Tuesday, December 29, 2009

ရေပူစမ်းသို့…

တက်ခဲ့ကြတဲ့ကျောက်တောင်ကြီး
ရေပူစမ်း(ကြက်ဥ၊ ငုံးဥပြုတ်လို့ရတဲ့နေရာလေး)
အလုပ်ပိတ်ရက်မှာ မိတ်ဆွေတွေနဲ့ (မယ်ကစာ)ရေပူစမ်းကို သွားဖြစ်ခဲ့တယ်။ ကျမတို့လည်း ရေပူစမ်း သွားချင်တာရယ် ကျောက်တောင်ကြီးပေါ် တက်ပြီး ဂူထဲ ၀င်ကြည့်ချင်တာရယ်ကြောင့်ပါ။ ရေပူစမ်းရဲ့ ဘေးနားမှာ ကျောက်တောင်ကြီး ရှိတယ်လေ။ အဲဒီကျောက်တောင်ပေါ် အဆုံးအထိ တက်သွားပြီးရင် ဂူပေါက်ကြီး ရှိတယ်။ ကျောက်တောင်ပေါ် အထိကိုပဲ တော်တော် တက်ကြရတယ်။ ကျမတို့လည်း ရေပူစမ်းမှာ ခနပဲနေပြီး ကျောက်တောင်ပေါ် ကိုတက်ခဲ့ကြတယ်။ နားနားပြီး တက်ရတာပေါ့။ ကျမတို့ တလမ်းလုံး စကားတွေ ပြောကြ၊ နောက်ပြောင် ကြနဲ့ပဲ တက်ခဲ့ကြတယ်။ လမ်းပြဌားထားတော့ လမ်းပြကပဲ နားကြပါ… အေးအေးဆေးဆေး တက်ပါတဲ့…….ကျမတို့ထဲက မိတ်ဆွေက လမ်းပြစိတ်ညစ်ပြီး ပြန်သွားရင် ဘယ်လို လုပ်မလဲတဲ့။ (နားကြတာ များနေလို့လေ………) မထင်လိုက်ပါနဲ့ သူပါရောပြီး ပျော်သွား လိမ့်မယ်လို့။ တောင်ပေါ်ကိုတက် နေရတာ ကလည်း ကျိုက်ထီးရိုးကို တက်နေ ရသလိုပဲလေ… (ကျိုက်ထီးရိုးအလွမ်းပြေပါပဲ)။ မောမောနဲ့ပဲတက် လိုက်ကြတာ အပေါ်ဆုံးကို ရောက်သွားပါတယ်။ အဲဒီမှာ ဂူပေါက်ဝက ဆီးကြိုနေတာပေါ့။ ဂူပေါက်ဝမှာ ခန အမော ဖြေကြပြီး လမ်းပြက ဂူထဲကို ၀င်ကြမယ်တဲ့… အဲဒီ ဂူပေါက်ထဲကို ၀င်သွားပြီးတော့မှ တောင်ရဲ့အောက်ဆုံး ထိ တဆင့်ပြီးတဆင့် ဆင်းသွားရတယ်။ တဆင့်ဆင်း သွားလိုက် ဂူဝအကျယ်ကြီး တွေ့လိုက်၊ နောက်တဆင့် ဆင်းသွားလိုက် ဂူပေါက်အကျယ်ကြီး တွေ့လိုက်နဲ့ အဆင့်အားလုံး ၉ဆင့်ကို ဆင်းသွားခဲ့ရတယ်။ အံ့သြစရာ ကောင်းတဲ့ သဘာဝ ကျောက်ဆောင်ကြီး တွေနဲ့ တလက်လက် ဖြစ်နေတဲ့ ကျောက်ဆွယ်တွေ ကျောက်စက်ရည် တွေနဲ့ တချို့ဂူပေါက်ဝ ကျတော့ တိမ်တိုက်တွေလို အဆုတ်လိုက် အဆုတ်လိုက်ကြီးတွေပေါ့။ တချို့ဂူပေါက် တွေမှာတော့ မီးလုံးတွေ ရှိတယ်… လမ်းပြဌားပြီး သွားခဲ့အတွက်တော့ သေသေချာချာ ကြည့်ခဲ့ရတယ်။ ဆင်းရတဲ့ လမ်းတွေက ချောပြီး တယောက်လက် တယောက်ကိုင်ပြီး ဆင်းရတယ်။

အောက်ဘက်ကိုထိုးကျနေတဲ့ကျောက်ဆွယ် ဂူထဲကကျောက်ဆွယ်ကြီး

ဂူဝတခုထဲကတလက်လက်ကျောက်ဆွယ်

ဂူနံရံတွေပေါ့

ပြီးတော့လည်း လမ်းတွေက တော်တော် ကြမ်းတယ်။ လမ်းပြက တဆင့်ပြီးတဆင့် ရောက်တိုင်း ဒါကတော့ ပထမဆင့်၊ ဒါကတော့ ဒုတိယအဆင့်နဲ့…….ပြောသွား လိုက်တာ ကျမတို့မှာ တဆင့်ပြီးတိုင်း တဆင့်ပြီးတိုင်း ရောက်တော့ မှာပါလား ဆိုပြီး ၀မ်းသာ နေလိုက်ကြတာများ… လမ်းခရီးကကြမ်း၊ မှောင်ကလည်း မှောင်နဲ့ ဓါတ်ပုံတွေ ကလည်း ရိုက်လိုက်နဲ့ စိတ်ရှည်တဲ့ လမ်းပြမို့လို့သာပဲ။ ကျမတို့လည်း ဒီလို နေရာမျိုးကို တခါမှ မရောက်ဖူးတော့ ပျော်လိုက်တာများ. လမ်းခရီး ကြမ်းတာတောင် ဘာမှ မဖြစ်သလိုမျိုး…. လမ်းပြ ကလည်း ကျမ တို့ကို ကြည့်ပြီးပြုံးလို့.. သူပါရောပြီး ပျော်နေတာ လို့ထင်ရတယ်… ဟိုးအောက်ဆုံး အဆင့်ရောက်တဲ့ အခါမှာတော့ ရေတွေနဲ့ ပြည့်နေတဲ့ အိုင်ကြီးပေါ့။ အဲဒီ ရေထဲမှာ အသည်းပုံ ရေအိုင်လေး တခုလည်းရှိတယ်။

ဂူရဲ့အောက်ဆုံးအဆင့်ကရေအိုင်မှာဒီလို အသည်းပုံ ရေအိုင်လေးရှိတယ်

ကျမတို့လည်း ရေထဲကို ဆင်းကြတာပေါ့… အဲဒီရေအိုင်မှာ ခနနေပြီးတော့မှ ပြန်တက် လာခဲ့ကြတယ်။ အတက် ခရီး မှာတော့ အဆင်းတုန်းကထက် ပိုမြန် နေတယ်လေ… သဘာဝကြီးရဲ့ ဆန်းကျယ်မှု ကိုတော့ အံ့အား သင့်မိတယ်။
တောင်အောက် ပြန်ဆင်းတော့ အတက် တုန်းကလို မမောတော့ပါဘူး။ ဆင်းတာများ မြန်လိုက်ကြတာ…. တချို့ကလည်း ရေပူကန်မှာ ရေကူးဖို့တာ ဆူနေလေရဲ့…. ကျမတို့လည်း ရေပူစမ်းပြန်ရောက်ပြီး မောမောနဲ့ နားနေ လိုက်တယ်… ရေလည်း မကူး နိုင်တော့ပါဘူး။ သူတို့တွေ ကူးကြတာကိုပဲ ကြည့်ပြီး နေလိုက်တော့တယ်။ ပြီးတော့မှ ကျမတို့လည်း ပြန်လာခဲ့ကြတယ်... အပြန် လမ်းခရီးမှာတော့ အသွားနဲ့မတူ အတွေးပေါင်း များစွာနဲ့ပေါ့... ရေပူစမ်း ကတော့ ဝေး၍..........ဝေး၍.................
(ပျော်ရွှင်စရာကောင်းတဲ့ နေ့ရက်လေးတခုဖြစ်ခဲ့ပါတယ်)

6 comments:

Anonymous said...

မရေ....
စာလာဖတ်တယ်
တခါမှမရောက်ဖူးပေမဲ့
သိခွင့်မြင်ခွင့်လေးရတာကျေးဇူးပါ

သဒ္ဓါလှိုင်း said...

ညီမလုံမလေးရေ..
လာအားပေးတာကျေးဇူးကမ္ဘာပါနော်.....

Flower said...

စိတ်ဝင်စားစရာကောင်းတယ်နော်.. ကိုယ်တိုင်ရောက်သွားသလိုဘဲ.. မရောက်ဖူးတဲ့ သူတွေအဖို့တော့ ဗဟုသုတရစရာပါ...ကျေးဇူးညီမရေ..
Happy New Year par naw.

Unknown said...
This comment has been removed by the author.
အင်ကြင်းသန့် said...

သဒ္ဓါရေ...
မရောက်ဖူးတဲ့နေရာက ဓါတ်ပုံလေးတွေကို အခုလိုမြင်ခွင့်ရလို့ ကျေးဇူးပါပဲ

ခင်တတ်တဲ့
အင်ကြင်း

တောက်ပကြယ်စင် said...

သဒ္ဓါရေ ကျောက်ကြီးတွေက ထူးထူးဆန်းဆန်းပဲနော် အဲဒီနေရာကို သွားလည်ချင်စိတ်တောင် ပေါက်သွားပြီ ရွှင်လန်းချမ်းမြေ့ပါစေ