အစား၊ အစားအသောက် တို့၌ လည်းကောင်း၊ သောက်စား ကစားခြင်းတို့၌ လည်းကောင်း၊ အပျော်အပါးတို့၌ လည်းကောင်း၊ သဘောက် လင်ငယ်ထားခြင်း တို့၌ လည်းကောင်း အရမ်းမဲ့လျှင် ဖြုန်းတီးလေလတ္တံ့။ ခွေးမသည် မသိ စဉ်းစား သကဲ့သို့ အိမ်သူ မိန်းမတို့သည် ဤသို့ တိတ်တဆိတ် ဖြုန်းတီး ခိုးစားကြလတ္တံ့။
နောင်အခါ မကောင်းသော မင်းတို့ လက်ထက်၌ မင်းနှင့်တကွ လူတို့ တရားပျက်ကွက်၊ သြဇာညံ့ဖျင်း၊ ဆင်းရဲခြင်းသို့ ရောက်ကြကုန်လတ္တံ့။ ထိုအခါ မင်းအစိုးရတို့သည် ဆင်းရဲသားတို့အား မင်း၏ အကျိုးစီးပွား အတွက်ကိုသာ လုပ်ကိုင်စေအံ။ ဆောင်ရွက် စေအံ။ ထမ်းရွက်စေအံ။ သို့ဖြစ်ရကား မင်းတို့၌သာ ပြည့်စုံ အကျိုးခံစားကြရ၍ ဆင်းရဲသားတို့မှာ ရေမရှိသော အိုးတို့ပမာ တစုံတရာ မရှိ ငတ်မွတ် ခေါင်းပါးခြင်းသို့ ရောက်ကုန်လတ္တံ့။
နောင်အခါ တရားမစောင့်သော မင်းတို့သည် မတရား အုပ်စိုးခြင်း၊ တံစိုးစားခြင်း၊ လော်လည်ခြင်း၊ သနားညှာတာ ဂရုဏာ မဲ့ခြင်း၊ ကြမ်းကြုတ် ရက်စက်ခြင်းတို့ ရှိလျှက် လူတို့အပေါ်၌ အထူးထူး အပြားပြားသော အချင်းအရာဖြင့် အခွန်အတုတ်တို့ကို ခွဲခန့် ကောက်ယူလတ္တံ့။ ထိုအခါ လူတို့မှာ တစ်စုံတစ်ရာ မပေးဆောင်နိုင် ပင်ပန်းဆင်းရဲလျက် မြို့ကြီးရပ်ကြီးတို့၌ မနေနိုင်ပဲ ရပ်စွန် ပြည်နားသို့ သွားရောက်နေကြရသည် ဖြစ်လတ္တံ့။ ကန်အလယ်တွင်နောက်၍ ကန်ဘေးတွင် ကြည်သကဲ့သို့ မြို့လယ်ရွာလယ်၌ တိတ်ဆိတ်၍ ရပ်စွန်ပြည်နား၌ လူစည်ကားလတ္တံ့။
နောင် တရား မစောင့်သော မင်းတို့ လက်ထက်၌ မိုးကွက်ကြား ရွာလတ္တံ့။ ထိုအခါ အချို့နေရာ၌ မိုးရွာလွန်း၍ ကောက်ပဲသီးနှံ ပျက်အံ။ အချို့နေရာ၌ မရွာ၍ ပျက်အံ။ အချို့နေရာ တွင်ကား မိုးမှန်၍ ကောင်းအံ။ ဤသို့လျှင် ထမင်းအိုးတွင် မြင်သော ထမင်းကဲ့သို့ ကောက်ပဲသီးနှံ သုံးထွေ ပြားလတ္တံ့။
နောင်အခါ ငါဘုရား၏ သာသနာတော် ဆုတ်ယုတ်သော ကာလတွင် လော်လည်၍ လာဘ်လာဘကို မက်မော ကုန်သော ရဟန်းအလဇ္ဇီ လူအလဇ္ဇီတို့သည် ဆွမ်း၊ ဆေး၊ ကျောင်း၊ သင်္ကန်း ဥစ္စာပစ္စည်း စသည် တို့ကို အလိုရှိကုန်သည် ဖြစ်၍ လမ်းခရီးဆုံ၊ အိမ်ဝ၊ အိမ်ကြို အိမ်ကြားတို့၌ ငါဘုရား၏ တရားတော်ကို ဟောကြားလတ္တံ့။ နိဗ္ဗာန် အလို့ငှာ ဟောတော် မူအပ်သော အလွန် မွန်မြတ်သော တရားတော်ကို တစ်ပဲ၊ တစ်မူး၊ တစ်ကျပ် စသည်တို့ အကျိုးငှာ ရောင်းစား ဟောပြော ကြသည် ဖြစ်၍ တသိန်းထိုက်သော စန္ဒာကူးနှစ်ကို ယက်တက်ပုပ်ရည်ဖြင့် ရောင်းစား သကဲ့သို့ ဖြစ်ကုန်လတ္တံ့။
နောင်အခါ တရား မစောင့်သော မင်းတို့ လက်ထက်၌ အမျိုးယုတ်သော သူတို့ကိုသာ ရာထူး စည်းစိမ် ပေးသည် ဖြစ်၍ အမျိုးယုတ်တို့ တန်ခိုး အာဏာ ကြီးမား ထင်ပေါ် အရာရာတွင် တွင်ကျယ်လျက် ၄င်းတို့ စကားသာလျှင် ဘုးတောင်း နစ်သကဲသို့ နစ်၍ တည်ကုန်လတ္တံ့။
နောင်အခါ တရား မစောင့်သော မင်းတို့ လက်ထက်၌ တော်မှန် လိမ္မာ ပညာရှိသော သူတို့၏ စကားသည် မည်သည့် အရာ၌ မဆို လေးသော ကျောက်ဖျာ ရေတွင် ပေါ်သကဲ့သို့ နစ်တည် ခြင်းမရှိ၊ မခိုင်မမြဲ ရှိကြကုန် လတ္တံ့။
နောင်အခါ လူတို့သည် ပြင်းသော ရာဂ ရှိကုန်သည် ဖြစ်၍ ကိလေသာ အလိုသို့ လိုက်လျက် ငယ်ရွယ်ကုန်သော မယားတို့၏ အလိုသို့ လုံးဝ လိုက်ကြကုန် လတ္တံ့။ အလုပ်အကိုင်မှု၊ ဥစ္စာ ပစ္စည်းမှု၊ ကျေးကျွန်မှု၊ စီမံခန့်ခွဲမှု စသော အရပ်ရပ်တို့၌ လင်ပေါ်တွင် လွှမ်းမိုး အုပ်စိုးခြင်းကို ပြုကြမည် ဖြစ်ရကား ဖားငယ်မသည် အဆိပ်လျင်သော မြွေကို စားမျိုသကဲ့သို့ ဖြစ်ကုန်လတ္တံ့။
နောင်အခါ အားနည်းသော မင်းတို့ လက်ထက်၌ ထိုမင်းတို့သည် ဆင်စီး မြင်းစီး စသော အတတ်တို့၌ မလိမ္မာ၍ စစ်ထိုးခြင်း၌ မရဲရင့်ဘဲ ဖြစ်ကြကုန်လတ္တံ့။ ထိုအခါ တိုင်းပြည် နိုင်ငံ ဆုံးရှုံးမည်ကို စိုး၍ တူသော ဇာတ်ရှိသော သူကောင်းသား တို့အား အစိုးရခြင်းကို မပေးမူ၍ မိမိတို့ထံ၌ ခစား ကြကုန်သော အမျိုး ယုတ်သော ကျေးကျွန်တို့အားသာ ပေးကုန်လတ္တံ့။ သို့ဖြစ်၍ အမျိုးကောင်းသားတို့ ကိုးကွယ်ရာ မရှိပဲ အစိုးရခြင်း၌ တည်ကုန်သော အမျိုးယုတ်တို့ထံ၌ ခစားကြကုန် လတ္တံ့။
နောင်အခါ တရား မစောင့်သော မင်းတို့ လက်ထက်၌ အမျိုးယုတ်သော သူတို့ အစိုးရ ကုန်သည် ဖြစ်၍ အမျိုးမြတ်သူတို့ မထင်ရှား ဖြစ်လတ္တံ့။ အမျိုးယုတ် သူတို့မှာ မင်းကျွမ်းဝင်သည် ဖြစ်၍ တရားရုံးတို့၌ သြဇာအာဏာ လွှမ်းမိုးလျက် အမျိုးမြတ်သူတို့၏ ဘိုးဘပိုင် လယ်မြေ ဥစ္စာ အရပ်ရပ်တို့ကို ငါတို့ လယ်မြေဥစ္စာ ဖြစ်သည်ဟု သိမ်းယူကြ၍ တရားတဘောင် ဖြစ်လျှင် တန်ခိုးမဲ့သူတို့အား ဖိနှိပ်ပုတ်ခတ် ခြိမ်းခြောက် နှင်ထုတ်လျက် အနိုင်ကျင့် ကြကုန်လတ္တံ့။ ထိုအခါ အမျိုးမြတ်သူတို့ ကြောက်လန့် စက်ဆုတ်ကုန်သည် ဖြစ်၍ လယ်ယာ ဥစ္စာတို့ကို ပေးအပ်ကုန်လျက် အိမ်သို့ပြန်၍ အိပ်နေကြကုန်အံ။ ထိုမှ တပါးလည်း အကျင့်သီလရှိသော ရဟန်းတို့သည် အကျင့်သီလမဲ့သော ရဟန်းတို့က ချုပ်ချယ် ဖိနှိပ်ကြလေသဖြင့် တောသို့ ပြေးဝင် ပုန်းအောင်း ကြကုန်လတ္တံ့။ ဤသို့လျှင် အမျိုးကောင်း၊ သူတော်ကောင်း တို့လည်း လွတ်ရာ ကျွတ်ရာ တောတောတောင်တောင် တို့ကို ပြေးပုန်း ကြကုန်လတ္တံ့။
မွေးရပ်မြေမှ
Thursday, December 3, 2009
တခါတုန်းက ဒီဇင်ဘာ
အဲဒီတုန်းက ရန်ကုန်တက္ကသိုလ် ထဲမှာ သူငယ်ချင်း နှစ်ယောက် မျက်စိသူငယ် နားသူငယ်နဲ့ပေါ။့ ကျွန်မတို့ ဓါတုဗေဒမေဂျာ (ဂုဏ်ထူတန်း)မှာ ကျောင်းသား အားလုံး နှစ်ရာကျော် ရှိပါတယ်။ စတက်တဲ့ နေ့မှာပဲ သူ့ကို သတိ ထားလိုက်မိ ပါတယ်။ အနွေးထည် ထူထူဝတ်ထားတဲ့ သူ့ကို အားလုံး ထဲမှာ အမှတ် ထင်ထင် တွေ့လိုက်ရတယ်။ ပြုံးပြီး သူငယ်ချင်းတွေနဲ့ စကားပြောနေတဲ့ သူ့ကို ရင်ထဲမှာ တသက်စာ အမှတ်ရသွားစေတာ ကတော့ မေ့လို့ မရပါဘူး။ အဲဒီလိုနဲ့ ကျောင်းတက်ခဲ့တာ စစပိုင်း သူငယ်ချင်း နှစ်ယောက်ထဲ ရှိတဲ့ ကျွန်မတို့ တော်တော် ပျင်းခဲ့တာ။ နှစ်ယောက်ထဲ ဆိုတော့ ဘယ်မှလဲ မသွားဖြစ် သူငယ်ချင်းတွေ ရလာရင် အရမ်း ကောင်းမှာပဲလို့ ပြောနေ ခဲ့ကြတာ။ နောက်ပိုင်း ကျွန်မ အပါအ၀င် မိန်းကလေး သူငယ်ချင်း ခုနှစ်ယောက်နဲ့ ယောက်ျားလေး သူငယ်ချင်း နှစ်ယောက် ရပြီး ညီအမ မက ချစ်ခင် ခဲ့ကြတာ အခုထိပါပဲ။
တယောက်ရဲ့ အကျိုးကို တယောက်က လိုလားပြီး တိုင်တိုင်ပင်ပင် ချစ်ချစ်ခင်ခင် နဲ့နေကြလို့ တခြား သူတွေရဲ့ တအံ့တသြနဲ့ ချီးမွန်းတာ ကိုလည်း ခံရတဲ့ အထိပါပဲ။ တယောက်က တခုခု လုပ်ချင်တယ်ဆို တယောက်က ဖြည့်ဆည်း ပေးဖို့လဲ ၀န်မလေး ခဲ့ပါဘူး။ ဂုဏ်ထူတန်း ဆိုတော့ စာတွေ ကလည်းများ ပရက်တီကယ် (လက်တွေ့) ချိန်ကလည်း များနဲ့ မနက် ခုနှစ်နာရီ ကစပြီး ကျောင်းတက်ရတာ ညနေ ငါးနာရီမှ ပြီးပါတယ်။ ကျွန်မနဲ့ ပထမဆုံး တွဲတဲ့ သူငယ်ချင်းက လှည်းတန်း(ကမာရွတ်) မှာ နေပါတယ်။ ကျောင်းနဲ့ နီးတော့ သူငယ်ချင်း အားလုံး ရဲ့ဒဏ်ကို အခံရဆုံး ပဲပေါ့။ ကျွန်မတို့တွေ စာမေးပွဲနီးရင် လည်းအားလုံး စုအိပ်ပြီး စာလုပ်ကြရပါတယ်။ အဲဒီ အခါ ဆိုလည်း သူ့အိမ်မှာနေ သူ့အိမ်မှာစားရင်း စိတ် ချမ်းချမ်းသာသာ နဲ့ ဆွေမျိုးရင်း တွေလို နေခဲ့ စားခဲ့ ရပါတယ်။ အဲဒီ သူငယ်ချင်းအိမ် ကလည်း တကယ့် ကို ကျေးဇူးရှင် တွေပါ။ ယောက်ျားလေး နှစ်ယောက် ကလည်း အကိုတွေ လို စောင့်ရှောက်ခဲ့ ချစ်ခင် ခဲ့ကြတယ်။
အဲဒီ လိုနဲ့ပဲ ကျွန်မတို့ သူငယ်ချင်းတွေ ကျောင်းမှာဆို နေရာကုန် လျှောက်သွားပြီး မတွေ့ရတဲ့ နေရာ မရှိ သလောက် ပါပဲ။ ဆရာမတွေ ကလည်း သမီးတို့က ရန်ကုန်တက္ကသိုလ် ထဲမှာ တက်ရလို့ အရမ်း ကံကောင်းတဲ့ သူ တွေတဲ့။ ရန်ကုန်တက္ကသိုလ် ထဲမှာ များများသွား ဆိုပြီး ပြောပါတယ်။ ကျွန်မတို့က လည်း ဆရာမ စကားကို မြေ၀ယ်မကျ နားထောင်ပြီး အကုန်လုံးကို လျှောက်သွားတာ ပါပဲ။ စိတ်တူကိုယ်တူနဲ့ ဆိုတော့ ဘာလုပ်လုပ် တတွဲတွဲနဲ့ အရမ်းကို ပျော်စရာ ကောင်းတဲ့နေ့တွေပါ။ သူ့ကို ကြည့်ရတာလည်း သူ့သူငယ်ချင်း တွေနဲ့ အရမ်း ပျော်နေပုံပါပဲ။ သူ့သူငယ်ချင်းတွေ ကလည်း လွတ်လွတ်လပ်လပ် နဲ့ ပျော်ပျော်ရွှင်ရွှင် ပုံစံလေးပါပဲ။ သူ့ကို ကြည့်လိုက်ရင် တော့ အမြဲလိုလို အနွေးထည် ၀တ်ထား တတ်ပါတယ်။
နောက်မှ သိရတာက သူက အားကစားကို လိုက်စားတယ်တဲ့။ အဲဒါကြောင့် အနွေးထည် ကို ၀တ်တာတဲ့။ ဘောလုံး ကန်တာ အရမ်း ကောင်းတယ်လို့ပြောပါတယ်။ ကျွန်မလည်း မယုံတ၀က် နဲ့ ဟုတ်ပါ့မလား လို့ပေါ့။ နောက်ကျမှ ကျောင်းမှာ ဘောလုံးပွဲ လုပ်မှ သူက ဓါတုဗေဒရဲ့ လက်ရွေးစင် တယောက် အဖြစ် ၀င်ကစား တာ ကို တွေ့ရတယ်။ အဲဒီအခါ မှာလည်း ကျွန်မတို့ သူငယ်ချင်း တွေက အမြဲတမ်း အားပေးနေကျပါ။
သူ့သူငယ်ချင်း တွေကလည်း ကျွန်မတို့ သူငယ်ချင်း အုပ်စု ဘောလုံးပွဲကို ရောက်လာတာနဲ့ သူ့ကို `ဟေ့….. မင်းရဲ့အားဆေး ရောက်လာပြီ´ ဆိုပြီး အော်ပါ တော့တယ်။ သူက လည်း အဲဒီ အချိန် ပြုံးပြီး ကြည့်နေ ပါတယ်။ ဘယ်လောက်အရေးကြီးကြီး ဘောလုံးပွဲ ကိုတော့ မရောက်ရောက် အောင် သွားအားပေး ပါတယ်။ အဓိက အသွား ချင်ဆုံး ကတော့ ကျွန်မပါ။ ဘောလုံးပွဲကို အော်ဟစ် အားပေးပြီး နိုင်ရင် တော့ ၀မ်းသာအားရ ပြန်လာ ရတာပေါ့။ ရှုံးတဲ့အခါ မှာတော့ အပြန်လမ်း တလျှောက် ကျွန်မတို့သူငယ်ချင်း အားလုံး စကား မပြောနိုင်ကြပဲ ကိုယ်ရဲ့ မေဂျာ အစား ၀မ်းနည်း နေကြရတာပေါ့။
ကျွန်မတို့မေဂျာကို အမြဲလိုလို အနိုင်ယူတဲ့ ဘောလုံး အသင်းကတော့ `Law (ဥပဒေ) မေဂျာ´ ပါ။ သူတို့နိုင်လို့ ကျွန်မတို့ကို မခံနိုင်အောင် ပြောတဲ့ အခါ ကျွန်မတို့ ကလည်း ပြန်ပြောတာပေါ့။ `အနိုင်အရှုံးက အဓိက မဟုတ်ဘူး၊ ယှဉ်ပြိုင်ခြင်းသာ အဓိက´ ဆိုပြီး မနိုင်နိုင်အောင် ပြောဆိုပါတယ်။ နိုင်တဲ့ အချိန် ဆိုရင်တော့ `ယှဉ်ပြိုင် နိုင်ရမည်´ ဆိုပြီး ပြန်ပြောပါတယ်။ သူဘောလုံး ကန်တာက အရမ်းကြည့်လို့ ကောင်းတယ် လို့ သူငယ်ချင်းတွေ ကို ပြောတော့ သူငယ်ချင်း တွေက အဖြစ်သည်းလွန်းတယ် ဆိုတဲ့ပုံနဲ့ ကျွန်မကို ကြည့်ကြတာပေါ့။ ကျွန်မ ကလည်း ကျွန်မ ပါပဲ လေ။ သူ ဘာလုပ်လုပ် အမြဲကြည့်လို့ ကောင်းနေ တာပဲ။ သူငယ်ချင်းတွေ ကတော့ ကျွန်မကို တခါတလေ အားမလို အားမရ ဖြစ်ကြတယ်။ ဘာဖြစ်လို့ ဒီလောက်တောင် ဖြစ်ရတာလဲ ဆိုတဲ့ ပုံစံနဲ့ပေါ့။
သူ့မွေးနေ့ ရောက်ရင်လည်း ရွှေတိဂုံဘုရား ကိုသွားလို့ သူ့အတွက် ကုသိုလ် ကောင်းမှု လုပ်ပြီး ဆုတွေ တောင်းရတာ အမောပေါ့။ အဲဒီ အခါမှာလည်း သူငယ်ချင်း တွေက ပါရမီဖြည့်ဘက် တွေပဲပေါ့။ ထူးခြားတာ ကတော့ သူ့မွေးနေ့နဲ့ ကျွန်မမွေးနေ့ က တပတ်ပဲ ကွာပါတယ်။ သူနဲ့ ကျွန်မက မွေးရက်လည်း အတူတူပါပဲ။ သူက ကျွန်မထက် တပတ် တိတိ ကြီးတာပေါ့။ အဲဒီအချိန် အတန်း ဘယ်လောက် အရေးကြီးကြီး အတန်းကို ဖျက်ပြီး ဘုရား ကိုတော့ ရောက်အောင် သွားပါတယ်။ သူက အရင်က မွေးနေ့တွေမှာ ဘုရားကို မသွားဖူးဘူးတဲ့။ ကျွန်မတော့ သိပ် မအံ့သြမိ ပါဘူးလေ။ မိခင် မရှိတော့တဲ့ သားတယောက် အတွက်တော့ မေ့ကောင်း မေ့နိုင်ပါမယ်။ မေ့ထား တာ လည်း ဖြစ်နိုင် ပါလိမ့်မယ်။ ကျွန်မ သတိ ပေးမှပဲ ဘုရားကို သွားပါတယ်။ အခုထိလည်း ဝေးနေပေမဲ့ မွေးနေ့မှာ ကုသိုလ် လုပ်ပေးပြီး ဆုတောင်း ပေးပါတယ်။ သူကိုယ်တိုင် တော့ မေ့ကောင်း မေ့နေမှာပါ။
ကျွန်မရဲ့  ခံစားချက် ကတော့ ဘယ်တော့မှ မပြောင်းလဲ ခဲ့ပါဘူး။ ဒီနေ့ထိပါပဲ။ ကျွန်မတို့နှစ်ယောက် ဟာ ဘ၀မှာ အတူ လက်မတွဲခဲ့ရ ပေမဲ့ ချစ်ခြင်း မေတ္တာနဲ့ပဲ လမ်းကွဲခဲ့ ရတာပါ။ ပြန်မဆုံနိုင်တော့ ပေမဲ့ တသတ်တာ ထာဝရ အမှတ် ရနေမှာ ကိုတော့ ရင်ထဲမှာပဲ သိမ်းဆည်းထား လိုက်ပါရစေ။ မဆုံဆည်းခဲ့ပေမဲ့ အမုန်းနဲ့လမ်းခွဲတာ မဟုတ်ပဲ နားလည်မှုတွေနဲ့ လမ်းခွဲခြင်းကသာ အကောင်းဆုံးပဲ မဟုတ်လား။ တကယ်တော့ ကျွန်မတို့နှစ်ယောက်ရဲ့  လမ်းဟာ မတူညီခဲ့ပါဘူး။ မျဉ်းပြိုင်နှစ်ကြောင်း ဟာ ဘယ်တော့မှ မဆုံစည်းနိုင် သလိုပဲပေါ့။ ကျွန်မတို့ master တန်းတက်တဲ့ နှစ်ကုန်မှာတော့ သူနဲ့ သူ့သူငယ်ချင်းတွေ နိုင်ငံခြားကို ထွက်သွား ခဲ့တယ်။
ထွက်ခါနီးမှာ ကျွန်မကို သူသွားမဲ့ အကြောင်းမပြောပြနိုင် လောက်အောင် သူလည်း ခံစား နေရတယ်နဲ့ တူပါတယ်။ နှုတ်လည်း မဆက် နိုင်ပါဘူး။ ကျွန်မ နှုတ်ဆက် တာတောင် သူစကား မပြောနိုင်ပါဘူး။ အဲဒီတုန်းက ခံစားချက် ကတော့ ဘယ်လို ခံစားချက် မျိုးနဲ့မှ မတူပါဘူး။ သူသွားပြီး နောက်နေ့မှာ တော့ စိတ်တွေ ထွေပြားနေတာ နဲ့ မြို့ထဲသွား စာအုပ်ဆိုင် တွေ လျှောက်သွားပြီး စာအုပ်တွေ ၀ယ်လာခဲ့တယ်။ ကျွန်မကို ဆုံးမ လိုက်တဲ့ စာအုပ် ကတော့ ဆရာတော် အရှင်ဆန္ဒာဓိက ရဲ့  (လမ်းခွဲတာ ၀မ်းနည်းစရာလား) စာအုပ်ပါ။ အဲဒီ စာအုပ်ကို ဖတ်ပြီးတဲ့ နောက်မှာတော့ ကျွန်မဟာ စိတ် တည်ငြိမ် လာပြီး တော်တော် နေထိုင်တတ် သွားပါတယ်။
အော်………. လူတိုင်း လူတိုင်းဟာ တနေ့မှာ လမ်းခွဲကြရမှာ ပဲတဲ့. ကောင်းသော လမ်းခွဲခြင်းနဲ့ လမ်းခွဲခြင်း ကသာ အကောင်းဆုံး ပါပဲတဲ့။ လူတွေဟာ ဗေဒါပင်လေး တွေပါပဲတဲ့ ကံတရားဆိုတာ ကတော့ လေပါပဲတဲ့။ လေတိုက်တဲ့ အချိန်မှာ ဗေဒါပင်လေး တွေဟာ ဟိုတစု ဒီတစု ဟိုရောက်သွားလိုက် ဒီရောက်လာလိုက် နဲ့ ဟိုဘက်က ဗေဒါပင် အုပ်စုနဲ့ သွားပေါင်း သွားလိုက် တခါ လေတိုက်ရင် ဒီဘက်ကို ရောက်လာလိုက် နဲ့ ဘ၀ကြီးမှာ လည်း ကံတရား အတိုင်း ဟိုလူနဲ့ ဆုံလိုက် နောက်ပြန်ကွဲ သွားလိုက် နောက်ဒီလူနဲ့ ဆုံလိုက် ပြန်ကွဲ သွားလိုက်နဲ့ အားလုံးဟာ ကံတရား အတိုင်း အလိုက်သင့် နေကြရတာပဲတဲ့။ ကျွန်မ အတွက်တော့ အရမ်း အဖိုးတန်တဲ့ အသိ တွေရသွားခဲ့ ပါတယ်။
နောက် စာအုပ်ကတော့ (အနေဝေးပေမဲ့ အဝေးနေမဟုတ်ပါ) တဲ့။ အဲဒီ စာအုပ် ကလည်း အရမ်း ကောင်းပါတယ်။ တယောက်နဲ့ တယောက်ဟာ အနေဝေးတိုင်း အဝေးနေ မဟုတ်ကြပါဘူး။ ရင်ထဲမှာ မေတ္တာနဲ့ နေမယ်ဆိုရင် ဘယ်လောက် ဝေးဝေး မဝေးတော့ ပါဘူး။ မြတ်စွာဘုရားနဲ့ ဝေးပေမဲ့ မြတ်စွာဘုရား ဟောကြားခဲ့တဲ့ တရားတော်တွေ အတိုင်း လိုက်နာ ကျင့်ကြံမယ် ဆိုရင် မြတ်စွာဘုရားနဲ့ နီးနီးလေး ပါပဲတဲ့။ ကျွန်မ အတွက်တော့ သတိတရနဲ့ အမြဲ လိုက်နာ နေမိပါတယ်။
ဒီလိုပါပဲ အချိန် တန်ရင်တော့ အားလုံးဟာ သူ့ကိစ္စ နဲ့သူ သူ့ခရီးကို သွားနေကြတာပေါ့။
ဘာပဲဖြစ်ဖြစ် ကျွန်မ ကတော့ ဘ၀မှာ ညီအမလို၊ အကောင်းဆုံး မိတ်ဆွေ သူငယ်ချင်းတွေ ရခဲ့အတွက် အရမ်း ကံကောင်းခဲ့ ပါတယ်။ ရှေ့ဆက်ပြီးတော့လည်း အတူတူ တိုင်ပင်ဖေါ် တိုင်ပင်ဖက် အဖြစ်နေ သွားကြရမှာပေါ့။ သူနိုင်ငံခြားက ပြန်ရောက်တဲ့ အခါကျတော့လည်း ကျွန်မက တခြား တနိုင်ငံကို ထွက်ခဲ့ရပြန်တယ်။ ကျွန်မရဲ့ ဘ၀မှာ ဆုံဆည်းတယ် ဆိုတာကို မသိ လောက်အောင်ကို ဖြစ်ခဲ့ရတယ်။
အခုတော့ အတူတူ တက်ခဲ့ကြတဲ့ ကျောင်းကြီး(ရန်ကုန်တက္ကသိုလ်) ကို အရမ်း လွမ်းနေတယ်။ အာစီ(RC)ကို လွမ်းတယ်။ ကျောင်းကြီးထဲက ပရက်တီကယ် (လက်တွေ့)ခန်းကိုလည်း လွမ်းတယ်။ ဘွဲ့နှင်းသဘင် ခန်းမကိုလည်း လွမ်းတယ်။ ဂျပ်ဆင် ကိုလည်း လွမ်းတယ်။ သိပ္ပံဆောင်ကြီး ကိုလည်း လွမ်းတယ်။ ပုဂံလမ်း ကိုလည်း လွမ်းတယ်။ စစ်ကိုင်းလမ်း ကို လည်း လွမ်းတယ်။ နေ့တိုင်း ထိုင်ဖြစ်ခဲ့ကြတဲ့ (ကန့်ဂေါ်ရွာ) ဆိုင် ကိုလည်း လွမ်းတယ်။ တခါတရံ ထိုင်ဖြစ်တဲ့ ၀ိဇ္ဖာကန်တင်း ကိုလည်း လွမ်းတယ်။ အီကို ကန်တင်းကိုလည်း လွမ်းတယ်။ အဓိပတိ လမ်းမ ကိုလည်း လွမ်းတယ်။ သစ်ပုပ်ပင်ကြီး ကိုလည်း လွမ်းတယ်။ ကန့်ဂေါ်ပင် ကိုလည်း လွမ်းတယ်။ ရေတမာပင် ကိုလည်း လွမ်းတယ်။ အားကစား ခန်းမကြီးကိုလည်း လွမ်းတယ်။ စူပါရုဖ်ကား( super roof) နဲ့ ဂျစ်ကား( Shan Star) ကိုလည်း လွမ်းတယ်။ လွမ်းတယ်……… လွမ်းတယ်……..အားလုံးဟာ လွမ်းစရာ ကြီးတွေပါပဲ။ ကိုယ့်နိုင်ငံနဲ့ ဝေးနေတဲ့ အချိန် ပိုပြီး လွမ်းနေမိတယ်................။


















