Thursday, January 28, 2010

မနက်ဖန်ဆိုတာ သိပ်ကို နောက်ကျသွားနိုင်တယ်

မင်းဟာ တယောက်ယောက် နဲ့ စိတ်ဆိုးခဲ့မယ် ဆိုရင်…. အဲဒီ အနေအထား ကို ဘယ်သူမှ မပြင်ကြပါဘူး။ မင်းက ပြင်လိုက်ပါ။ ဒီနေ့ ပြင်လိုက်ရင် သူဟာ မင်းရဲ့ သူငယ်ချင်း ဖြစ်ချင် ဖြစ်သွားမှာပါ။ အဲလိုမှ မလုပ်ခဲ့ရင် မနက်ဖန် ဆိုတာ သိပ်ကို နောက်ကျ သွားနိုင်ပါတယ်။

သင်ဟာ တယောက်ယောက် ကို ချစ်ကြိုက် နေတယ် ဆိုရင်……. ဒါပေမဲ့ သူ့ကို ချစ်နေတာကို မသိဘူး ဆိုရင်……. သူ့ကို သိအောင် ပြောပြလိုက်ပါ။ ဒီနေ့ သူ့ကို ချစ်တယ်လို့ ပြောဖို့ ဖြစ်နိုင်စရာ ရှိပါတယ်။ ချစ်တယ်လို့ မပြောဖြစ်ခဲ့ရင် မနက်ဖန် ဆိုတာ သိပ်ကို နောက်ကျ သွားနိုင်ပါတယ်။

သင်ဟာ သင့်ကို မေ့မေ့ လျော့လျော့ ဖြစ်နေတဲ့ သူကို ချစ်ကြိုက် နေတယ် ဆိုရင်……. သူ့ကို ထုတ်ပြော လိုက်ပါ။

သူဟာ သင့်ကို ချစ်သွားနိုင်ပါတယ်။ ဒီနေ့ ဖွင့်မပြောဖြစ်ခဲ့ရင် မနက်ဖန် ဆိုတာ သိပ်ကို နောက်ကျ သွားနိုင်ပါတယ်။

သူငယ်ချင်း ကို ပွေ့ဖက်ဖို့ လိုအပ်ခဲ့ရင်……. သူငယ်ချင်းကို ပွေ့ဖက်ချင်တဲ့ အကြောင်း မေတ္တာရပ်ခံ တောင်းဆိုပါ။

သူတို့ဟာ သင်လုပ်တာထက် ပိုပြီး ရင်းနှီးဖို့ လိုအပ်ချင် လိုအပ် နေမှာပါ။ ဒီနေ့ သင် ပွေ့ဖက်ဖို့ မတောင်းဆိုခဲ့ရင် မနက်ဖန် ဆိုတာ သိပ်ကို နောက်ကျ သွားနိုင်ပါတယ်။

ကျေးဇူး ရှိတဲ့ သူငယ်ချင်းတွေ ရှိခဲ့ရင်…. ကျေးဇူးတင်ကြောင်း ပြောပြပါ။ သူတို့ကလည်း သင့်ကို ကောင်းကောင်း ကျေးဇူးတင်မှာပါ။ အဲလိုမှ မလုပ်ခဲ့ရင် သူတို့ ဒီနေ့ အဝေးကို ထွက်သွားမယ်ဆို မနက်ဖန် ဆိုတာ သိပ်ကို နောက်ကျ သွားနိုင်ပါတယ်။

သင်ဟာ သင့်မိဘ တွေကို ချစ်ရင်... သင့်မိဘတွေ ကို ချစ်ကြောင်း ပြသပါ။ ပြသဖို့ အခွင့်အရေး မရှိခဲ့ဘူး ဆိုရင်… အခွင့်အရေး ရှိအောင် လုပ်ပါ။ သင့်ရဲ့  မိဘတွေကို ပြဖို့ သင့်မှာ ခံစားချက် ရှိချင် ရှိနိုင်ပါတယ်။ အဲလိုမှ မပြခဲ့ရင် ဒါမှမဟုတ် ဒီနေ့ သင့်မိဘ တွေ ထွက်သွားခဲ့ရင် မနက်ဖန် ဆိုတာ သိပ်ကို နောက်ကျ သွားနိုင်ပါတယ်။

`ဒီနေ့ လုပ်ရမဲ့ အလုပ်ကို မနက်ဖန်ကို မရွှေ့ ပါနဲ့တဲ့´ ။

ဒါကြောင့် ဒီနေ့ လုပ်နိုင်တဲ့ အလုပ်ကို အခုပဲ လုပ်လိုက်တာ အကောင်းဆုံး လို့ ထင်မိပါတယ်။ အချိန် ရွှေ့ လိုက် ရင် ပြောင်းလဲ သွားနိုင် တယ်လေ။ တချို့ လုပ်ရမဲ့ အလုပ်တွေ ဟာ မနက်ဖန်ကို ရွှေ့ လိုက်လို့ မလိုလားတဲ့ ဆုံးရှုံးမှု တွေ ရသွား တတ်ကြတယ်။ ဘယ်အရာ မဆို မနက်ဖန် ဆိုတာကို ရွှေ့ မနေပဲ ဒီနေ့ပဲ လုပ်လိုက်တာ ကောင်းပါတယ်။ တချို့  အရေးတကြီး ပြောရမဲ့ စကားတွေ ကလည်း မနက်ဖန် ကို ရွှေ့လိုက်တဲ့ အတွက် စိတ်ဒဏ်ရာ၊ အနာတရ တွေ ဖြစ်သွားနိုင်ပါတယ်။

မနက်ဖန် ဆိုတာ ကို မရွှေ့ပဲ ဒီနေ့ပဲ ပြောသင့်တာတွေ ၊ လုပ်သင့်တာတွေ ကို တွေဝေ မနေပဲ စိတ်အား ထက်ထက် သန်သန်နဲ့ ပြောဆို လုပ်ကိုင် နိုင်ပြီး အောင်မြင်မှု တွေနဲ့ ပျော်ရွှင်မှု ပန်းတိုင်ကို လျှောက်လှမ်း နိုင်ကြပါစေနော်..........။
www.funzug.com မှ ဘာသာပြန်သည်။

5 comments:

ဒဏ္ဍာရီ said...

အချိန်ရဲ့ တန်ဘိုးဆိုတာ ဒါမျိုးကို ပြောတာဖြစ်မယ်နော် သဒ္ဓါ...။
မှတ်သားစရာပေါ့.။

ခင်မင်လေးစားလျှက်

~ဏီလင်းညို~ said...

သဒ္ဒါရေ...
ဟုတ်တယ်နော်...အချိန်ဆွဲခြင်းဟာ...အကျိုးမဖြစ်စေတတ်ဘူးနော်ဗျ...။
အားပေးလျှက်ပါနော်ဗျ....။
ခင်မင်တတ်တဲ့
ဏီလင်းညို

နွေဆူးလင်္ကာ said...

မနက်ဖန်ဆိုတာ သိပ်ကို နောက်ကျသွားနိုင်လို့ ဒီနေ့ပဲ လာဖတ်လိုက်ပါတယ်နော်။

အင်ကြင်းသန့် said...
This comment has been removed by the author.
အင်ကြင်းသန့် said...

သဒ္ဓါရေ...
ပြောပြမှ သိမယ်ဆိုရင်တော့လည်း မပြောချင်တော့ပါဘူး
တကယ်နားလည်မှုရှိတဲ့သူတွေဆိုတာက ပြောစရာမလိုပဲနဲ့ကို သိနေတာမျိုးလေ...

ဒီပိုစ့်လေးကလည်းမှတ်သားထားစရာပါပဲ

(အခုနကွန်မန့်ပေးတာစာလုံးပေါင်းအမှားပါသွားလို့ ဖျက်လိုက်ပြီး အသစ်ပြန်ရေးပေးတာ :)

ခင်တဲ့
အင်ကြင်း