Saturday, March 5, 2011

စီရင်ပိုင်ခွင့်….

စီရင်ပိုင်ခွင့်…. တဲ့လား……….
ဘာကိုစီရင်ခွင့်….. ရမှာတဲ့လဲ……..!

ကိုယ်တိုင် ယုံကြည်… ဖေါက်ထွက်ခဲ့တဲ့ ရပ်ဝန်းလေးတခုကိုလား…
ကိုယ်တိုင် စိုက်ထူ ရွက်လွှင့်နေတဲ့ အဆစ်အပိုင်းလေးတခုကိုလား….

တပါးသူရဲ့ ရွေးချယ်ပိုင်ခွင့်မှာ နေရာယူဖို့....လား……….
တပါးသူရဲ့ လွတ်လပ်ပျံသန်းမှုမှာ ခိုနားဖို့.....လား……………
တပါးသူရဲ့ ရယ်မောသံလေးတွေကို ရပ်တန့်ပစ်ဖို့......လား……….
…………………….

မဖြစ်မနေဆိုတဲ့ သတ်မှတ်ချက်တခု… ရဲ့…
နောက်ကွယ်က… မာယာမျက်နှာဖုံး..
ဟန်ဆောင်ကမ္ဘာ….
ဆိုတဲ့…..
……………………………..
ခြောက်ကပ်ကပ် နဲ့….. မေတ္တာတရား…တွေ.. ပါးရှား…တဲ့
ခေတ်ပျက်ကြီးထဲမှာမှ..
ငါ..ဆိုတဲ့…ငါကလည်း…
စီရင်ချင်သေး..
!!!

တကယ်တော့…..
ဘယ်အရာကိုမှ………..
စီရင်ပိုင်ခွင့်………မရှိတဲ့…..
လူသားတဦး.. အဖြစ်နဲ့……….
စီရင်ပိုင်ခွင့်......ကို
စီရင်နေလေရဲ့…!!!!!

14 comments:

ဆွေလေးမွန် said...

သဒ္ဓါရေ ကဗျာလေးကိုဖတ်ပြီး ခံစားချက်တွေ မြင်လိုက် ရသလိုပဲ..

ပြီးတော့ ရေးထားတာလေးတွေက ရိုးရိုးရှင်းရှင်းနဲ့ အဓိပ္ပါယ်တွေ အများကြီးပါနေတယ်

အဖြူရောင်နတ်သမီး said...

တကယ်တော့…..
ဘယ်အရာကိုမှ………..
စီရင်ပိုင်ခွင့်………မရှိတဲ့…..
လူသားတဦး.. အဖြစ်နဲ့……….
စီရင်ပိုင်ခွင့်......ကို
စီရင်နေလေရဲ့…!!!!!
........................

ဘာမှအမြဲမရှိတဲ့ လောကကြီးထဲမှာ
ကိုယ့်ကိုယ်ကိုတောင် ရှေ့ဆက် ဘာဖြစ်မယ်မှန်းမသိကြတာ...

ဒီကဗျာလေးက အသိတရား လွတ်နေတဲ့သူတွေကို မီးမောင်းထိုးပြလိုက်သလိုပါပဲ သဒ္ဓါရေ...။

ကဗျာလေး အရမ်းကောင်းပါတယ် ဆိုတာထက် ပိုကောင်း၏..အမြဲအားပေးနေ၏...။

Angelhlaing(May everybody be happy and healthy! said...

တကယ်တော့…..
ဘယ်အရာကိုမှ………..
စီရင်ပိုင်ခွင့်………မရှိတဲ့…..
လူသားတဦး.. အဖြစ်နဲ့……….
စီရင်ပိုင်ခွင့်......ကို
စီရင်နေလေရဲ့…!!!!!


မမရေ...
ကဗျာလေးအားပေးသွားလျှက်...

ကိုကိုမောင်(ပန်းရနံ့) said...

တပါးသူရဲ့ ရွေးချယ်ပိုင်ခွင့်မှာ နေရာယူဖို့....လား……….
တပါးသူရဲ့ လွတ်လပ်ပျံသန်းမှုမှာ ခိုနားဖို့.....လား……………
တပါးသူရဲ့ ရယ်မောသံလေးတွေကို ရပ်တန့်ပစ်ဖို့......လား……….

ဟုတ်တယ်။ လောကကြီးမှာ အဲဒီလို လူတွေ အတော်များနေပါပကောလား။

ခင်မင်လျက်
ကိုကိုမောင်(ပန်းရနံ့)

တောက်ပကြယ်စင် said...

တပါးသူရဲ့ ရွေးချယ်ပိုင်ခွင့်မှာ နေရာယူဖို့....လား……….
တပါးသူရဲ့ လွတ်လပ်ပျံသန်းမှုမှာ ခိုနားဖို့.....လား……………
တပါးသူရဲ့ ရယ်မောသံလေးတွေကို ရပ်တန့်ပစ်ဖို့......လား……….
အဲဒီထဲမှာ မပါဖို့တော့ ကြိုးစားစီရင်နေလေရဲ့ သဒ္ဓါရေ...ရွှင်လန်းချမ်းမြေ့ပါစေ

လင်းခေတ်ဒီနို said...

မဖြစ်မနေဆိုတဲ့ သတ်မှတ်ချက်တခု… ရဲ့…
နောက်ကွယ်က… မာယာမျက်နှာဖုံး..
ဟန်ဆောင်ကမ္ဘာ….
ဆိုတဲ့…..
……………………………..
ခြောက်ကပ်ကပ် နဲ့….. မေတ္တာတရား…တွေ.. ပါးရှား…တဲ့
ခေတ်ပျက်ကြီးထဲမှာမှ..
ငါ..ဆိုတဲ့…ငါကလည်း…
စီရင်ချင်သေး..

ကောင်းလိုက်တဲ့ ကဗျာလေးပဲ မဒါ . . .

တပိုဒ်ချင်းစီရဲ့ ရသက ပေါ်လွင်တယ်
တပုဒ်လုံးရဲ့ ချုံငုံရသကလည်း ထိရှတယ်

အားပေးနေတယ် မဒါရေ . . ခံစားချက်လေးတွေ ဖွင့်ချ ရသလေးတွေ မျှဝေနိင်ပါစေ

လခြမ်းမြီ said...
This comment has been removed by the author.
လခြမ်းမြီ said...

လူနာ

ညှီနံ့တထောင်းထောင်းနဲ့နိုးထ
မနေ့ကအခိုးတွေတောင်
အကင်းမသေသေးဘူး ။
စိုးရိမ်စိတ်တွေနဲ့မျက်နှာသစ်ခဲ့
ဘယ်ခြေလှမ်း-လှမ်းရမလား
ညာခြေလှမ်း-လှမ်းရမလား
ဝေခွဲရခက်နေလေရဲ့
Update ဖြစ်တဲ့သတင်းက
ဟန်ဆောင်မှုတွေ
ပကာသနတွေ
ဈေးကွက်ဝင်နေဆဲ၊
တပိုင်တနိုင်တော့
သယ်သောကြဦးပေါ့။
မုသားတွေခြေလှမ်းကြဲလိုက်တာ
ငါ့နေရာသူဦးနေပြီး။
အတုယောင်တွေ ရောင်းအားသွတ်လိုက်တာ
ငါ့နေရာသူဦးနေပြီး။
ဟန်မဆောင်တတ်ရင်
လူမှုရေးနောက်ကျကျန်ခဲ့မယ်တဲ့
အော်…………
လူမှုရေးတဲ့….အပြုံတွေ ချဉ်လိုက်တာ
မုသားခပ်ပါးပါးလေး ပုတ်လိုက်မှ
ငါ့နားတောင် နဝင်ချိုတတ်နေပြီ။
အိုခြင်း နာခြင်း သေခြင်းမှ အပ
ကျန်တာတွေ Equation နည်းနေတယ်
ဒါကို မျက်ကန်းယောင် ဆောင်တဲ့သူတွေက
Global ဆိုတဲ့ ခေါင်းစဉ်တွေနဲ့။
လမ်းဘေးဈေးသည်ပါးစပ်က
အမှန်တရားလောက်
ငါတို့မြတ်နိုးနေရတာ
ခေတ်ကိုက ဘာလာလာဒေါင်းမှ
ထမင်းဝတဲ့ခေတ်။
ဒီလိုနဲ့ ……..
မနက်စာ ညစာနဲ့ပဲ နေဝင်မိုးချုပ်
ချွေး ..သွေး…မျက်ရည်တွေ
ပွဲတော်ကျင့်ပခံခဲ့ရတာ
ဟော….ကမ္ဘာကြီးတောင် ပျက်တောမယ်ဆိုပဲ။

................
တယူသန်

MMSA မှာ တင်ထားတဲ့ ကဗျာတစ်ပုဒ်ကို လက်ဆောင်းပေးခဲ့ပါတယ်။

ချော(အစိမ်းရောင်လွင်ပြင်) said...

တခါ တခါ ကိုယ့်ကိုယ်ကိုတောင် စီရင်ပိုင်ခွင့် မရှိတဲ့ ဘ၀ပါလေ..
မြိုသိပ်ရတာတွေများလို့ ပင်ပန်းတယ်..

sosegado said...

မဖြစ်မနေဆိုတဲ့ စီရင်ထုံး စီရင်ခွင့်တွေနဲ့ ကမ္ဘာပေါ်မှာ လူတွေအားလုံးကို စီရင်ချက်ချထားတယ်။ ချန်ကေရှိတ်က
ကမ္ဘာပေါ်မှာလွတ်လပ်တဲ့သူ ဘယ်သူမှာမရှိဘူး တဲ့။

ပေါ့ဆိမ့် said...

တွေးစရာလေးတွေပါတဲ့ ကဗျာလေး ပါပဲ...

လေလွင့်လူ said...

ကဗျာလေးတွေလာဖတ်သွားတယ်နော်ဘလော့ဂါအသစ်လေးဆီလာလည်အားပေးမှုအတွက်ကျေးဇူးပါသဒ္ဒါလှိုင်း.....

နေ၀သန် said...

နောက်ဆုံးအပိုဒ်လေးကို အတော်သဘောကျတယ်.. ဘယ်အရာကိုမှ စီရင်ပိုင်ခွင့်မရှိတဲ့လူသားတစ်ဦးအနေနဲ့ စီရင်ပိုင်ခွင့်ကို စီရင်နေလေရဲ့တဲ့..... ဟုတ်ပ....

ခင်မင်တဲ့
နေ၀ဿန်

blackroze said...

တခါတလေ..အရာအားလုံးကိုမေ့ပြီး
စီရင်ချက်တခုချပလိုက်ချင်မိတယ်လေ..