ဆရာမနုနုရည်(အင်းဝ)က ဘလော့ဂါတွေအတွက် စာတစောင် ပို့ပေးထားတယ် ဆိုပြီး မြစ်ကျိုးအင်းက ပြောလာပါတယ်။ ဘလော့ဂါတွေဆီ ပို့ပေးပြီး ဘလော့တွေမှာလည်း တင်စေချင်တယ်ဆိုတာ သိခဲ့ရတယ်။ ဘလော့ဂါတွေအပေါ် ထားတဲ့ ဆရာမရဲ့ သဘောထားကိုလည်း သိခဲ့ရပါတယ်။ ဘလော့ရေးသူတွေကို ချစ်ခင်တဲ့ အတွက်လည်း ကြည်နူးမိပါတယ်.။ ဆရာမရဲ့ အားပေးစကားလေးတွေ.၊ ဘလော့အပေါ်ထားရှိတဲ့ အားထားမှုတွေက ကျမတို့အတွက် စိတ်ခွန်အား တရပ်လည်း ဖြစ်စေခဲ့ပါတယ်။
3 comments:
ဆရာမရဲ့ အားပေးစကားကို အရမ်းသဘောကျတယ် . .. ဆရာမကို ကျွန်တော် စတင်သိရှိခဲ့တာက စာပေဟောပြောပွဲ တစ်ခုမှာပါ . . လန်ဒန် စာပြောဟောပြောပွဲ တစ်ခုရဲ့ အသံဖိုင်မှာပေါ့ ကိုချမ်းလင်းနေ ဘလော့ကနေ နားထောင်လိုက်ရတာ . . ဆရာမရဲ့ အဟောအပြောအဖွဲ့အနွဲ့ ငယ်စဉ်တောင်ကျေး ကလေးဘ၀ တို့ကို အားကျ ခဲ့တယ် . . . အဲဒီနောက်ပိုင်း ဆရာမရဲ့ ၀ထ္တုတွေ တော်တော်များများ ကို ရသလောက် ရှာဖွေ ဖတ်ခဲ့မိပါတယ် . . . ဆရာမ နုနုရည်အင်းဝ တစ်ယောက် ရသစာပေ အရေးအသားအားပေးမှုတွေကို ဒီထက်မထတိုက်တွန်း ဆောင်ရွက်နိင်ပါစေလို့
လေးစားစွာဖြင့်
ဗညားရှိန်
အလဲ့ တယ်ဟုတ်ပါလားနော်
ဝေးးးးးးးးးး(မြန်မာနိုင်ငံမှာ မီးလာသလို အော်ခြင်း)
ဘာပဲဖြစ်ဖြစ် အားရှိတာပေါ့နော်။
ဆရာမနုနုရီ(အင်းဝ)ရဲ့စာတွေကို
တော်တော်လေးကြိုက်မိပါတယ်။
ဆရာမခုလိုအားပေးမှုက
အားလုံးအတွက်အားဆေးလေးတွေပေါ့။
ကျေးဇူးပါ။
အစစအရာရာအဆင်ပြေပါစေ။
ကိုခိုင်
Post a Comment