Friday, July 1, 2011

စိတ်ငြိမ်းချမ်းမှုရရှိဖို့ အခြေခံအချက်များ

(၁) သင့်ကိုမမေးရင် သူတပါးရဲ့ကိစ္စကို ဝင်မစွက်ပါနဲ့။

ကျမတို့အများစုဟာ သူတပါးတွေရဲ့ကိစ္စတွေမှာ ခနခန ဝင်စွက်တတ်ကြပါတယ်။ ကျမတို့လုပ်တာ အကောင်းဆုံးဖြစ်တယ်ဆိုတာ ယုံကြည်တတ်ကြပါတယ်။ ပြီးတော့ ကျမတို့တွေးခေါ်မှုဟာ စံထားလောက်တဲ့ တွေးခေါ်မှုဖြစ်တယ်လို့လည်း ယုံကြည်ထားကြတယ်။ ကျမတို့ စဉ်းစားဥာဏ်နဲ့ မတူညီတဲ့သူတွေကို မှန်ကန်တဲ့လမ်းကြောင်းဆီရောက်အောင် ကိုင်တွယ်ရမယ်။ ဆန်းစစ်ဝေဖန်ရမယ်။ ဒီစဉ်းစားမှုဟာ တဦးချင်း သီးခြားဖြစ်တည်တာကို ပိတ်ပင်တာဖြစ်တယ်။ ပြီးတော့ ဘုရားသခင်ရှိတယ် ဆိုတာကိုလည်း ငြင်းဆိုတယ်။ ဘုရားသခင်ဟာ ကျမတို့တယောက်ချင်းကို ထူးထူးခြားခြားလုပ်ပေးခဲ့တယ်။ လူသားနှစ်ယောက်ဟာ တူညီတဲ့နည်းတွေနဲ့ မစဉ်းစားနိုင်ပါဘူး။ အမျိုးသား၊ အမျိုးသမီးအားလုံးဟာ သူတို့နည်းနဲ့ သူတို့လုပ်နေကြတာပါ။ ဘာဖြစ်လို့လဲဆိုတော့ ဘုရားသခင်ဟာ အဲဒီနည်းတွေနဲ့ လုပ်ဆောင်ဖို့ လှုံ့ဆော်ပေးတဲ့အတွက်ကြောင့်ဖြစ်ပါတယ်။ ဒီတော့ ကိုယ့်ကိစ္စကိုယ်လုပ်ပါ။ စိတ်ငြိမ်းချမ်းမှု ရလာမှာပါ။

(၂)ခွင့်လွှတ်ပါ၊ မေ့ပစ်လိုက်ပါ။

ဒါဟာ စိတ်ရဲ့ငြိမ်းချမ်းမှုကို အားအကောင်းဆုံး အထောက်အကူပြုတဲ့ နည်းလေး ဖြစ်ပါတယ်။ ကျမတို့ကို စော်ကားပြီး အန္တရာယ်ပြုတဲ့လူတွေအတွက် နှလုံးသားထဲမှာ နာကျည်းစိတ် ဝင်လာတတ်ပါတယ်။ နာကျည်းချက်တွေကို စိတ်ထဲမှာ တေးထားတတ်ပါတယ်။ အဲဒီအကျိုးရလဒ်က အိပ်ရေးပျက်ခြင်း၊ အစာအိမ်ဖြစ်ခြင်းနဲ့ သွေးတိုးစေခြင်းတို့ပါပဲ။ ဒီနာကျည်းမှုကို တကြိမ်ပြုလုပ်ခဲ့တယ်ဆိုပါတော့။ ဒါကို ခနခန သတိရပြီး စိတ်ထဲမှာ အမှတ်ထားတတ်ပါတယ်။ ဒီလိုဆိုးရွားတဲ့ အကျင့်ဆိုးကို ဖြေဖျောက်လိုက်ပါ။ ဘဝဆိုတာ သိပ်တိုတောင်းလွန်းလို့ ဒီလိုအသေးအမွှားတွေနဲ့ အချိန်ကုန်မခံပါနဲ့။ ခွင့်လွှတ်ပါ။ မေ့ပစ်လိုက်ပါ။ ချစ်ခြင်းမေတ္တာဆိုတာ ခွင့်လွှတ်ခြင်း၊ ပေးဆပ်ခြင်းတွေနဲ့ ရှင်သန်နေလို့ပါ။

(၃) အသိအမှတ်ပြုမှုကို မမက်မောပါနဲ့။

ဒီကမ္ဘာကြီးပေါ်မှာ တကိုယ်ကောင်းဆန်တဲ့ လူတွေနဲ့ ပြည့်နှက်နေပါတယ်။ ဒီလူတွေဟာ ဘယ်သူ့ကိုပဲဖြစ်ဖြစ် ချီးကျူးခဲပါတယ်။ ဒီနေ့ သင့်မှာ သြဇာအာဏာရှိတဲ့အတွက် သင့်ကို ချီးမွမ်းချင် ချီးမွမ်းမှာ ဖြစ်ပေမယ့် မရှေးမနှောင်းမှာ သြဇာအာဏာ မရှိခဲ့တော့ဘူးဆိုရင် သင့်ရဲ့အောင်မြင်မှုတွေကို မေ့လျော့သွားလိမ့်မယ်။ ပြီးတော့ သင့်ရဲ့ အမှားတွေကို မျက်စေ့ဒေါက်ထောက်ကြည့်တော့မှာပဲ။ သူတို့ရဲ့ အသိအမှတ်ပြုခံရမှုကို ကြိုးပမ်းနေပြီး ကိုယ့်ကိုယ်ကို ဘာကြောင့်စိတ်ထိခိုက်ရမှာလဲ။ သူတို့ရဲ့ အသိအမှတ်ပြုမှုက ကိုယ့်အတွက် ဘာမှ တန်ဖိုးမရှိပါဘူး။ ရိုးသားဖြောင့်မတ်ဖို့နဲ့ လူ့ကျင့်ဝတ်အတိုင်းနေတတ်ဖို့က သင့်ရဲ့တာဝန်ဖြစ်ပါတယ်။

(၄) သူတပါးကို မနာလိုမဖြစ်ပါနဲ့။

မနာလိုခြင်းက စိတ်ရဲ့ငြိမ်းချမ်းမှုကို ဘယ်လိုပျက်စီး စေတယ်ဆိုတာ ကျမတို့တတွေ တွေ့ကြုံဖူးခဲ့ကြပြီ။ အလုပ်ထဲမှာသင့်ရဲ့ လုပ်ဖေါ်ကိုင်ဖက်တွေထက် အလုပ်ပိုကြိုးစားတယ်ဆိုတာ သင့်ကိုယ်သင်သိတယ်။ ဒါပေမယ့် တခါတရံမှာ သူတို့က ရာထူးတိုးမယ်. သင်ကမတိုးဘူး.။ လွန်ခဲ့တဲ့ နှစ်ပေါင်းများစွာက သင်က အလုပ်ကိုစတင်လုပ်ကိုင်ခဲ့တယ်. ဒါပေမယ့် တနှစ်သာအလုပ်လုပ်တဲ့ သင့်ရဲ့ လုပ်ဖေါ်ကိုင်ဖက်လောက် သင်မအောင်မြင်ဘူး။ နေ့စဉ်ဘဝမှာ အခုလိုမျိုးဖြစ်ရပ်တွေ အများကြီးရှိပါတယ်။ မနာလိုဖြစ်သင့်ပါသလား။ မဖြစ်သင့်ပါဘူး။ လူတိုင်းလူတိုင်းရဲ့ဘဝတွေကို သူတို့ကံတရားက ပုံသွင်းပြီးသားပါ။ ချမ်းသာဖို့ ကံရှိရင် ဘယ်သူမှရပ်တန့်ပစ်လို့ မရပါဘူး။ ကံတရားမရှိဘူးဆိုရင် ဘယ်သူမှ ကူညီပေးနိုင်မှာမဟုတ်ပါဘူး။ သင့်ရဲ့ ကံမကောင်းမှုအတွက် သူတပါးကို အပစ်ဖို့တာဟာ ဘာမှရလာမှာ မဟုတ်ပါဘူး။ မနာလိုခြင်းဟာ သင့်ကိုဘာမှလုပ်ပေးမှာမဟုတ်ဘူး။ ဘယ်မှာမှ ကောင်းလာမှာ မဟုတ်ပါဘူး၊ သင့်ရဲ့ စိတ်ငြိမ်းချမ်းမှုကိုပဲ ဖျက်ဆီးပစ်လိုက်သလို ဖြစ်သွားပါလိမ့်မယ်။

(၅) ပတ်ဝန်းကျင်ကိုလိုက်ပြီး သင့်ကိုယ်သင်ပြောင်းလဲပါ။

ပတ်ဝန်းကျင်ကို သင်တဦးတည်း ပြောင်းလဲဖို့ ကြိုးစားမယ်ဆိုရင် ရနိုင်တဲ့ အခွင့်အရေးတွေ မရပဲ ဖြစ်သွားပါလိမ့်မယ်။ သင့်ရဲ့ ပတ်ဝန်းကျင်နဲ့ အံဝင်အောင် သင့်ကိုယ်သင် ပြောင်းလဲလိုက်ပါ။ အဲလိုလုပ်လိုက်တဲ့အခါ သင့်ကို ခင်မင်မှုမရှိတဲ့ ပတ်ဝန်းကျင်က သင့်အပေါ်မှာ ထူးထူးခြားခြား ပြောင်းလဲလာပါလိမ့်မယ်။ စရိုက်ချင်းတူပြီး သဟဇာတဖြစ်သွားပါလိမ့်မယ်။

(၆) သည်းခံပါ။

အကျိုးမရှိတာကနေ အကျိုးရှိသွားနိုင်တဲ့ အကောင်းဆုံးနည်းလမ်းပါ။ ကျမတို့က စိတ်မသက်သာမှုတွေ၊ ဖျားနာမှုတွေ၊ ဒေါသတွေ၊ ကျမတို့ရဲ့ ထိန်းချုပ်မှုကို ကျော်လွန်နိုင်တဲ့ အန္တရယ်တွေကို နေ့တိုင်း ရင်ဆိုင်နေရပါတယ်။ ကျမတို့က အဲဒါတွေကို မထိန်းချုပ်နိုင်ဘူး၊ မပြောင်းလဲနိုင်ဘူးဆိုရင် ထိန်းချုပ်တတ်ဖို့ သင်ယူရလိမ့်မယ်။ သည်းခံခြင်းကို စိတ်ချမ်းမြေ့စွာနဲ့ လုပ်ကိုင်တတ်ရမယ်။ သည်းခံခြင်းဖြင့် ခွန်အားနဲ့ စိတ်စွမ်းအားတွေ ရရှိလာမှာပါ။

(၇) လုပ်နိုင်တာထက်ပိုမလုပ်ပါနဲ့။

ဒီဆိုရိုးစကားကို အမြဲသတိရနေဖို့လိုပါတယ်။ ကျမတို့ဟာ ကျမတို့ ဆောင်ရွက်ပေးနိုင်တာထက် တာဝန်တွေ ယူလေ့ရှိတယ်။ စိတ်သောကပိုပြီး ဖြစ်လာနိုင်တဲ့ ဝန်ထုပ်ဝန်ပိုးတွေကို ဘာဖြစ်လို့ ထမ်းထားနေမှာလဲ။ ကျမတို့ရဲ့ ကန့်သတ်ချက်ကို သိအောင်လုပ်ပါ။ သင်က သင့်ရဲ့ပြင်ပ လှုပ်ရှားမှုတွေကို ကျယ်ပြန့်လာအောင် လုပ်ခြင်းအားဖြင့် စိတ်ကိုငြိမ်းချမ်းမှု ရှိလာမှာမဟုတ်ပါဘူး။ သင့်ရဲ့ ရုပ်ဝတ္ထုဆက်စပ်မှုတွေကို လျှော့ချပစ်ပါ။ ဘုရားရှီခိုးခြင်းဖြင့် အချိန်ဖြုန်းပါ။ မိမိကိုယ်မိမိ ပြန်လည်သုံးသပ်ပြီး တရားအားထုတ်ပါ။ အနားယူဖို့လုပ်နေတဲ့ သင့်ရဲ့စဉ်းစားချက်တွေဟာ ပြေလျော့သွားမှာပါ။ ကြည်လင်နေတဲ့စိတ်က စိတ်ရဲ့ငြိမ်းချမ်းမှုကို ပိုပြီး ဖြစ်လာစေမှာပါ။

(၈) ပုံမှန်တရားထိုင်ပါ။

တရားထိုင်ခြင်းက စိတ်ကိုတည်ငြိမ်စေပါတယ်.။ အနှောင့်အယှက်ဖြစ်စေမယ့် အတွေးတွေကို ဖယ်ရှားလိုက်ပါ။ ဒီလိုလုပ်တာက စိတ်ငြိမ်းချမ်းဖို့ အမြင့်ဆုံး အခြေအနေတခုဖြစ်ပါတယ်။ သင့်ကိုယ်သင် ကြိုးစားကြည့်ပါ။ တရက်မှာ နာရီဝက်လောက် စိတ်အားထက်ထက်သန်သန် တရားထိုင်ခဲ့မယ်ဆိုရင် သင့်ရဲ့စိတ်က ကျန်တဲ့ နှစ်ဆယ့်သုံးနာရီခွဲမှာလည်း ငြိမ်းချမ်းနေမှာပါ။ သင့်ရဲ့စိတ်ကို အရင်ကလို အနှောင့်အယှက်ပေးတော့မှာ မဟုတ်ပါဘူး။ နေ့စဉ်ပုံမှန် တရားထိုင်ခြင်းအားဖြင့် တဖြည်းဖြည်း အကျိုးကျေးဇူးရှိလာမှာပါ။ သင့်ရဲ့ တနေ့တာအလုပ်ကို အနှောင့်အယှက် ဖြစ်ချင်ဖြစ်မယ်လို့ တွေးချင်တွေးမိလိမ့်မယ်။ အမှန်ကတော့ အချိန်တိုတိုနဲ့ အကျိုးရှိလာမှာဖြစ်ပါတယ်။ အချိန်နည်းနည်းမှာပဲ ပိုကောင်းတဲ့ အကျိုးရလဒ်တွေ ရလာနိုင်ပါတယ်။

(၉) စိတ်မတွေဝေပါနဲ့။

တွေဝေတဲ့ စိတ်ဟာ စိတ်ရဲ့အဆိပ်ဖြစ်ပါတယ်။ မကောင်းတဲ့ လုပ်ဆောင်ချက်တွေအားလုံးက စိတ်တွေဝေတာကနေ စလာတာပါ။ သင့်ရဲ့စိတ်ကို တက်ကြွအောင် ဇောင်းပေးထားပါ။ ပြီးတော့ တန်ဖိုးရှိတဲ့စိတ်ကို ရင်ထဲမှာထားပါ။ ဝါသနာကို တက်တက်ကြွကြွလုပ်ဆောင်ပါ။ သင့်ရဲ့စိတ်ဝင်စားစရာတွေကို လက်ကိုင်ထားပါ။ ငွေကြေးက တန်ဖိုးရှိသလား စိတ်ရဲ့ငြိမ်းချမ်းမှုက တန်ဖိုးရှိသလားဆိုတာ သင့်ကိုယ်သင် ဆုံးဖြတ်ရမယ်။ ပိုက်ဆံမရနိုင်မယ့် လူမှုရေးအလုပ်လို၊ ဘာသာရေး အလုပ်လိုအလုပ်မျိုးက သင့်ရဲ့ဝါသနာဆိုရင်ပေါ့။ ဒါပေမယ့် သင့်မှာ စိတ်ချမ်းသာကျေနပ်နေပြီး အောင်မြင်နေတဲ့ စိတ်ရှိနေတယ်။ ရုပ်ပိုင်းဆိုင်ရာအရ အနားယူတဲ့အချိန်မှာတောင် တရားဓမ္မသီချင်းတွေ ရွတ်ဆိုပြီး စာဖတ်နေခြင်းအားဖြင့် သင့်ကိုယ်သင် ကျန်းမာအောင် နေထိုင်တတ်ရမယ်။

(၁၀) အချိန်မဆွဲပါနဲ့။ ဘယ်တော့မှ နောင်တမရပါနဲ့။

စိတ်ကူးယဉ်ပြီး အချိန်မဖြုန်းပါနဲ့။ လုပ်သင့်သလား၊ မလုပ်သင့်ဘူးလား။ ရက်တွေ၊ သီတင်းပတ်တွေ၊ လတွေ၊ နှစ်တွေမှာ အဓိပ္ပါယ်မရှိတဲ့ ဝေဖန်ဆွေးနွေးမှုတွေနဲ့ ဖြုန်းတီးပစ်ချင်ပစ်နိုင်ပါတယ်။ အနာဂတ်ကို သင်မပိုင်တဲ့အတွက် လုံလောက်တဲ့ အစီအစဉ်တွေ မရှိနိုင်ပါဘူး။ အချိန်ကို တန်ဖိုးထားပါ။ လုပ်ဖို့လိုအပ်တာတွေကိုလုပ်ပါ။ ပထမအကြိမ် ကျရှုံးခြင်းက ကိစ္စမရှိပါဘူး။ သင့်ရဲ့အမှားကနေ သင်ခန်းစာတွေကို ရနိုင်ပါတယ်။ နောက်တကြိမ်မှာ အောင်မြင်နိုင်ပါတယ်။ စိတ်ပူခြင်းနဲ့ ကျောပေးထားခြင်းက ဘာမှမဟုတ်တာတွေကိုသာ ဦးဆောင်နေလိမ့်မယ်။ အမှားကနေ သင်ခန်းစာယူပါ။ ဒါပေမယ့် အချိန်လွန်မှ တနုံ့နုံ့နဲ့ စဉ်းစားမနေပါနဲ့။ နောင်တမရပါနဲ့။ ဘယ်လိုပဲဖြစ်ဖြစ် ကံတရားအတိုင်း ဖြစ်ပျက်နေမှာပါ။ ဖိတ်ကျသွားတဲ့ နွားနို့အတွက် ဘာ့ကြောင့်ငိုကြွေးနေမှာလဲ။

www.funzug.com မှဘာသာပြန်သည်။

29 comments:

Angelhlaing(May everybody be happy and healthy! said...

တန်းဖိုးရှိသော ဒဿနလေးတွေအတွက် ကျေးဇူးပါမမရေ..
ကောင်းသောနေ့လေး ဖြစ်ပါစေလို့..

တောက်ပကြယ်စင် said...

တကယ်မှတ်သားထိုက်စရာ စာစု၊ စကားစုလေးတွေကို စိတ်ဝင်တစား ဖတ်သွားတယ် မသဒ္ဓါရေ။ အဲဒီစာစုတွေအတွက် ကျေးဇူးအထူးပါနော်။ ကျန်းမာပျော်ရွှင် ကြည်လင်ဝင်းပ အေးမြပါစေ...

ကိုကိုမောင်(ပန်းရနံ့) said...

တိုက်ရိုက်ကို လာထိတာပါလား ညီမရယ်။ ကိုယ့်အတွက်များ ရေးထားသလား အောက်မေ့ရတယ်။ စိတ်ချမ်းသာမှု အတွက် အရမ်းကောင်းတဲ့ နည်းဥပဒေသတွေပါဘဲ။ မှတ်သားထားလိုက်ဦးမယ်။ စိတ်ပူလောင်တဲ့အခါတိုင်း ဒီဥပဒေသတွေက စိတ်ငြိမ်းချမ်းမှုအတွက် အားဆေးတစ်ခွက်ပါဘဲ။

ခင်မင်လျက်

ချော(အစိမ်းရောင်လွင်ပြင်) said...

အပေါ်ဆုံးအချက်တော့ အကြိုက်ဆုံးဘဲ
သူတစ်ပါးကိစ္စတွေ ၀င်စွက်ရမှာ အရမ်းကို ၀န်လေးမိသလို မလုပ်ချင်ဆုံး အလုပ်တစ်ခုလည်း ဖြစ်ပါတယ်။

သိင်္ဂါကျော် said...

ကောင်းလိုက်တဲ့ အချက်လေးတွေ...
လိုက်နာနိုင်အောင် ကြိုးစားရမယ်..

ဆွေလေးမွန် said...

(၂)ခွင့်လွှတ်ပါ၊ မေ့ပစ်လိုက်ပါ။
(၇)လုပ်နိုင်တာထက်ပိုမလုပ်ပါနဲ့။

အဲဒီနှစ်ခုကို လိုက်နာနိုင်ဖို့ ကြိုးစားမယ် မသဒ္ဓါရေ။
ကျန်တာအားလုံး စိတ်ကို ဘောင်မခတ်တတ်ပေမယ့်.
အဲဒီအချက်နှစ်ချက်တော့ဖြင့်..
ကိုယ်ဘာသာကိုယ်သိတယ်..
ခဏခဏ စိတ်ပင်ပန်း လူပင်ပန်းဖြစ်တယ် အဲဒီအချက် နှစ်ချက်အတွက်..ကြိုးစားတော့ထိန်းနေတာပဲ..

ချစ်ခြင်းအလင်္ကာ said...

၂)ခွင့်လွှတ်ပါ၊ မေ့ပစ်လိုက်ပါ။

တခါတခါကျတော့လဲ..မနည်းကြိုးစားနေရတယ်..အဲဒါကြီးကို..

ခင်တဲ့
ချစ်ခြင်းအလကာင်္

စံပယ်ချို said...

တန်ဖိုးရှိတဲ့စာစုအတွက်ကျေးဇူးတင်ပါတယ်...
အားလုံးသိသင့်တဲ့စာပါ...
သူငယ်ချင်းတစ်ချို့ကိုလဲပို့ပေးလိုက်ပါမယ်...

ahphyulay said...

အင်း...
ကျွန်တော်အကြိုက်ဆုံးကတော့ ...
ပုံမှန် တရားထိုင်ပါ ဆိုတာပါပဲ။
လုပ်နိုင်ရင် အကောင်းဆုံး ....။

ဇော်သိင်္ခ said...

တကယ် အသုံးဝင်တဲ့ ဒဿနလေးတွေကို ဖတ်ခွင့်ရတဲ့ အတွက် ကျေးဇူးတင်ပါတယ်ဗျာ။ အတက်နိုင်ဆုံး ကျင့်သုံးနိုင်သလောက်လေးတွေကိုတော့ ကျင့်သုံးနေပါတယ်။ နောင်လည်း ကြိုးစားပြီး ဆက်လက် ကျင့်သုံးသွားကြည့်အုံးမယ်လို့ ဆုံးဖြတ်ထားပါတယ်။

ခင်မင်စွာဖြင့်
ဇော်သိင်္ခ

လသာည said...

တကယ်သတိထား ကျင့်ကြံစရာ အချက်လေးတွေပါ..။
ကျေးဇူး.....

အဖြူရောင်နတ်သမီး said...

(၁) သင့်ကိုမမေးရင် သူတပါးရဲ့ကိစ္စကို ဝင်မစွက်ပါနဲ့။
* စိတ်ချပါ..။
(၂)ခွင့်လွှတ်ပါ၊ မေ့ပစ်လိုက်ပါ။
* ခွင့်လွှတ်နိုင်သလောက် ခွင့်လွှတ်ပေးပါတယ်။
(၃) အသိအမှတ်ပြုမှုကို မမက်မောပါနဲ့။
* သဘောကောင်းလွန်းလို့ ကိုယ်ကပဲ ခံရတာများပါတယ်။
(၄) သူတပါးကို မနာလိုမဖြစ်ပါနဲ့။
* ပြောင်းပြန်ခံနေရတာ..။
(၅) ပတ်ဝန်းကျင်ကိုလိုက်ပြီး သင့်ကိုယ်သင်ပြောင်းလဲပါ။
* စိတ်ရောင်စုံတွေကြားနေရင်း ကိုယ်ပါ သက်တန့်လူသားဖြစ်နေပြီ။
(၆) သည်းခံပါ။
* သည်းခံပါတယ်၊ သိပ်လွန်လာရင်တော့ ပြတ်ဆော်တတ်တဲ့အကျင့်ကို အခုထိဖျောက်လို့မရသေးဘူးကွယ်။
(၇) လုပ်နိုင်တာထက်ပိုမလုပ်ပါနဲ့။
* ဟင်း..တခါတခါကျတော့လည်း မနေတတ်တာတွေကြောင့် လုပ်မိနေတယ်။
(၈) ပုံမှန်တရားထိုင်ပါ။
* အခုတော့ စိတ်ပဲရှိတယ်၊ မလုပ်ဖြစ်သေးဘူး(အမှန်ဝန်ခံသွားပါသည်)။
(၉) စိတ်မတွေဝေပါနဲ့။
* ဟုတ်
(၁၀) အချိန်မဆွဲပါနဲ့။ ဘယ်တော့မှ နောင်တမရပါနဲ့။
* နောက်ဆုံးအချက်ကို အကြိုက်ဆုံးပဲ..၊ နှလုံးသွင်းမှတ်သားသွားပါတယ် သူငယ်ချင်းရေ..။

မော်ကွန်းသစ် said...

နေတတ်ထိုင်တတ်ဖို့အတွက် နည်းလမ်းကောင်းတွေပါပဲ. ကျန်းမာပါစေ...

mstint said...

ဒီဘလော့ဂ်ကို လာဖတ်တိုင်း မှတ်သားဖွယ်ရာအဖြစ် တစ်ခုခုကျန်ခဲ့တာမို့ ကျေးဇူးပါကွယ်။ ပျော်ရွှင်ပါစေနော်။

မေတ္တာဖြင့်
အန်တီတင့်

ပန်းချီ said...

ပုံမှန်တရားထိုင်ပါ ဆိုတဲ့အချက်ကလေးက ခုတလောလေး ဝတ္တရားပျက်နေတဲ့ ကျွန်မကို သတိပေးနေသလိုပါပဲ..။ စိတ်ငြိမ်းချမ်း အေးမြစေဖို့ တကယ့်အဖိုးတန် အခြေခံအချက်တွေပါပဲရှင်။ ကျေးဇူးတင်ပါတယ်း)

flowerpoem said...

အမရေ အချက်တွေအားလုံးကြိုက်တယ် ကျေးဇူးပါ..

မြစ်ကျိုးအင်း said...

ကောင်းလိုက်တဲ့ အချက်လေးတွေ။ နံပါတ် ၈ ကို သေချာလုပ်ဖို့ အားခဲထားတာ ကြာပြီ။ ခုထိ သေချာမလုပ်နိင်ခဲ့သေးဘူး။ ကြိုးစားအုံးမယ်။

သော်ဇင်စိုး said...

အရမ်း မိုက်တယ်ဗျာ.. ဘာသာပြန်ဆိုပေမဲ့ မူရင်းရေးတဲ့ သူရဲ့ ရင်ခုန်သံနဲ့ ထပ်တူကျသွားတာ လုံးဝ ဖြစ်နိုင်တယ်..
ဗုဒ္ဓရဲ့ ဗြဟ္မာစိုရ် တရားတွေနဲ့လည်း ထပ်တူနီးပါး ဖြစ်နေတာ တွေ့ရတော့ ငယ်ချစ်ဦးနဲ့ ပြန်တွေ့လိုက်ရသလိုတောင် ဖြစ်မိတယ်.. နောင်လည်း ဖတ်ချင်ပါတယ်.. မျှော်နေပါ့မယ်.. :)

Anonymous said...

မသဒ္ဓါ

စာစုလေးတွေက တန်ဖိုးရှိပြီး ဖတ်ရတာ ခွန်အားရှိတယ်။ကြိုက်လွန်းလို့ ကူးသွားခွင်ပြုပါ။ ကိုယ်တိုင် ဘာသာမပြန်နိုင်ပေမဲ့ သူများပြန်ပြီးတာကို တစ်ခြားသူများကို ထပ်ပြီးမျှဝေခွင့်ပြုပါ





ခင်မင်လျှက်

Anonymous said...

လေ့လာမှတ်သားပြီး
ကြိုးစားအားထုတ်ပါ့မယ်အစ်မရေ
ကျေးဇူးပါဗျာာ

မောင်ဘကြိုင်
နေပြည်တော်မှလာသည်
http://mgbakyaing.blogspot.com/

မဒမ်ကိုး said...

ခွင့်လွှတ်ခဲ့ပါသည်..သို့သော်လဲမမေ့နိုင်သေးပါ..

ခင်မင်လေးစားစွာဖြင့်

မဒမ်ကိုး

ashin kusalasami said...

ဖတ်ရတာနဲ့တင် စိတ်လေး ငြိမ်းသွားပါတယ် ... မသဒ္ဓါရေ ... အရမ်းကောင်းတဲ့ ပို့စ်လေးပါ။ ချမ်းမြေ့ပါစေ ....

blackroze said...

ဟုတ်တယ် သဒ္ဒါရေ..
အဲဒီအချက်တွေနဲ့ကိုက်ညီအောင်ကြိုစားပြီးနေရဦးမယ်..

ခင်တဲ့ Blackroze

sosegado said...

တိုက်တိုက်ဆိုင်ဆိုင် သီတဂူဆရာတော်ကြီးကလည်း ဒီနေ့အလားတူပဲ ဟောကြားခဲ့တယ်။

sosegado said...

တိုက်တိုက်ဆိုင်ဆိုင် သီတဂူဆရာတော်ကြီးကလည်း ဒီနေ့အလားတူပဲ ဟောကြားခဲ့တယ်။

အင်ကြင်းသန့် said...

မသဒ္ဓါရေ....စိတ်ငြိမ်းချမ်းမှုရစေဖို့
အခြေခံအချက်လေးတွေကို ဖတ်မှတ်သွားတယ်နော်....

မသဒ္ဓါလည်း စိတ်တွေငြိမ်းချမ်းပျော်ရွှင်ပါစေ....

ချစ်ခင်စွာ
ဂျင်း

naw said...

သဒ္ဓါ ကြိုက်လို့ copy ကူးပြီး facebook ကနေ Share လိုက်တယ်။ ခွင့်ပြုပါ နော်။ ကျေးဇူးတင်ပါတယ်။

လေးစားစွာဖြင်.။

အောင်လွင်ထက် said...

if u got JESUS CHRIST u have a peaceful life that is CHRIST gives u. u urself can not do anything because u have no power to overcome all thing for example forgiveness .do not pretend ur self that u can do please accept JESUS CHRIST and then u will be ok for everthing.
GOD BLESS U

Kyitaw said...

Thank you for your post, I like it. Have a nice day. I wish you can write new post again soon.