Friday, February 19, 2010

လွင့်မျောနေတဲ့ တိမ်နဲ့အတူ...

ကောင်းကင်ကို မော့ကြည့်လိုက်တော့ တိမ်တွေ က အလိပ်လိုက် ရွေ့လျားလို့ ဟိုဒီ ပြေးနေကြတယ်။ ကိုယ်နဲ့ နီးလာသလို… ဝေးကွာသွား သလို….. လူသတ္တ၀ါတွေ အားလုံးဟာလည်း ဒီကောင်းကင်ကြီးရဲ့ အောက်ထဲမှာပဲ ရှင်သန် ရပ်တည် နေကြတာပဲလေ….

ဒါဆို တမိုးအောက်ထဲပဲ လို့လည်း ပြောလို့ ရတာပေါ့။ ကိုယ်လည်း ဒီကောင်းကင်ကြီး တမိုးအောက်ထဲမှာ ရှိတဲ့ လူသားတွေထဲက လူသား တယောက်ပါပဲ။

ဒီတမိုးထဲ အောက်မှာပဲ လူသားတွေလည်း ၀ါဒတွေ မတူ၊ ဌါနတွေ မတူ၊ ယုံကြည်ချက်တွေ မတူ၊ သဘောထားတွေ မတူ၊ အမြင်တွေ မတူ နဲ့ အမျိုးမျိုး မတူတာတွေ ကြားထဲမှာ မွေးဖွား ကြီးပြင်း လာကြပြီး သက်ဝင် လှုပ်ရှား နေကြရတာပဲ…။

တချို့ လည်း တူရာ တူရာ တွဲကြ၊ တချို့ လည်း မတူတာတွေ ကြားထဲမှာ တူချင်ယောင်ဆောင် နေကြ၊ တချို့  ကလည်း မတူတာကို တူအောင် ညှိကြ နဲ့ပေါ့….။

လူတိုင်း လူတိုင်း လည်း မတူတာတွေ ကြားထဲမှာပဲ တတ်နိုင်သရွေ့  အစွမ်းကုန် တူအောင် ညှိယူဖို့ လုပ်ကြရတာပါ. တဘက်စွန်း မရောက်ဖို့ပဲ အရေးကြီးပါတယ်။ မိမိဘက်က တဘက်သတ် အတွေးနဲ့ တူအောင် လုပ်ယူဖို့လည်း မလွယ်ကူနိုင်ပါဘူး။ မိမိရဲ့ စိတ်ကသာ အဓိက ကျမှာပါ။ စိတ်ကသာ တူအောင် လုပ်ယူနိုင်မယ် ဆိုရင် လွယ်လွယ်ကူကူ ညှိနိုင်မယ်လို့ ယုံကြည်မိတယ်။

တချို့  ကျတော့လည်း ကိုယ်က ဒါဖြစ်လို့ သူလည်း ဒါဖြစ်ရမယ် ဆိုတဲ့ အစွဲအလမ်း ရှိတတ်ကြတယ်။ ဒါကတော့ မိမိရဲ့ အတ္တ ကို အခြေခံပြီး ဖြစ်သွားတတ်ကြတဲ့ စိတ်ပိုင်းဖြတ်မှု တခုပါပဲ။ မိမိရဲ့ အတ္တကို ရှေ့ တန်း မတင်မိဖို့ လိုပါတယ်။ မိမိရဲ့ အတ္တသာ ကြီးစိုး နေမယ် ဆိုရင် မတူတာတွေ……. မတူတာတွေကို……. တူအောင် ညှိယူဖို့ မဖြစ်နိုင် တော့ပါဘူး။

မဖြစ်နိုင်ပါဘူး…….. တူအောင် ညှိယူဖို့ မဖြစ်နိုင်တော့ ပါဘူး…….. ဆိုတဲ့ စိတ်အင်အား လျော့ စေတဲ့ အတွေးမျိုးတွေ မတွေးပဲ…


ဖြစ်ချင်တဲ့ စိတ်ဆန္ဒ ပြင်းပြမှု ရှိရင် မလုပ်နိုင်တာ… တူအောင် ညှိယူလို့ မရနိုင်ဘူး ဆိုတာတွေ မဖြစ်နိုင်ဘူးလို့ ယုံကြည်ချက် အပြည့်အ၀ထားရင် စိတ်ချမ်းသာ စရာကောင်းတဲ့ ဘ၀ တခုကို ပိုင်ဆိုင် နိုင်ကြမှာပါ…။

လူသားတွေလည်း တတ်နိုင် သမျှ တူအောင် ညှိယူနိုင်ကြ ပါစေလို့…..။

ကျမ လည်း မတူတာတွေထဲမှာ တူအောင် ရှာဖွေရင်းနဲ့ ရှင်သန် နေထိုင် ရအုံးမှာ……!!!!!

ကျမရဲ့  စိတ်တွေလည်း ကောင်းကင်ပေါ်က တိမ်တွေနဲ့ အတူ လွင့်မျောရင်း……..

ဟိုး… အဝေး နေရာဆီ …………………….!!!!!!

7 comments:

ဒဏ္ဍာရီ said...

သဒ္ဓါရေ.....တခါတလေမှာ လူတွေဟာ သဏ္ဍန်လုပ် သရုပ်ဆောင်နေကြရတာလေ။ ကိုယ်မယုံကြည်ပေမယ့် ပတ်ဝန်းကျင်နဲ့ အလိုက်အထိုက်နေရတယ် ဆိုသလိုပေါ့။ အလိုက် အထိုက်နေထိုင်းရင်း ဒီလိုပဲ ဘ၀ကို ရွက်လွှင့်နေကြရတယ် သဒ္ဓါရေ...။

ပိုစ့်လေးကတော့ အမြဲတမ်းတွေးစရာလေးတွေပဲနော်။

ခင်မင်လေးစားလျှက်

အဖြူရောင်နတ်သမီး said...

“ အတ္တသာ ကြီးစိုး နေမယ် ဆိုရင် မတူတာတွေ……. မတူတာတွေကို……. တူအောင် ညှိယူဖို့ မဖြစ်နိုင် တော့ပါဘူး။ ”

အဲဒီ“အတ္တ”..ဆိုတာကြီးကိုက ဖျောက်နိုင်ဖို့ တော်တော်ခက်နေတာ...

“စိတ်” ကိုထားတတ်အောင် ကြိုးစားရင်း...

ရွှင်လန်းချမ်းမြေ့ပါစေ...သဒ္ဓါရေ...

နွေဆူးလင်္ကာ said...

တိမ်တွေစီးပြီး ဘယ်သွားမလို့လဲဗျ။ ဦးမာဃကို တွေ့ရင် ပြောလိုက်ပါဦး။ သတိရတယ်လို့။

Flower said...

မတူတာတွေကို ညှိဖို့ မကြိုးစားတဲ့အတွက်
ပျက်စီးသွားတဲ့ ရလာဒ်တွေအများကြီးတွေ့ခဲ့ဖူးတယ်..
အတတ်နိုင်ဆုံး တူအောင်ကြိုးစားသင့်ကြတာပေါ့နော်
တွေးစရာလေးတွေ ပေးဝေတဲ့အတွက်
ကျေးဇူးသဒ္ဓါရေ..
တူအောင် ညှိဖို့ ကြိုးစားလိုက်ပါဦးမယ်

~ဏီလင်းညို~ said...

သဒ္ဒါရေ...
ကိုဏီလင်းကတော့ တူတာတွေ လိုက်မရှာချင်တော့ဘူးဗျာ...။
ရင်ဘတ်ချင်းတူသူတွေကိုတွေ့ဖို့က တစ်ကယ်တော့ ခဲယဉ်းလွန်းတယ်ဗျ...။ အဲ့ဒါကိုယ်တွေ့လေ....း)
ခင်မင်တဲ့
ဏီလင်းညို

ဆောင်းယွန်းလ said...

ညီမလေးရဲ့ စိတ်ကူးနဲ့အတွေးလေးကိုလာဖတ်သွားပါတယ်
တချို့ကျတော့လည်း မတူတာတွေကိုညှိနှိုင်းနေရင်းက
တူတာတွေတောင် မတူတော့ဘူးဖြစ်ဖြစ်သွားတတ်လေတယ် ညီမလေးရေ
တကယ်တော့ လူသာလျှင်အဓိကကျပါတယ်လေ

ပျော်ရွှင်နိုင်ပါစေ

အင်ကြင်းသန့် said...

ဟင်းးးးးးးးးးး.....သဒ္ဓါရေ...အရာရာကို ကိုယ့်စိတ်တိုင်းကျဖြစ်ဖို့ တူတာတွေဖြစ်လာအောင်ညှိယူဖို့ဆိုတာ ပင်ပန်းလွန်းအားကြီးလှတယ်လို့ အင်ကြင်းတော့ထင်တယ်...ကိုယ့်ကိုကိုယ်တောင် တစ်ခါတစ်လေကျ စိတ်တိုင်းမကျတာတွေကအများသား...အဲဒီတော့လည်း ညှိမနေချင်တော့ပါဘူး...ဒီလိုပဲ လိုက်လျောညီထွေနဲ့ အားလုံးကိုအကုန်မဟုတ်တောင် အနည်းငယ်ပဲဖြစ်ဖြစ်ပေါ့နားလည်ပေးနိုင်ဖို့ကြိုးစားရင်းပေါ့....