Monday, February 1, 2010

`သူ´ ဆိုတဲ့ ကိုယ်ချင်းစာစိတ်…..

တွေးရင်း တွေးရင်း ကျယ်ပြောလှတဲ့ ကန္တာရ ကြီးဆီကို ရောက်သွားမိတယ်… အရာရာဟာ သိပ်ကို ခြောက်ကပ် နေသလို…. ဆာလောင် လွန်းနေတယ်… ဟိုဟို ဒီဒီ ကြည့်ရင်း နဲ့ သိပ်ကို ခက်ခဲ ရှားပါး လှတဲ့ သူနဲ့ တွေ့ခဲ့ရတယ်။

သူက ပြောတယ်..။ လူသားတွေ ထဲမှာ သိပ်ကို တွေ့ဖို့ ခက်ခဲတဲ့ သူပါတဲ့။ သူ့ကို တွေ့ရရင်လည်း အားလုံး စိတ်ချမ်းသာ သွားပြီး အရာရာ ပြည့်စုံတဲ့သူ တယောက် ဖြစ်သွားလိမ့်မယ်တဲ့။ ကျမ စဉ်းစားတယ်!!! ဘယ်သူပါလိမ့်လို့….

ဘာဖြစ်လို့ သူ့ကို တွေ့ဖို့ ခက်ခဲ ရမှာလဲလို့။ တွေ့ချင်တိုင်း တွေ့လို့ မရဘူးလားလို့ ဆိုတော့ တွေ့ချင်တဲ့ စိတ် ရှိတဲ့ သူတိုင်း သူ့ကို တွေ့ရမှာ ပါတဲ့။ တွေ့ဖို့ ဖြစ်နိုင် ပါတယ်တဲ့။ တွေ့တာနဲ့… သူ့ကို ရင်ထဲမှာ ထည့်လိုက်တာ နဲ့ အားလုံး အေးမြ သွားပြီး စိတ်ချမ်းသာ သွားရမှာတဲ့။ လူတယောက် ရဲ့ စိတ်ထဲမှာ အေးချမ်းသွားပြီး အရာရာ သာယာ လှပမယ်ဆို သူ့ကို တွေ့ဖို့… ရင်ထဲမှာ သိမ်းဆည်းဖို့… ဆိုတာ ဖြစ်နိုင်တာ ပဲလေ။ သူ့ကို ထာဝရ သိမ်းဆည်းခွင့် ဆိုတာ ရှိကို ရှိလာနိုင် ပါတယ်။

ဒါပေမဲ့ သူ့ကို လူတွေက သိပေမဲ့လည်း ရင်ထဲမှာ မထည့် ကြဘူးတဲ့။ မသိသလို လုပ်ကြတဲ့ အတွက် သူ အလွန်တရာ ၀မ်းနည်းတဲ့ အကြောင်း လည်း ပြောတယ်။ တချို့  ကတော့ သူ့ကို အမြတ်တနိုး အသိအမှတ် ပြုကြပြီး ရင်ထဲမှာ ရှိကြပါတယ်တဲ့။ အဲလို လူ အတွက်လည်း သူ အရမ်း ၀မ်းသာပါတယ်လို့ ပြောတယ်။

တချို့  ကလည်း… တခြားသူက သူ့ကို သတိတရ ရင်ထဲမှာ ထည့်ထားမှ ထည့်မယ်ဆိုပြီး တော့လည်း တွက်ကပ် ကြသေးတယ် တဲ့လေ…။ တကယ်တော့ ဘယ်သူ ထည့်ထည့် မထည့်ထည့် ကိုယ်က စလို့ သူ့ကို ရင်ထဲမှာ ထည့်ပြီး မိတ်ဆွေ အဖြစ် လက်ခံ လိုက်မယ်ဆို သူ အရမ်း ၀မ်းသာပါပြီတဲ့။ ကိုယ်ကလည်း သူ့ကို မိတ်ဆွေ အဖြစ်လက်ခံ၊ တခြားသူတွေ ကလည်း သူ့ကို မိတ်ဆွေ အဖြစ် လက်ခံ ပြီဆို ရင်တော့ သိပ်ကို ကောင်းပြီး အကျိုးရှိမှာပဲတဲ့။

တယောက် နဲ့ တယောက် ဆက်ဆံ ကြတဲ့ အခါ… နှစ်ဦး စလုံးရဲ့  ရင်ထဲမှာ သူ့ကို ထည့်ထားပြီး အပြန်အလှန် ဆက်ဆံ ကြမယ်ဆို အရမ်း ကောင်းမွန်တဲ့ ဆက်ဆံရေး ကို ရကြပြီး ရေရှည် ရင်းနှီး ချစ်ခင်မှု ဖြစ်လာပါ လိမ့်မယ်တဲ့။

လူသား အချင်းချင်း၊ တယောက်နဲ့ တယောက်၊ အားလုံး…..အားလုံး….. လိုလို ထားဖို့ သိပ်ကို ခက်ခဲတဲ့ စိတ် ကလေးပေါ့။ အဲဒီ ခက်ခဲ လွန်းလှတဲ့ စိတ်ကလေးကိုပဲ အတတ်နိုင်ဆုံး ကြိုးစားပြီး ထားနိုင်မယ် ဆိုရင် အဓိပ္ပါယ် ရှိတဲ့ ဘ၀ ကို တွေ့ကြရမှာပါ……..။

လူသား အားလုံး ရဲ့  ရင်ထဲ မှာ..... ခက်ခဲ လွန်းလှတဲ့ ၊ အားလုံး အတွက် စိတ်ချမ်းသာမှု ရဖို့ အရေးကြီး လှတဲ့ ( `သူ´ဆိုတဲ့) စိတ်ကလေး ရှိလာ နိုင်ကြပါစေ လို့ ဆုမွန် ကောင်း တောင်းရင်း………..။

6 comments:

နွေဆူးလင်္ကာ said...

လူတိုင်း ရှိနိုင်ရင်တော့ အကောင်းဆုံးပေါ့ဗျာ။ ဒါပေမယ့် ...................................

Flower said...

ကိုယ်ချင်းစာစိတ်ကလေးကို လာဖတ်သွားပါတယ်..
သိပ်ကိုကောင်းပါတယ်.. လူတိုင်းထားနိုင်ပါစေလို့လဲ ဆုတောင်းလိုက်ပါတယ်.. ကိုယ်တိုင်လဲ ကြိုးစားပါဦးမယ်..

ခင်တဲ့

မချော

~ဏီလင်းညို~ said...

သဒ္ဒါရေ....
တစ်ကယ်ကောင်းတဲ့ပို့စ်လေးပါပဲ....
ကိုယ်တိုင်လည်းကြိုးစားဆဲပဲ...။ ကြိုးစားရင်းတစ်ခါတစ်ခါ..ဖောက်ဖောက်လာတတ်သေးတယ်လေ...။ ကိုယ့်စိတ်ကို က...း))
ခင်မင်တဲ့
ဏီလင်းညို

မဆုမွန် said...

ဟုတ်တယ် ကိုယ်ချင်းစာတတ်တဲ့စိတ်လေးတွေ ကိုယ်စီ ရှိကြရင် ကမ္ဘာကြီးမှာ စစ်ပွဲတွေရပ်တာကြာပေါ့...မဆုတို့လည်း ကိုယ်ချင်းစာစိတ်ကို ကိုယ်တိုင်ကို သေသေချာချာမွေးရမယ်..

poemflower said...

လူတိုင်းမှာရှိရင် သိပ်ကောင်းမှာ

အင်ကြင်းသန့် said...

မှန်ပါတယ် သဒ္ဓါရေ...
ကိုယ်ချင်းစာစိတ်လေးရှိရင် အရာရာဟာလှပနေမှာပါပဲ...ဒါပေမယ့်...ဒါပေမယ့် :(

ကိုယ်လည်းတတ်နိုင်သမျှတော့ ကြိုးစားဦးမယ်ကွယ်

ခင်တဲ့
အင်ကြင်း