Friday, December 30, 2011

၂၀၁၁…

၂၀၁၁ နိဂုံးမှာ
ငါမလိုချင်တဲ့ အနိဌာရုံ
ငါမလိုချင်တဲ့ သွေးစက်
ငါမလိုချင်တဲ့ မျက်ရည်
ငါမလိုချင်တဲ့ ရင်တွင်းသောက
ငါမလိုချင်တဲ့ ကြေကွဲမှု
ငါမလိုချင်တဲ့ ဒဏ်ရာ
ငါမလိုချင်တဲ့ ကြောက်စိတ်
ငါမလိုချင်တဲ့ ခေါင်းပေါင်းအတု
ငါမလိုချင်တဲ့ တောင်ရှည်အတု
ငါမလိုချင်တဲ့ မေတ္တာအတု
ငါမလိုချင်တဲ့ သစ္စာအတု
ငါမလိုချင်တဲ့ ဘဝအတု
ငါမလိုချင်တဲ့ ချစ်ခြင်းအတု
ငါမလိုချင်တဲ့ အပြုံးအတု တွေ ရလိုက်တယ်။

အတုလွန်တဲ့ ဘက်ခြားမှာ
ငါတို့လိုချင်တာ အမှန်တရား
ငါတို့လိုချင်တာ ငြိမ်းချမ်းမှု
ငါတို့လိုချင်တာ တရားမျှတမှု
ငါတို့လိုချင်တာ ညီညွတ်မှု
ငါတို့လိုချင်တာ စစ်မှန်မှု
ငါတို့လိုချင်တာ ဝမ်းဝမှု
ငါတို့လိုချင်တာ လုပ်ခမျှမျှရမှု
ငါတို့လိုချင်တာ ယုံကြည်မှု
ငါတို့လိုချင်တာ လူလူချင်းတန်ဖိုးထားမှု

သူတို့ ငါတို့ကိုပေးတာက
ငါတို့ မလိုချင်တာတွေ………….။။။

30 comments:

သတိုး said...

လို၍ မရသော...ဆင်းရဲ
မလိုပဲ ရသော... ဆင်းရဲ
နေသားမကျနိုင်တာတွေနဲ့ ...နေသားတကျ
ဒီလိုနဲ့ပဲ မိုးချုပ်လာလိုက်တာ
တို့အတွေးထဲက နိဗ္ဗာန်ဘုံဟာ... ဘယ်တော့များမှ.......။
ခင်မင်သော သတိုး

kztk said...

အတုတွေများလွန်းတဲ့
ဘဝတွေထဲမှာ...
အစစ်တွေ ရနိုင်အောင်လို့
အစစ်တွေ ရနိုင်ဖို့ အထောက်အပံ့ဖြစ်နိုင်အောင်လို့
ကျွန်တော်တို့တစ်တွေလည်း...
ကြိုးစား အားထုတ်ကြနေကြရာဝယ်...
ဘယ်အချိန်များမှ....
အစစ်အမှန်တွေနဲ့...
နီးစပ်ကြမလဲနော်...
2011 ဆိုတဲ့ အတုနိဂုံးအပြီးမှာ...
2012 ဆိုတဲ့ အတုလောကကြီးကိုအစပျိုးဖို့...
စစ်မှန်တဲ့ အားထုတ်မှုတွေ ရရှိနိုင်ကြစေလို့...
ဆန္ဒပြုရင်း.....

လွင်ပြင်လှိုင်းငယ် said...

အတုလွန်တဲ့ ဘက်ခြားမှာ
ငါတို့လိုချင်တာ အမှန်တရား
ငါတို့လိုချင်တာ ငြိမ်းချမ်းမှု
ငါတို့လိုချင်တာ တရားမျှတမှု
ငါတို့လိုချင်တာ ညီညွတ်မှု
ငါတို့လိုချင်တာ စစ်မှန်မှု
ငါတို့လိုချင်တာ ဝမ်းဝမှု
ငါတို့လိုချင်တာ လုပ်ခမျှမျှရမှု
ငါတို့လိုချင်တာ ယုံကြည်မှု
ငါတို့လိုချင်တာ လူလူချင်းတန်ဖိုးထားမှု

ကောင်းလိုက်တဲ့စာသားတွေ

မဒမ်ကိုး said...

မလိုချင်တာတွေဘဲ ရနေရင်းနဲ့ပဲ တနှစ်ပြီးတနှစ်ကုန်လာခဲ့ပြန်တော့
နေညိုချိန်ကိုနီးလာပါပေါ့လား မမသဒ္ဒါရေ

ချစ်တဲ့

မဒိုးကန်

ချော(အစိမ်းရောင်လွင်ပြင်) said...

သဒ္ဓါရေ
၂၀၁၂မှာတော့ လိုချင်တာတွေ
ဖြစ်ချင်တာတွေ ဖြစ်လာပါစေလို့ ဆုတောင်းပါတယ်။။
အကောင်းဆုံးတွေ ဖြစ်လာမယ်လို့ မျှော်လင့်ပြီး ၂၀၁၂ကို ကြိုကြစို့...

စံပယ်ချို said...

ဟုတ်တာပေါ့ လောကမှာအတုတွေပေါလိုက်တာနော်
ဘယ်သူများဖန်ဆင်နေမှန်းမသိတော့ဘူး
ငါမလိုချင်တာရှိသေးတယ် ပေါက်ကွဲမှုတွေ
နှစ်သစ်မှာပျော်ရွှင်ပါစေ

Anonymous said...

ပြောတော့ပါဘူးရှင်
(သူတို့ကို)ပြောမိရင်
ကိုယ်ပဲလွန်ရာကျမှာ :P

နှစ်သစ်မှာပျော်ရွှင်ချမ်းမြေ့ပါစေရှင်

ချစ်ခင်စွာဖြင့်
မိစံ

လမင်းငယ် said...

အတုတွေများတဲ့သဘောပဲနော်မမရေ
ကြိုက်တယ်

jr said...

မသဒ္ဓါရေ..
နက်ဖြန်ဆို အကောင်းအဆိုး၊ အကြောင်းအကျိုးတွေနဲ့ ၂၀၁၁ ကို ထားခဲ့ ကြရတော့မယ်နော်။
ပျော်ရွှင်ချမ်းမြေ့ဖွယ် ၂၀၁၂ ဖြစ်ပါစေလို့ လာနှုတ်ဆက်တာပါ။

ခင်မင်လျှက်

Candy said...

အရမ်း အဓိပ္ပာယ်ရှိတဲ့ ကဗျာလေးပဲ မမရေ

ချစ်ကြည်အေး said...
This comment has been removed by the author.
ချစ်ကြည်အေး said...

လိုချင်တာတွေ မရဘဲ မလိုချင်တာတွေ ရလာ....
ဒါကိုကပဲ လောကရဲ့ မာယာ....လား
လူတွေရဲ့ ထိုးစစ်....လား.....

ပေါ့ဆိမ့် said...

၂၀၁၁ ဆို ကျွန်တော်တို့ရဲ့ မန်မိုရီ တစ်ခုအနေနဲ့ မကြာခင်ကျန်ခဲ့တော့မှာ... ကိုယ့်ရဲ့ အမှားတွေ အဆင်မပြေမှုတွေ သဘောထားလွဲချော်မှုတွေ ထားခဲ့ပြီး ၂၀၁၂ ကို အားမာန်အသစ် ကောင်းတာမှန်သမျှ အကောင်းဆုံးလုပ်မယ်ဆိုတဲ့ ဆန္ဒနဲ့ ချီတတ်ကြပါစို့ ...

ဆောင်းယွန်းလ said...

အတုတွေနဲ့ဝေးရာ အစစ်ကမ္ဘာမှာ သာယာချမ်းမြေ့နိုင်ပါစေ ညီမလေး

သိင်္ဂါကျော် said...

Happy New Year!

...အလင်းစက်များ said...

အင်း........ ငါစွဲတွေ ဖြုတ်ပါ ဒကာမကြီး :D :D :D

Happy New Year ပါ အစ်မရေ။

နတ်ဆိုးလေး said...

လိုချင်တာ အသစ်.......................
တစ်ခုခုကိုပေးပါ...................

မောင်ဘုန်း said...

အတုတွေနဲ့  ဝေးဝေးမှာ ပျော်ရွင်နိုင်ပါစေ ...

အစ်မရေ .. ကဗျာ ရေးဖွဲ့  ထာတဲ့ ပုံလေး အရမ်းကောင်းတယ် ဗျာ ... စိတ်ကူး အရမ်း ဆန်းတာပဲနော် ..

mstint said...

ပျော်ရွှင်ဖွယ်နှစ်သစ်နဲ့အတူ ကိုယ်စိတ်နှစ်ပါး
အေးချမ်းစွာဖြင့် လောကီလောကုတ္တရာ
နှစ်လီနှစ်ဝ လိုအင်ဆန္ဒများ ပြီးပြည့်စုံပါစေ သဒ္ဓါရေ။
Happy New Year !!!

မေတ္တာဖြင့်
အန်တီတင့်

မြသွေးနီ said...

အတုတွေကြားထဲမှာ စစ်မှန်တဲ့ အရာများသာ လက်ဝယ်ပိုင်ဆိုင်နိုင်ပါစေလို့ နှစ်သစ်ဆုမွန်တောင်းခဲ့ပါတယ် ညီမရေ...။

ညီရဲ said...

လိုချင်တာတွေ ရဖို့ ကျွန်တော်တို့ နိုင်သလောက်လေး ကြိုးစားကြတာပေါ့ အစ်မ...

Anonymous said...

မျှော်လင့်ချက်တွေကို ညီညီညာညာ အကောင်ထည်ဖော်ကြမယ်လေ..

မောင်ဘကြိုင်

ကိုဇော် said...

ဆက်ပြောရရင် ဒေါသတွေ ပါလာတော့မယ်။
:(

ပန်းချီ said...

မဒါရေ...တဲ့(ဒဲ့)တွေချည်းပဲ...း) ကြိုက်လိုက်တာ။

ပျော်ရွှင်ဖွယ်ရာ နှစ်သစ် နှစ်ထောင့်တစ်ဆယ့်နှစ်နော်။

ညီလင်းသစ် said...

၂၀၁၁ ရဲ့ အဆုံးသတ်က မလိုချင်တာတွေ သိပ်များခဲ့တာတော့ အမှန်ပါပဲဗျာ..၊ လိုချင်တာတွေ များနိုင်သလောက် အများဆုံး ရနိုင်တဲ့ ၂၀၁၂ ဖြစ်ပါစေ လို့ ဆုတောင်းသွားပါတယ်...။

ကိုခိုင် said...

လိုချင်တာတွေ ရပါစေ။
တဖြေးဖြေးတော့ ကောင်းလာမယ်လို့
မျှော်လင့်နေရတာပါဘဲ။
အစစ အရာရာအဆင်ပြေသော နှစ်သစ်ဖြစ်ပါစေ။

ကိုခိုင်

မြစ်ကျိုးအင်း said...

ဒီနေ့တော့ အထိုက်အလျောက်ရလိုက်တယ်လို့ ဆိုရမှာပဲ။
ကောင်းသတင်းကြားရတဲ့နေ့မှ တိုက်တိုက်ဆိုင်ဆိုင် စာလာဖတ်ဖြစ်တယ်။

လင်းဦး(စိတ်ပညာ) said...

အတုတွေက ခပ်များများရယ် မသဒ္ဓါရေ....

ခင်မင်စွာဖြင့်

Anonymous said...

ဆရာမခင်ဗျား
ရောက်လာခဲ့ပါတယ်
ဒီကဗျာလေးကို နှစ်သက်ပါတယ်။
ကျွန်တော့်ဆိုက်မှာလဲ လင့်ခ်ချိတ်ထားပြီဖြစ်ကြောင်း အသိပေးအပ်ပါတယ်

ထော်ဦး said...

အစ်မလှိုင်းရေ...
လာလည်တဲ့အတွက် ကျေးဇူးတင်မိပါတယ်
နောက်လမှာ အစ်မလှိုင်း ရေးတဲ့အက်ဆေးပါလာမယ်ဆိုတော့ ကံကောင်းလာမယ့်နှစ်လို့ ယူဆမိပါတယ်
အစ်မနဲ့ teenမှာဆုံချင်ပေမဲ့ ကိုယ်ရေးတဲ့စာ နောက်လမှာ မပါလောက်ပါဘူး
ဘာပဲဖြစ်ဖြစ် နောက်လထုတ်teenကို
ဝယ်ဖတ်ပြီး အားရပါးရ အစ်မလှိုင်းကို
အားပေးလိုက်ပါဥိးမယ်ခင်ဗျာ