Monday, December 21, 2009

၈၈မျိုးဆက်ကျောင်းသားခေါင်းဆောင် `ကိုကိုကြီး´ ရဲ့မွေးနေ့


ဒီဇင်ဘာ (၁၈)ရက် နေ့မှာ ကျရောက် ခဲ့တဲ့ ၈၈မျိုးဆက် ကျောင်းသား ခေါင်းဆောင် `ကိုကိုကြီး´ရဲ့ (၄ဂ)နှစ်မြောက် မွေးနေ့မှာ သူ့ကို ချစ်တဲ့ မိသားစု တွေနဲ့ နိုင်ငံတကာ က ရဲဘော် မိတ်ဆွေတွေ က ဆုမွန်ကောင်း တောင်းလိုက်ပါတယ်။ မွေးနေ့ရှင် ကတော့ မိသားစုတွေနဲ့ ဝေးရာ မိုင်းဆတ်ထောင် မှာ။ တိုင်းပြည် အပေါ်မှာ ကိုယ်ကျိုးစွန့် အနစ်နာ ခံပြီး သက်စွန့်စံဖျား တိုက်ပွဲဝင် နေတာဟာ နောက် မျိုးဆက်သစ် တွေ အနေနဲ့ အတုယူစရာ၊ ဂုဏ်ယူစရာ ဖြစ်ခဲ့ပါတယ်။


ကျောင်းသား ခေါင်းဆောင် `ကိုကိုကြီး´ ရဲ့ `နိုင်ငံရေး အကျဉ်းသား ဆိုတာ ဘာလဲ…ဘယ်သူ တွေလဲ…´နဲ့ အမေနဲ့ ပက်သက်ပြီး ကိုယ်တိုင် ရေးထားတဲ့ ၀တ္ထု`လားရာ´ဆိုတာ ကို ဒီလင့် မှာ ဖတ်ရှုနိုင် ပါတယ်။


(၄၈)နှစ်မြောက် မွေးနေ့မှ စပြီး အကျဉ်းထောင် မှ အမြန်ဆုံး ပြန်လည် လွတ်မြောက်ပြီး စိတ်ချမ်းသာ ကိုယ်ကျန်းမာ နဲ့ တိုင်းပြည် အကျိုးကို စိတ်ထဲမှာ ရှိတဲ့အတိုင်း လုပ်ဆောင် နိုင်ပါစေ။


တောင်းတဲ့ဆုနဲ့ အမြန်ဆုံး ပြည့်ဝ ရပါလို၏..........

No comments: