“ငါ့..” အတ္တအတွက်
ငါ… ကိုယ်တိုင် သောက်သုံးနေတဲ့
အရာတခု
တိုးဝှေ့ဝင်လာတဲ့…
အသိနဲ့ကြည့်လိုက်တော့
အဆိပ်တခွက်ဖြစ်နေပေါ့….!
အဆိပ်ပေါ် အဆိပ်ချင်းထပ်လို့
အဆိပ်ချင်းထိတဲ့ ထိခတ်မှုကြောင့်
တချို့နေရာ… အရည်ပျော်…..
တချို့နေရာ… အငွေ့ပျံ…..
တချို့နေရာ…. ပုပ်ပွ…..အံ့မူးမူး
သတိဝင်ခိုက်….
“ငါ…”………….
ဖြေဆေးရှာဖို့
အမောတကော ပြေးလွှားနေမိ
ဟော……..
ငါ… ရှာဖွေသောက်သုံးခဲ့တဲ့
ဖြေဆေးမှာလည်း
အဆိပ်တွေ ပါနေလေရဲ့…!
…………………….!
“ငါ…” ……..
အငမ်းမရ သောက်သုံးခဲ့တဲ့
အဆိပ်ရည်အတွက်
အဆိပ်..ဖြေဆေးအတွက်
ငါ့.. ကိုယ်ငါ ဒဏ်ခတ်တယ်…!
ငါ့… ကိုယ်ငါ ပြစ်ဒဏ်ချလိုက်တယ်…!
12 comments:
မနက်ဖန် ကျောက်ကျောဖျော်ရည်လှူမယ် လာသောက်လှည့်။
အဆိပ်တွေတော့ သောက်ရဘူး။
အဆိပ်ကဗျာလေး အရမ်းကောင်းတယ်ဗျာ..
အားပေးသွားပါတယ်.. သဒ္ဓါလှိုင်းရေ..
နှစ်သစ်မှာ ပျော်ရွှင်ကြည်နူး အထူးပီတိ
လန်းဆန်းဝေဖြာ ကျန်းမာ၊ ချမ်းသာ ရှိစေသော်..
ကျေးလက်သားလေး
သတိဝင်ခိုက်….
“ငါ…”………….
ဖြေဆေးရှာဖို့
အမောတကော ပြေးလွှားနေမိ
ဟော……..
ငါ… ရှာဖွေသောက်သုံးခဲ့တဲ့
ဖြေဆေးမှာလည်း
အဆိပ်တွေ ပါနေလေရဲ့…!
း)) သိပ်ကောင်း မဒါရေး)) အဓိပ္ပါယ်ကို တွေးလိုက်ရတာကိုက အရသား)))
မမရေ ကဗျာကောင်းလေး ခံစားအားပေးရင်း ရေလောင်းသွားတယ် နော် ဗွမ်းးးးး:):):) မင်္ဂလာရှိသော နှစ်သစ်လေး ဖြစ်ပါစေမမ။
သြော် ငါ ငါ ငါ့ ကဗျာလေးဖတ်သွားပါတယ်
အဆိပ်ဖြေဆေး သောက်နဲ့အုံး...
ရေကစားမယ်.. လာခဲ့...
အိုးမဲတော့ ချိဝူး.. နှပ်ချေးပဲချိရယ်...
“ပြွန်..ပြွတ်”..ရေပြွတ်နဲ့ထိုးတာ..ဟိ
အဆိပ်လေးတစ်ခွက်လောက်ဗျာ.....ကျွန်တော်လည်းကူ
သောက်ပေးမယ်လေ.....:))
သင်္ကြန်ရေအေးအေးလေးလောင်းသဗျိုးးးးး
မင်္ဂလာနှစ်သစ်ပါဗျား)
အဆိပ်ဖြေဆေးနှင့် အဆိပ် မှားသောက်မိပြန်ပြီ ထင်တယ်။ အင်းးးး တစ်ခါတစ်ခါကျပြန်တော့လဲ အဆိပ်ရည်က အဆိပ်ဖြေဆေးထက် ပို အရသာရှိတာကိုး။
ခံစားချက်တွေ ပြေလျော့နိုင်ပါစေ။
ခင်မင်လျက်
ကိုကိုမောင်(ပန်းရနံ့)
အဆိပ်တွေ မသောက်ရဘူးနော် ... :P
အဆိပ်တွေ မသောက်နဲ့ လွှင်ပစ်လိုက်
မင်္ဂလာနှစ်ကူးပါ
ပျော်ရွှင်ချမ်းမြေ့ပါစေ
ခင်မင်စွာဖြင့်
ရွှေစင်ဦး
ဘ၀မှာ အဆိပ်သောက်ပြီး အိပ်မက်တွေကို
ဖက်တွယ်ကြတော့ အိပ်မက်ဆိုးတွေသာ မက်ပြီး ဖြစ်ချင်တိုင်း ဖြစ်နေကြတာပေါ့
Post a Comment