Wednesday, March 21, 2012

မတ်လမှာ..

မတ်လမှာ အမှတ်တရနေ့တွေ များခဲ့
မတ်လမှာ အရောင်တွေပြောင်းသွားခဲ့
မတ်လမှာ တချို့မျက်နှာတွေ စည်းနှောင်ခဲ့
မတ်လမှာ တချို့ ဝိညဉ်ပျောက်ခဲ့
မတ်လမှာ တချို့ အိမ်နဲ့ဝေးခဲ့
မတ်လမှာ တချို့ကျောင်းတော်ကြီးနဲ့ ဝေးခဲ့
မတ်လမှာ တချို့ စာသင်ခုံနဲ့ ကျောခိုင်းခဲ့
မတ်လမှာ တချို့ ချစ်သူကို စွန့်လွှတ်ခဲ့
မတ်လမှာ တချို့ အိပ်မက်တွေ စတေးခံခဲ့
မတ်လမှာ တချို့ အရာတွေ ထားပစ်ရစ်ခဲ့
မတ်လမှာ တစ္ဆေတွေနဲ့ စီးချင်းထိုးခဲ့
မတ်လမှာ နေ့တစ်နေ့ကနေ..
နေ့တစ်နေ့အဖြစ် အရေခွံ လဲခံ ရခဲ့..။

မတ်လမှာ ရာဇဝင်တွေ ပြောင်းခဲ့သလို
သူရဲကောင်းတွေ ပေါ်ထွက်ခဲ့တယ်၊
မတ်လမှာ သင်ရိုးညွှန်းတမ်းတွေနဲ့ ဝေးခဲ့သလို
ပညာရှင်တွေ ပေါ်ထွန်းခဲ့တယ်၊
မတ်လမှာ ဖြူစင်သန့်ရှင်းတဲ့ ရေပြင်ကနေ
နီရဲလွန်းတဲ့ သတ္တိသွေးတွေ ပြနိုင်ခဲ့တယ်၊
မတ်လမှာ အနုပညာတွေ ပျောက်ဆုံးခဲ့သလို
အနုပညာချစ်သူချင်း လက်တွဲခဲ့တယ်။
မတ်လမှာ အတောင်တွေ ချိုးခံခဲ့ရသလို
နူးညံ့တဲ့ လက်တွေ မာကျောခဲ့တယ်၊
မတ်လမှာ လွမ်းစရာ တနင့်တပိုးတွေ ထမ်းပိုးခဲ့ရသလို
မျှော်လင့်ချက်တွေ ရှင်သန်ခဲ့တယ်၊

မတ်လမှာ ကမ္ဘာ့ကဗျာနေ့လေးအတွက်
ကဗျာချစ်သူတွေ အတုန်းအရုန်းထကြ
ကဗျာချစ်သူတွေ အစွမ်းကုန်အင်အားပြကြ
ကဗျာချစ်သူတွေ ကဗျာသီကျူးကြ
ကဗျာချစ်သူတွေ ရင်ထဲကသံစဉ်တွေ လှစ်ဟပြကြ
ကဗျာချစ်သူတွေ ခံစားချက်ချင်း တူးဖေါ်ကြ
ကဗျာချစ်သူတွေ နှလုံးသားချင်း ဖလှယ်ကြ
ကဗျာချစ်သူတွေ စိတ်ကိုစိတ်ချင်း ထပ်ကြ

မတ်လမှာ ကဗျာချစ်သူတွေ
ကလောင်တံနဲ့ ဂုဏ်ယူ
ကိုယ့်လက် ကိုယ်နမ်းရှိုက်
ကိုယ့်သွေး ကိုယ်ဖေါက်
ကိုယ့်သစ္စာ ကိုယ်သောက်
ကိုယ့်ကဗျာ အတွက်
ဝိညဉ် ပူးကပ် နေခဲ့ကြတယ်။။

(မတ်လ ၂၁ ရက် ၂၀၁၂ ခုနှစ်၊ ကမ္ဘာ့ကဗျာနေ့လေးအတွက် အမှတ်တရ ရေးဖွဲ့ပါသည်။)

18 comments:

မောင်သီဟ said...

ကဗျာတွေရေးနေတဲ့ ကဗျာချစ်သူပေမယ့်
ကျွန်တော်ဒီနေ့ကိုတကယ်မသိခဲ့ဖူးဗျာာာာ
ကဗျာပန်းခင်းလန်းဆန်းလှပနေပါစေ...

ညီရဲ said...

မတ်လမှာ အမှတ်တရတွေ ကျပျောက်ခဲ့ဖူးတယ်... ကောင်းလိုက်တဲ့ ကဗျာလေး အစ်မရေ...

Cameron said...

ကဗျာရေးတတ်သူများတော့ အားကျစရာ..။ ကဗျာနေ့လေးအတွက် အမှတ်တရရေးတင်နိုင်တာလဲ အားကျစရာပဲ...ကိုယ်ကမရေးတတ်ဘူးလေ...။

mstint said...

အမှတ်တရရက်တွေများတဲ့ မတ်လအကြောင်း
သိသွားတယ် သဒ္ဓါရေ။ ဒီကနေ့ ကဗျာတောမှာ
စိတ်ကြည်နူးမှုတွေခံစားရလို့ ကျေနပ်နေမိတယ်။
စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။

မေတ္တာဖြင့်
အန်တီတင့်

ချစ်စံအိမ် said...

မတ်လကဗျာလေးလာဖတ်သွားပါတယ်မမရေ

ရင်ဆူး said...

ကဗျာလေးဖတ်ရင်း ကဗျာနေ့လေးအတွက်ရေးနိုင်တဲ့ အစ်မကို ချီးကျူးမိပါတယ်ဗျာ......

sosegado said...

မတ်လမှာ ဖတ်သွားပါတယ်

နေ၀သန် said...

ကောင်းလိုက်တဲ့ကဗျာလေးဗျာ...း)... မတ်လဟာ မသဒ္ဓါပြောသလိုပဲ.. အရောင်အသွေးစုံလင်လှပါရဲ့....

ခင်မင်လျက်
နေ၀သန်

သတိုး said...

မတ်လမှာ...
အမှတ်ရစရာ ကဗျာတစ်ပုဒ်ကို
အားပေးသွားခဲ့ပါတယ် ခင်ဗျ။း)
ခင်မင်သော သတိုး

ချော(အစိမ်းရောင်လွင်ပြင်) said...

မတ်လက အမှတ်ရစရာတွေ တော်တော်များတယ်
သဒ္ဓါရဲ့ ကဗျာဥာဏ်ကိုလည်း ချီးကျုးမိပါရဲ့...
တကယ့်ကို အမှတ်တရပါ။

ကြည်ဖြူခင်ခင် said...

အဲ့ဒီနေ့လေးဟာ ကမ္ဘာ့ကဗျာနေ့မှန်း ခုမှ သိခွင့်ရခဲ့ပါတယ်.. သဒ္ဓါရေ.. ကဗျာလေးကိုလည်း အားပေးခဲ့ပါတယ်ရှင်။

ပန်းချီ said...

တော်ပါသေးရဲ့ မဒါရေ..မတ်လမကုန်ခင်လေး လာဖတ်မိသွားလို့း)) ဘာပဲဖြစ်ဖြစ် အမှတ်တရ မတ်လကလေးကိုတော့ ရင်ဘတ်ထဲ ထည့်သွားပါတယ်း)

အလွမ်းမြို့ said...

တကယ်တော်၏..ရေးတတ်သလို ဖတ်ရသူလည်း ကျေနပ်၏
မတ်လ ကဗျာလေးပြီးရင် ဧပြီ ကဗျာလေးလည်း ရေးဦးနော်။ သင်္ကြန်အတွက်ပေါ့
အားပေးနေမယ်


ခင်မင်တဲ့
အလွမ်းမြို့

Anonymous said...

မတ်လတော့ကုန်တော့မယ် ဧပြီမှာတော့ ရူးမလား ထူးမလား မသိသေးဘူး ညီမရေ

ချစ်အမကြီး
ရွှေစင်ဦး

ငြိမ်းစိုးဦး said...

လှပတဲ့ ခံစားမှုတွေ ကို ဖတ်ခဲ့ပါတယ် ...
မတ်လမှာ နွေဦးပွဲတော်ကို ဇွဲနဲ့ မျှော်လင့် ပျော်ခွင့် ကြည်ဖြူ ပြည်သူတွေရပါစေ ...

မြတ်ပန်းနွယ် (Myat Pan Nwe) said...

ကဗျာလာဖတ်သွားပါတယ် သဒ္ဓါ။

ခင်မင်စွာဖြင့်
မြတ်

စံပယ်ချို said...

မတ်လရဲ့ အမှတ်တရလေးပေါ့

ယွန်း said...

မဒါရေ ..ကဗျာဖတ်၇င်း အလည်ရောက်ခဲ့ပါသည်
ခင်မင်စွာဖြင့်
ယွန်း