Tuesday, October 19, 2010

လက်ကနဲပေမဲ့

တကိုယ်တည်း တီးတိုးရေရွတ်သံ မှတပါး ပတ်ဝန်းကျင်ရဲ့ ရိုက်ခတ်လာတဲ့ လေတိုးသံကိုတောင် မကြားနိုင် လောက်အောင် သစ်ရွက်လေး ကြွေကျတာတောင်မှ မတွေ့မြင်နိုင် လောက်အောင်……… သက်ပြင်းရှည်ကြီးကို အခါခါချလို့ လှိုက်ဖိုမောဟိုက် နေတဲ့ ကျမတယောက်က လွဲလို့….

အနီးဝန်းကျင်မှာ ဘာဆိုဘာမှ မမြင်နိုင် လောက်အောင် ပိတ်မှောင် နေတာလား.. ဒါမှမဟုတ် အလင်းရောင် ကင်းမဲ့ သွားလောက်အောင်… အသိ စွမ်းအင်တွေ အားနည်း သွားလောက်အောင်… မျက်လုံး စွမ်းအင်ကပဲေ၀၀ါး သွားခဲ့လေပြီလား… ဒါမှမဟုတ် အသိ စွမ်းအင်တွေ လျော့ကျ သွားခဲ့ပြီလား…..။

အို…. မျက်လုံး အနီးတ၀ိုက်က တဆစ်ဆစ် နာကျင်နေပါလား….!

မျက်လုံးနား တ၀ိုက်က နာကျင်နေတာထက် ရင်ထဲမှာ မနာကျင်ဖို့… ဦးနှောက်ထဲက အသိ စွမ်းအင်တွေ မပျောက်သွားဖို့.. ဘယ်လိုသတ္တိတွေ.. အင်အားတွေ.. စိတ်ခွန်အား တွေနဲ့ ယှဉ်ပြိုင် နေရအုံးမှာပါလဲ…!

ဟင့်အင်း….ကျမရဲ့ အကြည့်တွေ အားလုံးကတော့ မှောင်အတိ ကျနေပြီ… ဘာကြောင့်လဲ… ဘာကြောင့်များပါလဲ…

အသိလေး တချက် ၀င်လာတဲ့ အခိုက်အတန့် ယောင်ရမ်းလို့ မျက်လုံးလေးကို ကိုင်ကြည့်လိုက်တဲ့ အခါမှာ ဘယ်လို အရာနဲ့များ ဖုံးအုပ် ထားခဲ့တာပါလိမ့်…..

အို…….. မဖြစ်နိုင်ပါဘူးးးးးးးးးးးးး

အမှောင်ထုကြီးက လွှမ်းမိုးထားပါလား……..

အမှောင်ထု ထဲမှာ စမ်းတ၀ါးဝါးနဲ့ လှမ်းလျှောက် လာရင်း ဘယ်ကို သွားနေတာပါလိမ့်.. ဘယ်ကိုဦးတည်ပြီး ရွေ့လျားနေတာ ပါလိမ့်.. ဘာကိုလိုချင်လို့ သွားနေတာ ပါလိမ့်လို့... ပြန်စဉ်းစားရင်း… ရုတ်တရက် အလင်းရောင်လေး တချက် လက်ကနဲ တွေ့လိုက်ရတယ်..!!!

အလင်းရောင်လေး နောက်ကို တကောက်ကောက် လိုက်ကြည့်ရင်း မသေချာ မရေရာတဲ့ မှုန်ဝါးေ၀၀ါး နေတဲ့ အရာလေး တခုနောက်ကို လိုက်နေမိသလိုများလား..။

သေချာ ကြည့်တော့မှ သိပ်ကို ကြည်လင် ၀င်းပတဲ့ လင်းရောင်တန်းလေး တခုပါလား…….။

ကြည်လင်ဝင်းပတဲ့ လင်းရောင်တန်းလေးရဲ့ နောက်မှာ ကပ်ပါသွားတဲ့ ကျမရဲ့ စိတ်ခွန်အား တွေကလည်း မယုံကြည်နိုင်စွာ အားအင် တက်ကြွလို့ ပင်ပန်းမှုကိုတောင် မခံစားရအောင် လိုက်ပါသွားခဲ့မိတယ်..။

ဒီအလင်းရောင်တန်း လေးက ဘယ်နေရာမှာမှ ဆုံးသွားမှာပါလိမ့်…. ဖြစ်နိုင်ရင် မဆုံးနိုင်တဲ့ နေရာလေး အထိ ကျမ လိုက်ပါသွား ဖြစ်တော့မယ်… အလင်းရောင်လေးရဲ့ ကြည်လင် ၀င်းပတဲ့ အလင်းတန်းလေး တခုကလွဲလို့ ဘာဆိုဘာမှ မြင်ခွင့် မရှိတော့ရင်တောင် ကျမလေ အလင်းတန်းလေး နောက်ကိုပဲ လိုက်နေပါရစေတော့……!

ဒါဟာ ကျမရဲ့ အသိ စိတ်အင်အားတွေ အားနည်းပြီး ပျောက်သွားခဲ့လို့လား....!

ဟင့်အင်းးး မဟုတ်ပါဘူး..

ကျမလေ..!!!!

ဒီအလင်းရောင်လေးကို သိပ်ကို မြတ်နိုး နေခဲ့သလို… ကျမရဲ့ အမှောင်ထုကြီးကို အလင်းရောင်လေး ပေးခဲ့လို့ပေါ့..

သေချာတာကတော့ ကျမတယောက်… အမှောင်ထုနဲ့ ဝေးရာ အလင်းရောင်လေး အရပ်ဆီသို့ ဦးတည်ခုတ်မောင်းလျက်….

24 comments:

သော်ဇင်စိုး said...

ဒုံ.. ဒုံ.. ဒုံ.. ဒုံဒုံ.. မီရထားကြီး.. အလင်းတန်းလေးရှိရာ ခုတ်မောင်းနေသံဖြစ်ပါတယ်.. ခင်ဗျား.. :P

ကိုခိုင် said...

အလင်းတန်းလေးအဆုံးမှာ
ကြည်လင်အေးချမ်းတဲ့အရာတွေ
ရှိနေမှာပါ။
အစစအရာရာအဆင်ပြေပါစေ။
ကျန်းမာပါစေ။

ကိုခိုင်

ahphyulay said...

မသိဘူးဗျာ....
ကျွန်တော် ပေါက် သွားတာတော့ 
လမ်းစ လေးတစ်ခု၊ မှန်မဲ့  လမ်းကြောင်း လေးတစ်ခု ကို
လဲနေရာကနေ နိုးထ ခြေချ လိုက်မိသလို ..
အင်း .. အဲ့ လို တဖက်က ပြောကြည့် ချင်တယ်။

ကိုအောင် said...

အလင်းရောင် အမြန်ဆုံး ရပါစေ။

လသာည said...

မင်္ဂလာပါ..။ အစစအဆင်ပြေပျော်ရွှင်ပါစေ...

ညိမ်းနိုင် said...

အင်းးးးမဆုံးနိုင်တဲ့ အလင်းတန်းလေးတွေ နောက်ကို
လိုက်ပါမိရင်း.....ဒီလိုနဲ့ပဲ...။

ချော(အစိမ်းရောင်လွင်ပြင်) said...

အလင်းတန်းလေးကို ပျော်ရွှင်ခြင်း ကြည်နူးချမ်းမြေ့ခြင်းတို့ဖြင့် ပိုင်ပိုင်နိုင်နိုင် ဆုပ်ကိုင်ထားနိုင်ပါစေ သဒ္ဓါရေ။

SHWE ZIN U said...

ညီမ ရဲ့

အလင်းတန်း လေးနဲ့ အမြန်ဆုံး ဆုံတွေ့နိုင်ပါစေ

ခင်တဲ့
ရွှေစင်ဦး

Bravo said...

ဘယ်ကိုလဲ
ထွက်သွားချင်တာလား
ထွက်ပြေးချင်တာလား

ကိုဇော် said...

အမှောင်ထဲမှာ ရောက်နေတယ်။
ဘယ်ကို သွားရမယ် မသိဆိုတဲ့ လမ်းပျောက်နေတယ်။
ဒီအချိန်မှာ...
အလင်းတန်းလေးကို တွေ့လိုက်ရတယ်။
သူ့နောက်ကို လိုက်တယ်။
ဒီလို ဆိုလိုရင်း မှန်တယ် ဆိုရင်. . .
သေသေကြေကြေ အလင်းတန်းလေး နောက်ကို လိုက်သင့်ပါတယ်။ အမှောင်ထဲမှာဗျာ။ မကောင်းပါဘူး မမြင်မကန်းနဲ့...

blackroze said...

သဒ္ဒါအတွက်..အေးမြတဲ့အလင်းတန်းလေး
ဖြစ်ပါစေလို့..ကျမဆုတောင်းပေးတယ်နော်

ဇွန်မ said...

အမရေ အမှောင်ကိုခွင်းတဲ့ အလင်းတန်းလေး ရဲ့ ထာဝရပိုင်ရှင်ဖြစ်ပါစေလို့...

sosegado said...

အမှောင် အတိရှိတဲ့နေရာကို အလင်းတန်းရောက်လာခဲ့ရင်၊ ဝန်းကျင်တစ်ခုလုံး အလင်းအနည်းငယ်ရရှိမှာပါ၊
ဖြာထွက်မှု မရှိတဲ့ အလင်းတန်းဆိုရင်၊ ဖျားယောင်းအလင်းတန်း စိတ်ကူးအလင်းတန်းတွေဖြစ်နိုင်ပါတယ်၊
အဲဒီ့ ဖျားယောင်း စိတ်ကူး အလင်းတန်းတုတွေနောက် မလိုက်မိဘို့ အရေးကြီးတယ်၊

နှင်းဟေမာ said...

ဦးတည်ချက်ဆိုတဲ့နောက်မှာ ယုံကြည်ချက်ဆိုတာလေးပါ ခေါ်ဆောင်ရင်း ပျော်ရွှင်ခြင်းအလင်းများစွာကို ပေးနိုင်မယ့် အလင်းတန်းရှိရာကို လျှောက်လှမ်းနိုင်ပါစေ ...း)

အင်းတော်ရှမ်း said...

အလင်းေ၇ာင်တွေမှတော့ တစ်ယောက်တည်း တစ်ကိုယ်ကောင်း မဆန်နဲ တို့လည်း လိုက်မယ် ချန်မထားနဲ့

Anonymous said...

ဖတ်ပြီး
အစစအရာရာ အဆင်ပြေပါစေလို့ဆုတောင်းပေးခဲ့တယ်ဗျ

မောင်ဘကြိုင်

ယုန်ကလေး said...

စိတ်ဝင်စားဖို့ကောင်းတဲ့စာတွေကို လာဖတ်သွားတယ်နော် နေကောင်းလား

မြစ်ကျိုးအင်း said...

ဘဝ တခုလုံး အမှောင်ကျသွားချိန်မှာတော့ လမ်းပြမယ့် အလင်းတန်းလေးကို မြင်ခွင့်ရချင်တယ်။

blackcoffee said...

အလင်းတန်းလေးနဲ့ အမြန်ဆုံးဆုံတွေ့ နိုင်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ် သူငယ်ချင်းရေ........

အင်ကြင်းသန့် said...

မသဒ္ဒါရေ....မသဒ္ဒါဦးတည်ခုတ်မောင်းနေတဲ့ အမှောင်ထုနဲ့ ဝေးရာ အလင်းရောင်လေးရှိရာ အရပ်ဆီကို အမြန်ဆုံးရောက်ရှိနိုင်ပါစေလို့.....


ချစ်ခင်စွာဖြင့်
ဂျင်း

မြသွေးနီ said...

အလင်းရောင်...
သန်းခေါင်ညနက်ထဲ...ကြယ်စင်များ..လင်းလက်...
အလင်း.....ရောင်...အလင်း......ရောင်...။

သုခုမလေဒီ said...

သီတင်းကျွတ်မှာပျော်ရွှင်ပါစေ..
လိုချင်တဲ့အလင်းတန်းလေးလည်း ရရှိပါစေ..။

အဖြူရောင်နတ်သမီး said...

အလင်းတန်းလေးဆီကို အမြန်ဆုံးရောက်ရှိနိုင်ပါစေ...

နေ၀သန် said...

တစ်နှစ်ပြည့်လေးမှသည် စာကောင်းပေမွန်တွေအမြဲတမ်း ဆက်ရေးနိုင်ပါစေဗျာ...


ခင်မင်တဲ့
နေ၀သန်