Showing posts with label ဖိတ်ခေါ်မှု. Show all posts
Showing posts with label ဖိတ်ခေါ်မှု. Show all posts

Friday, May 14, 2010

ရေရှားပါးမှု ကိုဖြေရှင်းဖို့…


မြန်မာနိုင်ငံမှာ ရာသီဥတု ပူပြင်းလာတာနဲ့ အမျှ သောက်သုံးရေရှားပါးမှု၊ ရေပြတ်လပ်မှု ပြဿနာကလည်း တစတစနဲ့ တိုးလိုးသာ လာနေတော့တယ်။ ဟိုနားမှာ ရေရှားပါး၊ ဒီနားမှာတော့ ရေပြတ်သွားပြန်ပြီ… ဟိုရွာမှာလည်း ရေတွေ ခန်းကုန်ပြီနဲ့ အဝေးကနေ ကြားနေရ၊ မြင်နေရ တာ တကယ်တော့ စိတ်ထိခိုက်လှပါတယ်။ ကိုယ့်ရဲ့ နိုင်ငံမှာ ရေရှားပါးမှု ပြဿနာက အရင်တုန်းက သိပ်မကြားဖူးပေမဲ့ ခုလို သဘာဝ ပတ်ဝန်းကျင် ဆုံးရှုံးလို့၊ သစ်တောတွေ ပြုန်းတီးလာတာနဲ့ အမျှ ရာသီဥတုရဲ့ ဖေါက်လွဲဖေါက်ပြန် ကိုလည်း တနင့်တပိုး ခံစားကြရပြန်ပါတယ်။

တခါမှ မကြုံဖူးတဲ့ အဖြစ်တွေက.. ကန်တွေ ရေခန်းတာ၊ ရေအိုင်တွေ ရေခန်းတာ၊ အဲဒါ တွေဟာ ဘာကြောင့်လဲ…။

ကျမတို့ဟာ အမိနိုင်ငံနဲ့ ဝေးနေတဲ့ နေရာ တခုမှာ ရောက်နေပေမဲ့ ကိုယ့်နိုင်ငံရဲ့ အခက်အခဲတွေကို တတ်နိုင်သရွေ့ ပါဝင်နိုင်မယ်ဆိုရင်….

ကျမလည်း မိတ်ဆွေတွေ တချို့နဲ့ တိုင်ပင်ရင်း ရေရှားပါးမှု၊ ရေပြတ်လပ်မှု အတွက် မေးမြန်းစုံစမ်းရင်း လတ်တလော ရေပြတ်လပ်မှု အတွက် ကူညီ ဖြေရှင်းပေးနေတဲ့ STA အဖွဲ့နဲ့ ပေါင်းပြီး ရေလှူဒါန်း နိုင်ဖို့ ကြိုးစားခဲ့ပါတယ်။

လတ်တလော ခံစားနေရတဲ့ ရေပြတ်လပ်မှု ဘေးဒုက္ခဆိုးကြီးနဲ့ သောက်သုံးရေ ရှားပါးမှု တို့အတွက် ရေလှူဒါန်း နိုင်ဖို့ ဖိတ်ခေါ်ပါရစေ..။