Tuesday, February 23, 2010

အမှိုက်နဲ့တူတဲ့လူ

တနေ့ ကျနော တက္ကစီ တစီးပေါ်ကို မြန်မြန် တက်ပြီး လေဆိပ် ကို ထွက်ခဲ့တယ်။ တက္ကစီ ဒရိုင်ဘာ ဟာ လမ်းကျဉ်းလေး အတိုင်း ယာဉ်ကြော တလျှောက် မောင်းလာရင်း ရုတ်တရက် အနက်ရောင် ကားတစီး ကားပါကင် ထဲကနေ ကျနော့တို့ကား ရှေ့တည့်တည့်ကို တရှိန်ထိုး မောင်းထွက်လာခဲ့တယ်။ တက္ကစီ ဒရိုင်ဘာဟာ ဘရိတ်ကို တအားဆောင့်နင်းလိုက်တယ်။ ပွတ်ကာသီကာ လွဲသွားခဲ့ပေမဲ့ ကားကတော့ လမ်းချော် သွားခဲ့တယ်။

တဘက်ကားရဲ့ ဒရိုင်ဘာက သူရဲ့ ကားဦးခေါင်းကို အမြန် ဆွဲလှည့်လိုက်ပြီး ကျနောတို့ ကားဘက်ကို စူးစူးဝါးဝါး ကြည့်ပြီး အော်ဟစ်လိုက်တယ်။ တက္ကစီ ဒရိုင်ဘာက ပြန်ပြုံး ပြပြီး လက်ဝှေ့ယမ်းပြ လိုက်တယ်။ သူ့ကို ကြည့်ရတာ ရင်းရင်းနှီးနှီး၊ ခင်ခင်မင်မင် ဖြစ်တတ်တဲ့ ပုံပဲ...။

ဒါကြောင့် ကျနော် က ` ခင်ဗျား ဘာဖြစ်လို့ အဲလို ဆက်ဆံ ရတာလဲ လို့ မေးလိုက်တယ်´ …။ ခင်ဗျား ကားကို ပျက်လုနီးပါး ဖြစ်အောင် လုပ်ခဲ့တယ်။ တခါ ကျနော် တို့ကို ဆေးရုံရောက်မတတ် ဖြစ်အောင်လည်း လုပ်ခဲ့သေးတယ် လို့ ပြောတော့… တက္ကစီ ဒရိုင်ဘာက ဒါက` အမှိုက်ကား ဥပဒေ ´ ဆိုပြီး ကျနော့ ကို ပညာပေး လိုက်ပါတယ်။

တက္ကစီ ဒရိုင်ဘာ ရှင်းပြတာကတော့ `လူတွေဟာ အမှိုက်ကားတွေ လိုပါပဲတဲ့´ ။ လူတွေဟာ အမှိုက်တွေလို အဓိပ္ပါယ်မရှိတဲ့ စကားတွေ၊ စိတ်ပျက်စရာတွေ၊ ဒေါသတွေ၊ စိတ်အနှောက် အယှက် တွေ၊ စိတ်ထိခိုက်စရာတွေ…. တွေနဲ့ ကျင်လည် နေကြရတာတဲ့။ သူတို့တွေရဲ့ အမှိုက်နဲ့ အလားတူတဲ့ အရာတွေ စုပြုံ လာတဲ့အခါ အဲဒါတွေကို ပစ်ဖို့ နေရာ တခု လိုအပ် လာပါပြီတဲ့။ တခါတရံမှာ သူတို့ဟာ ခင်ဗျားဆီကို ပစ်ချင် ပစ်လိမ့်မယ်တဲ့။ ဒါတွေကို ဗွေမယူမိ ဖို့ပဲတဲ့။ အဲလို လူမျိုးတွေကို အပြုံးတွေ၊ လက်ဝှေ့ယမ်းမှုတွေနဲ့ ဆုမွန်ကောင်း တောင်းပေး လိုက်ပါတဲ့။ ပြီးတော့ အလုပ်မှာ ဖြစ်ဖြစ်၊ အိမ်မှာ ဖြစ်ဖြစ်၊ လမ်းတွေ ပေါ်မှာ ဖြစ်ဖြစ်၊ တခြားလူတွေ ကို ရင်ဖွင့်လိုက်ပါတဲ့။

ပြီးတော့ သူက ဆက်ပြောတယ်...။ အောင်မြင်မှု ရှိတဲ့လူတွေဟာ သူတို့ရဲ့ နေ့တွေကို အမှိုက်ကား နဲ့ တူတာတွေ ၀င်ခွင့် မပြုဖို့ အဓိက ပါပဲတဲ့။ လူ့ဘ၀ ဟာ သိပ်တိုတောင်း လွန်းလို့ ၀မ်းနည်း စရာတွေ၊ နောင်တရ စရာတွေ မဖြစ်ပေါ်ဖို့ပဲတဲ့။

ဒါကြောင့်………..`ကိုယ့်ကို မှန်မှန်ကန်ကန် ဆက်ဆံတဲ့ သူတွေ အပေါ် ရင်းနှီး ဖေါ်ရွေပြ လိုက်သလို၊ အဲလို မဆက်ဆံတတ်တဲ့ သူတွေကို မေတ္တာနဲ့ တုံ့ပြန်လိုက်ပါတဲ့...။

နောက်ဆုံး တခု ထပ်ပြောတာက... ဘ၀ဆိုတာ ` သင်ဘာလုပ်တယ် ဆိုတာရဲ့ ဆယ်ရာခိုင်နှုန်း ဖြစ်ပြီး၊ သင်ဘယ်လို လုပ်ခဲ့တယ် ဆိုတာက ကိုးဆယ် ရာခိုင်နှုန်း ဖြစ်နေလို့ပါ´…!!!

ကျမလည်း ကိုယ့်ကို ထိခိုက်မှု ဖြစ်စေမဲ့ အပြုအမူမျိုးတွေ ပြုလုပ်လာခဲ့ တာကို ကြုံလာခဲ့တဲ့ အခါမှာ အခုလိုမျိုး ပြုံးပြီး လက်ဝှေ့ ရမ်းပြ နိုင်ပြီလားလို့ တွေးမိနေတုန်း............

www.funzug.com မှဘာသာပြန်ဆိုသည်။

9 comments:

ရီမိုးပြည့်  said...

မှတ်သားစရာလေးပါ... ရီမိုးဆို အဲလိုမလုပ်နိုင်သေးပါဘူး။ ဒါပေမယ့် အခုဒီစာလေးကိုဖတ်ပြီး အဲလိုမျိုး ကြိုးစားပြီး နေထိုင်သွားဖို့  ဆုံးဖြတ်လိုက်ပါပြီ။

သိင်္ဂါကျော် said...

အရာရာတိုင်းကို အကောင်းမြင်ဝါဒနဲ့ အပြုံးမပျက်မြင်နိုင်ဖို့ ကြိုးစားရပါဦးမယ်..

မြစ်ကျိုးအင်း said...

ကြိုးစားယူရအုံးမှာပါပဲ
အပြုံးလေးနဲ့ ဆက်ဆံနိင်ခဲ့ရင်တော့ သေချာပါတယ် သာယာတဲ့ လူ့အဖွဲ့အစည်း ဖြစ်လာမှာပါ။

စာကောင်းလေးတပုဒ်ပါပဲ

~ဏီလင်းညို~ said...

သဒ္ဒါရေ...
သိပ်ကောင်းတဲ့ ပို့စ်လေးပါပဲ...။
တစ်ကယ်လိုက်နာကျင့်သုံးသင့်တယ်လို့ ထင်တယ်...။
ကျောင်းမှာတုန်းက ဆရာတစ်ယောက်ပြောခဲ့တဲ့စကားလေးနဲ့ ခပ်ဆင်ဆင်ပဲ...။ ဆရာပြောခဲ့တာက ခေါင်းထဲကို အမှိုက်တွေ မထည့်နဲ့..၊ ရွှေတွေ ကြိုးစားပြီး စုဆောင်းထည့်ပါတဲ့လေ....။
အဲ့ဒီလိုပဲ ကြိုးစားရဦးမှာပေါ့ဗျာ...။
ဖတ်ရလို့ ကျေးဇူး....။
ခင်မင်တဲ့
ဏီလင်းညို

sosegado said...

`ကိုယ့်ကို မှန်မှန်ကန်ကန် ဆက်ဆံတဲ့ သူတွေ အပေါ် ရင်းနှီး ဖေါ်ရွေပြ လိုက်သလို၊ အဲလို မဆက်ဆံတတ်တဲ့ သူတွေကို မေတ္တာနဲ့ တုံ့ပြန်လိုက်ပါတဲ့……အဲဒါတော့ဟုတ်ပါတယ်၊
ပြုံးပြီး လက်ဝှေ့ ရမ်းပြ တာတော့ သတိထားပါ၊ နောက်တဆင့်တက်ပြီး၊ မင်း ဘာ ပြုံးတာလဲ၊ မင်း ဘာ ရမ်းတာလဲ၊ လာ ကြမ်းနေပါဦးမယ်၊ ကြုံဘူးတဲ့ သူကပြောတာပါ၊
မေတ္တာပို့ တာပဲကောင်းတယ်ထင်ပါတယ်၊

Flower said...

ကိုယ့်ကိုကိုယ် အမှိုက်တွေနဲ့ မရောထွေးမိဖို့တော့
ကြိုးစားရပါဦးမယ်...
ကိုယ့်ရဲ့ အမှိုက်တွေကို ပါ တစ်ခြားလူဆီလွှင့်မပစ်မိဖို့ရောပေါ့
သူများအမှိုက် ကိုယ့်ဆီရောက်လာရင်လဲ ကိုယ့်မှာရှုပ်ထွေးရတာပါဘဲလေ..
အမှိုက်နဲ့ကင်းတဲ့နေရာမှာ နေချင်မိပါရဲ့.....

အင်ကြင်းသန့် said...

သဒ္ဓါရေ...မှတ်သားစရာပါပဲ...အင်ကြင်းက ဒေါသကြီးတတ်တဲ့သူ စိတ်ခံစားမှုကိုလည်း ဟန်ဆောင်မဖုံးကွယ်တတ်တဲ့သူဆိုတော့ ခက်သားလား...အခုတော့ ကြိုးစားပြီး တော်တော်ပြင်ယူနေပါတယ်...ပိုစ့်လေးအတွက် ကျေးဇူး သဒ္ဓါရေ

Ideal Idea said...

Great Post! I feel like reading more such a great idea. If so, let's identify who we are and what we are doing for at present.
Great!

မြသွေးနီ said...

ဒီပို့စ်လေးဖတ်ပြီး ကိုယ့်ကိုပြန်စမ်းစစ်မိတယ်။
မြသွေးနီ..သင်ရောမည်သို့နည်း..???
မြသွေးနီလည်း ကြိုးစားရပါဦးမယ် မသဒ္ဒါရေ ..။