စီရင်ပိုင်ခွင့်…. တဲ့လား……….
ဘာကိုစီရင်ခွင့်….. ရမှာတဲ့လဲ……..!
ကိုယ်တိုင် ယုံကြည်… ဖေါက်ထွက်ခဲ့တဲ့ ရပ်ဝန်းလေးတခုကိုလား…
ကိုယ်တိုင် စိုက်ထူ ရွက်လွှင့်နေတဲ့ အဆစ်အပိုင်းလေးတခုကိုလား….
တပါးသူရဲ့ ရွေးချယ်ပိုင်ခွင့်မှာ နေရာယူဖို့....လား……….
တပါးသူရဲ့ လွတ်လပ်ပျံသန်းမှုမှာ ခိုနားဖို့.....လား……………
တပါးသူရဲ့ ရယ်မောသံလေးတွေကို ရပ်တန့်ပစ်ဖို့......လား……….
…………………….
မဖြစ်မနေဆိုတဲ့ သတ်မှတ်ချက်တခု… ရဲ့…
နောက်ကွယ်က… မာယာမျက်နှာဖုံး..
ဟန်ဆောင်ကမ္ဘာ….
ဆိုတဲ့…..
……………………………..
ခြောက်ကပ်ကပ် နဲ့….. မေတ္တာတရား…တွေ.. ပါးရှား…တဲ့
ခေတ်ပျက်ကြီးထဲမှာမှ..
ငါ..ဆိုတဲ့…ငါကလည်း…
စီရင်ချင်သေး..
!!!
တကယ်တော့…..
ဘယ်အရာကိုမှ………..
စီရင်ပိုင်ခွင့်………မရှိတဲ့…..
လူသားတဦး.. အဖြစ်နဲ့……….
စီရင်ပိုင်ခွင့်......ကို
စီရင်နေလေရဲ့…!!!!!
Saturday, March 5, 2011
Tuesday, March 1, 2011
သူငယ်ချင်း မဲ့…
ရင်ထဲကနေ ပြင်းပြတဲ့ ဝေဒနာတွေ ခံစားရတိုင်း…..
ရင်နှင့်အမျှ ဖြစ်ပေါ်လာတဲ့ အငွေ့အသက်လေးတွေ ထိတွေ့ခံစားမိတိုင်း…..
မတူညီတဲ့ စိတ်အခြေရှိတဲ့ သူတွေကို တွေ့မြင်ရလေတိုင်း…..
ဝေခွဲရခက်တဲ့ အရာတွေနဲ့ ရင်ဆိုင်ရတိုင်း…..
တစုံတရာနာကျင်မှုတွေနဲ့ တိုးဝှေ့ရတိုင်း…..
ရင်းနှီးမှုမရှိတဲ့…. ရွေးချယ်ရမှု ဆိုတဲ့ စကားလုံးနဲ့ ရှောင်လွှဲလို့မရခဲ့တိုင်း….
မာယာစကားလုံးတွေနဲ့ ခြောက်လှန့်ခံလိုက်ရတိုင်း…..
ဘေးနားမှာ…. “နင်…..တို့” များ ရှိနေလေမလားလို့ ကြည့်လိုက်တိုင်း.. မောဟိုက်နေတဲ့ ရင်ခွင်တစုံကသာ ဆီးကြိုနေခဲ့တယ်.!
~~~~~~~~~
တခါတရံမှာတော့.. အတူတကွ ဖူးမြော်ခဲ့ကြတဲ့ ဆံတော်ရှင် ကျိုက်ထီးရိုးက အေးချမ်းလှတဲ့ ဆည်းလည်းသံတွေကို ကြားယောင်မိလေတိုင်း အိပ်မက်ရှည်ကြီးထဲက လန့်နိုးနေခဲ့ရသလိုပါပဲ.!
“ဘယ်လောက် ခက်ခဲကြမ်းတမ်းပါစေ..” အတူတူသာ ရင်ဆိုင်ရမယ်ဆို ဖြေရှင်း ခရီးဆက်ခဲ့ကြတဲ့ နေ့ရက်တွေကို ဘယ်လိုနေ့ရက်တွေနဲ့ အစားထိုး မေ့ပစ်လို့ ရနိုင်ပါ့မလဲ..!
ဆွတ်ပျံ့လွမ်းမောဖွယ်ရာ နေရာလေးမှာ ဖြူစင်တဲ့ မေတ္တာတရားတွေနဲ့ တွယ်နှောင်ခဲ့ကြတဲ့ အချိန်လေးတခုကိုလည်း မရနိုင်တော့မှန်း သိပေမယ့် ပြန်လိုချင်နေမိတယ်..............!
“ငါ…….တို့တွေ”.. တယောက်ရဲ့ လိုအပ်ချက်လေးတွေကို တယောက်က ပွင့်လင်းရင်းနှီးစွာနဲ့ ပြောဆို အဖြေရှာခဲ့ကြပြီး ပြင်ခဲ့တာလေးတွေကို စဉ်းစားလိုက်တိုင်း ခုချိန်မှာ “ငါ့…..”ရဲ့ လိုအပ်နေတဲ့ လိုအပ်ချက်လေး တွေကို ပြင်ဆင်ပေးဖို့ အတွက် တောင့်တမိလိုက်တာ…!
“ငါ့…..ရဲ့” ပုံရိပ်တွေကို မျှဝေခံစားစေရင်း “နင်……တို့” ရဲ့ တားမြစ်သံလေးတွေ…. အားပေး စကားသံလေးတွေ…. အပြုံးလေးတွေ….. အကြံဥာဏ်လေးတွေ…… ရီမောသံလေးတွေ …… နှစ်သိမ့်မှုပေးတဲ့ ပြောဆိုသံလေးတွေ……. နဲ့ “ငါ…..” အားအင်ဖြစ်စေဖို့ စိတ်ကူး အဖြစ်နဲ့ပဲ သိုဝှက် သိမ်းဆည်းပြီး ခရီးဆက်နေတတ်ခဲ့ပါပြီ…!!!
စိတ်ကူးနဲ့ လက်တွေ့ဘဝကို ထုဆစ်ပုံဖေါ်တဲ့အခါမှာ ထပ်တူမကျတတ်တဲ့ အရာလေးတွေ ရှိတယ်ဆိုတာကိုလည်း “နင်… …တို့” နားလည် သိတတ်နေလောက်ပါပြီ…!
ဟန်ဆောင်ကမ္ဘာရဲ့ တဘက်ခြမ်းမှာ “ငါ….တို့..” အားလုံး အတူတူ တည်ငြိမ်အေးချမ်းစွာနဲ့ အဆိပ်အတောက်ကင်းကင်း ဖြတ်ကျော်ချင်တဲ့ စိတ်လေးကတော့ မပြောင်းမလဲ တည်တံ့နေမှာပါ.!
“ငါ…”လေ.... ထပ်တူမကျတဲ့ အခိုက်အတန့် လေးတွေမှာတော့ ကလောင်တံကိုကိုင်ပြီး ထိုးဆွနေတတ်ခဲ့ပြီလေ…!
ခုချိန်မှာတော့……………..
“ငါ…” က…….. သူငယ်ချင်းမဲ့နေတဲ့ လူသားတဦး…!!!!!

ပူပြင်းတဲ့ နွေရာသီမှာ ခြေရာချင်း ထပ်ခဲ့ကြသလို မိုးရေစက်လေးတွေရဲ့ အောက်မှာလည်း ခြေရာ ထပ်ခဲ့ကြဖူးတယ်…. အေးချမ်းတဲ့ ဆောင်းမှာလည်း ခြေရာချင်းတွေ ထပ်ခဲ့ကြဖူးတယ်... ခြေရာချင်း ထပ်ခဲ့ကြတဲ့ နေရာလေးတွေကို တမ်းတမိလေတိုင်း အလိုလို ကျလာတတ်တဲ့ မျက်ရည်တွေ ကိုတော့ မတား..ပါ.. ရစေနဲ့..!
ဆွတ်ပျံ့လွမ်းမောဖွယ်ရာ နေရာလေးမှာ ဖြူစင်တဲ့ မေတ္တာတရားတွေနဲ့ တွယ်နှောင်ခဲ့ကြတဲ့ အချိန်လေးတခုကိုလည်း မရနိုင်တော့မှန်း သိပေမယ့် ပြန်လိုချင်နေမိတယ်..............!
“ငါ…….တို့တွေ”.. တယောက်ရဲ့ လိုအပ်ချက်လေးတွေကို တယောက်က ပွင့်လင်းရင်းနှီးစွာနဲ့ ပြောဆို အဖြေရှာခဲ့ကြပြီး ပြင်ခဲ့တာလေးတွေကို စဉ်းစားလိုက်တိုင်း ခုချိန်မှာ “ငါ့…..”ရဲ့ လိုအပ်နေတဲ့ လိုအပ်ချက်လေး တွေကို ပြင်ဆင်ပေးဖို့ အတွက် တောင့်တမိလိုက်တာ…!
“ငါ့…..ရဲ့” ပုံရိပ်တွေကို မျှဝေခံစားစေရင်း “နင်……တို့” ရဲ့ တားမြစ်သံလေးတွေ…. အားပေး စကားသံလေးတွေ…. အပြုံးလေးတွေ….. အကြံဥာဏ်လေးတွေ…… ရီမောသံလေးတွေ …… နှစ်သိမ့်မှုပေးတဲ့ ပြောဆိုသံလေးတွေ……. နဲ့ “ငါ…..” အားအင်ဖြစ်စေဖို့ စိတ်ကူး အဖြစ်နဲ့ပဲ သိုဝှက် သိမ်းဆည်းပြီး ခရီးဆက်နေတတ်ခဲ့ပါပြီ…!!!
စိတ်ကူးနဲ့ လက်တွေ့ဘဝကို ထုဆစ်ပုံဖေါ်တဲ့အခါမှာ ထပ်တူမကျတတ်တဲ့ အရာလေးတွေ ရှိတယ်ဆိုတာကိုလည်း “နင်… …တို့” နားလည် သိတတ်နေလောက်ပါပြီ…!
ဟန်ဆောင်ကမ္ဘာရဲ့ တဘက်ခြမ်းမှာ “ငါ….တို့..” အားလုံး အတူတူ တည်ငြိမ်အေးချမ်းစွာနဲ့ အဆိပ်အတောက်ကင်းကင်း ဖြတ်ကျော်ချင်တဲ့ စိတ်လေးကတော့ မပြောင်းမလဲ တည်တံ့နေမှာပါ.!
“ငါ…”လေ.... ထပ်တူမကျတဲ့ အခိုက်အတန့် လေးတွေမှာတော့ ကလောင်တံကိုကိုင်ပြီး ထိုးဆွနေတတ်ခဲ့ပြီလေ…!
ခုချိန်မှာတော့……………..
“ငါ…” က…….. သူငယ်ချင်းမဲ့နေတဲ့ လူသားတဦး…!!!!!
Subscribe to:
Posts (Atom)