Friday, May 14, 2010

ရေရှားပါးမှု ကိုဖြေရှင်းဖို့…


မြန်မာနိုင်ငံမှာ ရာသီဥတု ပူပြင်းလာတာနဲ့ အမျှ သောက်သုံးရေရှားပါးမှု၊ ရေပြတ်လပ်မှု ပြဿနာကလည်း တစတစနဲ့ တိုးလိုးသာ လာနေတော့တယ်။ ဟိုနားမှာ ရေရှားပါး၊ ဒီနားမှာတော့ ရေပြတ်သွားပြန်ပြီ… ဟိုရွာမှာလည်း ရေတွေ ခန်းကုန်ပြီနဲ့ အဝေးကနေ ကြားနေရ၊ မြင်နေရ တာ တကယ်တော့ စိတ်ထိခိုက်လှပါတယ်။ ကိုယ့်ရဲ့ နိုင်ငံမှာ ရေရှားပါးမှု ပြဿနာက အရင်တုန်းက သိပ်မကြားဖူးပေမဲ့ ခုလို သဘာဝ ပတ်ဝန်းကျင် ဆုံးရှုံးလို့၊ သစ်တောတွေ ပြုန်းတီးလာတာနဲ့ အမျှ ရာသီဥတုရဲ့ ဖေါက်လွဲဖေါက်ပြန် ကိုလည်း တနင့်တပိုး ခံစားကြရပြန်ပါတယ်။

တခါမှ မကြုံဖူးတဲ့ အဖြစ်တွေက.. ကန်တွေ ရေခန်းတာ၊ ရေအိုင်တွေ ရေခန်းတာ၊ အဲဒါ တွေဟာ ဘာကြောင့်လဲ…။

ကျမတို့ဟာ အမိနိုင်ငံနဲ့ ဝေးနေတဲ့ နေရာ တခုမှာ ရောက်နေပေမဲ့ ကိုယ့်နိုင်ငံရဲ့ အခက်အခဲတွေကို တတ်နိုင်သရွေ့ ပါဝင်နိုင်မယ်ဆိုရင်….

ကျမလည်း မိတ်ဆွေတွေ တချို့နဲ့ တိုင်ပင်ရင်း ရေရှားပါးမှု၊ ရေပြတ်လပ်မှု အတွက် မေးမြန်းစုံစမ်းရင်း လတ်တလော ရေပြတ်လပ်မှု အတွက် ကူညီ ဖြေရှင်းပေးနေတဲ့ STA အဖွဲ့နဲ့ ပေါင်းပြီး ရေလှူဒါန်း နိုင်ဖို့ ကြိုးစားခဲ့ပါတယ်။

လတ်တလော ခံစားနေရတဲ့ ရေပြတ်လပ်မှု ဘေးဒုက္ခဆိုးကြီးနဲ့ သောက်သုံးရေ ရှားပါးမှု တို့အတွက် ရေလှူဒါန်း နိုင်ဖို့ ဖိတ်ခေါ်ပါရစေ..။

14 comments:

Flower said...

တစ်ဘက်တစ်လမ်းက ၀ိုင်းဝန်းကြတာပေါ့ နော်
စေတနာရှင်တွေက ကူညီကြသလို
တာဝန်ရှိသူတွေကလည်း
ကြည့်မနေဘဲ ကူညီဖြေရှင်းသင့်ကြပါတယ်..
အကောင်းဆုံးကတော့ မိုးမြန်မြန်ရွာပါစေ

အင်ကြင်းသန့် said...

အခုလို နှိုးဆော်ပေးတာ သာဓုပါ သဒ္ဓါရေ...အင်ကြင်းဆီကို ဟိုနေ့က ဖော်ဝဒ်မေးလ်ရလို့ ရရချင်းပဲ အလှူငွေထည့်လိုက်ပြီးပြီ...နည်းသည်များသည် ပဓါန မဟုတ်ဘဲ ကိုယ့်ချွေးနည်းစာထဲကနေ တတ်နိုင်သမျှလေးပေါ့ သဒ္ဓါရယ်...အားလုံးကိုလည်း ကုသိုလ်ပါဝေကြစေချင်ပါတယ်...

Anonymous said...

နေရာတကာ ကိုယ်ထူကိုယ်ထမို့ အစိုးရတို့ တာဝန်ရှိသူတို့ ဆိုတာ တကယ်တော့ ဗမာပြည်မှာ ရှိနေဖို့ လိုကိုး မလိုတော့ဘူး။

ကိုခိုင် said...

ကြားကြားခြင်းပဲ
ချွေးနဲစာထဲက
တတ်နိုင်သလောက်လေး
လှုလိုက်ပြီးပါပြီဗျာ
မသဒ္ဒါလှိုင်းတို့ရဲ့စေတနာတွေကိုလဲ
လေးစားပါတယ် ။

ကိုခိုင်

ဂျူနို said...

နေရာတကာ ကိုယ်ထူကိုယ်ထမို့ အစိုးရတို့ တာဝန်ရှိသူတို့ ဆိုတာ တကယ်တော့ ဗမာပြည်မှာ ရှိနေဖို့ လိုကိုး မလိုတော့ဘူး။

အဲ့ဒါ ရေးခဲ့တာ မအယ်ပါ နာမည် ပါမသွားလို့ ပါ။
စိတ်တိုလွန်းလို့ ရေးခဲ့တာပါ စိတ်မရှိပါနဲ့နော်။


မအယ်

အဖြူရောင်နတ်သမီး said...

မချောနဲ့ထပ်တူ ဆုတောင်းပေးသွားပါတယ်...
မိုးများများရွာပါစေ...
ရေလှူသူများ တနေ့တခြား တိုးပွားလာပါစေ...
မြန်မာပြည်ကြီး အေးချမ်းသာယာပါစေ...
ပြည်သူတွေ စိတ်ချမ်းသာ ကိုယ်ကျန်းမာကြပါစေ....

ကိုကိုးအိမ် said...

ဟုတ် မသဒ္ဒါရေ နှိုးဆော်ပေးလို့ ကျေးဇူးနော်

ခင်မင်လျှက်
ကိုကိုးအိမ်

what is good things said...

်forward mail ထဲက သိပြီးလို့ စိတ်မကောင်းဖြစ်ရပါတယ်။ ကိုယ်နဲ့နီးစပ်ရာတွေကိုလည်း အလှူခံပေးထားပါတယ်။ ခုလိုပိုစ့်တင်ပေးတာ သာဓုပါ သဒ္ဓါရေ ။ အဆင်ပြေပျော်ရွှင်ပါစေ။

မြစ်ကျိုးအင်း said...

ဒီနှစ်တော့ မကြုံစဖူး ထူးထူးကဲကဲ ဖြစ်နေတာတွေ ကြားရတာ စိတ်မကောင်း စရာပါပဲ။ အားတက်သရော လှူတဲ့သတင်းတွေ ကြားရတော့ ကိုယ်တိုင် ရေကြည်တစ်ပေါက် သောက်လိုက်ရသလို စိတ်ချမ်းသာမိတယ်။
မိုးရွာပါစေပဲ ဆုတောင်းနေဖြစ်တယ်။

Unknown said...

အနော်လည်း လှူပြီးပါပြီ။... အမိမြန်မာနိုင်ငံဟာ ရေကြီးလိုက် ရေရှားလိုက် .. ပူလွန်း အေးလွန်းနဲ့
ကြားမိသလောက်တော့ ကမ္ဘာပေါ်မှာ ရာသီဥတု ကောင်းနေတာကနေ ဆိုးသွားတဲ့ နိုင်ငံထဲမှာ ဒုတိယ အဆင့် ရှိတယ်လို့ ဖတ်ဖူးပါတယ် ခင်ဗျာ

Cameron said...

အဲဒီ ရေပြဿနာကိုပဲ တစ်နေ့တစ်နေ့ကြုံတွေ့နေရတာ..
ဒီနေ့ မိုးငွေ့တို့ရန်ကုန်မှာ မိုးစရွာပြီ...သိပ်တော့မများဘူး ဒါပေမယ့် မိုးအုံ့တော့ အပူသက်သာတယ် နေလို့ကောင်းတယ်... ဒီရာသီဥတုဒဏ်ကိုမခံနိုင်လို့ တနေ့တနေ့ ကလေးသူငယ် သက်ကြီးရွယ်အိုတွေ အသက်အဆုံးရှုံးသင့်ပဲဆုံးရှုံးနေကြရတယ်...။

ခင်မင်စွာဖြင့်
မိုးငွေ့

မြသွေးနီ said...

သဒ္ဓါရေ...
တို့တွေအားလုံးက မြန်မာတွေပါနော်။
မြန်မာစိတ်အပြည့်ရှိကြပါတယ်နော်။
အတတ်နိုင်ဆုံးလုပ်ကြတာပေါ့။

SHWE ZIN U said...

သာဓု ပါ ညီမ ရေ

lamintayar said...

အစ်မရေ အလှူအတွက်လဲပြီးသွားပြီလား ရေအတွက်ပေါ. လှူချင်တယ်ဆိုရင်ရော ကျွန်တော်လဲမရောက်ဖြစ်တာကြာသွားတယ်အစ်မ ဘယ်လိုလှူနှိင်မလဲ...ပျော်ရွင်ပါစေအစ်မရေ...