Tuesday, January 12, 2010

အနိုင်ရဖို့ အားမထုတ်ပါနဲ့….

အမြဲတမ်း ရင်းနှီးချစ်ခင်မှု ရချင်ရင် အနိုင်ရဖို့ချည်း အားမထုတ်ပါနဲ့………။

ချစ်သူ စုံတွဲတွေမှာတောင် မင်္ဂလာဆောင် လက်တွဲကြပြီးရင် ဆက်ဆံရေးတွေ လျော့ကျသွားတတ်ကြတယ်တဲ့။ ဘာကြောင့်လဲဆိုတော့ တဦးအပေါ် တဦးလွှမ်းမိုးဖို့ ကြိုးစားရင်း၊ တောင်းဆိုချက်တွေ အလွံအကျွံ တောင်းကြရင်းပေါ့။ သူတို့ ချစ်သူတွေရဲ့ အကျင့်ဆိုးလေးတွေကို အချစ်နဲ့ အရာရာ ပြင်ဆင် သွားနိုင်မယ်လို့ ထင်နေကြတယ်။ အမှန်တကယ်မှာတော့ အဲလို မဟုတ်ခဲ့ကြပါဘူးတဲ့…….။

အဲဒီ အယူအဆက တရုတ် စကားပုံ က လာတာပါ………….။ စကားပုံက......
`တောင်ကြီးတွေ၊ မြစ်ကြီး တွေကိုသာ လိုသလို ပြုပြင်လို့ ရချင်ရမယ်……..လူတွေရဲ့စရိုက် ကိုတော့ ကိုယ် လိုချင်တဲ့ ပုံစံဖြစ်အောင် ပြုပြင် ပုံသွင်းဖို့ မလွယ်ကူ ပါဘူးတဲ့…..´

ချစ်သူကို ကိုယ်လိုချင်သလို ပြောင်းလဲပုံသွင်းဖို့ အရမ်းမျှော်လင့်ပြီး ကြိုးစားနေတယ်ဆိုရင် စိတ်မချမ်းသာစရာ တွေ၊ စိတ်ပျက်စရာတွေ ကြုံတွေ့ လာရလိမ့်မယ်။

မျှော်လင့်ချက် နဲနဲနဲ့ ဖြည်းဖြည်းချင်း ပြင်ယူသွားမယ် ဆိုရင် ကိုယ်ဖြစ်ချင်တာတွေ ရလာ နိုင်ပါတယ်........။

တယောက်နဲ့တယောက် အမြဲရင်းနှီးချစ်ခင်နေဖို့ တပါးသောသူကို လွှမ်းမိုးအနိုင်ယူဖို့ မပြုလုပ်မိရင် အကောင်းဆုံးလို့ ထင်မိပါတယ်။ အနိုင်ယူချင်စိတ် များနေရင် တဘက်ကလည်း တဖြည်းဖြည်း စိတ်ပျက် သွားမိပါလိမ့်မယ်။ ဒါကြောင့် တခြားတယောက်အပေါ် တတ်နိုင်သမျှ အနိုင်ယူလို စိတ်မထားမိဖို့ အမြဲ ဆင်ခြင်သင့်တယ်လို့ ထင်ပါတယ်…….

http://www.funzug.com/index.php/relationships/trust-is-important-for-every-relationship.html မှကိုးကားရေးသားသည်။

1 comment:

poemflower said...

အနိုင်ရဖို့ အားမထုတ်ပါနဲ့တဲ့
လူ၁ ယောက်ကိုနိုင်ရင်ကိုယ့်ကို ၁၀ယောက်ကပြန်နိုင်တယ်လို့ကြားဖူးပါတယ်...