Monday, March 15, 2010

အရှုံး၏ ဖြစ်တည်မှု

လောကကြီးမှာ အရှုံးဆိုတာကို ကြောက်ကြတဲ့သူ၊ မတွေ့ချင်တဲ့သူ၊ ရင်မဆိုင်ချင်တဲ့သူ၊ မလိုချင်တဲ့သူ၊ လက်မခံချင်တဲ့သူ ..!!!!! အရှုံးထဲက ရုန်းထွက်ခဲ့တဲ့သူ….! တွေ…ပါပဲ..။

အရှုံးကို လူသားတိုင်း မတောင့်တကြ…။

မတောင့်တပေမဲ့လည်း မိမိရဲ့ သဘောသဘာဝအရ ကြောင့်ပဲဖြစ်ဖြစ်၊ တပါးသူရဲ့ ပယောဂ ကြောင့်ပဲဖြစ်ဖြစ် အရှုံးဆိုတာ ဖြစ်ပေါ်တတ်လေတော့ လူသားတွေ အတွက် လက်ခံရ ခက်ခဲတဲ့ အရာတခု ဖြစ်ခဲ့ပေါ့….။

အရှုံးဆိုတာမှာလည်း အမျိုးမျိုး ရှိကြတာပဲကိုး…။ ကိုယ့်ပညတ်ချက်နဲ့ကိုယ် အဓိပ္ပါယ်ဖွင့်၊ ခေါင်းစဉ်တွေ ဖွင့်လို့ မတူညီတဲ့ ခေါင်းစဉ်တခုအောက်မှာ ရှုံးခြင်း၊ နိုင်ခြင်း ဆိုတာ ကွဲလွဲကြလေတော့ ပုံသဏ္ဍန်လည်း မတူညီ…၊ ခံစားချက်လည်း မတူညီ…၊ အတိုင်းအဆလည်း မတူညီ…၊ အဖြစ်အပျက်ခြင်း မတူညီ…၊ ပြင်းထန်ပုံခြင်းလည်း မတူညီ..၊ လက်ခံပုံခြင်းလည်း မတူညီ နိုင်ကြ…..

ဆိုတော့…..

ပြန်လို့ ကြိုးစားတည်ဆောက် ကြတာမှာလည်း မတူညီနိုင်ဘူးလေ..။

အရေးကြီးတာကတော့ ရှုံးပြီးတဲ့သူဟာ ပြန်လို့ တည့်မတ်နိုင်အောင် ကြိုးစားကြရမှာပေါ့။ ဘ၀မှာ လဲကျဖူးတဲ့သူ၊ ကျရှုံးဖူးတဲ့သူတော့ ရှိကြမှာပါ။ ဒါပေမဲ့ ကျရှုံးပြီးရင်..၊ လဲကျပြီးရင်သာ ပြန်ထူနိုင်အောင်..၊ ပြန်အောင်မြင်နိုင်အောင် ကြိုးစားရမှာပါ။


ကျမ အပါအ၀င် အရှုံးကို မလိုချင်တဲ့ သူတွေဟာ အမြဲ မဟုတ်ခဲ့တာတောင် တခါတော့ အရှုံးနဲ့ ကြုံဖူးခဲ့ကြမှာပါလေ….။ ကြုံလာခဲ့ရတဲ့ အရှုံးကို ဘာကြောင့်ဆိုတာ ဝေခွဲပိုင်းခြားပြီး အသင့်တော်ဆုံး နဲ့ အောင်မြင်အောင် လုပ်ဖို့ပါပဲ..။

တခါတရံတော့လည်း ကိုယ်ကိုယ်တိုင် အရှုံးလို့ ထင်တာတွေဟာ တကယ်တော့ မရှုံးဘူးဆိုတာ တွေ့မြင်ချင်မှ တွေ့နိုင်မှာပါ။ ကိုယ်ကိုယ်တိုင် အောင်မြင်နေပါတယ်..၊ အရှုံးမဟုတ်ပါဘူး… နိုင်နေပါတယ်လို့ ထင်နေတာတွေက ရှုံးနေတာ ဖြစ်ချင်ဖြစ်နေလိမ့်မယ်…။

ဒါပေမဲ့လည်း ကိုယ်အနိုင်ရချင်တဲ့ ကိစ္စတရပ်ဟာ တခြား လူတယောက်မှာ အရှုံးဖြစ်ချင်ဖြစ် သွားလိမ့်မယ်။ အဓိက အရေးကြီးတာက ကိုယ့်ကြောင့်…၊ ကိုယ့်ရဲ့လုပ်ရပ်ကြောင့်…၊ ကိုယ့်ရဲ့ အပြုအမူကြောင့်…၊ ကိုယ့်ခံစားချက် အတွက်ကြောင့်…၊ ကိုယ်လိုချင်တာ တခု အတွက်ကြောင့်…၊ ကိုယ့်ရဲ့ လောဘကြောင့်…၊ ကိုယ့်ရဲ့ မလိုလားအပ်တဲ့ ဒေါသကြောင့်…၊ တခြား သူတယောက် မရှုံးသွားဖို့ပဲ လိုမယ်လေ..။

လူတယောက်ဟာ အမြဲတမ်း ကျရှုံးတဲ့သူတယောက် ဖြစ်နေမှာ မဟုတ်ပါဘူး။ အဲဒီ အရှုံးဆိုတဲ့ အရာတွေထဲကပဲ အကောင်းဆုံး ဖြစ်နိုင်တာတွေ… ရှာတွေ့နိုင်မှာပါ။ အရှုံးထဲကပဲ အရှုံးကို ခွန်အားအဖြစ် မွေးမြူပြီးတော့ ဆက်လက် ရှင်သန်နိုင်အောင် ကြိုးစားရမှာပေါ့.။

အရှုံးကို ပြန်လို့ကုစားတဲ့ အခါမှာ တယောက်နဲ့တယောက်လည်း မတူနိုင်ဘူးလေ။

တချို့က အရှုံးကို လွယ်လွယ်နဲ့ ကုစားလို့ ရနိုင်ပေမဲ့ တချို့အတွက်တော့ လွယ်လွယ်နဲ့ ကုစားဖို့ဆိုတာ ခက်ခဲပါလိမ့်မယ်…။

ဘ၀ဆိုတဲ့ လောက လမ်းကြောင်းကြီးပေါ်မှာ ကိုယ်တယောက်တည်းသာ မဟုတ်ပါပဲ အရှုံး ဆိုတာ လူတိုင်း တွေ့ကြုံ နိုင်တဲ့ အစက်လေး တစက် ဖြစ်ပါတယ်လို့ ယုံကြည်လိုက်ရင် အရာအားလုံးကို ရင်ဆိုင် ဖြေရှင်းဖို့.. ခွန်အားသစ်တွေ မွေးဖွားဖို့… ကျော်လွှားသွားနိုင်ဖို့… ပြန်လည် ပြုပြင်ဖို့… ပြောင်းလဲပစ်ဖို့… ဆိုတဲ့ အင်အားသစ်တွေ ရဖို့ လွယ်ကူ သွားမှာပါ..။

ရုပ်ဝတ္ထုပစ္စည်းပဲ ဖြစ်ဖြစ်၊ စိတ်နဲ့ ဆိုင်တာပဲ ဖြစ်ဖြစ်၊ ဘယ်လိုမျိုး ဖြစ်ဖြစ် ရှုံးခြင်း၊ နိုင်ခြင်း ဆိုတာ အဓိက မကျစေပဲ ကိုယ်ပြုသမျှ ကိစ္စ ကိုယ်ပဲ ခံစားရတာမို့ သတိလေးနဲ့ ကပ်ပြီး စဉ်းစားချင့်ချိန်တာ အကောင်းဆုံး ဖြစ်မှာပါ..။

အဓိကက ရှုံးပြီးရင်း မရှုံးဖို့ပါပဲလေ……..!!!!!

12 comments:

နှင်းနဲ့မာယာ said...

ဟုတ်တယ်...
အရှုံးဆိုတာ..
တစ်ခါတလေကျတော့
ခွန်အားတစ်ခုလဲ ဖြစ်နိုင်တယ်...
အရှုံးကို ပြန်ပြီး အနိုင်ယူချင်တဲ့ သူတွေအတွက်ပေါ့..
ဘယ်သူမှတော့ အမြဲမရှုံးနိုင်ပါဘူး...
ရှုံးတဲ့အချိန်မှာ အပြုံးမပျက်ဖို့..
ရဲရဲရင်ဆိုင်နိုင်ဖို့တော့ သတ္တိလိုလိမ့်မယ်...

နှင်းနဲ့မာယာ

ဒဏ္ဍာရီ said...

မှန်တယ် သဒ္ဓါ... တကိုယ်ကောင်း ဆန်ပြီး အတ္တကြီးတဲ့ သူတွေကြောင့်လည်း အချို့အရှုံးနဲ့ ရင်ဆိုင်နေကြရတယ်လေ။ သဒ္ဓါပြောသလိုပေါ့ လူတိုင်း အမြဲတော့ ရှုံးမနေပါဘူး။ တနေ့နေ့ တချိန်ချိန်မှာ အဲဒီအရှုံးကို ကြံ့ကြံ့ခံနိုင်သွားရင် အောင်မြင်မှုတွေ ရရှိလာမှာပါ။ ခံနိုင်ရည်ကို လက်နက်တခု အဖြစ်စွဲကိုင်ပြီး ဘ၀တိုက်ပွဲတွေကို ရင်ဆိုင်ကြတာပေါ့။

ခင်မင်လေးစားလျှက်

အင်ကြင်းသန့် said...

သဒ္ဓါရေ...အင်ကြင်း အယူအဆကတော့ ဘယ်လောက်ပဲ အရှုံးနဲ့ရင်ဆိုင်ရ ရင်ဆိုင်ရ လူဆိုတာ အသက်ရှင်နေသေးသရွေ့ ပြန်ကြိုးစားပိုင်ခွင့်တွေ ရှိနေသေးတယ်...လဲရင် လဲတဲ့နေရာကနေပြန်ထရမယ်...အရာအားလုံးဆုံးရှုံးခဲ့ရင်လည်း တစ်ကပြန်စရဲတဲ့ သတ္တိရှိရမယ်...(တစ်ခါတစ်ရံမှာ မိုက်ရူးရဲဆန်တယ်လို့ လူတွေရဲ့အထင်ကို ခံရနိုင်တယ်...)အဓိကကတော့ စိတ်ဓါတ်ပါပဲ...စိတ်ဓါတ်မရှုံးသေးသရွေ့ ကိုယ်တကယ်မရှုံးသေးဘူး...ဒါ့အပြင် လူတွေရဲ့အဝေဖန်ကိုလည်း ခံနိုင်ရည်ရှိဦးမှ ဖြစ်မယ်...

ခင်တဲ့
အင်ကြင်း

ချော(အစိမ်းရောင်လွင်ပြင်) said...

အရှုံးကို ရင်ဆိုင်ရတဲ့အခါ ကိုယ့်စိတ်ကလက်ခံနီုင်ဖို့သိပ်ခက်ခဲကြတယ်..
ဘာလို့လဲဆိုတော့ ဘယ်သူကမှအရှုံးကို မလိုချင်ကြဘူးလေ..
ဒါပေမဲ့ အရှုံးကနေ သင်ခန်းစာယူစရာတွေ၊ အင်အားတွေကို ပြန်ရလိုက်မယ်ဆိုရင်လဲ အရှုံးကနေ အမြတ်ထွက်နိုင်ပါသေးတယ်နော်..
အင်း...ဘာဘဲပြောပြောအရှုံးဆိုတာတော့ ခါးသီးတာသေချာတယ်.. ခံနိုင်ရည်ရှိဖို့တော့လိုတယ်..

လင်းကြယ်ဖြူ said...

The one who never make the mistake is the one who never make the discovery...ဆိုသလိုပေါ့နော်...
Mistakes တွေ ကနေ သင်ယူနိုင်ရင် ...
အများကြီး အကျိုးရှိလာမှာပါ...
အပြုသဘောပါတဲ့ ဗဟုသုတစာပေ များမို့
မှတ်သား ရင်း မှတ်ထား လိုက်ပါတယ်..
ပျော်ပါစေ
*.*.*

သော်ဇင်စိုး said...

ဖတ်ဖူး ကြားဖူတဲ့ Game Theory ဆိုတာလေးကို ပြန်သတိရမိတယ် အရာရာတိုင်းမှာ အနိုင်အရှုံးဆိုတာရှိနေမယ်ဆိုရင် Zero-Sum Game Theory ဖြစ်ပြီး အဖြစ်အပျက်တွေကို နှစ်ဖက်စလုံးအနိုင်ရစေမဲ့ Win-Win Game Theory (Non-Zero Sum Game Theory) ကိုကျင့်သုံးဖို့ ညွှန်းပါတယ် "ဒါပေမဲ့လည်း ကိုယ်အနိုင်ရချင်တဲ့ ကိစ္စတရပ်ဟာ တခြား လူတယောက်မှာ အရှုံးဖြစ်ချင်ဖြစ် သွားလိမ့်မယ်။" ဆိုတဲ့ အရေးလေးကို ကြိုက်ပါတယ် ခက်ခဲမယ်ထင်ရပေမဲ့ အရှုံးတွေကိုလည်းပွေ့ဖက်မထားပဲ အဖြစ်အပျက်တိုင်းမှာ အနိုင်တွေချည်းရှိတဲ့လမ်းကို စိတ်ထားကောင်းတဲ့ မသဒ္ဓါလှိုင်းတစ်ယောက် လျှောက်နိုင်ပါစေဗျာ
လေးစားလျက်....

ဏီလင်းညို said...

သဒ္ဒါရေ......
ကိုဏီလင်းအတွက်ကတော့လေ..... တစ်ခါရှုံးတိုင်း... အားသစ်တစ်ခါရတယ်လို့ သတ်မှတ်ပြီးကျော်ဖြတ်ခဲ့တာပါပဲဗျာ...။
သင်ခန်းစာလည်းယူရတာပေါ့.....။
ဘာမှမရှုံးဘူး.....ဆိုရင် ဘာမှမလုပ်ဖူးတဲ့သူဖြစ်နေမယ်ထင်တယ်နော်.........
ခင်မင်တဲ့
ဏီလင်းညို

ညလင်းအိမ် said...

ဟောဗျာ အားလုံးက သူတို့ကောင်းကြောင်းပဲ ပြောနေကြတယ် ... တကယ်တမ်းရှုံးတဲ့ အခါ နဲနဲပဲ ဖြစ်ဖြစ် များများပဲဖြစ်ဖြစ် ခံစားရမှာပဲ ... ထားတတ်ရင်တော့ စိတ်ချမ်းသာတာပေါ့ဗျာ
...
ကျိန်းသေတာကတော့ လူတိုင်း အမြဲရှုံးမနေပါဘူး...

ကိုခိုင် said...

အောင်မြင်မှုတွေနဲ့ဘဲ
များများတွေ့ဆုံပါစေ။

ကိုခိုင်

မြစ်ကျိုးအင်း said...

ဆုံးရှုံးတာကို နောင်တရနေရင် ၂ ခါ ရှုံးတယ် လို့ ကျနော်တော့ သတ်မှတ်ထားတယ်။ ရှုံးရင်လည်း အရှုံးနည်းအောင်နဲ့ ရှုံးတဲ့အချိန် ကာလ တိုအောင် ကြိုးစားပါတယ်။
အရှုံးကို လက်ခံတတ်ပြီး စိတ်နဲ့ကိုယ် သဟဇာတ ဖြစ်အောင်နေတတ်ရင် အရှုံးက ကြာကြာ မနေနိင်ပါဘူး။။။

အဖြူရောင်နတ်သမီး said...

အပေါ်က မောင်နှမတွေ ရေးသွားကြတာတွေဖတ်ပြီး အားတွေပြည်သွားတယ်..သဒ္ဓါရေ...
ဟုတ်တယ်...တခါရှုံးတိုင်း..အားသစ်တခု ပြန်ရနိုင်တာပဲ...။
အရှုံး ဆိုတာ ကိုယ့်ရှေ့မှာ ကြာကြာရပ်မနေနိုင်ပါဘူး...။
ခံနိုင်ရည်ရှိဖို့ပဲ လိုတယ်...

ပေါ့ဆိမ့် (ဆင်တဲကဖေး) said...

လက်မြောက်နောက်မဆုတ်သ၍ ဘယ်တော့မှ မရှုံးသေးဘူး...။
ရှုံးခဲ့ရင်တောင် စိတ်ထားတက်ရင် နိုင်သလိုပါဘဲ.. ပညာရလိုက်တယ်
ခင်တဲ့
ပေါ့ဆိမ့်
(ပိုစ်အသစ်တင်ထားတယ်. စိတ်ကူးထဲကလူတဲ့ ဝေဖန်ပေးဦး)