Showing posts with label ဘာသာပြန်. Show all posts
Showing posts with label ဘာသာပြန်. Show all posts

Saturday, January 21, 2012

သစ္စာတရားကို ရှာဖွေခြင်း

လူတယောက်ဟာ အမှန်တရားကို ရှာဖွေဖို့ ထွက်လာခဲ့တယ်။ သူစပြီးတွေ့ဆုံခဲ့တဲ့ ဘာသာရေး ကိုင်းရှိုင်းတဲ့ပုဂ္ဂိုလ်တယောက်ဟာ သူ့ရွာရဲ့အပြင်ဘက်က သစ်ပင်အောက်မှာ ထိုင်နေတာကို တွေ့ခဲ့တယ်။

ကျွန်ုပ်က ထိုပုဂ္ဂိုလ်ကို အမှန်တရားနဲ့ သစ္စာတရားရှိတဲ့သူကို ရှာဖွေနေတာလို့ ပြောခဲ့ပါတယ်။ အဲလိုလူမျိုးတွေရဲ့ ထူးခြားတဲ့ လက္ခဏာတွေကို ပြောပြပေးဖို့ တောင်းပန်ခဲ့ပါတယ်။ ထိုပုဂ္ဂိုလ်ရဲ့ ဖွင့်ဆိုထားတဲ့အချက်လေးက သိပ်ကို ရိုးရှင်းလှပါတယ်။" ဒီလိုမျိုး သစ်ပင်အောက်မှာ ထိုင်နေတဲ့သူမျိုး၊ ဒီလို ဟန်ပန်အနေအထားရှိတဲ့သူမျိုး၊ ဒီလိုအမူအယာမျိုး ရှိတဲ့သူမျိုး"ပေါ့၊ အဲလိုပုဂ္ဂိုလ်မျိုးက မင်းရှာဖွေတဲ့ပုဂ္ဂိုလ်မျိုးပါပဲ။

ရှာဖွေမယ့် ကျွန်ုပ်ဟာ စပြီးထွက်ခွါလာခဲ့ပါတယ်။ နေရာအနှံ့လျှောက်သွားနေခဲ့တာ နှစ်ပေါင်းသုံးဆယ်ကျော် ကြာခဲ့တယ်။ သူဟာ နေရာပေါင်းစုံရောက်ခဲ့တယ် ဒါပေမယ့် သူတွေ့ဆုံချင်တဲ့ ပုဂ္ဂိုလ်မျိုးကို မတွေ့ခဲ့ပါဘူး။

သစ္စာရှိသည်ဟု ဆိုသူများကိုတွေ့ခဲ့ပြီး မည်သူတဦးတယောက်မျှ သစ္စာတရားရှိသူများ မဟုတ်ခဲ့ပါဘူး။ သူဟာ အလွန်အမင်း မောပန်းနွမ်းနယ်ပြီး နေရပ်ကိုပြန်လာခဲ့တော့တယ်။

သူပြန်လာတဲ့အခါ အလားတူသစ်ပင်အောင်မှာ ထိုင်နေတဲ့ အဖိုးအိုကိုတွေ့လို့ မယုံကြည်နိုင်လောက်အောင် အံ့အားသင့်ခဲ့ပါတယ်။ "သူပြောတဲ့အတိုင်း သစ်ပင်အောက်မှာ ထိုင်နေတယ်၊ သူ့ရဲ့ ဟန်ပန်အနေအထားကလည်း သူပြောတဲ့အတိုင်းပါပဲလား"။ "လွန်ခဲ့တဲ့ နှစ်ပေါင်း သုံးဆယ်က ဒီလို ထိုင်နေခဲ့တယ်၊ ကျွန်ုပ်မျက်လုံး ကွယ်နေလို့လား" သူ့ရဲ့မျက်နှာနဲ့ သူ့ရဲ့အမူအယာတွေကို အရင်အတိုင်း တွေ့ရတယ်။

ကျွန်ုပ်က ကျွန်ုပ်ရဲ့ခံစားချက်ကို...
"ပထမစတွေ့ခဲ့တုန်းက ဘာဖြစ်လို့ကျွန်ုပ်ကို မပြောခဲ့တာလဲ"
"နှစ်ပေါင်းသုံးဆယ်လောက် ဘာဖြစ်လို့ လမ်းမှားကို ပို့လိုက်ရတာလဲ"
"အမှန်တရားနဲ့ သစ္စာတရားရှိတဲ့သူလို့ ဘာဖြစ်လို့ မပြောတာလဲ" လို့ ပြောတော့ အဖိုးအိုက "မင်းနားလည်သဘောပေါက်မှာ မဟုတ်သေးတဲ့အတွက်ကြောင့်ပဲလို့" ပြောခဲ့တယ်။

"ဝေးလံတဲ့နေရာကို လျှောက်မသွားပဲ မင်းအိမ်ကို ပြန်လာဖို့ စိတ်ကူးမှာမဟုတ်ဘူး။ မင်းဟာ ကိုယ့်ရဲ့နေရာကို ရောက်လာဖို့အတွက် နေရာပေါင်းများစွာကို သွားခဲ့ပြီးပြီ၊ မင်းပြန်လာမှ ဒီလိုအပင်အောက်မှာ အစခပ်သိမ်းရှိတယ်လို့" ပြောခဲ့တယ်။ "ငါထိုင်တဲ့ ပုံစံမျိုးပေါ့၊ ဒါပေမယ့် မင်းစိတ်တွေက ဆန္ဒစောလွန်းတယ်၊ မင်းနားမထောင်ဘူး၊ မင်းရေးကြီးသုတ်ပြာ အလောတကြီး လုပ်ခဲ့တယ်"။

"မင်းဟာ သစ္စာတရားရှိတဲ့သူကို ရှာဖွေဖို့အတွက် နေရာတကာကို သွားခဲ့တယ်။ မင်းအတွက် ရှာဖွေတာက အရေးကြီးနေတယ်၊ အမှန်တရားက အရေးမကြီးခဲ့ဘူး။ ဒါပေမယ့် မင်းဘာဖြစ်လို့ ပြန်လာတာလဲကွာ! ငါပင်ပန်းလှပြီ၊ မင်းအတွက် ဒီပုံစံအတိုင်း အဆက်မပြတ် ထိုင်နေခဲ့တာ အတော် ပင်ပန်းနေခဲ့ပြီ"

"မင်းဟာ နှစ်ပေါင်းသုံးဆယ်လောက် လျှောက်သွားခဲ့ပြီးပြီ၊ ဒါပေမယ့် သစ်ပင်အောက်မှာ ငါထိုင်နေတယ်ဆိုတာ စဉ်းစားနေမိလိမ့်မယ်၊ မင်းတနေ့ ဒီနေရာကို ပြန်ရောက်လာမယ်ဆိုတာ ငါသိပါတယ်၊ ဒါပေမယ့် ငါကွယ်လွန်သွားခဲ့ရင် မင်းဘာလုပ်မလဲ၊ ငါမင်းကိုစောင့်နေခဲ့တယ်၊ မင်းပြန်ရောက်လာခဲ့ပြီ၊ နှစ်ပေါင်းသုံးဆယ်လောက် လျှောက်သွားခဲ့ရပြီးပြီ၊ ဒါဟာ မင်းရဲ့ အမှားပဲ၊ သစ္စာရှိတယ်ဆိုတဲ့ သူဟာ ဒီမှာပါပဲကွာ"

"ငါတို့ဟာ ငါတို့နားမှာဘာရှိလဲ၊ ငါတို့ဘေးမှာ ဘာရှိလဲဆိုတာ မမြင်နိုင်တာ ငါတို့ဘဝမှာ အကြိမ်ပေါင်း များစွာဖြစ်ခဲ့ပါတယ်၊ ဟိုးအဝေးက သာယာတဲ့အသံလေးက ငါတို့ကို ဆွဲဆောင်တယ်၊ ဝေးလံတဲ့ စိတ်ကူး၊ အိပ်မက်တွေက ငါတို့ကို ဆွဲခေါ်သွားခဲ့တယ်၊"

ကိုယ့်ကိုယ်ကို ယုံကြည်စိတ်ချဖို့ ကြိုးစားပါ၊ ပြီးတော့ ကိုယ့်စိတ်ကို သိအောင်ကြိုးစားပါ၊ မင်းဟာ မင်းရဲ့စိတ်အတွင်းမှာ သစ္စာတရားရှိတယ်ဆိုတာကို မင်းကိုယ်မင်း မယုံကြည်ခဲ့ဘူး။

www.funzug.com မှ Try to believe in yourself ကို ဘာသာပြန်ဆိုသည်။

Friday, September 16, 2011

တခုခုကို အောင်မြင်အောင်ဘယ်လိုလုပ်မလဲ...

သင်ဟာ သင့်ရဲ့ အခြေခံကျတဲ့ ဓနဥစ္စာ၊ ချမ်းသာကြွယ်ဝမှု၊ ဆက်ဆံရေးနဲ့ အလုပ်အကိုင်မှာ အောင်မြင်ဖို့ ကြိုးစားတာ ရလား မရလားဆိုတာ အရေးမကြီးပါဘူး။ တရားဝင်အသိအမှတ် ပြုထားတဲ့ အာဟာရဗေဒပညာရှင်နဲ့ ဇီဝကမ္မဗေဒပညာရှင် Caitlin Reid က ဘယ်လိုအခြေအနေဖြစ်ဖြစ် လက်တွေ့အသုံးဝင်တဲ့ အကြံပေးစကား ၆ချက်နဲ့ အောင်မြင်အောင် ကူညီနိုင်လိမ့်မယ်လို့ ပြဌာန်းထားပါတယ်။

(၁) သင်ဘာလိုချင်တယ်ဆိုတာ သိပါ။

သင့်မှာ အောင်မြင်ဖို့ ဆန္ဒရှိရမယ်။ ဘဝမှာ ဘာလိုချင်တယ်ဆိုတာ သိဖို့လိုအပ်ပါတယ်။ သင့်ရဲ့ပန်းတိုင်ကို အောင်မြင်အောင်ရောက်ဖို့ လိုအပ်မယ့် အလုပ်တွေကို ခွဲခြားနိုင်ဖို့ လိုပါတယ်။ ရည်မှန်းချက်ပန်းတိုင်ဆိုတာ ဘဝမှာ သင်သွားမယ့်နေရာကို ဦးဆောင်လမ်းပြပေးမှာပါ။ ရည်မှန်းချက်မရှိရင် ဘယ်နေရာမှာ အဆုံးသတ်ရမယ်ဆိုတာ ဆုံးဖြတ်လို့ရမှာမဟုတ်ဘူး။

(၂) ဘယ်တော့မှ အရှုံးမပေးပါနဲ့။

ကြံ့ကြံ့ခံနိုင်မှုဟာ အောင်မြင်မှုအတွက် နံပါတ်တစ်ဖြစ်ပါတယ်။ လူတွေဟာ သူတို့ရဲ့ ရည်မှန်းချက် အောင်မြင်ဖို့ ကြိုးစားနေရင်း အခက်အခဲ၊ အကျပ်အတည်းတွေနဲ့ ရင်ဆိုင်ရတဲ့အခါ၊ ဒါမှမဟုတ် အပြစ်ရှာ ဝေဖန်မှုတွေ ရှိလာတဲ့အခါ စိတ်ပျက်အားလျော့မှု ဖြစ်ဖို့ လွယ်ကူကြတယ်။ ဒါပေမယ့် မှန်ကန်တဲ့ အောင်မြင်မှုတခုဖြစ်လာဖို့ဆိုရင် ဝေဖန်မှု၊ ပယ်ချမှု၊ ဖိအားပေးမှုနဲ့ ကျရှုံးမှုတွေကို ကျော်ဖြတ်ပြီး မလျှော့တမ်း လုပ်ရမယ်။ ရဲရင့်တက်ကြွတဲ့တိုက်ပွဲက အောင်မြင်မှုကို တည်ဆောက်ပေးလိမ့်မယ်။

(၃) သင့်ကိုယ်သင် ယုံကြည်ပါ။

အောင်မြင်ဖို့ဆိုရင် သင့်မှာ ကောင်းတဲ့အမြင် ရှိဖို့လိုပါတယ်။ ပြီးတော့ သင့်ရဲ့ရည်မှန်းချက် အောင်မြင်နိုင်တယ် ဆိုတာ ယုံကြည်ဖို့ လိုပါတယ်။ သင့်ရဲ့ ရည်မှန်းချက် အောင်မြင်ဖို့ဆိုရင် စွမ်းဆောင်နိုင်တဲ့ ယုံကြည်မှုနဲ့ တိုးတက်မှုရှိတဲ့ အလားအလာ၊ သဘောထား ရှိဖို့ လိုပါတယ်။ သင့်အကြောင်း သင့်ကိုယ်သင် သတိပြုမိတဲ့အခါ၊ ဘဝရဲ့ စိမ်ခေါ်မှုတွေကို ပိုပြီး ယုံကြည်စိတ်ချမှုရှိစွာနဲ့ တုံ့ပြန်လာနိုင်မှာပါ။ ရှက်ရွံ့မှုနဲ့ မိမိကိုယ်ကို ယုံကြည်မှုကင်းမဲ့ဖို့ သင့်ကိုယ်သင် တွန်းအားပေးတာက အမှန်လို့ လက်ခံမယ်ဆိုရင် သင်ဟာ အောင်မြင်မှုနဲ့ ပိုဝေးပြီး ကျရှုံးသွားလိမ့်မယ်။ ကိုယ့်ကိုယ်ကို ယုံကြည်မှုရှိပါ သင်အောင်မြင်ပါလိမ့်မယ်။

(၄) လေ့လာသင်ယူမှုကို ဘယ်တော့မှ မရပ်ပါနဲ့။

အောင်မြင်မှု ရှိတဲ့ လူတွေဟာ လေ့လာသင်ယူမှုကို ဘယ်တော့မှ မရပ်ပါဘူး။ သူတို့ဟာ တခြားသူတွေရဲ့ အတွေ့အကြုံသစ်တွေကို လေ့လာသင်ယူတယ်၊ ပြီးတော့ သူတို့ရဲ့ အမှားတွေကနေ သင်ခန်းစာ ယူကြတယ်။ အခွင့်အလမ်းတိုင်း အခွင့်အလမ်းတိုင်းကို လေ့လာသင်ယူတာဟာ သင့်ရဲ့ အသိပညာတွေ တိုးပွားစေဖို့ဖြစ်ပါတယ်။ သင်ရောက်နေတဲ့ နေရာ၊ နယ်ပယ်ကိုလည်း ဦးဆောင်နိုင်ပါလိမ့်မယ်။ စာအုပ်စာပေ များများဖတ်ပါ၊ အရည်အသွေး အသစ်တွေကို ဆည်းပူးပါ၊ လေ့ကျင့်သင်ကြားမှု အသစ်တွေကို ရှာယူပါ။ ကျန်တဲ့အပိုင်းတွေမှာ သေချာပေါက် သာလွန် အောင်မြင်လာပါလိမ့်မယ်။

(၅) သင်နှစ်သက်တာကို သင်လုပ်ပါ။

တခုခုကို ကောင်းကောင်း လုပ်တော့မယ်ဆိုရင် အနည်းဆုံး နှစ်သက်မှု ရှိရပါမယ်။ သင်ပိုင်ဆိုင်တဲ့ အချိန်တွေကို နှစ်သက်သလို အားထုတ်တာဟာ အောင်မြင်ဖို့ တွန်းအားတခုပဲဖြစ်ပါတယ်။ သင်နှစ်သက်တာကို သင်လုပ်ပါ၊ အောင်မြင်မှု ရလာပါလိမ့်မယ်။

(၆) အပျော်အပါးကို ရှောင်ကျဉ်ပါ။

ကျွန်ုပ်တို့ အများစုဟာ ပြဿနာတချို့ကို ကိုယ်တိုင် ဖြေရှင်းမယ်ဆိုရင် နောက်ဆုံးမှာ ပျော်ရွှင်နိုင်မယ်လို့ ယုံကြည် ပါတယ်။ ဒါပေမယ့် သက်တောင့်သက်သာ မရှိပဲ ပျော်ရွှင်မှုအတွက် ကြိုးပမ်းတာ၊ တဦးချင်းသီးသန့် အချက်တွေမှာ ပျော်ရွှင်မှုကို ရှာဖွေခြင်း မပြုတာဟာ ဘဝရှင်သန်ဖို့ နည်းလမ်း မဟုတ်ပါဘူး။ အောင်မြင်မှု ရှိတဲ့ လူတွေက အချိန်ဆွဲတာကို ရှောင်ကျဉ်ကြတယ်။ ပြဿနာတွေ အတွက် ဆုံးဖြတ်ချက် ချဖို့ စောင့်စားမနေပါဘူး။ အောင်မြင်မှုရှိတဲ့ လူတွေဟာ ဖြစ်ရပ်တိုင်း ဖြစ်ရပ်တိုင်းမှာ ပျော်ရွှင်မှုကို ရှာဖွေကြပါတယ်၊ သူတို့ဟာ သူတို့အတွက် မှန်ကန်တဲ့ လမ်းကြောင်းကို တရားနည်းလမ်း ကျကျ စဉ်းစားကြတယ်။


www.funzug.com မှ ( How To Succeed At Anything) ကို ဘာသာပြန်ပါသည်။

Friday, July 1, 2011

စိတ်ငြိမ်းချမ်းမှုရရှိဖို့ အခြေခံအချက်များ

(၁) သင့်ကိုမမေးရင် သူတပါးရဲ့ကိစ္စကို ဝင်မစွက်ပါနဲ့။

ကျမတို့အများစုဟာ သူတပါးတွေရဲ့ကိစ္စတွေမှာ ခနခန ဝင်စွက်တတ်ကြပါတယ်။ ကျမတို့လုပ်တာ အကောင်းဆုံးဖြစ်တယ်ဆိုတာ ယုံကြည်တတ်ကြပါတယ်။ ပြီးတော့ ကျမတို့တွေးခေါ်မှုဟာ စံထားလောက်တဲ့ တွေးခေါ်မှုဖြစ်တယ်လို့လည်း ယုံကြည်ထားကြတယ်။ ကျမတို့ စဉ်းစားဥာဏ်နဲ့ မတူညီတဲ့သူတွေကို မှန်ကန်တဲ့လမ်းကြောင်းဆီရောက်အောင် ကိုင်တွယ်ရမယ်။ ဆန်းစစ်ဝေဖန်ရမယ်။ ဒီစဉ်းစားမှုဟာ တဦးချင်း သီးခြားဖြစ်တည်တာကို ပိတ်ပင်တာဖြစ်တယ်။ ပြီးတော့ ဘုရားသခင်ရှိတယ် ဆိုတာကိုလည်း ငြင်းဆိုတယ်။ ဘုရားသခင်ဟာ ကျမတို့တယောက်ချင်းကို ထူးထူးခြားခြားလုပ်ပေးခဲ့တယ်။ လူသားနှစ်ယောက်ဟာ တူညီတဲ့နည်းတွေနဲ့ မစဉ်းစားနိုင်ပါဘူး။ အမျိုးသား၊ အမျိုးသမီးအားလုံးဟာ သူတို့နည်းနဲ့ သူတို့လုပ်နေကြတာပါ။ ဘာဖြစ်လို့လဲဆိုတော့ ဘုရားသခင်ဟာ အဲဒီနည်းတွေနဲ့ လုပ်ဆောင်ဖို့ လှုံ့ဆော်ပေးတဲ့အတွက်ကြောင့်ဖြစ်ပါတယ်။ ဒီတော့ ကိုယ့်ကိစ္စကိုယ်လုပ်ပါ။ စိတ်ငြိမ်းချမ်းမှု ရလာမှာပါ။

(၂)ခွင့်လွှတ်ပါ၊ မေ့ပစ်လိုက်ပါ။

ဒါဟာ စိတ်ရဲ့ငြိမ်းချမ်းမှုကို အားအကောင်းဆုံး အထောက်အကူပြုတဲ့ နည်းလေး ဖြစ်ပါတယ်။ ကျမတို့ကို စော်ကားပြီး အန္တရာယ်ပြုတဲ့လူတွေအတွက် နှလုံးသားထဲမှာ နာကျည်းစိတ် ဝင်လာတတ်ပါတယ်။ နာကျည်းချက်တွေကို စိတ်ထဲမှာ တေးထားတတ်ပါတယ်။ အဲဒီအကျိုးရလဒ်က အိပ်ရေးပျက်ခြင်း၊ အစာအိမ်ဖြစ်ခြင်းနဲ့ သွေးတိုးစေခြင်းတို့ပါပဲ။ ဒီနာကျည်းမှုကို တကြိမ်ပြုလုပ်ခဲ့တယ်ဆိုပါတော့။ ဒါကို ခနခန သတိရပြီး စိတ်ထဲမှာ အမှတ်ထားတတ်ပါတယ်။ ဒီလိုဆိုးရွားတဲ့ အကျင့်ဆိုးကို ဖြေဖျောက်လိုက်ပါ။ ဘဝဆိုတာ သိပ်တိုတောင်းလွန်းလို့ ဒီလိုအသေးအမွှားတွေနဲ့ အချိန်ကုန်မခံပါနဲ့။ ခွင့်လွှတ်ပါ။ မေ့ပစ်လိုက်ပါ။ ချစ်ခြင်းမေတ္တာဆိုတာ ခွင့်လွှတ်ခြင်း၊ ပေးဆပ်ခြင်းတွေနဲ့ ရှင်သန်နေလို့ပါ။

(၃) အသိအမှတ်ပြုမှုကို မမက်မောပါနဲ့။

ဒီကမ္ဘာကြီးပေါ်မှာ တကိုယ်ကောင်းဆန်တဲ့ လူတွေနဲ့ ပြည့်နှက်နေပါတယ်။ ဒီလူတွေဟာ ဘယ်သူ့ကိုပဲဖြစ်ဖြစ် ချီးကျူးခဲပါတယ်။ ဒီနေ့ သင့်မှာ သြဇာအာဏာရှိတဲ့အတွက် သင့်ကို ချီးမွမ်းချင် ချီးမွမ်းမှာ ဖြစ်ပေမယ့် မရှေးမနှောင်းမှာ သြဇာအာဏာ မရှိခဲ့တော့ဘူးဆိုရင် သင့်ရဲ့အောင်မြင်မှုတွေကို မေ့လျော့သွားလိမ့်မယ်။ ပြီးတော့ သင့်ရဲ့ အမှားတွေကို မျက်စေ့ဒေါက်ထောက်ကြည့်တော့မှာပဲ။ သူတို့ရဲ့ အသိအမှတ်ပြုခံရမှုကို ကြိုးပမ်းနေပြီး ကိုယ့်ကိုယ်ကို ဘာကြောင့်စိတ်ထိခိုက်ရမှာလဲ။ သူတို့ရဲ့ အသိအမှတ်ပြုမှုက ကိုယ့်အတွက် ဘာမှ တန်ဖိုးမရှိပါဘူး။ ရိုးသားဖြောင့်မတ်ဖို့နဲ့ လူ့ကျင့်ဝတ်အတိုင်းနေတတ်ဖို့က သင့်ရဲ့တာဝန်ဖြစ်ပါတယ်။

(၄) သူတပါးကို မနာလိုမဖြစ်ပါနဲ့။

မနာလိုခြင်းက စိတ်ရဲ့ငြိမ်းချမ်းမှုကို ဘယ်လိုပျက်စီး စေတယ်ဆိုတာ ကျမတို့တတွေ တွေ့ကြုံဖူးခဲ့ကြပြီ။ အလုပ်ထဲမှာသင့်ရဲ့ လုပ်ဖေါ်ကိုင်ဖက်တွေထက် အလုပ်ပိုကြိုးစားတယ်ဆိုတာ သင့်ကိုယ်သင်သိတယ်။ ဒါပေမယ့် တခါတရံမှာ သူတို့က ရာထူးတိုးမယ်. သင်ကမတိုးဘူး.။ လွန်ခဲ့တဲ့ နှစ်ပေါင်းများစွာက သင်က အလုပ်ကိုစတင်လုပ်ကိုင်ခဲ့တယ်. ဒါပေမယ့် တနှစ်သာအလုပ်လုပ်တဲ့ သင့်ရဲ့ လုပ်ဖေါ်ကိုင်ဖက်လောက် သင်မအောင်မြင်ဘူး။ နေ့စဉ်ဘဝမှာ အခုလိုမျိုးဖြစ်ရပ်တွေ အများကြီးရှိပါတယ်။ မနာလိုဖြစ်သင့်ပါသလား။ မဖြစ်သင့်ပါဘူး။ လူတိုင်းလူတိုင်းရဲ့ဘဝတွေကို သူတို့ကံတရားက ပုံသွင်းပြီးသားပါ။ ချမ်းသာဖို့ ကံရှိရင် ဘယ်သူမှရပ်တန့်ပစ်လို့ မရပါဘူး။ ကံတရားမရှိဘူးဆိုရင် ဘယ်သူမှ ကူညီပေးနိုင်မှာမဟုတ်ပါဘူး။ သင့်ရဲ့ ကံမကောင်းမှုအတွက် သူတပါးကို အပစ်ဖို့တာဟာ ဘာမှရလာမှာ မဟုတ်ပါဘူး။ မနာလိုခြင်းဟာ သင့်ကိုဘာမှလုပ်ပေးမှာမဟုတ်ဘူး။ ဘယ်မှာမှ ကောင်းလာမှာ မဟုတ်ပါဘူး၊ သင့်ရဲ့ စိတ်ငြိမ်းချမ်းမှုကိုပဲ ဖျက်ဆီးပစ်လိုက်သလို ဖြစ်သွားပါလိမ့်မယ်။

(၅) ပတ်ဝန်းကျင်ကိုလိုက်ပြီး သင့်ကိုယ်သင်ပြောင်းလဲပါ။

ပတ်ဝန်းကျင်ကို သင်တဦးတည်း ပြောင်းလဲဖို့ ကြိုးစားမယ်ဆိုရင် ရနိုင်တဲ့ အခွင့်အရေးတွေ မရပဲ ဖြစ်သွားပါလိမ့်မယ်။ သင့်ရဲ့ ပတ်ဝန်းကျင်နဲ့ အံဝင်အောင် သင့်ကိုယ်သင် ပြောင်းလဲလိုက်ပါ။ အဲလိုလုပ်လိုက်တဲ့အခါ သင့်ကို ခင်မင်မှုမရှိတဲ့ ပတ်ဝန်းကျင်က သင့်အပေါ်မှာ ထူးထူးခြားခြား ပြောင်းလဲလာပါလိမ့်မယ်။ စရိုက်ချင်းတူပြီး သဟဇာတဖြစ်သွားပါလိမ့်မယ်။

(၆) သည်းခံပါ။

အကျိုးမရှိတာကနေ အကျိုးရှိသွားနိုင်တဲ့ အကောင်းဆုံးနည်းလမ်းပါ။ ကျမတို့က စိတ်မသက်သာမှုတွေ၊ ဖျားနာမှုတွေ၊ ဒေါသတွေ၊ ကျမတို့ရဲ့ ထိန်းချုပ်မှုကို ကျော်လွန်နိုင်တဲ့ အန္တရယ်တွေကို နေ့တိုင်း ရင်ဆိုင်နေရပါတယ်။ ကျမတို့က အဲဒါတွေကို မထိန်းချုပ်နိုင်ဘူး၊ မပြောင်းလဲနိုင်ဘူးဆိုရင် ထိန်းချုပ်တတ်ဖို့ သင်ယူရလိမ့်မယ်။ သည်းခံခြင်းကို စိတ်ချမ်းမြေ့စွာနဲ့ လုပ်ကိုင်တတ်ရမယ်။ သည်းခံခြင်းဖြင့် ခွန်အားနဲ့ စိတ်စွမ်းအားတွေ ရရှိလာမှာပါ။

(၇) လုပ်နိုင်တာထက်ပိုမလုပ်ပါနဲ့။

ဒီဆိုရိုးစကားကို အမြဲသတိရနေဖို့လိုပါတယ်။ ကျမတို့ဟာ ကျမတို့ ဆောင်ရွက်ပေးနိုင်တာထက် တာဝန်တွေ ယူလေ့ရှိတယ်။ စိတ်သောကပိုပြီး ဖြစ်လာနိုင်တဲ့ ဝန်ထုပ်ဝန်ပိုးတွေကို ဘာဖြစ်လို့ ထမ်းထားနေမှာလဲ။ ကျမတို့ရဲ့ ကန့်သတ်ချက်ကို သိအောင်လုပ်ပါ။ သင်က သင့်ရဲ့ပြင်ပ လှုပ်ရှားမှုတွေကို ကျယ်ပြန့်လာအောင် လုပ်ခြင်းအားဖြင့် စိတ်ကိုငြိမ်းချမ်းမှု ရှိလာမှာမဟုတ်ပါဘူး။ သင့်ရဲ့ ရုပ်ဝတ္ထုဆက်စပ်မှုတွေကို လျှော့ချပစ်ပါ။ ဘုရားရှီခိုးခြင်းဖြင့် အချိန်ဖြုန်းပါ။ မိမိကိုယ်မိမိ ပြန်လည်သုံးသပ်ပြီး တရားအားထုတ်ပါ။ အနားယူဖို့လုပ်နေတဲ့ သင့်ရဲ့စဉ်းစားချက်တွေဟာ ပြေလျော့သွားမှာပါ။ ကြည်လင်နေတဲ့စိတ်က စိတ်ရဲ့ငြိမ်းချမ်းမှုကို ပိုပြီး ဖြစ်လာစေမှာပါ။

(၈) ပုံမှန်တရားထိုင်ပါ။

တရားထိုင်ခြင်းက စိတ်ကိုတည်ငြိမ်စေပါတယ်.။ အနှောင့်အယှက်ဖြစ်စေမယ့် အတွေးတွေကို ဖယ်ရှားလိုက်ပါ။ ဒီလိုလုပ်တာက စိတ်ငြိမ်းချမ်းဖို့ အမြင့်ဆုံး အခြေအနေတခုဖြစ်ပါတယ်။ သင့်ကိုယ်သင် ကြိုးစားကြည့်ပါ။ တရက်မှာ နာရီဝက်လောက် စိတ်အားထက်ထက်သန်သန် တရားထိုင်ခဲ့မယ်ဆိုရင် သင့်ရဲ့စိတ်က ကျန်တဲ့ နှစ်ဆယ့်သုံးနာရီခွဲမှာလည်း ငြိမ်းချမ်းနေမှာပါ။ သင့်ရဲ့စိတ်ကို အရင်ကလို အနှောင့်အယှက်ပေးတော့မှာ မဟုတ်ပါဘူး။ နေ့စဉ်ပုံမှန် တရားထိုင်ခြင်းအားဖြင့် တဖြည်းဖြည်း အကျိုးကျေးဇူးရှိလာမှာပါ။ သင့်ရဲ့ တနေ့တာအလုပ်ကို အနှောင့်အယှက် ဖြစ်ချင်ဖြစ်မယ်လို့ တွေးချင်တွေးမိလိမ့်မယ်။ အမှန်ကတော့ အချိန်တိုတိုနဲ့ အကျိုးရှိလာမှာဖြစ်ပါတယ်။ အချိန်နည်းနည်းမှာပဲ ပိုကောင်းတဲ့ အကျိုးရလဒ်တွေ ရလာနိုင်ပါတယ်။

(၉) စိတ်မတွေဝေပါနဲ့။

တွေဝေတဲ့ စိတ်ဟာ စိတ်ရဲ့အဆိပ်ဖြစ်ပါတယ်။ မကောင်းတဲ့ လုပ်ဆောင်ချက်တွေအားလုံးက စိတ်တွေဝေတာကနေ စလာတာပါ။ သင့်ရဲ့စိတ်ကို တက်ကြွအောင် ဇောင်းပေးထားပါ။ ပြီးတော့ တန်ဖိုးရှိတဲ့စိတ်ကို ရင်ထဲမှာထားပါ။ ဝါသနာကို တက်တက်ကြွကြွလုပ်ဆောင်ပါ။ သင့်ရဲ့စိတ်ဝင်စားစရာတွေကို လက်ကိုင်ထားပါ။ ငွေကြေးက တန်ဖိုးရှိသလား စိတ်ရဲ့ငြိမ်းချမ်းမှုက တန်ဖိုးရှိသလားဆိုတာ သင့်ကိုယ်သင် ဆုံးဖြတ်ရမယ်။ ပိုက်ဆံမရနိုင်မယ့် လူမှုရေးအလုပ်လို၊ ဘာသာရေး အလုပ်လိုအလုပ်မျိုးက သင့်ရဲ့ဝါသနာဆိုရင်ပေါ့။ ဒါပေမယ့် သင့်မှာ စိတ်ချမ်းသာကျေနပ်နေပြီး အောင်မြင်နေတဲ့ စိတ်ရှိနေတယ်။ ရုပ်ပိုင်းဆိုင်ရာအရ အနားယူတဲ့အချိန်မှာတောင် တရားဓမ္မသီချင်းတွေ ရွတ်ဆိုပြီး စာဖတ်နေခြင်းအားဖြင့် သင့်ကိုယ်သင် ကျန်းမာအောင် နေထိုင်တတ်ရမယ်။

(၁၀) အချိန်မဆွဲပါနဲ့။ ဘယ်တော့မှ နောင်တမရပါနဲ့။

စိတ်ကူးယဉ်ပြီး အချိန်မဖြုန်းပါနဲ့။ လုပ်သင့်သလား၊ မလုပ်သင့်ဘူးလား။ ရက်တွေ၊ သီတင်းပတ်တွေ၊ လတွေ၊ နှစ်တွေမှာ အဓိပ္ပါယ်မရှိတဲ့ ဝေဖန်ဆွေးနွေးမှုတွေနဲ့ ဖြုန်းတီးပစ်ချင်ပစ်နိုင်ပါတယ်။ အနာဂတ်ကို သင်မပိုင်တဲ့အတွက် လုံလောက်တဲ့ အစီအစဉ်တွေ မရှိနိုင်ပါဘူး။ အချိန်ကို တန်ဖိုးထားပါ။ လုပ်ဖို့လိုအပ်တာတွေကိုလုပ်ပါ။ ပထမအကြိမ် ကျရှုံးခြင်းက ကိစ္စမရှိပါဘူး။ သင့်ရဲ့အမှားကနေ သင်ခန်းစာတွေကို ရနိုင်ပါတယ်။ နောက်တကြိမ်မှာ အောင်မြင်နိုင်ပါတယ်။ စိတ်ပူခြင်းနဲ့ ကျောပေးထားခြင်းက ဘာမှမဟုတ်တာတွေကိုသာ ဦးဆောင်နေလိမ့်မယ်။ အမှားကနေ သင်ခန်းစာယူပါ။ ဒါပေမယ့် အချိန်လွန်မှ တနုံ့နုံ့နဲ့ စဉ်းစားမနေပါနဲ့။ နောင်တမရပါနဲ့။ ဘယ်လိုပဲဖြစ်ဖြစ် ကံတရားအတိုင်း ဖြစ်ပျက်နေမှာပါ။ ဖိတ်ကျသွားတဲ့ နွားနို့အတွက် ဘာ့ကြောင့်ငိုကြွေးနေမှာလဲ။

www.funzug.com မှဘာသာပြန်သည်။

Tuesday, February 23, 2010

အမှိုက်နဲ့တူတဲ့လူ

တနေ့ ကျနော တက္ကစီ တစီးပေါ်ကို မြန်မြန် တက်ပြီး လေဆိပ် ကို ထွက်ခဲ့တယ်။ တက္ကစီ ဒရိုင်ဘာ ဟာ လမ်းကျဉ်းလေး အတိုင်း ယာဉ်ကြော တလျှောက် မောင်းလာရင်း ရုတ်တရက် အနက်ရောင် ကားတစီး ကားပါကင် ထဲကနေ ကျနော့တို့ကား ရှေ့တည့်တည့်ကို တရှိန်ထိုး မောင်းထွက်လာခဲ့တယ်။ တက္ကစီ ဒရိုင်ဘာဟာ ဘရိတ်ကို တအားဆောင့်နင်းလိုက်တယ်။ ပွတ်ကာသီကာ လွဲသွားခဲ့ပေမဲ့ ကားကတော့ လမ်းချော် သွားခဲ့တယ်။

တဘက်ကားရဲ့ ဒရိုင်ဘာက သူရဲ့ ကားဦးခေါင်းကို အမြန် ဆွဲလှည့်လိုက်ပြီး ကျနောတို့ ကားဘက်ကို စူးစူးဝါးဝါး ကြည့်ပြီး အော်ဟစ်လိုက်တယ်။ တက္ကစီ ဒရိုင်ဘာက ပြန်ပြုံး ပြပြီး လက်ဝှေ့ယမ်းပြ လိုက်တယ်။ သူ့ကို ကြည့်ရတာ ရင်းရင်းနှီးနှီး၊ ခင်ခင်မင်မင် ဖြစ်တတ်တဲ့ ပုံပဲ...။

ဒါကြောင့် ကျနော် က ` ခင်ဗျား ဘာဖြစ်လို့ အဲလို ဆက်ဆံ ရတာလဲ လို့ မေးလိုက်တယ်´ …။ ခင်ဗျား ကားကို ပျက်လုနီးပါး ဖြစ်အောင် လုပ်ခဲ့တယ်။ တခါ ကျနော် တို့ကို ဆေးရုံရောက်မတတ် ဖြစ်အောင်လည်း လုပ်ခဲ့သေးတယ် လို့ ပြောတော့… တက္ကစီ ဒရိုင်ဘာက ဒါက` အမှိုက်ကား ဥပဒေ ´ ဆိုပြီး ကျနော့ ကို ပညာပေး လိုက်ပါတယ်။

တက္ကစီ ဒရိုင်ဘာ ရှင်းပြတာကတော့ `လူတွေဟာ အမှိုက်ကားတွေ လိုပါပဲတဲ့´ ။ လူတွေဟာ အမှိုက်တွေလို အဓိပ္ပါယ်မရှိတဲ့ စကားတွေ၊ စိတ်ပျက်စရာတွေ၊ ဒေါသတွေ၊ စိတ်အနှောက် အယှက် တွေ၊ စိတ်ထိခိုက်စရာတွေ…. တွေနဲ့ ကျင်လည် နေကြရတာတဲ့။ သူတို့တွေရဲ့ အမှိုက်နဲ့ အလားတူတဲ့ အရာတွေ စုပြုံ လာတဲ့အခါ အဲဒါတွေကို ပစ်ဖို့ နေရာ တခု လိုအပ် လာပါပြီတဲ့။ တခါတရံမှာ သူတို့ဟာ ခင်ဗျားဆီကို ပစ်ချင် ပစ်လိမ့်မယ်တဲ့။ ဒါတွေကို ဗွေမယူမိ ဖို့ပဲတဲ့။ အဲလို လူမျိုးတွေကို အပြုံးတွေ၊ လက်ဝှေ့ယမ်းမှုတွေနဲ့ ဆုမွန်ကောင်း တောင်းပေး လိုက်ပါတဲ့။ ပြီးတော့ အလုပ်မှာ ဖြစ်ဖြစ်၊ အိမ်မှာ ဖြစ်ဖြစ်၊ လမ်းတွေ ပေါ်မှာ ဖြစ်ဖြစ်၊ တခြားလူတွေ ကို ရင်ဖွင့်လိုက်ပါတဲ့။

ပြီးတော့ သူက ဆက်ပြောတယ်...။ အောင်မြင်မှု ရှိတဲ့လူတွေဟာ သူတို့ရဲ့ နေ့တွေကို အမှိုက်ကား နဲ့ တူတာတွေ ၀င်ခွင့် မပြုဖို့ အဓိက ပါပဲတဲ့။ လူ့ဘ၀ ဟာ သိပ်တိုတောင်း လွန်းလို့ ၀မ်းနည်း စရာတွေ၊ နောင်တရ စရာတွေ မဖြစ်ပေါ်ဖို့ပဲတဲ့။

ဒါကြောင့်………..`ကိုယ့်ကို မှန်မှန်ကန်ကန် ဆက်ဆံတဲ့ သူတွေ အပေါ် ရင်းနှီး ဖေါ်ရွေပြ လိုက်သလို၊ အဲလို မဆက်ဆံတတ်တဲ့ သူတွေကို မေတ္တာနဲ့ တုံ့ပြန်လိုက်ပါတဲ့...။

နောက်ဆုံး တခု ထပ်ပြောတာက... ဘ၀ဆိုတာ ` သင်ဘာလုပ်တယ် ဆိုတာရဲ့ ဆယ်ရာခိုင်နှုန်း ဖြစ်ပြီး၊ သင်ဘယ်လို လုပ်ခဲ့တယ် ဆိုတာက ကိုးဆယ် ရာခိုင်နှုန်း ဖြစ်နေလို့ပါ´…!!!

ကျမလည်း ကိုယ့်ကို ထိခိုက်မှု ဖြစ်စေမဲ့ အပြုအမူမျိုးတွေ ပြုလုပ်လာခဲ့ တာကို ကြုံလာခဲ့တဲ့ အခါမှာ အခုလိုမျိုး ပြုံးပြီး လက်ဝှေ့ ရမ်းပြ နိုင်ပြီလားလို့ တွေးမိနေတုန်း............

www.funzug.com မှဘာသာပြန်ဆိုသည်။

Tuesday, February 9, 2010

ဒေါသကင်းရေး (၁၀) ချက်ဆေး

ဒေါသကို ထိန်းချုပ်ဖို့ ဆိုတာ တကယ်တော့ မလွယ်ကူ ပါဘူး…!!!
ဒါပေမဲ့ ဒေါသ ထိန်းချုပ်ဖို့ အကျိုးရှိမဲ့ အကြံပြုချက်တွေတော့ ရှိပါတယ်…။

တယောက်ယောက်က သင့်ကို ကားလမ်းကြောင်း ပိတ်လိုက်တဲ့ အခါ သင့်ကိုယ်သင် ဒေါသ ထွက်တာ ခံစား ဖူးပါသလား?

သင့်သားသမီးက သင်ခိုင်းတဲ့ အတိုင်း လုပ်မပေးခဲ့ရင် တွေးတွေးပြီး ဒေါသ ပေါက်ကွဲ ဖူးပါသလား?

ဒေါသ ဆိုတာ ပုံမှန် ဖြစ်တတ်တဲ့ စိတ်လှုပ်ရှားမှု တခုပါပဲ။ ဒါပေမဲ့ အကောင်းမြင်ပြီး တိုးတက်မှု ဖြစ်စေတဲ့ နည်းလမ်းကို ဘယ်လို သိနိုင်ပါ့မလဲ?

ထိန်းချုပ်မှု မရှိတဲ့ ဒေါသဟာ ဆိုးရွားတဲ့ စိတ်ခံစားမှုကို ဖြစ်စေနိုင်ပါတယ်။

ကိုယ့်ရဲ့ မိသားစု၊ သူငယ်ချင်းတွေ၊ လုပ်ဖေါ်ကိုင်ဖက်တွေ၊ ဒါမှမဟုတ် တခြား တစိမ်းတွေ နဲ့ ဒေါသဖြစ်စရာ တခုခု ဖြစ်လာရင် ဒေါသ ကင်းဝေးရေး အတွက် လုပ်ရမဲ့ ပင်ကိုယ် စွမ်းရည်ကို အသုံးချဖို့ အချိန်ရောက်ပြီ ဆိုတာ သိဖို့ လိုပါတယ်။

ဒေါသကင်းရေး ၁၀ ချက်ဆေးဟာ သင့်ရဲ့  ဒေါသတွေကို ထိန်းချုပ်ဖို့ ကူညီနိုင်မဲ့ နည်းလမ်း အဖြစ် အသုံးပြုဖို့ မျှော်လင့် ပါတယ်။

(၁) ခေတ္တခဏ အချိန်ယူ တတ်အောင် လုပ်ပါ။
သင့်ရဲ့ ဒေါသကို ထိန်းချုပ်ဖို့ တဘက်သားကို ခွန်းတုံ့ မပြန်ခင် ၁ ကနေ ၁၀ အထိ လက်ချိုး ရေတွက် လိုက်ပါ။

(၂) ကာလလေး တခု လုပ်တတ်အောင် လုပ်ပါ။
ခံပြင်းစရာတွေကို သက်သာခွင့် ရတဲ့အထိ ဒေါသကို တအောင့်လောက် ထိန်းလိုက်ပါ။

(၃) စိတ်တည်ငြိမ်အောင် လုပ်ပြီး သင့်ရဲ့ ဒေါသကို ရင်ဖွင့် ပြောပြတတ်အောင် လုပ်ပါ။ ထိပ်တိုက် ရင်ဆိုင်တဲ့ နည်းကို မသုံးပဲ သင့်ရဲ့ ခံပြင်းမှု၊ မချင့်မရဲ ဖြစ်မှုကို ထုတ်ဖေါ် ပြောပြဖို့ အချိန်ရောက်ပြီ ဆိုတာ ဆုံးဖြတ်လိုက်ပါ။ စိတ်လှုပ်ရှားမှုဟာ အခြေအနေကို ပိုလို့ ဆိုးရွားစေနိုင်ပါတယ်။

(၄) လေ့ကျင့်ခန်း တခုခု လုပ်လိုက်ပါ။ ကာယ လှုပ်ရှားမှု လုပ်တာဟာ သင့်ရဲ့စိတ်လှုပ်ရှားမှုတွေ အတွက် ထွက်ပေါက် တခု ဖြစ်လာမှာ သေချာပါတယ်။ အထူးသဖြင့် ဒေါသ ပေါက်ကွဲ လုဆဲဆဲ အချိန်မှာ လုပ်ပေးနိုင်ရင် ပိုကောင်းပါတယ်။ အပြင်ထွက်ပြီး ခပ်သွက်သွက် လမ်းလျှောက်၊ ဒါမှမဟုတ် ပြေးလိုက်၊ ဒါမှမဟုတ် ရေကူးလိုက်၊ ဒါမှမဟုတ် အလေးမလိုက်ပါ။

(၅) တခုခု မပြောခင် အသေအချာ စဉ်းစားလိုက်ပါ။ မစဉ်းစားမိပဲ ပြောမိမယ် ဆိုရင် ၀မ်းနည်း စိတ်ထိခိုက် လာပြီး ရန်များဖို့ ဖြစ်လာပါလိမ့်မယ်။ ဒီအချိန်မှာတော့ သင်ပြောချင်တာကို လက်ရေးနဲ့ ရေးချလိုက်ပါ။ ဒီလို လုပ်လိုက်တာနဲ့ ပြဿနာတွေကို ပြီးအောင် လုပ်နိုင်ပြီး ဒေါသ ထွက်တဲ့အခါ လမ်းကြောင်း ပြောင်းတဲ့ လွယ်ကူတဲ့ နည်းလမ်း တခု ဖြစ်မှာပါ။

(၆) ပြဿနာတွေကို ခွဲခြမ်း စိတ်ဖြာလိုက်ပါ။ သင့်စိတ်ကို ကယောက်ကယက် လုပ်တဲ့အပေါ် အာရုံ စိုက်မဲ့ အစား၊ အဓိက ပြဿနာကို ဖြေရှင်း ဆုံးဖြတ်ဖို့ ဒေါသ ထွက်အောင် လုပ်တဲ့ သူနဲ့ အဆင်ပြေအောင် လုပ်ကြည့်လိုက်ပါ။

(၇) ပြဿနာကို ထုတ်ဖေါ်တဲ့ အခါ `ကျတော်၊ ကျမ´ ဆိုပြီး သုံးနှုန်း ပြောဆိုပါ။ ဒီလို သုံးနှုန်း ပြောဆို လိုက်တာနဲ့ ဝေဖန်တာတို့၊ အပြစ်တင်တာတို့ ကို ရှောင်ကြဉ် နိုင်မှာပါ။ သူတပါးကို ဒေါသ ဖြစ်အောင် လုပ်တာ၊ ဒါမှမဟုတ် မကျေမချမ်းအောင် လုပ်တာ တွေကို ရှောင်ရှား နိုင်မှာပါ။ စိုးရိမ် ပူပန်မှု၊ အားပြိုင်မှုတွေ မရှိလာ နိုင်တော့ပါဘူး။ ဥပမာ… ` ကျတော့ အိမ်အလုပ်တွေကို ခင်ဗျား တကယ်ကူညီ သင့်တယ်ဗျာ´ လို့ ပြောမဲ့အစား ` ကျတော် စိတ်မချမ်းသာဘူးဗျာ.. ဒီညနေ ကျတော့ အိမ်အလုပ်တွေကို ခင်ဗျား ကူညီပေးနိုင်မှာ မဟုတ်ပါဘူး´ လို့ ပြောလိုက်တာမျိုးပေါ့။

(၈) သ၀န်တို၊ မနာလိုတာတွေ မလုပ်ဖို့ပါ။
တကယ်လို့ သူတပါးကို ခွင့်လွှတ် နိုင်ရင် နှစ်ဦးစလုံး အတွက် အဆင်ပြေမှာပါ။ သင်လိုချင်တဲ့ အတိုင်း လူတိုင်းကို အဆင်ပြေအောင် ဆက်ဆံဖို့ မျှော်လင့်ထားတာ သဘာဝ မကျပါဘူး။

(၉) စိတ်ဖိစီးမှု ကို ရယ်စရာ ဟာသလုပ်ပြီး ချေဖြတ် ပစ်လိုက်ပါ။ ရယ်စရာ လုပ်ပစ် လိုက်ခြင်းဟာ စိတ်ပင်ပန်း ညစ်နွမ်းမှုကို ပျံ့နှံ့အောင် လုပ်လိုက် သလိုပါပဲ။ စောင်းချိတ်တဲ့ စကား ထေ့လုံး ငေါ့လုံးတွေ မပြောမိဖို့ အရေးကြီးပါတယ်။ ဒီလို ပြောလိုက်မိတဲ့ အတွက် ခံစားချက်တွေ ကို နာကျင်စေ နိုင်ပါတယ်။ ပြီးတော့ အရာခပ်သိမ်း ကို ပိုဆိုးရွား စေနိုင်ပါတယ်။

(၁၀) အပန်းဖြေ အနားယူတဲ့ အလုပ် ကို လေ့ကျင့်ပါ။ အနားယူဖို့ နဲ့ စိတ်ဖိစီးမှု လျှော့ချခြင်း ဟာ သင့်ဒေါသကို ထိန်းချုပ် ပေးနိုင်ပါ လိမ့်မယ်။ အသက်ရှူ လေ့ကျင့်ခန်းကို များများ လေ့ကျင့်ပါ။ အနားယူတဲ့ မြင်ကွင်းကို တွေးကြည့် ကြည့်ပါ။ ညင်သာတဲ့ စကားလုံးတွေ ကို ထပ်တလဲလဲ တွေးကြည့်ပါ။ ဥပမာ… သက်သက် သာသာ နေပါ။ ဒေါသကို လျှော့ဖို့ တခြား ခိုင်မာတဲ့ နည်းလမ်း တွေကတော့ သီချင်း နားထောင်ပါ။ စာများများ ရေးပါ။ ယောက ကျင့်ပါ။

လူတိုင်းနီးပါးတော့ ဒေါသ ဖြစ်ဖူး ကြမှာပါ။ ကျမလည်း ဒေါသ ထွက်လာရင် ဘာလုပ်ရမလဲ ဆိုတာ စဉ်းစားခဲ့ဖူးတယ်..။ အကောင်းဆုံး ဖြစ်ဖို့ ဘာလုပ်ရမလဲပေါ့..။ ဒေါသကို ပေါက်ကွဲ ထွက်လိုက်ရင်ပဲ စိတ်ချမ်းသာ သလိုလို၊ ဒေါသကို မြိုသိပ် လိုက်တာက ကောင်းသလိုလို၊ ပင်လယ် ကမ်းခြေသွားပြီး အော်ဟစ် လိုက်ရင်ပဲ ဒေါသ ပြေသွားသလိုလို၊ တောင်ထိပ်ပေါ် တက်ပြီး အော်ရင်ပဲ ရင်ထဲမှာ ပေါ့သွားသလိုလို...အဲလို သလိုလို တွေကြားထဲမှာ ဒီနည်းလမ်းလေးကို သုံးကြည့်ရင် ကောင်းမယ် ထင်တယ်နော်...။ ဒီစာလေးကို ဖတ်ပြီး ဒေါသထွက်တဲ့သူတွေ အနည်းဆုံးတော့ ပြုံးမိသွားမယ် လို့ ထင်ပါတယ်....။ ဟုတ်လား မဟုတ်လား စမ်းကြည့် ရအောင်နော်...။
www.funzug.com မှ ဘာသာပြန်သည်။

Friday, January 29, 2010

ပျော်ရွှင်မှုဟာ သင်နဲ့ အတူ အမြဲတမ်း ရှိနေမှာပါ…

တနေ့မှာ…….. ခြင်္သေ့လေး တကောင်က သူ့အမေ ကို `ပျော်ရွှင်မှု ဟာ ဘယ်နေရာ မှာ ရှိလဲ´ ဆိုပြီး မေးခွန်းလေး မေးလိုက်ပါတယ်။ ခြင်္သေ့လေး ရဲ့ အမေက `မင်းရဲ့ နောက်မှာ ကပ်ပြီး ရှိနေတယ်´ လို့ ပြန်ဖြေလိုက်တယ်။ အဲဒါနဲ့ ခြင်္သေ့လေး က သူ့ရဲ့ အမြီးနောက်ကနေ ထပ်ကျပ်မကွာ ကပ်ပြီး လိုက်ရှာ နေခဲ့တယ်။ ဒါပေမဲ့လည်း တနေ့လုံး ကြိုးစားပြီး လိုက်ရှာ တာတောင် သူ့ရဲ့ နောက်မှာ ရှိနေတဲ့ ပျော်ရွှင်မှု ကို မတွေ့ခဲ့ရပါဘူး။ ခြင်္သေ့လေးက သူ့အမေ ကို ပျော်ရွှင်မှု ကို မတွေ့တဲ့ အကြောင်း ပြန်ပြောခဲ့တယ်။ သူ့အမေက ပြုံးပြီး ပြန်ဖြေ လိုက်တာက `မင်းရဲ့ ပျော်ရွှင်မှု နောက်ကို ထပ်ကျပ် မကွာ လိုက်စရာ မလိုပါဘူးကွယ်… မင်းဟာ မင်းရဲ့ ရှေ့ ကိုပဲ လှုပ်ရှား သွားလာ နေရမယ်… အဲဒီအခါ မင်းရဲ့ ပျော်ရွှင်မှု ဟာ မင်းနဲ့အတူ ရှိနေမှာပါ…´ တဲ့။ အားလုံး ဟာ မင်းရဲ့ ပျော်ရွှင်မှု ကို ဖြစ်စေ ချင်ကြမှာပါ။
မင်းဟာ ဘ၀ တလျှောက်လုံးကို မဆုံးဖြတ် နိုင်ပေမဲ့ ဘ၀မှာ ဘယ်လို နေချင်လဲ ဆိုတာ ကိုတော့ ထိန်းချုပ် နိုင်မှာပါ…..

မင်းဟာ ခက်ခဲတဲ့ အခြေအနေကို အောင်မြင်အောင် မဖြေရှင်း နိုင်ပေမဲ့ မင်းရဲ့  စိတ်ကိုတော့ ထိန်းချုပ် နိုင်မှာပါ…..

မင်းဟာ မင်းရဲ့  သွင်ပြင် လက္ခဏာကို မထိန်းချုပ် နိုင်ပေမဲ့ မင်းကို မင်းတော့ ထိန်းချုပ် နိုင်မှာပါ…..

မင်းဟာ မနက်ဖန် ကို ကြိုမမြင် နိုင်ပေမဲ့ ဒီနေ့မှာ စဉ်းစဉ်း စားစား အသုံးချ နိုင်မှာပါ.....

မင်းဟာ အရာရာတိုင်းမှာ မအောင်မြင် နိုင်ပေမဲ့ အရာရာတိုင်းကို အောင်မြင်ဖို့ အကောင်းဆုံး ကြိုးစား နိုင်မှာပါ.....

လူတိုင်း လူတိုင်းဟာ နေ့စဉ် ဘ၀ကို အသေအချာ ရင်ဆိုင်ဖို့ မျှော်လင့် ကြသလို အမြဲတမ်း ပျော်ရွှင်ဖို့ လည်း မျှော်လင့် ကြပါတယ်…..။

ပျော်ရွှင်မှု ဟာ မိမိနဲ့ အတူ အမြဲ ရှိနေမှာပါ။ မိမိရဲ့  အလုပ်၊ မိမိရဲ့  တာဝန် တွေနဲ့ ရှေ့ ကို အကောင်းဆုံး လုပ်ဆောင် သွားနိုင်မယ် ဆိုရင် ပျော်ရွှင်မှု ဆိုတာ ရှိနေမှာပါနော်.....။

www.funzug.comမှ ဘာသာပြန်သည်။

Thursday, January 28, 2010

မနက်ဖန်ဆိုတာ သိပ်ကို နောက်ကျသွားနိုင်တယ်

မင်းဟာ တယောက်ယောက် နဲ့ စိတ်ဆိုးခဲ့မယ် ဆိုရင်…. အဲဒီ အနေအထား ကို ဘယ်သူမှ မပြင်ကြပါဘူး။ မင်းက ပြင်လိုက်ပါ။ ဒီနေ့ ပြင်လိုက်ရင် သူဟာ မင်းရဲ့ သူငယ်ချင်း ဖြစ်ချင် ဖြစ်သွားမှာပါ။ အဲလိုမှ မလုပ်ခဲ့ရင် မနက်ဖန် ဆိုတာ သိပ်ကို နောက်ကျ သွားနိုင်ပါတယ်။

သင်ဟာ တယောက်ယောက် ကို ချစ်ကြိုက် နေတယ် ဆိုရင်……. ဒါပေမဲ့ သူ့ကို ချစ်နေတာကို မသိဘူး ဆိုရင်……. သူ့ကို သိအောင် ပြောပြလိုက်ပါ။ ဒီနေ့ သူ့ကို ချစ်တယ်လို့ ပြောဖို့ ဖြစ်နိုင်စရာ ရှိပါတယ်။ ချစ်တယ်လို့ မပြောဖြစ်ခဲ့ရင် မနက်ဖန် ဆိုတာ သိပ်ကို နောက်ကျ သွားနိုင်ပါတယ်။

သင်ဟာ သင့်ကို မေ့မေ့ လျော့လျော့ ဖြစ်နေတဲ့ သူကို ချစ်ကြိုက် နေတယ် ဆိုရင်……. သူ့ကို ထုတ်ပြော လိုက်ပါ။

သူဟာ သင့်ကို ချစ်သွားနိုင်ပါတယ်။ ဒီနေ့ ဖွင့်မပြောဖြစ်ခဲ့ရင် မနက်ဖန် ဆိုတာ သိပ်ကို နောက်ကျ သွားနိုင်ပါတယ်။

သူငယ်ချင်း ကို ပွေ့ဖက်ဖို့ လိုအပ်ခဲ့ရင်……. သူငယ်ချင်းကို ပွေ့ဖက်ချင်တဲ့ အကြောင်း မေတ္တာရပ်ခံ တောင်းဆိုပါ။

သူတို့ဟာ သင်လုပ်တာထက် ပိုပြီး ရင်းနှီးဖို့ လိုအပ်ချင် လိုအပ် နေမှာပါ။ ဒီနေ့ သင် ပွေ့ဖက်ဖို့ မတောင်းဆိုခဲ့ရင် မနက်ဖန် ဆိုတာ သိပ်ကို နောက်ကျ သွားနိုင်ပါတယ်။

ကျေးဇူး ရှိတဲ့ သူငယ်ချင်းတွေ ရှိခဲ့ရင်…. ကျေးဇူးတင်ကြောင်း ပြောပြပါ။ သူတို့ကလည်း သင့်ကို ကောင်းကောင်း ကျေးဇူးတင်မှာပါ။ အဲလိုမှ မလုပ်ခဲ့ရင် သူတို့ ဒီနေ့ အဝေးကို ထွက်သွားမယ်ဆို မနက်ဖန် ဆိုတာ သိပ်ကို နောက်ကျ သွားနိုင်ပါတယ်။

သင်ဟာ သင့်မိဘ တွေကို ချစ်ရင်... သင့်မိဘတွေ ကို ချစ်ကြောင်း ပြသပါ။ ပြသဖို့ အခွင့်အရေး မရှိခဲ့ဘူး ဆိုရင်… အခွင့်အရေး ရှိအောင် လုပ်ပါ။ သင့်ရဲ့  မိဘတွေကို ပြဖို့ သင့်မှာ ခံစားချက် ရှိချင် ရှိနိုင်ပါတယ်။ အဲလိုမှ မပြခဲ့ရင် ဒါမှမဟုတ် ဒီနေ့ သင့်မိဘ တွေ ထွက်သွားခဲ့ရင် မနက်ဖန် ဆိုတာ သိပ်ကို နောက်ကျ သွားနိုင်ပါတယ်။

`ဒီနေ့ လုပ်ရမဲ့ အလုပ်ကို မနက်ဖန်ကို မရွှေ့ ပါနဲ့တဲ့´ ။

ဒါကြောင့် ဒီနေ့ လုပ်နိုင်တဲ့ အလုပ်ကို အခုပဲ လုပ်လိုက်တာ အကောင်းဆုံး လို့ ထင်မိပါတယ်။ အချိန် ရွှေ့ လိုက် ရင် ပြောင်းလဲ သွားနိုင် တယ်လေ။ တချို့ လုပ်ရမဲ့ အလုပ်တွေ ဟာ မနက်ဖန်ကို ရွှေ့ လိုက်လို့ မလိုလားတဲ့ ဆုံးရှုံးမှု တွေ ရသွား တတ်ကြတယ်။ ဘယ်အရာ မဆို မနက်ဖန် ဆိုတာကို ရွှေ့ မနေပဲ ဒီနေ့ပဲ လုပ်လိုက်တာ ကောင်းပါတယ်။ တချို့  အရေးတကြီး ပြောရမဲ့ စကားတွေ ကလည်း မနက်ဖန် ကို ရွှေ့လိုက်တဲ့ အတွက် စိတ်ဒဏ်ရာ၊ အနာတရ တွေ ဖြစ်သွားနိုင်ပါတယ်။

မနက်ဖန် ဆိုတာ ကို မရွှေ့ပဲ ဒီနေ့ပဲ ပြောသင့်တာတွေ ၊ လုပ်သင့်တာတွေ ကို တွေဝေ မနေပဲ စိတ်အား ထက်ထက် သန်သန်နဲ့ ပြောဆို လုပ်ကိုင် နိုင်ပြီး အောင်မြင်မှု တွေနဲ့ ပျော်ရွှင်မှု ပန်းတိုင်ကို လျှောက်လှမ်း နိုင်ကြပါစေနော်..........။
www.funzug.com မှ ဘာသာပြန်သည်။

Tuesday, January 19, 2010

`အချိန်ကာလ´ ကပြောမှာပါ...

တခါတုန်းက ဗဟုသုတ၊ ၀မ်းနည်းမှု၊ ပျော်ရွှင်မှု နဲ့ ချစ်ခြင်းမေတ္တာ အပါအ၀င် တခြား (ခံစားမှု)တွေ အားလုံး နေထိုင် ခဲ့တဲ့ ကျွန်းလေး တကျွန်း ရှိခဲ့တယ်။ တနေ့မှာ ကျွန်းလေးဟာ သမုန္ဒရာရဲ့ ကြမ်းပြင် အောက်ကို မြှပ်ဝင် တော့မယ်လို့ (ခံစားမှု) တွေ အားလုံးဆီကို အသိပေး ကြေငြာခဲ့တယ်။ ဒါကြောင့် (ခံစားမှု) တွေ အားလုံးဟာ သူတို့ရဲ့ လှေတွေနဲ့ ကျွန်းလေး ကနေ ထွက်ခွါဖို့ ပြင်ဆင် ခဲ့ကြတယ်။
အဲဒီ ကျွန်းပေါ်မှာ နေခဲ့တဲ့ တဦးတည်းသော သူ ကတော့ `ချစ်ခြင်းမေတ္တာ´ ပဲ ဖြစ်ခဲ့တယ်။ သူဟာ နောက်ဆုံး အရေးကြီး တဲ့ အချိန်ထိ ပျော်စရာ ကောင်းတဲ့ နေရာ တခု ဖြစ်တဲ့ ကျွန်းလေးကို ကာကွယ် ချင်ခဲ့တယ်။

ကျွန်းလေးဟာ ရေအောက် ကို လုံးလုံး လျားလျား ရောက်လုနီးပါး အချိန် မှာတော့ `ချစ်ခြင်းမေတ္တာ´ ဟာ ကျွန်းလေး ကနေ ထွက်ခွါဖို့ အချိန် ရောက်ပြီလို့ ဆုံးဖြတ် ခဲ့တယ်။

သူဟာ တယောက်ယောက် ကို အကူအညီ တောင်းဖို့ ရှာဖွေ ခဲ့တယ်။

`ချမ်းသာမှု´ ကတော့ အလွန် ခံ့ငြားတဲ့ လှေနဲ့ လှော်ခတ် သွားခဲ့တယ်။ `ချစ်ခြင်းမေတ္တာ´ က ` ချမ်းသာမှု´ `ငါ မင်းရဲ့ လှေနဲ့ လိုက်လို့ ရမလား´ ဆိုပြီး မေးလိုက်တယ်။ `ချမ်းသာမှု´က `၀မ်းနည်း ပါတယ်ကွာ၊ ဒါပေမဲ့……ငါ့ရဲ့ လှေပေါ်မှာ ရွှေ၊ ငွေ တွေ အများကြီး ပါလာတယ်၊ မင်းအတွက် နေစရာ နေရာ မရှိဘူး´ လို့ ပြန်ဖြေခဲ့တယ်။

ဒိနောက် `ချစ်ခြင်းမေတ္တာ´ က လှပတဲ့ လှေနဲ့ လှော်ခတ် နေတဲ့ ` စိတ်ကြီးဝင် ဘ၀င်မြင့်မှု´ ကို အကူအညီ တောင်းဖို့ ဆုံးဖြတ် ခဲ့တယ်။ ` ချစ်ခြင်းမေတ္တာ´ က ` ငါ့ကိုကူညီပါကွာ´ လို့ အော် လိုက်တယ်။ ` စိတ်ကြီးဝင် ဘ၀င်မြင့်မှု´က ` ငါ မင်းကို မကူညီနိုင်ဘူး´ မင်းဟာ ရေတွေနဲ့ စိုနေတယ်။ ငါ့ရဲ့ လှပတဲ့ လှေလေး ပျက်စီး သွားလိမ့်မယ် လို့ ပြောခဲ့တယ်။

အဲဒီနောက် `ချစ်ခြင်းမေတ္တာ´ ဟာ သူ့ကို ချန်လှပ် ထားခဲ့တဲ့ `၀မ်းနည်းမှု´ ကို တွေ့ခဲ့တယ်။ ` ချစ်ခြင်းမေတ္တာ´ က ` မင်းနဲ့အတူ သွားခွင့်ပြုပါ´ လို့ ပြောခဲ့တယ်။ ` ၀မ်းနည်းမှု´ က ` ချစ်ခြင်းမေတ္တာ…. ငါ စိတ်မကောင်း ပါဘူးကွာ… ဒါပေမဲ့……….ငါအခု တယောက်တည်း နေဖို့ လိုနေတယ်´ လို့ ပြန်ဖြေခဲ့တယ်။

` ချစ်ခြင်းမေတ္တာ´ ဟာ ` ပျော်ရွှင်မှု´ ကိုတွေ့ခဲ့ပြန်တယ်။ ဟေ့ ` ပျော်ရွှင်မှု´ ` မင်းနဲ့ အတူ လိုက်ခွင့် ပြုပါ´ လို့ အော်လိုက်တယ်။ ဒါပေမဲ့ ` ပျော်ရွှင်မှု´ ဟာ သိပ်ပြီး ပျော်ရွှင်နေလို့ သူ့ကို အော်ခေါ် နေတာကိုတောင် မကြားခဲ့ဘူး။

` ချစ်ခြင်းမေတ္တာ´ ဟာ ငိုကြွေး နေခဲ့တယ်။

အဲဒီအချိန်မှာ ဟေ့ ` ချစ်ခြင်းမေတ္တာ´ ` လာခဲ့ပါ၊ ငါနဲ့ အတူ လိုက်ခဲ့ပါ…..၊´ ဆိုတဲ့ အသံ တခုကို ကြားလိုက် ရတယ်။ သူ့ကို ခေါ်တဲ့သူဟာ သက်ကြီး ရွယ်အို တယောက် ဖြစ်နေတယ်။ ` ချစ်ခြင်းမေတ္တာ´ ဟာ သိပ်ပြီး ကျေးဇူး တင် ၀မ်းမြောက် နေလို့ သူ့ရဲ့ နာမည်ကို မေးဖို့ မေ့နေ ခဲ့တယ်။

သူတို့ ဟာ နိုင်ငံ တခုကို ရောက်တဲ့ အခါ သက်ကြီး ရွယ်အိုက သူ့ရဲ့ ဦးတည်ချက် အတိုင်း သွားခဲ့တယ်။ `ချစ်ခြင်းမေတ္တာ´ က သူဟာ သက်ကြီး ရွယ်အို အပေါ်မှာ ဘယ်လောက် ကျေးဇူး တုံ့ပြန် ရမလဲ ဆိုတာ နားလည် သဘော ပေါက်ခဲ့တယ်။

အဲဒီနောက် `ချစ်ခြင်းမေတ္တာ´ ဟာ ` အသိပညာ´ ကို တွေ့ရှိ ခဲ့ပြန်တယ်။ `ငါ့ကို ကူညီခဲ့တဲ့ သူဟာ ဘယ်သူလဲလို့´ မေးကြည့်တော့ မင်းကို ကူညီခဲ့တဲ့ သူဟာ ` အချိန် ကာလ´ ပဲလို့ ဖြေခဲ့တယ်။

တယောက်မှ မကူညီနိုင်တဲ့ အခြေအနေမှာ ` အချိန် ကာလ´ က ဘာကြောင့် ငါ့ကို ကူညီခဲ့တာ လည်းလို့ `ချစ်ခြင်းမေတ္တာ´ က မေးခဲ့တယ်။

` အသိပညာ´ က ပြုံးပြီး လေးလေး နက်နက် နဲ့ ရိုးရိုး သားသား ဖြေလိုက် တာကတော့ ` ချစ်ခြင်းမေတ္တာ ဟာ ဘယ်လောက် ကြီးကျယ်ပြီး အရေးပါလဲ´ ဆိုတာ ` အချိန် ကာလ´ ကသာ နားလည် သဘောပေါက် နိုင်စွမ်း ရှိတဲ့ အတွက်ကြောင့် ပါတဲ့………….။

ကျမတို့ အချင်းချင်းလည်း ပြောလေ့ ရှိကြပါတယ်။ `အချိန် ကာလ က အဆုံးအဖြတ် ပေးမယ်ဆိုတာ´ ပါ။ အလုပ်တခု လုပ်တဲ့အခါမှာ ဒီလူ ဘယ်လောက် တော်တယ်… မတော်ဘူး၊ ရိုးသားမှု ရှိတယ်… မရှိဘူး၊ ကျွမ်းကျင်မှု ရှိတယ်… မရှိဘူး၊ ဆိုတာတွေက ` အချိန် ကာလ´ ကသာ သတ်မှတ် ပေးမှာပါ။

ကျမတို့ တတွေ ဟာ ` ၀မ်းနည်းမှု´၊ ` ဆုံးရှုံးမှု၊ `ကြေကွဲမှု´ တွေနဲ့ ကြုံလာတဲ့  အခါမှာလည်း စိတ် သက်သာရာ ရဖို့ ဘယ်လောက်ပဲ နည်းလမ်း သုံးသုံး စိတ် ဖြေဖို့ မလွယ်ကူနိုင် ပါဘူး။ ဒါပေမဲ့လည်း အချိန် ကြာလာတာ နဲ့အမျှ ပူပန်မှု၊ ကြေကွဲမှု၊ ၀မ်းနည်းမှု တွေဟာ တဖြည်းဖြည်း သက်သာ လာကြ ရပါတယ်။ အချိန် တခု ပေးလိုက်ခြင်းဟာ စိတ် သက်သာရာ ရဖို့ အကောင်းဆုံး လို့ ဆိုနိုင်ပါတယ်။

ဒါကြောင့် ` အချိန် ကာလ´ ဟာ လူသားတွေ အတွက် အကောင်းဆုံး ဆေးတခွက် ပဲ ဖြစ်တယ်လို့ ထင်မိပါတယ်…….။
http://www.funzug.com မှ ဘာသာပြန် မျှဝေသည်။

Wednesday, January 13, 2010

သဘောထား ကွဲလွဲမှုကို ဘယ်လို ဖြေရှင်းကြမလဲ…

မိတ်ဆွေ သူငယ်ချင်း အချင်းချင်း သဘောထား ကွဲလွဲလာရင် ဘယ်လို ပြန်လည် ဖြေရှင်း ကြမလဲ...။

သူငယ်ချင်း အချင်းချင်း ခိုက်ရန်ဒေါသ ဖြစ်ခြင်းဟာ လူတိုင်းလူတိုင်း အတွက် ကောင်းတဲ့ လုပ်ရပ်တခု မဟုတ်ပါဘူး။ မရည်ရွယ်ပဲ ပြောလိုက်တဲ့ စကားတခွန်းဟာ တခြားသူမှာ စိတ်ဒဏ်ရာ ရသွားစေနိုင်ပါတယ်။ တခါတရံမှာတော့ ကျမ တို့တွေ ဟာ မှားတာကို ၀န်မခံချင် ကြပါဘူး။ တောင်းပန်ဖို့လည်း မလုပ်ချင် ကြပါဘူး။ သဘောထား ကွဲလွဲပြီးရင် ပြန်ပြုပြင်လို့ မရဘူး၊ ပြန်ဖြေရှင်းလို့ မရဘူးလို့ ထင်ကြပါတယ်။

သူငယ်ချင်း မိတ်ဆွေတွေ ကြားမှာ သဘောထား ကွဲလွဲမှု၊ ပဋိပက္ခ ဖြစ်လာရင် ပြန်ဖြေရှင်းဖို့ နည်းလမ်းတွေ ရှိပါတယ်။ အဲဒီ နည်းလမ်းတွေ ကတော့ အောက်မှာ ပြောထားပါတယ်…။

အဆင့်(၁)
ငြိမ်ငြိမ် နေပေးပါ။ စိတ်လှုပ်ရှား ထိခိုက်မှု များလာတဲ့ အခါ အကျိုးသင့် အကြောင်းသင့် မစဉ်းစားနိုင်တော့ပါဘူး။ နောက်တဖန် ပဋိပက္ခ ဖြစ်စရာ မစဉ်းစားပဲ ငြိမ်ငြိမ် နေလိုက်ပါ။

အဆင့်(၂)
တယောက်နဲ့ တယောက် လေးစားမှု ရှိပါ။ လေးစားမှု မရှိခဲ့ရင် ပဋိပက္ခကို အခင်အမင် မပျက် ပြန်ဖြေရှင်းနိုင်ဖို့ အလားအလာ မရှိတော့ပါဘူး။

အဆင့်(၃)
တယောက်နဲ့ တယောက် အသိအမှတ် ပြုပါ။ သိပ်ပြီး စိတ်လှုပ်ရှား၊ ဒေါသ ဖြစ်လာတဲ့ အခါမှာတော့ ရှောင်ထွက် သွားလိုက်ပါ။

အဆင့်(၄)
တယောက်နဲ့ တယောက် အချိန် တခု ပေးပါ။ စိတ်ပြင်းထန်မှု လျော့ပါးတဲ့ အချိန်ဟာ ဆင်ခြင်တုံ ရှိတဲ့ အပြုအမူ တခု ပြီးမြောက်ဖို့ အတွက် ကူညီပါလိမ့်မယ်။

အဆင့်(၅)
တယောက်ရဲ့ အချိန်ကို အခြား တယောက်က လေးစားပါ။ တယောက် အသိအမှတ် ပြုခြင်းကို တယောက်က လေးစားပါ။ လူတိုင်း လူတိုင်းဟာ မတူညီ နိုင်ပါဘူး။ ပဋိပက္ခ တခုကို ဖြေရှင်းဖို့ အဆင်သင့် မဖြစ်ခင် မင်းရဲ့ သူငယ်ချင်းက ရက်သတ္တပတ် လိုအပ်ချင် လိုအပ်မယ်။ မင်းကတော့ တရက်ပဲ လိုချင်လိုမှာပါ။ ဒါကြောင့် သူလိုအပ်မဲ့ အချိန်တခုကို ပေးလိုက်ပါ။

အဆင့်(၆)
ဆက်ဆံမှု ပြေပြစ်အောင် နေပါ။ စကားပြော နည်းခြင်းကလည်း ဆိုးတဲ့ ကိစ္စ တခု ဖြစ်ပါတယ်။ အခါအားလျော်စွာ သူနဲ့ ပက်သက်ပြီး သူ့ကို ဂရုစိုက်တဲ့ အကြောင်း သူသိအောင် ဆက်သွယ် ပြောဆိုပေးပါ။

အဆင့်(၇)
ကောင်းမွန်စွာ နားထောင်ပေးပါ။ စူးစူးစိုက်စိုက် နားထောင်ပေးပါ။ သဘောထားကြီးစွာနဲ့ သူ့ရဲ့ အမြင်ကို အာရုံစိုက် နားထောင် ပေးပါ။

အဆင့်(၈)
မင်းပြောမဲ့ စကားလုံးတွေကို ချင့်ချင့်ချိန်ချိန် စဉ်းစားပြီးမှ ရွေးချယ်ပါ။ `မင်းက ဘယ်တော့မှ……….´၊ `မင်းက အမြဲတမ်း…………´၊ `မင်း ဘာဖြစ်လို့……………´ ဆိုတဲ့ ပြစ်တင်သံ ပါတဲ့ စကားလုံးမျိုးကို မပြောမိအောင် ရှောင်ကြဉ်ပါ။

အဆင့်(၉)
`ဒါပေမဲ့…….´ ဆိုတာ မပါ ပါစေနဲ့။ ` ဟုတ်တယ်………..ဒါပေမဲ့´ ဆိုတဲ့ စကားလုံးကို မပြောမိ ပါနဲ့။ အဲလို စကားလုံး တွေဟာ နောက်ဆုံးမှာ စိတ်နာကျင်မှု ကို ဖြစ်စေနိုင်ပါတယ်။ `ငါ နားလည်ပါတယ်……………ဒါပေမဲ့´ ဆိုတာလည်း မပြောမိပါနဲ့။

အဆင့်(၁၀)
ပြီးတာ ပြီးပါစေ။ အခြေခံ တူညီမှု မတွေ့ရင်၊ သဘောထား တိုက်ဆိုင်သည် ဖြစ်စေ မတိုက်ဆိုင်သည် ဖြစ်စေ၊ ပြီးတာ ပြီးပါစေ။ အဲလိုမျိုး မလုပ်နိုင်ခဲ့ရင်တော့ သဘောထား ကွဲလွဲမှု၊ ပဋိပက္ခ ကို ဖြေရှင်းလာနိုင်မှာ မဟုတ်ပါဘူး။

သူငယ်ချင်း မိတ်ဆွေ ချစ်သူ ခင်သူတွေလည်း တခါမဟုတ် တခါတော့ သဘောထား ကွဲလွဲမှု လေးတွေလည်း ရှိကြမှာပါ။ အဲဒီအခါ ဘယ်လို ပြန်ဖြေရှင်းမလဲ ဆိုတာက အရေးကြီးပါတယ်။ ဖြေရှင်းတာ အဆင်မပြေရင်လည်း တယောက်နဲ့ တယောက် ဆက်ဆံဖို့ ခက်သွားပါပြီ…။ ဖြေရှင်းတဲ့အခါမှာ အတတ်နိုင်ဆုံး ကိုယ့်ဘက်က နားလည်မှု ပေးဖို့ လိုအပ်ပါတယ်။ တခြားတယောက်ကို နားလည်မှု ပေးလိုက်တာဟာ ပဋိပက္ခ ဖြစ်တာကို ပြန်ပြီး ဖြေရှင်း သွားနိုင်မှာပါ။ အတတ်နိုင်ဆုံးတော့ တယောက်နဲ့ တယောက် ပဋိပက္ခ မဖြစ်တာ အကောင်းဆုံးပေါ့။ ဖြစ်လာခဲ့ရင်လည်း အကောင်းဆုံး ပြန်ဖြေရှင်းနိုင်ကြပါစေ………..။
http://www.funzug.com/index.php/relationships/how-to-resolve-conflicts-with-friends.html မှ ဘာသာပြန်သည်။

Tuesday, January 12, 2010

အနိုင်ရဖို့ အားမထုတ်ပါနဲ့….

အမြဲတမ်း ရင်းနှီးချစ်ခင်မှု ရချင်ရင် အနိုင်ရဖို့ချည်း အားမထုတ်ပါနဲ့………။

ချစ်သူ စုံတွဲတွေမှာတောင် မင်္ဂလာဆောင် လက်တွဲကြပြီးရင် ဆက်ဆံရေးတွေ လျော့ကျသွားတတ်ကြတယ်တဲ့။ ဘာကြောင့်လဲဆိုတော့ တဦးအပေါ် တဦးလွှမ်းမိုးဖို့ ကြိုးစားရင်း၊ တောင်းဆိုချက်တွေ အလွံအကျွံ တောင်းကြရင်းပေါ့။ သူတို့ ချစ်သူတွေရဲ့ အကျင့်ဆိုးလေးတွေကို အချစ်နဲ့ အရာရာ ပြင်ဆင် သွားနိုင်မယ်လို့ ထင်နေကြတယ်။ အမှန်တကယ်မှာတော့ အဲလို မဟုတ်ခဲ့ကြပါဘူးတဲ့…….။

အဲဒီ အယူအဆက တရုတ် စကားပုံ က လာတာပါ………….။ စကားပုံက......
`တောင်ကြီးတွေ၊ မြစ်ကြီး တွေကိုသာ လိုသလို ပြုပြင်လို့ ရချင်ရမယ်……..လူတွေရဲ့စရိုက် ကိုတော့ ကိုယ် လိုချင်တဲ့ ပုံစံဖြစ်အောင် ပြုပြင် ပုံသွင်းဖို့ မလွယ်ကူ ပါဘူးတဲ့…..´

ချစ်သူကို ကိုယ်လိုချင်သလို ပြောင်းလဲပုံသွင်းဖို့ အရမ်းမျှော်လင့်ပြီး ကြိုးစားနေတယ်ဆိုရင် စိတ်မချမ်းသာစရာ တွေ၊ စိတ်ပျက်စရာတွေ ကြုံတွေ့ လာရလိမ့်မယ်။

မျှော်လင့်ချက် နဲနဲနဲ့ ဖြည်းဖြည်းချင်း ပြင်ယူသွားမယ် ဆိုရင် ကိုယ်ဖြစ်ချင်တာတွေ ရလာ နိုင်ပါတယ်........။

တယောက်နဲ့တယောက် အမြဲရင်းနှီးချစ်ခင်နေဖို့ တပါးသောသူကို လွှမ်းမိုးအနိုင်ယူဖို့ မပြုလုပ်မိရင် အကောင်းဆုံးလို့ ထင်မိပါတယ်။ အနိုင်ယူချင်စိတ် များနေရင် တဘက်ကလည်း တဖြည်းဖြည်း စိတ်ပျက် သွားမိပါလိမ့်မယ်။ ဒါကြောင့် တခြားတယောက်အပေါ် တတ်နိုင်သမျှ အနိုင်ယူလို စိတ်မထားမိဖို့ အမြဲ ဆင်ခြင်သင့်တယ်လို့ ထင်ပါတယ်…….

http://www.funzug.com/index.php/relationships/trust-is-important-for-every-relationship.html မှကိုးကားရေးသားသည်။

Wednesday, December 30, 2009

နှစ်သစ်ကူးနေ့သမိုင်းအကျဉ်း


လူ့သမိုင်းတွင် ပြက္ခဒိန်နှင့် ပတ်သက်၍ ပုံစံဟောင်း၊ ပုံစံသစ်နေ့ စွဲများဖြင့် ပြုစုခဲ့ကြသော(ဂျူလီယန်ပြက္ခဒိန်) နှင့် (လူနီဆိုလာပြက္ခဒိန်) ဟူ၍ရှိခဲ့သည်။ ပြက္ခဒိန်များအနက် ရောမပြက္ခဒိန်ဟောင်းတွင် နှစ်သစ်ကူးနေ့ကို မတ်လ(၁)ရက်နေ့ ဖြစ်ကြောင်း သတ်မှတ်ခဲ့ကြသည်။ နှောင်းကာလ တစ်ခုရောက်မှ ဇန်နဝါရီ(၁)ရက်ကို အများဆန္ဒ မရှိခဲ့ကြသော်လည်း ထိုနေ့ကို ပြဌာန်းခဲ့ကြကြောင်း သမိုင်းတွင် ရှိခဲ့ပြန်သည်။ ခုနှစ်မှာ ဘီစီ၁၅၃ ဖြစ်သည်။ သမိုင်းခေတ် တခေတ် ဖြစ်ခဲ့သော ‘ခေတ်လယ်’ဟု ခေါ်တွင်သည့် ခေတ်တလျှောက်လုံး ယေရှုခရစ်ကို အမှတ်တရ အဖြစ် အထိမ်းအမှတ် ဖြစ်အောင်ဟု ဆိုကာ မတ်လကဲ့သို့ နေ့နှင့်လ တူညီသည့် ကာလကို ပျော်ပွဲရွှင်ပွဲ အခမ်းအနားများ ကျင်းပ ခဲ့ကြပြန်သည်။ (၇)ရာစုနှစ်များက ဘာသာရေး ကိုးကွယ်မှု မရှိသူများကြား နှစ်သစ်ကူးနေ့တွင် လက်ဆောင် အပြန်အလှန် လဲလှယ်ရေး ဓလေ့ထုံးစံ ကိုပြုလုပ်လာ ကြသည်။ သို့ရာတွင် ယင်းထုံးစံကို သူတော်စင် အဲလီဂျီးယပ်(စ်) ဆိုသူက ကန့်ကွက်ခဲ့သည်။ ဂရီဂိုရီယန် ပြက္ခဒိန် အတည်မပြုခင်၊ အနောက်ဥရောပနိုင်ငံအများစုတွင် ဇန်နဝါရီ(၁)ရက်ကို နှစ်သစ်ကူးနေ့အဖြစ် တရားဝင် ပြုလုပ်ခဲ့ကြသည်။ ဂရီဂိုရီယန် ပြက္ခဒိန် အတည်ပြုသည်အထိ မတ်လ၂၅ရက် ကိုတရားဝင် ကျင်းပခဲ့ကြရာက နှစ်သစ်ကူးနေ့ အဖြစ် ပါကျင်းပခဲ့ကြသည်။ ထိုကျင်းပသည့် ခုနှစ်မှာ ၁၇၅၂ခု ဖြစ်သည်။
ရိုးရာခရစ်ယန် ဘာသာဝင် တချို့၏ ယုံကြည်မှုများ အရ ခရစ်စမတ် ပွဲတော်အပြီး ရှစ်ရက်မြောက်နေ့ သည် နှစ်သစ်ကူးနေ့ဖြစ်ပြီး၊ ယင်းနှစ်ရက် တို့သည် ဘာသာရေး ယုံကြည်မှုများနှင့် ဆက်စပ်မှု ရှိသည်ဟု ဆိုသည်။ အကြောင်းမှာ ကမ္ဘာ့နိုင်ငံ အများစုတွင် အသုံးပြုကြသော အနောက်နိုင်ငံ ပြက္ခဒိန်သည် (အေဒီ)ကို အခြေခံ သောကြောင့်ဖြစ်သည်။ ထို့ပြင် မြောက်ကမ္ဘာခြမ်းတွင် နှစ်တနှစ်၏ အတိုဆုံးနေ့ဖြစ်ပြီး တောင်ကမ္ဘာခြမ်း၏ အရှည်ဆုံးနေ့ ဖြစ်သောကြောင့်ဟု အဆိုရှိသည်။

တနှစ်တာအတွင်း ကုန်ဆုံးခဲ့သည့် အဖြစ်အပျက်များ၏ နိဂုံးကို ရေဒီယို၊ တယ်လီဗေးရှင်း နှင့် သတင်းစာ များတွင် ပြောဆိုရေးသား ပြသလေ့ရှိသဖြင့် နှစ်ဟောင်းမှ နှစ်သစ်သို့ ကူးပြောင်းခြင်းနေ့ အဖြစ် ဇန်န၀ါရီလ(၁)ရက်နေ့ ကို အများက လက်ခံ လာကြသဖြင့် `နှစ်သစ်ကူးနေ့´ဟု သတ်မှတ်ခဲ့ကြ ပေသည်။ တနှစ်တာ အတွင်း ထူးခြားသော နိုင်ငံရေး အဖြစ်အပျက်များ၊ သဘာဝ ဘေးအန္တရာယ်များ၊ တေးဂီတနှင့် အနုပညာ ဆိုင်ရာ လုပ်ငန်းများ၊ ထူးခြားသည့် ပုဂ္ဂိုလ်များ ကွယ်လွန်သွားသည့်ကိစ္စရပ်များကို ပြန်လည် သုံးသပ်ပြသဖြင့် နှစ်သစ်ကူးနေ့ ကို ဇန်န၀ါရီ(၁)ရက်နေ့အား အများက လက်ခံ အတည်ပြု လာခဲ့ကြသည်။

ခရစ်ယာန် ဘာသာဝင်နိုင်ငံ အများအပြားသည် ဇန်န၀ါရီ(၁)ရက်နေ့ ကို နှစ်သစ်ကူးနေ့ အဖြစ် သတ်မှတ် ကြခြင်းမှာ အဆင့်ဆင့် ပြောင်းလဲခဲ့ကြသော ပြက္ခဒိန်ကြောင့် ဟု စာပေများတွင် ရေးသား လာကြသည်။ ပြက္ခဒိန် ဆိုသည်မှာ နေ့များ၊ ရက်သတ္တပတ်များ၊ လများစုပေါင်း ထားခြင်းကို ဆိုလိုကြသည်။ ယနေ့သုံးစွဲ နေကြသည့် ပြက္ခဒိန်အရ တနှစ်တွင် ၃၆၅ရက် (သို့) ရက်သတ္တပတ် ၅၂ပတ် (သို့) လ၁၂လ ဟု သတ်မှတ်ကြသည်။ သို့ရာတွင် ၄နှစ်တကြိမ် ၁ရက်တိုးသဖြင့် ၃၆၆ရက် ဟု သတ်မှတ်ကြသည်။ အများ လက်ခံသည့် ပြက္ခဒိန်တခု ဖြစ်မြောက်အောင် လုပ်ရသည့် ကိစ္စမှာ လွယ်ကူသည့်ကိစ္စမဟုတ်ပေ။ နေ့ တနေ့ သတ်မှတ်သည့် ကိစ္စမှာ လွယ်ကူသော်လည်း နှစ်တနှစ် သတ်မှတ်ရသည့် ကိစ္စမှာ မလွယ်ကူပေ။ ဤတွင် ပြက္ခဒိန် အကြောင်း အနည်းငယ် သိရန် လိုပေမည်။ လွန်ခဲ့သည့် နှစ်ပေါင်း ၆၀၀၀ ကျော်ကျော်က အီဂျစ် နိုင်ငံတွင် ပထမဆုံး ပြက္ခဒိန်ကို အသုံးပြု ခဲ့ကြသည်။ အီဂျစ် ဘုန်းတော်ကြီးများသည် ရက်၊လ၊နှစ် တို့ကို တိတိကျကျ သိရှိရန် လုပ်ကိုင် ခဲ့ကြသော်လည်း ထိုစဉ်က နှစ်သစ်ကူးနေ့ကို မသတ်မှတ် နိုင်ခဲ့ကြပေ။ ဤပြက္ခဒိန်ကို တချို့  ယနေ့တိုင် သုံးစွဲ နေကြဆဲဖြစ်သည်။

နှစ်ထောင်ပေါင်း များစွာ ကြာပြီးနောက် ခရစ်တော် မွေးဖွားသည့် နှစ်၏ နောက်ပိုင်းနှစ်များ ဟူ၍၄င်း၊ ရှေ့ပိုင်းနှစ် များဟူ၍၄င်း သတ်မှတ် လာခဲ့ကြသည်။ ခရစ်မမွေးခင် နှစ်များကို ဘီစီဟု၊ ခရစ် မွေးဖွားပြီးနှစ်များကိုအေဒီ ဟုခေါ်ဆိုသည်။ ၁၆ ရာစုတွင် ရိုမန်ကက်သလစ်ဘုရားကျောင်းတွင် ၁၃ ယောက်မြောက် ပုပ်ရဟန်းမင်းကြီး ဂရီဂိုရီသည် တိကျ မှန်ကန်သည့် ပြက္ခဒိန်တခုကို သတ်မှတ်ခဲ့ရာ ထိုပြက္ခဒိန်ကို ဂရီဂိုရီယန် ပြက္ခဒိန် ဟုခေါ်ဆို ခဲ့ကြသည်။

သို့ရာတွင် ပရိုတက်စတင့် ဘာသာဝင်များက အထက်ပါ ပြက္ခဒိန်ကို လက်မခံကြချေ။ မည်သို့ပင် ဖြစ်စေ နိုင်ငံတိုင်း တွင် အသုံးပြုလျက် ရှိသော ယနေ့ကာလ ပြက္ခဒိန်မှာ ဂရီဂိုရီယန် ပြက္ခဒိန် ဖြစ်လာခဲ့သဖြင့် နောက်ထပ် အသစ် ပြောင်းလဲ လာစရာ အကြောင်းမရှိတော့ချေ။ ထို့ကြောင့် တနှစ်တွင် ၁၂လရှိရာ ပထမ ဆုံး လဟု သတ်မှတ်ခဲ့သော ဇန်န၀ါရီလ (၁)ရက်နေ့ သည် နှစ်သစ်ကူးနေ့ တနေ့ဖြစ်လာကြောင်း သမိုင်းက သက်သေ ထူခဲ့ပြီ။ ဘာသာရေး အရ နှစ်သစ်ကူးနေ့များ ကွဲပြားမှုများ ရှိကြသော်လည်း နိုင်ငံ အများစု လက်ခံလျက် ရှိနေသည်မှာ………………………

ဇန်န၀ါရီလ(၁)ရက် နေ့ သည် နှစ်သစ်ကူးနေ့ ။ ။

Ref: http://en.wikipedia.org မှ ဘာသာပြန်ဆိုထားသည်။