Monday, March 8, 2010

ရင်ခုန်ခဲ့ရတဲ့ အကယ်ဒမီ

အော်စကာ ဆုပေးပွဲကို ရင်ခုန်စွာနဲ့ ကြည့်ရှုလို့ ပြီးသွားပါပြီ…….။

Burma VJ ……….




ကိုယ့်နိုင်ငံရဲ့ အရေးကြီးလှတဲ့ ကားတကားလည်း ဖြစ်တာမို့ ရစေချင်ခဲ့တာပါ။ ဇကာတင်မှာ ပါတယ်ဆိုကတည်းက ရင်ခုန်ခဲ့ရပြီး ရမယ်လို့လည်း မျှော်လင့်ခဲ့တာပါ။

ဒီကားသာ ရမယ်ဆို ကိုယ့်နိုင်ငံ အကြောင်း၊ အဖြစ်အပျက်တွေကို… မသိသေးတဲ့ တော်တော်များများ နိုင်ငံတွေ၊ မသိသေးတဲ့ သူတွေဟာ အများကြီး သိလာနိုင်တယ်။ အဲဒီအတွက် ကျမတို့ နိုင်ငံမှာ တခုခု အကျိုးရှိလာမယ်လို့လည်း ထင်မိတယ်လေ..။

ကျမလည်း Burma VJ မရတာနဲ့ စိတ်မကောင်းဖြစ်ပြီး တခြား ဆုတွေတောင် ကြည့်ဖို့ အားမရှိ ဖြစ်သွားတယ်…။

အော်…
ဆုမရပေမဲ့လည်း ဇကာတင်ထဲမှာ ပါခဲ့တဲ့ အတွက် နိုင်ငံ တော်တော်များများက လူတွေ သိသွားနိုင်လိမ့်မယ်လို့လည်း မျှော်လင့်မိပါတယ်..။ အဲဒီအတွက်တော့ ၀မ်းသာ ဂုဏ်ယူမိပါတယ်..။

မျှော်လင့်ထားတဲ့ ဆုနဲ့ လွဲခဲ့ရပေမဲ့ တကမ္ဘာလုံးက သူတွေ တော်တော်များများ Burma VJ ဇာတ်ကားဆိုတာ ဘာကို ရိုက်ထားတာလဲ… ဘယ်လို အကြောင်းကို ရိုက်ထားတာလဲ… ဆိုတာ ကို သိသွားနိုင်မှာပါ…။

အဲဒီအတွက်တော့…….

10 comments:

ဒဏ္ဍာရီ said...

ဘယ်တုန်းကတည်းက ထိုင်စောင့်ပြီး ရေးလိုက်တာလဲ မသိဘူး။း)
မနွယ်လည်း အခုမှ ကြည့်ပြီးလို့ ဟင်းချက်မလို ထလိုက်တာ ပိုစ့်က တက်တောင်လာပြီ။ သဒ္ဓါတို့ လက်သွက်ချက်ကတော့နော်။ ဟုတ်တယ် မနွယ်လည်း အဲလိုပဲ တွေးပြီး ရှာကျန်ဂုဏ်ယူလိုက်ပါတယ်။

ခင်မင်လေးစားလျှက်

ဂျူနို said...

ဒီလို ခက်ခက်ခဲခဲ အကျပ်အတည်း အပစ်အခတ်ကြားက ရိုက်ခဲ့တဲ့ ကား အော်စကာ စကာတင်ပါခဲ့တယ် ဆိုတာကိုးက တော်ရုံအောင်မြင်မှု မဟုတ်တော့ပါဘူး။



မအယ်

Anonymous said...

နိုင်ငံတကာအဆင့်ကဒီလောက်နဲ့ မရဘူးလေ

~ဏီလင်းညို~ said...

သဒ္ဒါရေ.......
ကိုဏီတို့များ...သိတောင်မသိပေါင်ဗျာ.....အဟီးးး
ဘာပဲဖြစ်ဖြစ် ဇကာတင်တယ်ဆိုတော့ ၀မ်းသာစရာပေါ့နော့်........း))
ခင်မင်တဲ့
ဏီလင်းညို

အင်ကြင်းသန့် said...

အင်ကြင်းလည်း အဲဒီကားကို ရစေချင်တာ သဒ္ဓါရေ...ဒါပေမယ့်လည်း အခုတော့ သဒ္ဓါပြောသလိုပဲ ဂုဏ်ယူရတော့မှာပေါ့...

ခင်တဲ့
အင်ကြင်း

Flower said...

မကြည့်ဖြစ်သေးဘူး
ဒီမှာတော့ ရှာလို့ခက်မယ်ထင်တယ်..
မကြည့်ရသေးတော့ ဝေဖန်ချက် မပေးတတ်သေးဘူးသဒ္ဓါရေ...

မြစ်ကျိုးအင်း said...

ကိုယ့်နိင်ငံနဲ့ပါတ်သတ်ရင် ဘာလေးပဲ ဖြစ်ဖြစ် အမြင့်ဆုံးရချင်တာပါပဲ။ စကာတင် အဆင့်ဆိုရင်ပဲ တော်တော်များများ သိသွားကြပါပြီ။ ပြည်တွင်းကသူတွေသာ မသိနိင်တာ ။

Anonymous said...

ဟုတ်တယ်နော် မမ သမီးလည်းရစေချင်နေတာ
မရဘူး သမီးတို့ဆီက ရွှေဝါရောင် ကိုယ်တော်တွေတောင် ဒီပွဲတက်လိုက်ကြတယ်

Anonymous said...

အပေါ်ကရေးတာ ရုံလေး(မြူးသျှရီ) ပါ

ဝက်ဝံလေး said...

ပထမဆုံး (မအယ်အောက်က) အမည်မသိက ဘယ်သူပါလဲ
ခင်ဗျားရော ဒီလို မျိုး ရိုက်နိုင်လို့လား ???????????
ဘယ်လောက်ခက်ခက်ခဲခဲရိုက်ထားရလဲ မိသွားရင် ဘာဖြစ်နိုင်လဲ ဆိုတာ သိရဲ့သားနဲ့ ဗျာာာ
ကျုပ်တောင် အဲဒီ ကား ကြည့်ပြီး ရင်ခုန်နေတာ တလှပ်လှပ်နဲ့

-----

မ ရေ အဲဒီ ကား တကယ့်ကို ကောင်းတယ် သမီးဆိုလေ ကြည့်ပြီး ရင်တထိတ်ထိတ်နဲ့ ဆုနဲ့လွဲသွားတာ နာတယ်နော် အေးလေ ဘာပဲဖြစ်ဖြစ် ဇကာ တင်တယ်ဆိုတော့လဲ အဲလိုပဲ အကောင်းဖက်တွေးရမှာပေါ့နော်