ငယ်ဘဝတွင် မိမိ၏မှတ်မိခြင်း စွမ်းရည်သည် အကြောင်းအရာကိစ္စများ၊ သင်ကြားနေသော ပညာရပ်များ၊ ကိန်းဂဏန်းများကို မမေ့မလျော့ပဲ အမြဲမှတ်မိ နေတတ် ခဲ့သည်ကို ပြန်စဉ်းစားလိုက်တိုင်း တရက်ပြီးတရက် ကုန်ဆုံးခဲ့သော အချိန်ကာလ၏ တိုက်စားမှုဒဏ်ကြောင့် မှတ်မိမှုစွမ်းအား ယိုယွင်းလာတတ်သည်မှာ သဘာဝတရားကြောင်း အရဆိုပြီး လက်ခံရတော့မှာလား။ အသက်အရွယ်အရ တာဝန်ဝတ္တရားများနှင့် နေထိုင်မှုဘဝ အတွက် ပြေးလွှား နေကြရသောကြောင့် မှတ်မိမှုစွမ်းအား လျော့ကျလာ သည်လည်း ရှိနိုင်ပါသည်။
မေ့လျော့သည်မှာ ခင်မင်ခဲ့ဖူးသော သူတယောက်၏ အမည်နာမ၊ ဆရာသမား၏ အမည်နာမ၊ သင်ကြားနေရသော ပညာတခု၊ မိမိပညာ၏ လက်ခံနိုင်မှု၊ လက်တလော လုပ်ကိုင်နေသော အခြင်းအရာတခုကို မေ့လျော့ခဲ့သလား၊ သူတပါး၏ ကျေးဇူး သိတတ်မှုနှင့် နားလည်မှုတို့ ကို မေ့လျော့ခဲ့သလား၊ ဒါမှမဟုတ် မိမိကို တန်ဖိုးထားသောသူ၏ တစုံတရာ သိတတ်မှုအပေါ် မှတ်မိနိုင်မှုမရှိပဲ မေ့လျော့နေခဲ့ခြင်းလား။ မမှတ်မိသလို မေ့လျော့ ဟန်ဆောင်နေခဲ့ခြင်း ရှိနေသောသူများနှင့် ရင်ဆိုင်တိုးဝှေ့ရသော အခါတွင်လည်း နှလုံးသားထဲတွင် ထင်ကျန်ရစ်ခဲ့သော နာကျင်မှုတို့ကို မသိခြင်းကြောင့်သာ ဖြစ်မှာပါပဲဟု ဖြေတွေးတွေးရင်း ကုစားခဲ့ရပါသည်။
အချိန်ကာလ ကြာမြင့်မှု တခုကြောင့် မှတ်မိခြင်း စွမ်းအင် လျော့ကျသည်မှာ ဖြစ်နိုင်သော်လည်း ကာလတို တခုအတွင်းမှာပင် မှတ်မိနိုင်ခြင်း မရှိပဲ မမှတ်မိတော့ဘူးဟု လွယ်ကူစွာ ပြောဆိုလိုက်ခြင်းသည် ထိုသူ၏ လေးစားမှု မရှိခဲ့ခြင်းကြောင့်သာ ဖြစ်နိုင်သည်ဟု နားလည်မိပါသည်။
မတွေ့ဖြစ်တာကြာနေသော သူတယောက်က မိမိ၏နာမည်ကို မှတ်မိစွာ ခေါ်ဆို လိုက်သောအခါ ဖေါ်မပြနိုင်သော ဝမ်းသာပီတိ ဖြစ်ခဲ့ကြပေလိမ့်မည်။ သူငယ်ချင်းကလည်း မိမိသူငယ်ချင်း၏ မှတ်မိနေမှုကို မျှော်လင့်မိပေလိမ့်မည်။ လောကလမ်းပေါ်တွင် သူငယ်ချင်းအချို့နှင့် တွေ့ဆုံခဲ့လျှင်သော်မှ ထိုသူငယ်ချင်း၏ အမည်နာမကို မမှတ်မိပဲ မေ့လျော့နေခဲ့မိလျှင် မှတ်မိဥာဏ် စွမ်းအားကိုပဲ အပြစ်တင်ရမှာလား၊ မှတ်မိနိုင်မည့် ခြေရာ မထင် ကျန်ခဲ့၍လားဟု မိမိကိုယ်တိုင် အဖြေထုတ်ရလိမ့်မည်။ ထို့အတူ ဆရာသမားများက မိမိတပည့် မိမိကို မှတ်မိနေခြင်းမျိုးကို တောင့်တမိပေလိမ့်မည်။ တပည့်တယောက်ကလည်း မိမိဆရာ မိမိအပေါ် မှတ်မိနေခြင်းမျိုးကို လိုလားမိမှာ အမှန်ပင် ဖြစ်ပေသည်။
သူတပါးက မိမိ၏ အမည်နာမကို မှတ်မိနေခြင်း၊ မိမိအလေးထားသော အရာများကို မှတ်မိနေခြင်း၊ မိမိလေးစားသောအရာများကို မှတ်မိနေခြင်း၊ မိမိလျှောက်လှမ်းနေသော လမ်းကို မှတ်မိနေခြင်း သည် ထိုသူ့အပေါ်တွင် ခင်မင်စွာနှင့် မှတ်မိစွဲထင်စရာ ပို၍ ဖြစ်လာပေလိမ့်မည်။
ထိုကဲ့သို့ မိမိအပေါ် မှတ်မိနေခြင်းကို လူသားတိုင်း လိုလားမိမှာပင်၊ မှတ်မိနေသည် ဆိုကထဲက ဘာကြောင့် မှတ်မိနေခြင်းလဲ ဆိုသည့် အဖြေက ကပ်ပါနေပါသည်၊ မိမိ၏ ထူးခြားသည့် အပြုအမူတွေကြောင့်လား၊ မမေ့နိုင်မည့် တန်ဖိုးထားစရာ အကြောင်းရင်းကြောင့်လား၊ တပါးသူက မိမိကို မှတ်မိနေခြင်းမှာ မိမိတွင်ရှိသော အရည်အချင်း တခုခုကြောင့်လား၊ မိမိ၏ မျှခြေတခုသည် တပါးသူ၏စိတ်ထဲတွင် စွဲထင်စရာ တရားမျှမှုတွေ ဖြစ်သွားခဲ့လို့လား။ ထို့ပြင် ခက်ခဲသော အခြေအနေတခုနှင့် အတူဖြတ်ကျော်ခဲ့ရသော အခါတွင် မမေ့မလျော့ မှတ်မိ နေတတ်ခဲ့ပါသည်။ ထို မှတ်မိနေခြင်းမှာ ခက်ခဲ ရုန်းကန်ခဲ့ရသည့် အခြေအနေ၏ အရိပ်ကြောင့်ပင် ဖြစ်ပေလိမ့်မည်။ တခါတရံ အလွယ်တကူ ဖြတ်ကျော်ခဲ့ကြသော အခြေအနေထက် ခက်ခက်ခဲခဲနှင့် ဖြတ်ကျော်ခဲ့ကြသည့် အခြေအနေတခုကို ပို၍ မှတ်မိစေပါလိမ့်မည်။
မှတ်မိခြင်း၏နောက်ကွယ်တွင် ထိုသူ၏ ခင်မင်မှု၊ တွယ်တာမှု၊ တန်ဖိုးထားမှု၊ လေးစားမှု၊ သတိရှိမှု၊ သိတတ်မှု၊ အလေးအနက်ထားမှု၊ အသိအမှတ်ပြုမှု တို့များစွာ ပါသည်ဟု ကျမ လေးနက်စွာ ယုံကြည်ပါသည်။ ထိုအရေးပါသောအရာများ မပါခဲ့၍သာ မှတ်မိခြင်းစွမ်းရည် လျော့နည်းပြီး မေ့လျော့ခြင်းဖြစ်သည်ဟု ကျမတွေးမြင်မိပါသည်။
သူတပါးက မိမိ၏ အမည်နာမကို မှတ်မိနေခြင်း၊ မိမိအလေးထားသော အရာများကို မှတ်မိနေခြင်း၊ မိမိလေးစားသောအရာများကို မှတ်မိနေခြင်း၊ မိမိလျှောက်လှမ်းနေသော လမ်းကို မှတ်မိနေခြင်း သည် ထိုသူ့အပေါ်တွင် ခင်မင်စွာနှင့် မှတ်မိစွဲထင်စရာ ပို၍ ဖြစ်လာပေလိမ့်မည်။
ထိုကဲ့သို့ မိမိအပေါ် မှတ်မိနေခြင်းကို လူသားတိုင်း လိုလားမိမှာပင်၊ မှတ်မိနေသည် ဆိုကထဲက ဘာကြောင့် မှတ်မိနေခြင်းလဲ ဆိုသည့် အဖြေက ကပ်ပါနေပါသည်၊ မိမိ၏ ထူးခြားသည့် အပြုအမူတွေကြောင့်လား၊ မမေ့နိုင်မည့် တန်ဖိုးထားစရာ အကြောင်းရင်းကြောင့်လား၊ တပါးသူက မိမိကို မှတ်မိနေခြင်းမှာ မိမိတွင်ရှိသော အရည်အချင်း တခုခုကြောင့်လား၊ မိမိ၏ မျှခြေတခုသည် တပါးသူ၏စိတ်ထဲတွင် စွဲထင်စရာ တရားမျှမှုတွေ ဖြစ်သွားခဲ့လို့လား။ ထို့ပြင် ခက်ခဲသော အခြေအနေတခုနှင့် အတူဖြတ်ကျော်ခဲ့ရသော အခါတွင် မမေ့မလျော့ မှတ်မိ နေတတ်ခဲ့ပါသည်။ ထို မှတ်မိနေခြင်းမှာ ခက်ခဲ ရုန်းကန်ခဲ့ရသည့် အခြေအနေ၏ အရိပ်ကြောင့်ပင် ဖြစ်ပေလိမ့်မည်။ တခါတရံ အလွယ်တကူ ဖြတ်ကျော်ခဲ့ကြသော အခြေအနေထက် ခက်ခက်ခဲခဲနှင့် ဖြတ်ကျော်ခဲ့ကြသည့် အခြေအနေတခုကို ပို၍ မှတ်မိစေပါလိမ့်မည်။
မှတ်မိခြင်း၏နောက်ကွယ်တွင် ထိုသူ၏ ခင်မင်မှု၊ တွယ်တာမှု၊ တန်ဖိုးထားမှု၊ လေးစားမှု၊ သတိရှိမှု၊ သိတတ်မှု၊ အလေးအနက်ထားမှု၊ အသိအမှတ်ပြုမှု တို့များစွာ ပါသည်ဟု ကျမ လေးနက်စွာ ယုံကြည်ပါသည်။ ထိုအရေးပါသောအရာများ မပါခဲ့၍သာ မှတ်မိခြင်းစွမ်းရည် လျော့နည်းပြီး မေ့လျော့ခြင်းဖြစ်သည်ဟု ကျမတွေးမြင်မိပါသည်။
29 comments:
ဟုတ်တယ်ဗျ ကျနော်ဆို ပထမဆုံးလာရောက်အားပေးစကားရေးသားသူအဖြစ်
စိတ်ထဲမှာအမြဲရှိနေတာ..မှန်တယ်..မှန်တယ် အမောင်သဘေတူတယ်..လက်ညိုးထောင်တယ် ခေါင်းညိတ်တ.်..အပြည့်အ၀ထောက်ခံတယ်ဗျာ.....
ခင်မင်လေးစားလျှက်...အမောင်
နောက်ဆုံးအပိုဒ်လေးဖြစ်တဲ့
မှတ်မိခြင်း၏နောက်ကွယ်တွင် ထိုသူ၏ ခင်မင်မှု၊ တွယ်တာမှု၊ တန်ဖိုးထားမှု၊ လေးစားမှု၊ သတိရှိမှု၊ သိတတ်မှု၊ အလေးအနက်ထားမှု၊ အသိအမှတ်ပြုမှု တို့များစွာ ပါသည်ဟု ကျမ လေးနက်စွာ ယုံကြည်ပါသည်။ ထိုအရေးပါသောအရာများ မပါခဲ့၍သာ မှတ်မိခြင်းစွမ်းရည် လျော့နည်းပြီး မေ့လျော့ခြင်းဖြစ်
စေတယ်ဆိုတာကိုတခါထဲရင်ဘတ်ထဲသွင်းထားလိုက်ပါတယ်
ခင်မင်တဲ့ jasmine
အတူတူပါပဲဗျာ။
နောက်ဆုံးပိုဒ်လေးသိပ်မိတယ်...
A professor remembers students' name and brief biography particular to those of notorious and car owners.
ကောင်းလိုက်တာ မသဒ္ဒါေ၇...
ကိုယ်ခင်မင်ရတဲ့သူတွေကို နာမည်လေးတွေ အသေးစိတ်က အစ မှတ်မိတာ ဝမ်းသာစရာနော်.. ကိုယ့်ကိုယ်မှတ်မိရင်လည်း ဝမ်းသာရတာပေါ့သဒ္ဓါ..
သို့သော်လည်း.. အသက်ကြီးလာရင်လည်း မှတ်ဥာဏ်စွမ်းအား လျော့နည်းလာတာကြောင့် မေ့လျော့တာတွေ ပါးစပ်ဖျားတင် မေ့နေတာတွေလည်း ဖြစ်တတ်ပါသေးတယ်။။
အဲသလိုပေါ့.. တို့လည်း အသက်ကြီးလာပြီဆိုတော့ ဥာဏ်မကောင်းတော့ဘူးအေ. မေ့တတ်လာပြီ။ အဲလိုဖြစ်လာရင် နည်းနည်းတော့ ခွင့်လွှတ်ပါ။။
သဒ္ဒါရေ
တခါတလေ ကျတော့လည်း
ဘာကိုမှမမှတ်မိဘဲမေ့ပြစ်ထားလိုက်ချင်တယ်
ဘာဆိုဘာကိုမှ မမှတ်မိအောင်ကို
မေ့ထားပလိုက်ချင်တယ်..
အကြွေးရှင်တွေကိုတော့မေ့ထားချင်တယ်ဗျားး)
း)
ကျွန်တော်ကတော့ မေ့တတ်တယ် လူကိုသတိရပြီးနာမည်မေ့နေတာမျိုး
ဟုတ်တယ် မမ.. ဒီပိုစ့်လေးအရမ်းကြိုက်တယ်...
မှတ်မိတတ်တဲ့သူကို အရမ်းသဘောကျတယ်..
ကန်ဒီလည်း အဲ့လိုလူဖြစ်အောင် အမြဲကြိုးစားတယ်..
ဒါက သူတပါးကို အလေးထားရာရောက်တယ်.. ဈေးကြီးတဲ့လက်ဆောင်ဝယ်ပေးတာထက် ပိုတန်ဖိုါ်ရှိတယ်..
ခင်မင်လျှက်
Candy
ကိုယ်မှတ်မိတဲ့သူက ကိုယ့်ကိုမှတ်မိရင်ပျော်သလို ၊ ကိုယ့်ကို မမှတ်မိရင်လည်း ပြန်မိတ်ဆက်လိုက်တာပါပဲ။ သိပ်တော့လည်း စိတ်ထဲ မထားခဲ့ပေမယ့် အခုမှ သေချာဆန်းစစ်မိတယ်။ ကိုယ့်ကို မှတ်မိရင်ပိုပျော်တယ်။
ဆိုင်ဖွင့်ထားတဲ့ သူငယ်ချင်တစ်ယောက်နဲ့ ကွဲသွားတာကြာပြီ။ ကိုယ့်ကို အခုမှ ပြန်မြင်တွေ့ပေမယ့် အဲဒီသူငယ်ချင်းက မှတ်မိတယ်။ အဲဒီတော့ သူ့ဆိုင်မှာပဲ အမြဲအားပေးဖြစ်တော့တယ်။း)
ခင်တဲ့
မေသိမ့်
မှတ်မိခြင်းရဲ့ နောက်ကွယ်မှာ အမှတ်ရစရာတွေအများကြီးပေါ့။
ဖတ်ရတာ ချစ်စရာလေး။
မှန်လိုက်တာ သဒ္ဓါရေ...
" မှတ်မိခြင်း၏နောက်ကွယ်တွင် ထိုသူ၏
ခင်မင်မှု၊ တွယ်တာမှု၊ တန်ဖိုးထားမှု၊ လေးစားမှု၊ သတိရှိမှု၊ သိတတ်မှု၊ အလေးအနက်ထားမှု၊ အသိအမှတ်ပြုမှု တို့များစွာ ပါသည်ဟု ကျမ လေးနက်စွာ ယုံကြည်ပါသည် ... " ဆိုတာ မှန်သင့်သလောက်တော့ မှန်ပါတယ် ညီမရယ်။ ဒါပေမယ့် ခြွင်းချက်အနေနဲ့ မမြသွေးလို လူမျိုးကိုတော့ နားလည်ခွင့်လွှတ်ပေးပါနော် ။
ဒီမနက်ဘဲ သူငယ်ချင်းတစ်ယောက်နဲ့ လမ်းမှာတွေ့၊ လက်တွေဆွဲနှုတ်ဆက်ကြ၊ ကိုယ်ကတော့ လုံးဝမမှတ်မိ၊ သူပြောတဲ့စကားအသွားအလာကောက်ပြီး ဘယ်သူလည်း အမြန်စဉ်းစားမှ ပြန်မှတ်မိလာရတယ်။ အသက်အရွယ်ကြီးလာတော့ မှတ်အားတွေ ကုန်ခမ်းသွားပြီ။ ကိုယ့်ဖုန်းနံပတ်တောင် တစ်ခါတစ်လေ မေ့ချင်ချင်။ :)
ဟုတ်တယ် ။
မမှတ်မိတာ ဟာ.....ဒါတွေ မပါခဲ့လို့ပဲ ။
မှတ်မိစေချင်ရင်........
မမကလဲ ဒိုးကန်ဆို တခုခုကိုပါးစပ်ဖျားတင်မေ့တာ
မေ့ဆေးဒဏ်ခနခနခံရလွန်းလို့ပိုဆိုးတယ်း(
ဒါပေမယ့် တကယ်တွယ်တာမှု့တွေတော့မှတ်မိနေတတ်တယ်
ချစ်တဲ့
မဒိုးကန်
“သူတယောက်က မိမိ၏နာမည်ကို မှတ်မိစွာ ခေါ်ဆို လိုက်သောအခါ ဖေါ်မပြနိုင်သော ဝမ်းသာပီတိ ဖြစ်ခဲ့ကြပေလိမ့်မည်။ ”
သိပ်မှန်တယ် သူငယ်ချင်းရေ...
ကိုယ့်အလုပ်ထဲမှာဆိုရင် လာသမျှဧည့်သည်တိုင်းကို မမှတ်မိပေမယ့် မှတ်မိသမျှဧည့်သည်တွေရဲ့နာမည်ကို ခေါ်ပြီး ခရီးဦးကြိုလိုက်ရင် သူတို့က သိပ်ဝမ်းသာကြတယ်။ သူတို့ရဲ့ နာမည်ကိုမှတ်မိနေလို့လေ..။ အဲဒါ ကိုယ့်ရဲ့အလုပ်လေ..း)
မင်္ဂလာပါ အမရေ
နောက်ဆုံးအပိုဒ်လေးကို ပိုသဘောကျတယ်။
ဒါမဲ့ ကိုယ်တိုင်က မေ့တတ်သူဖြစ်နေတာဆိုးတယ်။
ကျွန်တော့် အရင်းဆုံးသယ်ရင်းတွေရဲ့ မွေးနေ့တောင် မမှတ်မိဘူး။ ဒါမဲ့ မခင်ဘူးလားဆိုတော့ မဟုတ်ဘူး။ အရမ်းခင်တာ။ မှတ်မိတတ်တာကျ မှတ်မိနေပြန်ရောလေ။
တနေ့ လမ်းမှာတွေ့လို့ မမှတ်မိရင် စိတ်ဆိုးနဲ့နော်..ဟိ
ခင်လျက်
ဂျွန်မိုး
သဒ္ဓါရေ တီတင့်က ငယ်ငယ်ထဲက မှတ်ဥာဏ်က သိတ်ကောင်းတာမဟုတ်ဘူး။ အဲဒီတော့ လမ်းမှာတွေ့လို့ မခေါ်မိရင် သဒ္ဓါကပဲ တီတင့်လက်ကို လှမ်းဆွဲလိုက်ပါနော်။ လူတစ်ယောက်နဲ့တစ်ယောက် မှတ်ဥာဏ်ကွာခြားမှုလေးတွေတော့ မတူဘူးပေါ့နော် (သဒ္ဓါ့ကိုတော့ မမေ့ပါဘူး ကျေနပ်တယ်ဟုတ်?း))
အခုအသက်လေးရလာတော့ အရင်ထက်မေ့တတ်စ ပြုလာပြီ သဒ္ဓါရေ။
စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။
မေတ္တာဖြင့်
အန်တီတင့်
မမရေ...ပို့စ်လေးထဲက အတိုင်းပါပဲ..အတိုင်းမသိ ပျော်ရွင်ကြည်နူးစရာ အတိပါပဲ...မမ
ပထမ အတော်များများကိုတော့ စွဲစွဲထင်ထင်၊ မှတ်မှတ်ရရ ရှိခဲ့ဖူးပါတယ်။
တမင်ဖျောက်ထားရတဲ့ မှတ်မိခြင်းများကတော့ နာနာကျင်ကျင် ...
ရွေးကောက်ပွဲပွဲနေ့လေ.. မှတ်မိပါတယ်.. :D
မှတ်မှတ်ရရ..စီဗုံးမှာ လာနှုတ်ဆက်ပြီး အားပေးစကားပြောလေ့ရှိတဲ့ မဒါ ကိုတော့ ဘယ်တော့မှမမေ့ပါဘူး..း)
ကိုယ်က မှတ်ဥာဏ်နုံနဲတဲ့အပြင် မျက်လုံးပါမှုန်လေတော့ (လေးလုံးပါ) တစ်ခါတစ်လေ သူငယ်ချင်းအရင်းခေါက်ခေါက်တွေကို လမ်းမှာတည့်တည့်ကြီး မတွေ့မိလို့ စိတ်ဆိုးတာခံရတော့ ခဏခဏပါပဲ...းD
ဟုတ်တယ် အစ်မ...
သူငယ်ချင်း တစ်ယောက်ယောက်က ကိုယ့်ကို တခုတ်တရ မှတ်မိနေရင် ရင်ထဲက လှိုက်လှိုက်ပြီးတော့ကို ဝမ်းသာကြည်နူးမိသလို မှတ်မှတ်ရရ ရှိမနေရင်လဲ ရင်ထဲက အရမ်းဝမ်းနည်းရတယ်...
အစ်မ အတွေးလေး အရမ်းကောင်းတယ်...
သဒ္ဓါရေ..
ဝမ်းအနည်းဆုံးကတော့ ငယ်ငယ်က ဆရာမတွေနာမည်ကို မမှတ်မိတာပဲ။
ဘာလို့မှန်းလဲ မသိဘူး။ တချို့ဆရာမတွေပဲမှတ်မိတယ်။ တော်တော်များများကို မေ့ကုန်တာ။ ဆရာမတွေကျေးဇူးကိုတော့ အမြဲသတိရပါတယ်။ ဒါက ဂျူမမှတ်မိတာပေါ့နော်။
ကိုယ့်ကို အကြောင်းကြောင်းကြောင့် မမှတ်မိတာကတော့ သဒ္ဓါပြောတဲ့ အကြောင်းအချက်တွေ မလုံလောက်လို့ ထင်ပါရဲ့။
အမှန်ပါပဲရှင်
ညီမလည်း.လူတိုင်းကိုမှတ်မိအောင်
ကြိုးစားပါတယ်။
သူတို့က.ကိုယ့်ကိုမှတ်မိရင်လည်း
ဝမ်းသာမိလို့လေး)
ကိုယ့်လိုပဲ.သူတို့ကိုဝမ်းသာစေချင်လို့
(အတတ်နိုင်ဆုံး)မှတ်ထားတတ်ပါတယ်။
ခင်မင်စွာဖြင့်
မိစံ
မှန်လိုက်တာ မသဒ္ဓါရေ... ဘုရားရှင်ကိုယ်တော်မြတ်ကြီးတောင် နေရာဒေသတစ်ခုကိုရောက်ရင် ခမနီယံ ၀တ ဘော၊ ယာပနီယံ ၀တ ဘောဆိုပြီး ရဟန်းတော်တွေကို မေးလေ့ရှိတယ်လေ။ လူတစ်ယောက်ကို ပြန်တွေ့တဲ့အခါ တွေ့တွေ့ခြင်း နာမည်ခေါ်နုတ်ဆက်ခြင်းသည် ပီယဆေးတစ်မျိုးပဲလို့ ကြားဖူးသလိုလို...
ချမ်းမြေ့ပါစေ
ချယ်ရီမြေ
မမရေလမင်းကမေ့တတ်တယ်ဟူးးးးးးးးးးးးး
အဲဒါကြောင့်သူငယ်ချင်းနည်းတာထင်တယ်မမရေ
ဲကိုယ်လည်း လူတွေကို သိပ်မမှတ်မိတတ်ဘူး...
အထူးသဖြင့်နာမည်တွေကိုပေါ့ သူတို့ကို အလေးအနက်မထားတာ မဟုတ်ပေမယ့်... ဦးနှောက်ကပဲ သိပ်မကောင်းလို့လားမသိဘူး မမှတ်မိဘူးလူတွေကို...
Post a Comment