Wednesday, January 13, 2010

သဘောထား ကွဲလွဲမှုကို ဘယ်လို ဖြေရှင်းကြမလဲ…

မိတ်ဆွေ သူငယ်ချင်း အချင်းချင်း သဘောထား ကွဲလွဲလာရင် ဘယ်လို ပြန်လည် ဖြေရှင်း ကြမလဲ...။

သူငယ်ချင်း အချင်းချင်း ခိုက်ရန်ဒေါသ ဖြစ်ခြင်းဟာ လူတိုင်းလူတိုင်း အတွက် ကောင်းတဲ့ လုပ်ရပ်တခု မဟုတ်ပါဘူး။ မရည်ရွယ်ပဲ ပြောလိုက်တဲ့ စကားတခွန်းဟာ တခြားသူမှာ စိတ်ဒဏ်ရာ ရသွားစေနိုင်ပါတယ်။ တခါတရံမှာတော့ ကျမ တို့တွေ ဟာ မှားတာကို ၀န်မခံချင် ကြပါဘူး။ တောင်းပန်ဖို့လည်း မလုပ်ချင် ကြပါဘူး။ သဘောထား ကွဲလွဲပြီးရင် ပြန်ပြုပြင်လို့ မရဘူး၊ ပြန်ဖြေရှင်းလို့ မရဘူးလို့ ထင်ကြပါတယ်။

သူငယ်ချင်း မိတ်ဆွေတွေ ကြားမှာ သဘောထား ကွဲလွဲမှု၊ ပဋိပက္ခ ဖြစ်လာရင် ပြန်ဖြေရှင်းဖို့ နည်းလမ်းတွေ ရှိပါတယ်။ အဲဒီ နည်းလမ်းတွေ ကတော့ အောက်မှာ ပြောထားပါတယ်…။

အဆင့်(၁)
ငြိမ်ငြိမ် နေပေးပါ။ စိတ်လှုပ်ရှား ထိခိုက်မှု များလာတဲ့ အခါ အကျိုးသင့် အကြောင်းသင့် မစဉ်းစားနိုင်တော့ပါဘူး။ နောက်တဖန် ပဋိပက္ခ ဖြစ်စရာ မစဉ်းစားပဲ ငြိမ်ငြိမ် နေလိုက်ပါ။

အဆင့်(၂)
တယောက်နဲ့ တယောက် လေးစားမှု ရှိပါ။ လေးစားမှု မရှိခဲ့ရင် ပဋိပက္ခကို အခင်အမင် မပျက် ပြန်ဖြေရှင်းနိုင်ဖို့ အလားအလာ မရှိတော့ပါဘူး။

အဆင့်(၃)
တယောက်နဲ့ တယောက် အသိအမှတ် ပြုပါ။ သိပ်ပြီး စိတ်လှုပ်ရှား၊ ဒေါသ ဖြစ်လာတဲ့ အခါမှာတော့ ရှောင်ထွက် သွားလိုက်ပါ။

အဆင့်(၄)
တယောက်နဲ့ တယောက် အချိန် တခု ပေးပါ။ စိတ်ပြင်းထန်မှု လျော့ပါးတဲ့ အချိန်ဟာ ဆင်ခြင်တုံ ရှိတဲ့ အပြုအမူ တခု ပြီးမြောက်ဖို့ အတွက် ကူညီပါလိမ့်မယ်။

အဆင့်(၅)
တယောက်ရဲ့ အချိန်ကို အခြား တယောက်က လေးစားပါ။ တယောက် အသိအမှတ် ပြုခြင်းကို တယောက်က လေးစားပါ။ လူတိုင်း လူတိုင်းဟာ မတူညီ နိုင်ပါဘူး။ ပဋိပက္ခ တခုကို ဖြေရှင်းဖို့ အဆင်သင့် မဖြစ်ခင် မင်းရဲ့ သူငယ်ချင်းက ရက်သတ္တပတ် လိုအပ်ချင် လိုအပ်မယ်။ မင်းကတော့ တရက်ပဲ လိုချင်လိုမှာပါ။ ဒါကြောင့် သူလိုအပ်မဲ့ အချိန်တခုကို ပေးလိုက်ပါ။

အဆင့်(၆)
ဆက်ဆံမှု ပြေပြစ်အောင် နေပါ။ စကားပြော နည်းခြင်းကလည်း ဆိုးတဲ့ ကိစ္စ တခု ဖြစ်ပါတယ်။ အခါအားလျော်စွာ သူနဲ့ ပက်သက်ပြီး သူ့ကို ဂရုစိုက်တဲ့ အကြောင်း သူသိအောင် ဆက်သွယ် ပြောဆိုပေးပါ။

အဆင့်(၇)
ကောင်းမွန်စွာ နားထောင်ပေးပါ။ စူးစူးစိုက်စိုက် နားထောင်ပေးပါ။ သဘောထားကြီးစွာနဲ့ သူ့ရဲ့ အမြင်ကို အာရုံစိုက် နားထောင် ပေးပါ။

အဆင့်(၈)
မင်းပြောမဲ့ စကားလုံးတွေကို ချင့်ချင့်ချိန်ချိန် စဉ်းစားပြီးမှ ရွေးချယ်ပါ။ `မင်းက ဘယ်တော့မှ……….´၊ `မင်းက အမြဲတမ်း…………´၊ `မင်း ဘာဖြစ်လို့……………´ ဆိုတဲ့ ပြစ်တင်သံ ပါတဲ့ စကားလုံးမျိုးကို မပြောမိအောင် ရှောင်ကြဉ်ပါ။

အဆင့်(၉)
`ဒါပေမဲ့…….´ ဆိုတာ မပါ ပါစေနဲ့။ ` ဟုတ်တယ်………..ဒါပေမဲ့´ ဆိုတဲ့ စကားလုံးကို မပြောမိ ပါနဲ့။ အဲလို စကားလုံး တွေဟာ နောက်ဆုံးမှာ စိတ်နာကျင်မှု ကို ဖြစ်စေနိုင်ပါတယ်။ `ငါ နားလည်ပါတယ်……………ဒါပေမဲ့´ ဆိုတာလည်း မပြောမိပါနဲ့။

အဆင့်(၁၀)
ပြီးတာ ပြီးပါစေ။ အခြေခံ တူညီမှု မတွေ့ရင်၊ သဘောထား တိုက်ဆိုင်သည် ဖြစ်စေ မတိုက်ဆိုင်သည် ဖြစ်စေ၊ ပြီးတာ ပြီးပါစေ။ အဲလိုမျိုး မလုပ်နိုင်ခဲ့ရင်တော့ သဘောထား ကွဲလွဲမှု၊ ပဋိပက္ခ ကို ဖြေရှင်းလာနိုင်မှာ မဟုတ်ပါဘူး။

သူငယ်ချင်း မိတ်ဆွေ ချစ်သူ ခင်သူတွေလည်း တခါမဟုတ် တခါတော့ သဘောထား ကွဲလွဲမှု လေးတွေလည်း ရှိကြမှာပါ။ အဲဒီအခါ ဘယ်လို ပြန်ဖြေရှင်းမလဲ ဆိုတာက အရေးကြီးပါတယ်။ ဖြေရှင်းတာ အဆင်မပြေရင်လည်း တယောက်နဲ့ တယောက် ဆက်ဆံဖို့ ခက်သွားပါပြီ…။ ဖြေရှင်းတဲ့အခါမှာ အတတ်နိုင်ဆုံး ကိုယ့်ဘက်က နားလည်မှု ပေးဖို့ လိုအပ်ပါတယ်။ တခြားတယောက်ကို နားလည်မှု ပေးလိုက်တာဟာ ပဋိပက္ခ ဖြစ်တာကို ပြန်ပြီး ဖြေရှင်း သွားနိုင်မှာပါ။ အတတ်နိုင်ဆုံးတော့ တယောက်နဲ့ တယောက် ပဋိပက္ခ မဖြစ်တာ အကောင်းဆုံးပေါ့။ ဖြစ်လာခဲ့ရင်လည်း အကောင်းဆုံး ပြန်ဖြေရှင်းနိုင်ကြပါစေ………..။
http://www.funzug.com/index.php/relationships/how-to-resolve-conflicts-with-friends.html မှ ဘာသာပြန်သည်။

3 comments:

ဒဏ္ဍာရီ said...

ညီမလေးရေ... အားလုံးကို ချစ်ခြင်းမေတ္တာ၊ သည်းခံခွင့်လွှတ်ခြင်းတွေနဲ့ ဖြေရှင်းနိုင်ကြရင် အကောင်းဆုံးပေါ့နော်။

ခင်မင်လေးစားလျှက်

Wai Phyo said...

အင်း သူငယ်ချင်း မိတ်ဆွေ တွေ ဆိုတော့ အချင်းချင်း ခွင့်လွတ်ပေးရမှာပေါ့နော် အမ

Rakhine09 said...

(စိတ်ဆိုးစဉ်..စကားမပြောပါနဲ့)တဲ့..မပြောပြန်
်တော့လည်း(တိတ်ဆိတ်နေခြင်းဟာ.၀န်ခံခြင်းပဲ)တဲ့...ပုထုစဉ်တွေဆိုတော့လည်း..လျှပ်တပျက်
်ဒေါသဆိုတာကထိန်းရကခက်ခက်..
သြော်နောက်ဆုံးတော့လည်း(ခွင့်လွှတ်စိတ်မ
ထားနိုင်သရွေ့..နာကျည်းမှုများကြီးမားနေမည်)ပေါ့..ဒီတော့.....