မင်းဟာ ဘ၀ တလျှောက်လုံးကို မဆုံးဖြတ် နိုင်ပေမဲ့ ဘ၀မှာ ဘယ်လို နေချင်လဲ ဆိုတာ ကိုတော့ ထိန်းချုပ် နိုင်မှာပါ…..
မင်းဟာ ခက်ခဲတဲ့ အခြေအနေကို အောင်မြင်အောင် မဖြေရှင်း နိုင်ပေမဲ့ မင်းရဲ့  စိတ်ကိုတော့ ထိန်းချုပ် နိုင်မှာပါ…..
မင်းဟာ မင်းရဲ့  သွင်ပြင် လက္ခဏာကို မထိန်းချုပ် နိုင်ပေမဲ့ မင်းကို မင်းတော့ ထိန်းချုပ် နိုင်မှာပါ…..
မင်းဟာ မနက်ဖန် ကို ကြိုမမြင် နိုင်ပေမဲ့ ဒီနေ့မှာ စဉ်းစဉ်း စားစား အသုံးချ နိုင်မှာပါ.....
မင်းဟာ အရာရာတိုင်းမှာ မအောင်မြင် နိုင်ပေမဲ့ အရာရာတိုင်းကို အောင်မြင်ဖို့ အကောင်းဆုံး ကြိုးစား နိုင်မှာပါ.....
လူတိုင်း လူတိုင်းဟာ နေ့စဉ် ဘ၀ကို အသေအချာ ရင်ဆိုင်ဖို့ မျှော်လင့် ကြသလို အမြဲတမ်း ပျော်ရွှင်ဖို့ လည်း မျှော်လင့် ကြပါတယ်…..။
ပျော်ရွှင်မှု ဟာ မိမိနဲ့ အတူ အမြဲ ရှိနေမှာပါ။ မိမိရဲ့  အလုပ်၊ မိမိရဲ့  တာဝန် တွေနဲ့ ရှေ့ ကို အကောင်းဆုံး လုပ်ဆောင် သွားနိုင်မယ် ဆိုရင် ပျော်ရွှင်မှု ဆိုတာ ရှိနေမှာပါနော်.....။
www.funzug.comမှ ဘာသာပြန်သည်။

6 comments:
ပျော်ရွှင်မှု - ကျနော့်အတွက်တော့ နဲနဲ သူစိမ်းဆန်တဲ့ စကားလုံးလေးပါပဲဗျာ။
အမှန်ပေါ့ သဒ္ဓါရေ.... ကိုယ့်ရဲ့ ပျော်ရွှင်ခြင်းကို ကိုယ်သာဖန်တီး ပိုင်ဆိုင်ရမှာပါ.
ခင်မင်လေးစားလျှက်
ပျော်ရွှင်မှုဆိုတာ ရှာဖွေတတ်ရင် အနီးနားမှာရှိပါတယ်.. ဆိုတာ ညွှန်ပြပေးတာကျေးဇူး..
ပိုစ့်အသစ်မှာ နံမည်ထည့်ထားတယ်.. ခွင့်လွှတ်
ဟိဟိ
သဒ္ဒါလှိုင်းရေ....
ကျွန်တော်ကြားဖူးတာလေးတစ်ခုကို ပြန်သတိရသွားမိတယ်ဗျာ...။
အပျော်ဆိုတာ ကိုယ်တွင်းမှာတဲ့လေ....။
ဒီစာလေးဖတ်ရလို့ ကျေးဇူးဗျနော့်...။
(မန့်တဲ့နေရာက ဝေါ့ဗယ်ရီဖီကေးရှင်းလေးကို ကော်မန့်ဆက်တင်ထဲမှာသွားဖြုတ်လိုက်စေချင်တယ်ဗျ...။ အကြံပေးတာပါနော်...။ အဲ့ဒါရေးနေရတာ တစ်လုပ်မို့လို့လေ...း))
ခင်မင်တဲ့
ဏီလင်းညို
Great post.
အင်း သဒ္ဓါရေ...
တစ်ခါတစ်လေကျတော့လည်း ပျော်ရွှင်မှုဆိုတာ ဘာလဲလို့စဉ်းစားမိတယ်
ပျော်ရွှင်ခြင်းရဲ့ အဆုံးသတ်မှာ ၀မ်းနည်းစရာတွေရောက်မလာရင်တော့ ကောင်းတာပေါ့နော်...
ဘာပဲပြောပြော ပိုစ့်ကောင်းလေးတစ်ခုပါပဲ
သဒ္ဓါလည်းပျော်ရွှင်ပါစေ...
ခင်တဲ့
အင်ကြင်း
Post a Comment