Tuesday, June 1, 2010

တဘ၀စာဖြစ်ခွင့်ပေးပါ….

အဲဒီနေ့ကိုတော့ တသက် ဘယ်တော့မှ မေ့လို့ရမှာ မဟုတ်တော့ပါဘူး။ ဘာလို့လဲဆိုတော့ မတွေ့နိုင်တော့ ပါဘူးလို့ ထင်နေတဲ့ ချစ်ရတဲ့ ချစ်သူ နဲ့ ဆုံတွေခွင့် ရခဲ့လို့ပါ။ ကိုယ့်ကိုကိုယ်တောင် သံယောဇဉ် ရှိခဲ့ဖူး ပါတယ်ဆိုတာတောင် မေ့ထားခဲ့တာကိုး…. ချစ်သူ…….။

မတွေ့ခဲ့ရတဲ့ နှစ်တွေက ဆယ်စုနှစ် နှစ်ခုနီးပါး ရှိသွားခဲ့ပြီ ချစ်သူ……..။

ကျမရဲ့ စိတ်အစဉ် ကလည်း ဟိုးလွန်ခဲ့တဲ့ နှစ်ပေါင်း ၁၈ နှစ်လောက်ကို ပြန်ပြောင်း ရောက်သွားခဲ့တယ်…။

ကျမရဲ့ ရင်ထဲမှာ မပြောင်းမလဲ တည်ရှိနေခဲ့တဲ့ စိတ်ကူးတွေက မယိမ်းမယိုင် ဆက်လက်ပြီး တည်ရှိမြဲပဲလေ…။ ရင်ထဲမှာ သန္ဓေတည်လာခဲ့တာ တဖြည်းဖြည်းနဲ့ ထုထည် ကြီးမားရင်း ကြီးမားရင်း အမြစ်တွယ်လာခဲ့ရတယ်။ အမြစ် ဆိုတာ နှုတ်ရ ခက်သလို ရင်ထဲက အစိုင်အခဲ အမြစ်ကြီးကလည်း ပိုလို့တောင် နှုတ်ရ ခက်ခဲ့တာပေါ့ ချစ်သူ……….။

တကယ်တော့ ဘ၀မှာ ကိုယ်ဖြစ်စေချင်သလို ဖြစ်မယ်၊ ဆုတောင်းတိုင်းသာ ပြည့်ဝမယ်ဆို ချစ်သူရဲ့ ချစ်ခြင်းကိုပဲ လိုလားတောင့်တမိ ပါတယ် ချစ်သူ………။

ဘ၀ဆိုတဲ့ လမ်းကြောင်းကြီးပေါ်မှာ တခါတလေ တော့လည်း အလိုက်သင့် လှုပ်ရှားလို့.. တခါတလေတော့လည်း စိတ်ထဲပေါ်လာတဲ့အတိုင်း လုပ်ကြည့်လို့… တခါတလေတော့လည်း ထိန်းချုပ်မှု ဆိုတဲ့ ခေါင်းစဉ်တခု အောက်မှာပေါ့… တခါတလေတော့လည်း မျက်ရည်ကိုသာ အဖေါ်ပြုလို့… တခါတလေတော့လည်း ကြိတ်ခံစားလို့… တခါတလေတော့လည်း ဘ၀ရဲ့ လှုပ်ရှားမှုတွေကို အားဖြည့်လို့… တခါတလေ တော့လည်း ဦးနှောက်ရဲ့ ခေါ်ဆောင်မှုနောက်ကို အလိုက်သင့် လိုက်လျောလို့… တခါတလေ တော့လည်း ဦးနှောက်နဲ့ စိတ် ရဲ့ လွန်ဆွဲပွဲ တခုလည်း ဖြစ်နေလေရဲ့… တခါတလေ တော့လည်း နှလုံးသားရဲ့ စေစားမှု ဒဏ်ကြောင့် မျောပါသွားလေရဲ့… တခါတလေတော့လည်း ပညတ်ချက်တွေ များလွန်းလို့ အဝေးကို ထွက်ပြေး သွားလိုက်ချင်ရဲ့…. ချစ်သူ….

တခါတလေတော့လည်း လူ့ဘ၀ကြီးမှာ မထင်မှတ်စရာ အကြောင်း ကိစ္စတွေ၊ မျှော်လင့် မထားတဲ့ ဖြစ်ရပ်တွေ၊ မျှော်လင့် မထားတဲ့ အခြေအနေတွေကြောင့် ပြန်ဆုံ တွေ့ခဲ့ရတယ် ချစ်သူ…။

>ပြန်ဆုံတဲ့ အချိန်မှာလည်း မပြောင်းလဲတဲ့ အခြေအနေတွေ၊ ဟိုးအရင်က အခြေအနေ အတိုင်း ချစ်သူကို တွေ့လိုက်ရလို့ ကျမ ရင်ထဲမှာ ဖေါ်ပြလို့ မရလောက်အောင် အံ့သြမှုတွေ၊ ၀မ်းသာမှုတွေနဲ့ အတူ ပိုင်ဆိုင်လို စိတ်တွေ ဖြစ်သွားခဲ့ရတယ်။

မတွေ့ရတာ ဆယ်စုနှစ်တွေ ကြာရှည် ပေမဲ့လည်း နှလုံးသားမှာ ထင်ကျန်နေတဲ့ ပုံရိပ်တွေ၊ စစ်မှန်တဲ့ ချစ်ခြင်း မေတ္တာတရားတွေ၊ သံယောဇဉ် ကြီးမားတဲ့ စိတ်ခံစားမှုတွေက မပြောင်းလဲခဲ့ပါဘူး ချစ်သူ…။ ရာသီ အလီလီ ပြောင်းခဲ့ပေမဲ့ မပြောင်းခဲ့တာက ကျမရဲ့ စိတ်ကူးပေါ့ ချစ်သူ…။ အဲဒီ စိတ်ကူးတွေက နုပျိုလန်းဆန်းဆဲပါ ချစ်သူ… ကျမကိုတော့ အတိတ် တစ္ဆေ ခြောက်လှန့် နေပြီလေ …။

ဒီ ခံစားမှုတွေကို နားလည်နိုင်ပါ့မလား... ချစ်သူ….!

နားလည်နိုင်ပါစေလို့လည်း မရဲတရဲ မျှော်လင့်မိလေရဲ့…!

ကျမရဲ့ စိတ်ခံစားမှု မပေါ်လွင်သရွေ့၊ စိတ်ထဲမှာပဲ ထားတတ်တဲ့ အကျင့်ရှိသရွေ့၊ မဖေါ်ပြသရွေ့တော့ အရာရာဟာ ဝေးနေအုံးမယ် ထင်ပါရဲ့….

ဝေးတယ်ဆိုတာ!!!!!!!!!

စိတ်ချင်းဝေးတာလား…….. လူချင်းဝေးတာလား…… နှလုံးသားချင်း ဝေးတာလား…….. ယုံကြည်ချက်ချင်း ဝေးတာလား…….. ခံယူချက်ချင်း ဝေးတာလား……… နားလည်မှုချင်း ဝေးတာလား……….. သဘောထားချင်း ဝေးတာလား…….. ၀ါဒချင်း ဝေးတာလား……. အယူအဆချင်း ဝေးတာလား……… !

လူချင်းဝေးတာကို ဝေးတယ်လို့ဆိုရင် လူချင်းမဝေးပဲ စိတ်သဘောချင်း ဝေးတာ ကိုရော နီးတယ်လို့ ပြောလို့ရပါရဲ့လား…………!

အရေးကြီးတာကတော့ စိတ်ချင်း နီးနေတာ… ခံယူချက်ချင်း နီးနေတာ… အယူအဆချင်း နီးနေတာ… သဘောထားချင်း နီးနေတာ… ယုံကြည်ချက်ချင်း နီးနေတာ… သာ အခရာကျတယ်လို့ ဆိုရင်ရော လက်ခံနိုင်ပါ့မလား………….!

ဒါကို လက်ခံနိုင်မယ် ဆိုရင် လူချင်း အနေ ဝေးပေမဲ့ စိတ်ကူးစိတ်သန်းချင်း၊ ခံယူချက်ချင်း၊ ယုံကြည်ချက်ချင်း၊ အပြုအမူချင်း နီးနေရင် နှလုံးသားချင်း၊ ရင်ခုန်သံချင်း နီးနိုင်မယ်လို့ ယုံကြည်မိပါရဲ့…။

တယောက်နဲ့ တယောက် နားလည်မှုတွေနဲ့ ဆက်ဆံနိုင်မယ် ဆိုရင်လည်း နီးနေကြတဲ့ သူတွေ ဖြစ်လာကြမယ် မဟုတ်လား။ ကျမရဲ့ နားလည်မှုတွေနဲ့ ချစ်သူရဲ့ နားလည်မှုတွေကို အပြန်အလှန် အမှီသဟဲ ပြုရင်း လောကကောင်းကျိုးတွေကို သယ်ပိုးဆောင်ရွက် ပေးချင်နေမိတယ် ချစ်သူ……။

ဒါပေမဲ့လည်း တယောက်နဲ့ တယောက် ချစ်နေကြပြီဆိုရင် အရာအားလုံး နီးနေတာသာ အကောင်းဆုံးပေါ့… လူချင်းလည်း နီးချင်တယ်… စိတ်ချင်းလည်း နီးချင်တယ်… အယူအဆချင်းလည်း နီးချင်တယ်… နားလည်မှုတွေလည်း နီးချင်တယ်… သဘောထားချင်းလည်း နီးချင်တယ်… ခံယူချက်ချင်းလည်း နီးချင်တယ်… ယုံကြည်ချက်ချင်းလည်း နီးချင်တယ်… ချစ်သူ!

အရာအားလုံး နီးနေချင်းကသာ ရေရှည်အတွက် အကောင်းဆုံး ဘ၀တွေကို ဖန်တီးနိုင်မယ် မဟုတ်လား…။

တယောက်နဲ့တယောက် နားလည်မှုတွေနဲ့ `….. နီးချင်းတွေနဲ့သာ´ ရှိနေမယ်ဆိုရင် ဘာတွေပဲ ဖြစ်ဖြစ်၊ ဘယ်လို အခက်အခဲပဲ ဖြစ်ဖြစ်၊ ဘယ်လို ပြဿနာပဲ ဖြစ်ဖြစ်၊ အတူ ကျော်ဖြတ် သွားနိုင်မှာပါ..။

ဝါသနာ အရသော်လည်းကောင်း၊ စိတ်ဝင်စားမှု အရသော်လည်းကောင်း၊ အများအကျိုး လိုလားမှု အရသော်လည်းကောင်း၊ ဖြစ်ချင်စိတ် ပြင်းထန်မှု အရသော်လည်းကောင်း၊ ပြုလုပ်ရမဲ့ အလုပ်တွေမှာ အနီးဆုံး လုပ်ခွင့်ရရင်၊ အကောင်းဆုံး ဖြစ်အောင် ကျမ အစွမ်းကုန် လုပ်နေမှာပါ ချစ်သူ…..။

ချစ်သူ. စိတ်ချမ်းသာအောင် ချစ်သူ ဖြစ်စေချင်တဲ့ အတိုင်း ဖြစ်မြောက်အောင် လုပ်ဖို့ ရည်ရွယ်ပြီးသားပါ..။

လူတယောက်နဲ့ တယောက်ရဲ့ နီးချင်း ဝေးချင်း ဆိုတာကလည်း ကံဆိုတဲ့ ဖူးစာရှင် ဇာတ်ဆရာ အလိုကျ ကကြရမှာ ဖြစ်တယ်လေ…။

ဒါကြောင့် လူတယောက်နဲ့ တယောက် နီးချင်း ဝေးချင်းထက် စိတ်ဓါတ်နဲ့ လုပ်ရပ်ကသာ အဓိက ဖြစ်မယ်လို့လည်း အားတင်း ထားပါတယ် ချစ်သူ…။ စိတ်ဓါတ်ရေးရာ နီးဖို့နဲ့ လုပ်နေတဲ့ လုပ်ရပ်တွေက နီးနေဖို့ လိုလားမိတယ်…။

အရာရာ နီးနေနိုင်ပါစေလို့ စိတ်ကူးထဲက ပုံရိပ်အတိုင်း ဖြစ်လာဖို့ ရောင်နီဦး အလင်းဖြာ ထွက်ပေါ်လာမဲ့ အချိန်ကိုလည်း မျှော်လင့် တမ်းတမိရင်း…:100%;" >ဘ၀အဆက်ဆက် မတောင်းဆိုလိုပါဘူး.. ချစ်သူ…
ဒါပေမဲ့ ကျမကို ချစ်သူရဲ့ တဘ၀စာတော့……

ဖြစ်ခွင့်ပေးပါ……….. ချစ်သူ
ဖြစ်ခွင့်ပေးပါ…………………….. ချစ်သူ
ဖြစ်ခွင့်ပေးပါ…………………………………… ချစ်သူ!!!!!!!!

25 comments:

ခိုင်နုငယ် said...

ဦးဦးဖားဖားလာဖတ်တွားဒယ်
မသဒ္ဓါ....
တဘ၀စာအတွက်ဖြစ်ခွင့်ပေးပါချစ်သူ
မသဒ္ဓါဆန္ဒလေးဖြစ်ခွင့်ရှိပါစေ...
ချစ်သူရဲ့ လက်တစ်စုံဟာ...
မသဒ္ဓါအတွက်ဟန်ဆောင်မူ့ကင်းတဲ့လက်တစ်စုံဖြစ်ပါစေ။
ပျော်ရွှင်ပါစေ...........
ခင်တဲ့
ခိုင်နုငယ်

ဝက်ဝံလေး said...

ကိုင်းးးးးးး ဖြစ်ချင်တာတွေဖြစ်စေးးးးးးးးးးးးးးးးးး
မယ်တော် ဝက်ဝံလေး ဖြစ်အောင်လုပ်ပေးမယ် ကွ
ကိုင်းကိုင်းးး ရှေ့ကိုတိုး ရှေ့ကိုတိုး (ဘာလုပ်မလို့လဲမသိဘူးနော်) သိဘူးလေ ဘိုးတော် စတိုင်လ် ပြောတာပဲ ဟာကို ဟိဟိ

ဝက်ဝံလေး said...

သူများက ခံစားချက်နဲ့ ရေးထားတာကို ပေါတောတော ရေးသွားတယ်လို့ မယူဆ ပါနဲ့ မသဒ္ဓါ နေအူး သူများတွေနဲ့ မတူအောင် အဖျား ဆွတ်ခေါ်မယ် အလှိုင်း အဲ လှတယ်တော့ ခစ်ခစ်

~ဏီလင်းညို~ said...

သဒ္ဒါရေ......

နီးနီးလေးနဲ့ ဝေးသွားစေတာလည်း......စိတ်.....
ဝေးနေပေမယ့်လည်း.......နီးနေစေတယ်...ထင်ရတာ...စိတ်........
ဘာပဲဖြစ်ဖြစ်..... နီးခြင်းဝေးခြင်း..... ပညတ်ချက်တွေကို မမှုတာက သံယောဇဉ်တရားပဲလေ.....။
ခံစားဖတ်ရှုသွားတယ်ခင်ဗျာ............။

ခင်မင်တဲ့
ဏီလင်းညို

နှင်းမိုးမိုး said...

မသဒ္ဓါ
ခံစားဖတ်ရူသွားတယ် နော် ...
အရမ်းကောင်းတယ် အမ ...
ခင်တဲ့
နှင်းမိုးမိုး

အင်ကြင်းသန့် said...

သဒ္ဒါရေ... သဒ္ဒါပိုစ့်တင်ကတည်းက ဖတ်ပြီးတာပါ...ကိုးနတ်ရှင်မကောင်းလို့ မန့်မရခဲ့ဘူး...ပြောချင်တာလေးရှိလို့ ပြန်လာတား))

ပြန်တွေ့တယ်ဆိုလို့ ၀မ်းသာမိတာ... မပွင့်လင်းကြတာတွေကို အားမလိုအားမရဖြစ်မိတယ်...ဒါပေမယ့် သဒ္ဒါ့ခံစားချက်ကိုလည်းနားလည်တယ်....

သဒ္ဒါတို့ နှစ်ယောက် တစ်ဦးနဲ့ တစ်ဦး အမြန်ဆုံးနားလည်မှုတွေ ရရှိပြီး ဆုံနိုင်ခွင့်ရှိကြပါစေလို့ ရင်ထဲကနေ လှိုက်လှိုက်လှဲလှဲ ဆုတောင်းပေးသွားတယ်နော်....

ခင်တဲ့
ဂျင်း

shwezinu said...

ကဲ အပ်ချလောင်း ဆန္ဒအားလုံး ပြည့်စေသော်

ခင်မင်စွာဖြင့်
ရွှေစင်ဦး

မောင် လေး said...

မသဒ္ဓါ ကမှ ပြန်ဆုံခွင့်လေးရပါသေးရဲ့ ကျွန်တော့မှာတော့
ဖြစ်ခဲ့ဘူးတဲ့သံယောဇဉ်လေးကို ပြန်မတွေ့တော့တာ
နှစ်များစွာပေါ့။

ချော(အစိမ်းရောင်လွင်ပြင်) said...

ကောင်မလေး
တကယ်ကိုပြန်တွေ့တာလား
တွေ့ချင်လို့ စိတ်ကုးယဉ်နေတာလား
တကယ်သာတွေ့တယ်ဆိုရင်တော့
ဝမ်းသာပါကြောင်းပြောလိုက်ပါရစေနော်..
အင်း ဘာဘဲဖြစ်ဖြစ် တစ်ဘ၀စာ ပြည့်ပြည့်၀၀နားလည်မှု ရှိရှိနဲ့ ချစ်ခွင့်ရတယ်ဆိုရင်လဲ တော်လောက်ပြီပေါ့နော်..
ကိုယ်မမြင် ကိုယ်မသိနိုင်တဲ့ နောက်ဘ၀အတွက်တော့ ဆုမတောင်းတာ အကောင်းဆုံးပါ
လက်ရှိဘ၀လေးကို ချစ်သူနဲ့ အကောင်းဆုံးဖြတ်သန်းနိုင်ရင်ဘဲ ကျေနပ်စရာ ကောင်းနေပါပြီလေ
သဒ္ဓါ့ဆန္ဒတွေပြည့်ပါစေကွယ်..

သိင်္ဂါကျော် said...

ဆယ်စု နှစ်တွေ ကြာတဲ့အထိ စွဲမြဲခဲ့တဲ့ အချစ်ဆိုတော့ ရှားရှားပါးပါးပဲ... တစ်ဖက်ကရော မှန်လို ရောင်ပြန်ဟပ်နိုင်ပါ့မလား.. ဘာပဲဖြစ်ဖြစ် မိန်းကလေး အတွက်တော့ ဆန္ဒတွေ ပြည့်ဝစေချင်ပါတယ်..

ဆောင်းယွန်းလ said...

ချစ်သူများ ချစ်ခြင်းအနန္တဖြင့် နီးစပ်နိုင်ကြပါစေလို့ ဆုတောင်းပေးပါတယ် ညီမရေ...

သုခုမလေဒီ said...

ဆန္ဒတွေပြည့်ဝစေချင်တယ်။
အဆင်ပြေပျော်ရွှင်ပါစေ။

မြသွေးနီ said...

သဒ္ဓါရေ...
ငယ်ငယ်က ရေးခဲ့ဘူးတဲ့ ကဗျာလေးတစ်ပိုဒ်ကို သတိရလိုက်တယ်...။

" ယူဇနာခြား..
ဝေးကွာပေမယ့်
ကိုယ့်လိပ်ပြာလေး
အချိန်မလပ်
လူးလာတုန့်ပြန်
ပြေးနေပါတယ်..
မဝေးပါဘူး
မင်းနဲ့ ကိုယ်..."

blackroze said...

အမရေ..ဘဝချင်းဝေးခဲ့တယ်ဆိုရင်တောင်မှ
စိတ်ချင်းနီးခဲ့ဖူးတာအမှတ်တရပါအမရာ..
အမအတွက်ပျော်ရွှင်နွေးထွေးတဲ့ရင်ခွင်
တစ်ခုဖြစ်ပါစေလို့....

Cameron said...

ဟုတ်တယ်နော် တစ်ယောက်နဲ့တစ်ယောက်နားလည်မှုသာ အမြဲရှိနေမယ်ဆိုရင် ဘယ်လောက်ဝေးဝေး အနီးဆုံးပဲဖြစ်နေကြမှာပါ...။

ခင်မင်စွာဖြင့်
မိုးငွေ့

မြစ်ကျိုးအင်း said...

ခန္ဓာကိုယ်ရဲ့ အနီးအဝေးထက် စိတ်ချင်း ဆက်သွယ်ထားနိင်သရွေ့ မဝေးပါဘူး။
ခံစားချက်ချင်း ထပ်တူကျရင် တစ်ဘဝစာ ဖြစ်လာမှာပါပဲ။

flowerpoem said...

အားလုံးတော့ နီးချင်တာပေါ့ မသဒ္ဓါရယ် စိတ်ချင်းနီးပေမယ့် လူချင်းဝေးနေတော့ လည်း တစ်ခါတစ်လေ ဘာလုပ်ရမှန်းမသိပါဘူး . . . အားလုံးနီးရင်တော့ အကောင်းဆုံးပေါ့ ဒါပေမယ့် ကံဇာတ်ဆရာ အလိုကျအတိုင်းပဲမှန်ပါတယ် ဒီပို့စ်လေး က ကျွန်မပြောချင်တာတွေကို တိုက်ရိုက်ဖော်ပြနေသလိုပဲ ကျေးဇူးပါ.

ကျဆိမ့် said...

အမရေ ချစ်သူတိုင်းလည်းကိုချစ်တဲ သူနဲ ထာဝရပေါင်းဆုံနိုင်
ပြီး အမလည်း ကိုချစ်တဲသူနဲ အမြဲထာဝရ ပေါင်းဆုံနိုင်ပါစေ
လိုဆုတောင်းရင်း ခင်တဲ...

K-Lay said...

မမ လိုဘဲ ညီမအိမ်ပြန်တဲ့ခါ ငယ်ငယ်တုန်းက ချစ်ရတဲ့ သူငယ်ချင်းနဲ့ တွေ့ချင်လိုက်တာ မမရယ်။ မမလိုတော့ ချစ်သူတွေမဟုတ်ပါဘူး။ ညီမဘက်က တစ်ဖက်သတ်ရင်ခုန်ရတဲ့သူပါ။ သူ့အကြောင်းတွေ တွေးတိုင်း ရင်ခုန်လှိုက်မောနေဆဲပါပဲ မမရယ်။

သူကြီးမင်း (တုံးဖလား) said...

အနေဝေးနေပေမဲ့လဲ ခံစားချက်ခြင်းတူပြီး စိတ်ချင်းနီးကပ်နေရင်၊ တစ်ယောက်အပေါ်တစ်ယောက် ယုံကြည်မှုအပြည့်ရှိနေကြရင်၊ နားလည်ပေးနိုင်ကြရင် ရင်ခုန်သံချင်းနီးကပ်နိုင်ပါတယ်။ အချစ်တွေလဲ ပြေပျောက်မသွားနိုင်ပါဘူး။

ချစ်ရတဲ့သူရဲ့ တစ်ဘ၀စာချစ်သူ ဖြစ်နိုင်ပါစေဗျာ။

ကိုခိုင် said...

လိုရာဆုများနဲ့
ပြည့်ဝပါစေ။

ကိုခိုင်

ပန်းနုနှင်းဆီ said...

မသဒ္ဓါရဲ့ ဆုတောင်းအားလုံးပြည့်စုံပါစေရှင်
ခင်မင်စွာဖြင့်

ပန်းနုနှင်းဆီ

lamintayar said...

ပြန်လည်ဆုံတွေ.သောချစ်သူ နဲ. နီးစပ်နှိင်ပါစေအစ်မရေ တယောက်နဲ.တယောက် အလွန်နားလည်ပြီး ထာဝ၇တည်မြဲသောအချစ်တွေဖြစ်ပါစေအစ်မရေ ပျော်ရွင်ပါစေအစ်မ...

ပေါ့ဆိမ့် said...

တယောက် နဲ့ တယောက် ချစ်နေကြပြီဆိုမှ ထက် ကိုယ်ချစ်မိသွားတဲ့ သူနဲ့ အရာအားလုံး နီးနေချင်တာ သဘာဝ ပါ။ အဲဒါလေးတွေ အတွက် အသေခံ ကြိုးစားတဲ့လူတွေ ရှိသလို ကံပေါ်ပုံချ ကံကြမ္မာ ကို မျှော်ကိုးတဲ့သူတွေလည်း ဒုနဲ့ဒေး ပါပဲ။ ဘာပဲ ဖြစ်ဖြစ်ပါ။ မသဒ္ဓါ အပါအ၀င် ချစ်သူတိုင်းကို ဆုံစေချင်ပါတယ်။ တဘဝစာ အဖြစ်နဲ့ ကိုယ့်ချစ်သူရဲ့ အနီးဆုံးမှာ ပေါ့။
ခင်မင်လျက်...

ရေသန့်  said...

ဖြစ်ချင်တာတွေဖြစ်ပါစေ ...အကြောင်းစုံရင်ပေါ့ 