တခါတရံမှာ သိပ်ကို အပေးအယူဆန်တဲ့ ဝန်းကျင်လေးတခုကို အမှတ်မထင်ပဲဖြစ်ဖြစ်၊ အမှတ်ထင်ထင်ပဲဖြစ်ဖြစ် ပြုမူဖြစ်ခဲ့ကြတယ်။
တဦးကတဦးကို တစုံတခုသော အတိုင်းအတာ… တစုံတခုသော သက်မဲ့ပစ္စည်း…. တစုံတခုသော ပေးဆပ်မှုတွေကြောင့် တဖန်ပြန်လို့ ယူရမယ့် သဘောက အပေးအယူ ဝတ္တရားဆန်နေသလို ဖြစ်နေပါ့လား။
တချို့ကတော့ ကိုယ်ကပေးတာထက် အဆများစွာကို ပြန်လိုချင်သူ.. ဒါမှမဟုတ် ကိုယ်ပေးသလောက်ပဲ ပြန်လိုချင်သူ… ကိုယ်ဒါပေးလို့ ဒါပဲပြန်လိုချင်သူ…တွေလည်း ရှိလေရဲ့…။
တချို့ကတော့ ကိုယ့်ကိုပေးတာထက် ပိုလို့ပြန်ပေးချင်သူ… ကိုယ့်ကိုမပေးခဲ့ရင်လည်း ကိုယ်ကပေးချင်နေသူ..တွေလည်း ရှိရဲ့..။
တကယ်ဆို တစုံတခုကို ပေးတယ်ဆိုထဲက တစုံတခုကို ပြန်လိုချင်သူတွေပါပဲ.. ဒါကိုပဲ လောကရဲ့ သဘာဝတရားကြီးပါလို့ ဇွတ်မှိတ် သတ်မှတ်လိုက်ရတော့မှာလား.။
ပေးတယ်ဆိုတာ တပါးသူအတွက် အချိန်လား.. ပစ္စည်းဥစ္စာလား.. ပညာလား… မျက်စိနဲ့ မမြင်နိုင်ပေမယ့် ရင်နဲ့ရင်းပြီး ပေးဖြစ်ခဲ့တဲ့ ချစ်ခြင်းမေတ္တာလား.. ယုံကြည်မှုလား.. နားလည်မှုလား.. သစ္စာတရားလား..။
တပါးသူကို ပေးလိုက်တဲ့ အရာတခုအတွက်နဲ့ တန်ဖိုးတူ အရာတခုကို ပြန်လိုချင်တဲ့ စိတ်တွေနဲ့ မျှော်လင့်ရတဲ့ ပင်ပန်းမှုဒဏ်ကိုလည်း တွေ့ကြုံနေကြရတာပဲလေ.။ ဒါမှမဟုတ် တပါးသူဆီက အကျိုးအမြတ် တစုံတရာကို ရယူလိုဇောနဲ့ ကိုယ်ကအရင် တစုံတရာကို ပေးခဲ့တာကရော စစ်မှန်တဲ့ စေတနာဖြစ်နိုင်ပါ့မလား။ ကိုယ်က ဦးစွာ ပေးခဲ့တဲ့ အရာတခုအပေါ်မှာ တန်ပြန်လိုချင်မှု မရှိတဲ့ စိတ်လေးသာ ဆုပ်ကိုင်ထားနိုင်ရင် အကောင်းသားပေါ့..။
လူတဦးကတဦးအပေါ်မှာ ပေးခဲ့ကြတဲ့ မျက်စိနဲ့မြင်ရတဲ့ အရာပဲဖြစ်ဖြစ်၊ မျက်စိနဲ့မမြင်နိုင်တဲ့ အရာပဲဖြစ်ဖြစ် အရာတခုရဲ့ နောက်ကွယ်မှာ စေတနာတွေ မေတ္တာတွေ ကပ်ငြိပါလာကြမှာပါ။ ကပ်ငြိနေတဲ့ မေတ္တာတရား. ကရုဏာတရားတွေပေါ်မှာ မျှော်လင့်ချက်၊ နှောင်ကြိုးတွေ.. တုံ့ပြန်မှု အတုံအလှည့်တွေသာ မထားရှိခဲ့ရင် သိပ်ကို အေးချမ်းသာယာတဲ့ အလှတရာလေး တွေနဲ့ ပြည့်နှက်နေမယ့် ဝန်းကျင်လေးတခု ရှင်သန်လာမှာပါ။
ကိုယ်ပေးခဲ့တဲ့ အပေးတခုအပေါ်မှာ ပြန်လို့ရယူလိုစိတ် မရှိခဲ့ကြရင်. ကိုယ်ရယူခဲ့တဲ့ အယူတခု အပေါ်မှာ ပြန်လို့ ပေးကိုပေးရမယ်ဆိုတဲ့ စိတ်နဲ့ ဝန်ပိမနေစေခဲ့မယ်ဆိုရင်လည်း…. လူသား တဦးရဲ့စိတ် ပေါ့ပါးလန်းဆန်း သွားစေရဲ့…။
အနှောင်အဖွဲ့မပါတဲ့ စေတနာ… ချစ်ခြင်းမေတ္တာတွေပါတဲ့ ပေးဆပ်မှုတခု.. သိတတ်မှုတခု.အပေါ်မှာ ရယူခဲ့တဲ့ သူရဲ့ ရိုးသားမှုကသာ အခရာ မဟုတ်ပါလား…!
အပေးအယူတွေနဲ့ ပြည့်နှက်နေတဲ့ ဝန်းကျင်လေးထဲကနေ ထွက်ပြေးလွတ်မြောက်ချင်မိတယ်.။

စစ်မှန်တဲ့ စေတနာ မေတ္တာတွေပါတဲ့ ပေးဆပ်မှု တခုအပေါ်မှာ ပြန်ရယူလိုစိတ် စိုးစဉ်းမျှ မရှိခဲ့ကြတာကရော ဘယ်လို အကြောင်းကြောင့်ပါလိမ့်.။ ပြန်ရယူလိုစိတ် မရှိခဲ့တဲ့ အရင်းခံစိတ်လေးကို နားလည်ပေးနိုင်ခဲ့ရင် ပေးဆပ်ခဲ့တဲ့ ပေးဆပ်မှု အတွက် ကျေနပ်နေမှာအမှန်ပါ..။
အနှောင်အဖွဲ့မပါတဲ့ စေတနာ… ချစ်ခြင်းမေတ္တာတွေပါတဲ့ ပေးဆပ်မှုတခု.. သိတတ်မှုတခု.အပေါ်မှာ ရယူခဲ့တဲ့ သူရဲ့ ရိုးသားမှုကသာ အခရာ မဟုတ်ပါလား…!
အပေးအယူတွေနဲ့ ပြည့်နှက်နေတဲ့ ဝန်းကျင်လေးထဲကနေ ထွက်ပြေးလွတ်မြောက်ချင်မိတယ်.။
12 comments:
အယူ မပါတဲ့  အပေး တဲ့ လား ၊
အဲ့ တာဆိုရင် အရောင်မဆိုးတဲ့  သံယောဇဉ် ဖြစ်ပါမယ်။
ဖြူစင်သော အရောင်၊ ဖြူသောမေတ္တာ၊စေတနာတွေကတော့ 
အင်း .. တော်တော်လေ့ ကျင့် ယူရပါလိမ့် မယ်။
ဘယ်လိုမှ လွတ်မြောက်နိုင်မှာမဟုတ်ဘူး... ဒါကိုက လောကပဲလေ.... သူများနဲ့မပြောနဲ့.. ကိုယ်တစ်ယောက်တည်းကိုပဲကြည့်.... စိတ်ချမ်းသာပျော်ရွှင်ချင်လို့သီချင်းနားထောင်မယ်ဆိုရင် အဲဒီသီချင်းခွေနဲ့ ဖွင့်စက်ကို ပိုက်ဆံဆိုတာနဲ့ ပေးပြီးဝယ်ရမှာပဲ... ဒါကိုက အပေးအယူဖြစ်နေပြီ.... ယုတ်စွအဆုံး နိဗ္ဗာန်ရောက်ဖို့တောင် ၀ိရိယ၊ ဥာဏ် စတာတွေကို ပေးဆပ်ပြီး ရှုမှတ်မှရမယ်မလား.... ဒါတွေကို လွတ်မြောက်ချင်ရင်တော့ ဆင်းရဲခြင်းကင်းရာ နိဗ္ဗာန်ရမှသာ ဖြစ်ပါလိမ့်မယ်...
ခင်မင်တဲ့
နေ၀သန်
ဒီပတ်ဝန်းကျင်ကလွတ်မြောက်ဖို့တော့ တော်တော်ကို ရှားပါးပြီး ခက်ခဲလိမ့်မယ်
စိတ်ထားတတ်ဖို့ပဲ လိုလိမ့်မယ် ထင်တယ်။ သူကတော့ ငါ့ကို ဘာပေးလို့ ငါက ဘယ်လို ပြန်လုပ်ပေးရမှ ဆိုတာမျိုး ၊ ငါကတော့ ပေးလိုက်ပြီ လိုချင်တာလေး ပြန်မှ ရပါ့မလား ဆိုတာမျိုးတွေ စိတ်ထဲမှာ ရှိနေရင် အေးချမ်းမှာ မဟုတ်ဘူး။ အဲဒီအတွက် ဒီလို ဆောင်ပုဒ်လေးကို သုံးသင့်တယ် ထင်တယ်။ “ ပေးစရာရှိရင် ပေးပစ်လိုက် ၊ ယူစရာ ရှိရင် ယူပစ်လိုက် ၊ ဘာမှ တွေးမနေနဲ့ ” ဆိုပြီးတော့လေ။
စာလာဖတ်ပါတယ်… မသဒ္ဓါ… အင်း… လောကကြီးမှာ နေတဲ့ လူတွေကိုက အပေးအယူ ဆန်ဆန် နေတတ်ကြသလားလို့ပါ။ လွတ်မြောက်ဖို့ကတော့… ခက်မယ် ထင်တယ်း) တစ်ယောက်တည်း တောတောင်ထဲမှာ သွားနေမှပဲ ရမယ် ထင်တယ်။
“အပေးအယူ သူနဲ့ကျမ အစစ ညီပါရင် အိမ်ထောင်ရေးသဘော နှီးနှောဖလှယ်ချင်...” (သီချင်းဆိုပေးသွားတယ်နော့ :P) ပျော်ရွှင်ပါစေ။
လောကမှာ အပေးအယူ မျှတဖို့ပဲလိုတယ် ထင်ပါရဲ့ အပေးအယူကင်းတဲ့နေရာတော့ ရှိတယ် အဲဒီနေရာကို ရောက်သွားဖို့က တော်တော်လေးကို ခက်ခဲပါတယ် အဲဒီနေရာကတော့ နိဗ္ဗာန်ပဲလေ အို လောကထဲမှာ ကျင်လည်နေသရွေ့တော့ စွန့်လွှတ်မှုနောက်က ပြန်ရယူလိုမှု၊ ပြန်လိုချင်မှုတွေ ထက်ကြပ်မကွာ လိုက်နေအုံးမှာပဲလေ
လူရယ်လို့ ဖြစ်လာကတည်းက အပေးအယူဆိုတာ ဒွန်တွဲပါလာပြီးသားပါပဲ . . လူ နဲ လူအချင်းချင်းတောင်မဟုတ်ဘူး . . လောကကြီးအပါအ၀င် တခြားအရာတွေနဲ့လည်း လူက အပေးအယူလုပ်နေရတာပဲ တောထဲ သွားနေလည်း သူတို့ဆီက ကိုယ်ဝမ်းစာအတွက် အယူရှိသလို ကိုယ်ကလည်း ပြန်ပေးရတာတွေ ရှိမှာပါပဲ . . လွတ်မြောက်ဖို့ မလွယ်လှဘူး . . . နေ၀သန်ပြောသလိုပဲ မက်ဖိုလ်နိဗာန်ရမှာသာ လွတ်မြောက်နိင်မယ် ထင်ပါရဲ့
ခင်မင်တဲ့
ဗညား
ညီမရေ.........
ပင်ပန်းလှ၏.............နေကောင်းပါသည်..လာသွားတာကျေးဇူးးးးးးးးးးးးးးးးးးးးးးးး...။
လောကကြီးကို လှအောင် အပေးအယူ (ဖြူစင်တဲ့ မေတ္တာတွေ) နဲ့ ရိုးရှင်းလှပစွာ တည်ဆောက်ကြမည်...........။
အပြေးအလွားဖတ်သွားပါသည်..။
မဗေဒါ (၈၈)
အပေးအယူအတွက် ဆုံမှတ်တခုကတော့ ဖြူစင်မှုပါပဲ။ ဘယ်သူမဆို ကိုယ်တိုင်လည်းဖြူစင်ပြီး ပေးကြမယ်ဆိုရင် ပြန်ရလာတာတိုင်းလည်း ဖြူစင်နေမှာပဲ မဟုတ်လား။
ဝဲပြဿနာကြောင့် လင့်တွေဖြုတ်လိုက်ရလို့ အခုမှ ပြန်လိုက်တပ်နေရတယ်။ မသဒ္ဒါလင့်ကို ချိတ်မလို့စစ်တော့ Malware ရှိနေတယ်လို့ ပြနေတယ်။ စစ်ကြည့်ပါအုံး။
ဝဲပျောက်ရင် ပြန်ချိတ်မယ် ညီမ ရေ
စာလေးဖတ်သွားတယ်နော်
ခင်မင်စွာဖြင့်
ရွှေစင်ဦး
ခရီးထွက်သွားလို့ ခုမှရောက်တယ် သဒ္ဓါရေ
အပေးအယူမျှနေရင်လဲ ပျော်စရာကောင်းပါတယ်..
ကိုယ်က ပေးရင်သူလဲ ပြန်ပေးတော့ မကောင်းဘူးလား
ကိုယ်ကချည်း ပေးနေရရင်လဲ ကြာတော့ စိတ်ညစ်လာမိမယ်
ကိုယ်ကချည်း ယူနေရရင်လဲ စိတ်ညစ်မှာပါဘဲ
ဒီတော့ ကိုယ်လဲပေး သူလဲပေး
ကိုယ်လဲယူ သူလဲယူ မကောင်းဘူးလား
သာတူညီမျှလေ
Post a Comment