Monday, September 13, 2010

ကုန်ဆုံးသွားခဲ့ပြန်သော တနင်္ဂနွေ

တပတ်ပြီးတပတ် ကုန်ဆုံးသွားခဲ့သော တနင်္ဂနွေများကို ဖြတ်ကျော်ရင်း ရင်ထဲကို ရောက်ရှိလာတဲ့ အမှတ်မထင်မှုများက ပြန်လို့ အမှတ်ထင်ထင် ဖြစ်လာပြန်ပါကော…။

တခါတရံ တော့လည်း ဘာမှမဟုတ်ပဲ ကုန်ဆုံး သွားခဲ့တယ်..။ တခါတရံတော့ အမှတ် ထင်စရာ အဖြစ်အပျက် တွေနဲ့ ကုန်ဆုံး သွားခဲ့ရ ပြန်တယ်.။ ဘယ်လိုပဲ ဖြစ်ဖြစ်ပါလေ အမှတ်မထင်ရော.. အမှတ်ထင်စရာ တွေပါ နောက်ဆုံးတော့ ပုံရိပ်လွှာ အဖြစ်နဲ့သာ ကျန်ခဲ့တာ ကိုတော့ ရင်ထဲ တနေရာမှာ ခိုအောင်းနေတဲ့ ပုံရိပ်လွှာ လေးက ဘယ်လိုမှ မငြင်းနိုင်ပါဘူး..။ ပုံရိပ်လွှာလေးကိုပဲ အမြတ်တနိုးနဲ့ သိမ်းထားခွင့် လေး ရနေတာကိုပဲ ကျေးဇူးတင်ရမလိုလို..ဖြစ်သေး။

တနင်္ဂနွေ တရက်……

ထုံးစံအတိုင်း မနက် မိုးလင်းတာနဲ့…. ဦးနှောက်ထဲ အတွေး ရောက်လာတာက စာအုပ်တွေ…..

ဖြတ်ဆို ဘေးနားကို ကြည့်လိုက်တော့ ညက ဖတ်လက်စ စာအုပ်ကြီးက ဆီးကြိုလို့..

အော်.. ညက စာဖတ်ရင်းနဲ့ အိပ်ပျော်သွားခဲ့တာကိုးးးးး။

နားရက်လေးမှာ ဘာလုပ်ရမလဲ… စဉ်းစားရင်း စိတ်ကတော့ နေရာအနှံ့ကို ရောက်သွားခဲ့ပြန်ပြီ။ မြန်လိုက်တဲ့ စိတ်…ပါလား…၊ မနည်းလိုက်ဖမ်း… နေရ……..တယ်…၊ သတိနဲ့ ပြန်စုစည်းလိုက်တော့ ထိရှလွယ်တဲ့ စိတ်တစုံသာ ပြန်ရောက်လာခဲ့…ပေါ့ !!!

စိတ်ကို အနားပေးဖို့ အတွက် ညက ဖတ်လက်စ စာအုပ်ကို ယူပြီး ဖတ်နေ လိုက်တော့တယ်…။

ဟင့်အင်းးးးးးးးးးး တခါတရံ မကုန်ချင်တဲ့ နေ့တွေအတွက်… သဘာဝ တရားကြီးကို ဆန့်ကျင်လို့ အိပ်မက် မက်နေလိုက်တာ.။ မကုန်ချင်ပေမဲ့… မရောက်ချင်ပေမဲ့… ပြောင်းလဲနေတဲ့ အချိန် အတိုင်း စီးမြဲ စီးသွားနေတဲ့ ကာလ အတိုင်း လိုက်လံ စီးမျော သွားရတာပဲလေ..။ စီးမျော သွားနေတဲ့ အချိန်လေး တွေကိုပဲ ဘယ်လို ကုန်ဆုံးခဲ့ပြန်ပြီလဲ..။ တန်ဖိုးရှိရှိနဲ့ ကုန်ဆုံး သွားခဲ့တာလား……. ဘာမှ မလုပ်လိုက်ရပဲ ကုန်ဆုံး သွားခဲ့တာလား….. မိမိအတွက်ရော သူတပါး အတွက်ရော ဘာတွေ လုပ်ပေးပြီး ကုန်ဆုံး သွားခဲ့တာလဲ….. `လားးးးးးး´ပေါင်းများစွာနဲ့…….!

ကုန်ဆုံး သွားခဲ့တဲ့ အချိန်တွေ အတွက်… စိတ်ထဲမှာ ကြည်နူးနေခဲ့တဲ့ အရာတွေ ဘယ်လောက်ရှိ သွားခဲ့သလဲ… ၀မ်းနည်းစရာတွေ ဘယ်လောက်များ ရှိနေခဲ့သလဲ…. ၀မ်းသာစရာတွေ ရှိနေခဲ့ပါရဲ့လား…. အားရကျေနပ်မှုရော ရှိခဲ့ရဲ့လား….လို့ ပြန်တွေးကြည့်တော့ ပြန်မရနိုင်တဲ့.. ပြန်လိုချင်ခဲ့တဲ့ အချိန်လေး တချိန်ချိန် ရှိခဲ့တာတော့ သေချာခဲ့ပါတယ်…။ အဲဒီ အချိန်လေးကို ပြန်တမ်းတရင်း ကုန်ဆုံးခဲ့ရတဲ့ အချိန်တွေကို နှမြောမိသလိုလို ဖြစ်မိတယ်…။

တဖန် ထပ်ပြီး ကုန်ဆုံးမဲ့ ကာလတွေအတွက် ဘယ်လိုသော အစဉ်အလာ တွေနဲ့ တိုးဝှေ့ပြီး ဆက်မက်ခွင့် ရှိပါသေးသလဲ…!!!

ဆက်မက်ခွင့် ရှိအုံးမယ်ဆိုရင်... ကမ္ဘာမြေပြင်ရဲ့ ဟိုးးးးးးးးးးအဝေးဆုံးကို သွားပြီး ဖြစ်ခွင့်ရမယ့် အရာတွေအတွက် ဘာများ ပေးဆပ်ရအုံးမလဲ ဆိုတာ မေးလိုက်ချင်ပါရဲ့……!

အနည်းဆုံးတော့ ယုံကြည်မှုနဲ့ တည်ဆောက်ခဲ့တဲ့ ယုံကြည်ချက်… ခရီးလမ်း ပန်းတိုင်ကို ရောက်ဖို့အတွက်…၊ ရဖို့အတွက်… ပေးဆပ်ရမယ့် အရာတွေကိုတော့ ပြောပြပေးပါ………!

ပေးဆပ်ရမယ့် အရာတွေ အတွက်လည်း စိတ်ခွန်အား များသထက် များလာစေမယ့် စွမ်းဆောင် နိုင်ခွင့်ကိုသာ ပေးပါလေ..။

ဘာပဲဖြစ်ဖြစ် တနင်္ဂနွေ တရက်တော့ ကုန်ဆုံးသွားခဲ့ပြန်ပြီ...!!!!!

31 comments:

Cameron said...

ဒီလိုပါပဲ လူတွေဟာ ပြီးဆုံးသွားတဲ့ ကာလတွေကို အကယ်၍ ဆိုတဲ့ စကားလုံးနဲ့ နှမြောတသနေကြရတာချည်းပဲ...

ခင်တဲ့
မိုးငွေ့

အင်ကြင်းသန့် said...

မသဒ္ဓါရေ....တနင်္ဂနွေတွေကတော့ ဒီလိုပါပဲ....လုပ်ချင်တာတွေကများနေပြီး တကယ်လုပ်လိုက်ဖြစ်တာက နည်းနည်းရယ်....နည်းဆို အချိန်ကလောက်ကိုမလောက်သလိုပဲ....
အရမ်းအကုန်မြန်တာပဲ...
အဲဒီတော့ကိုယ့်အတွက်မလုပ်မဖြစ်အရေးတကြီးလုပ်ဖို့
လိုအပ်တာတွေကို ဦးစားပေးရတာနဲ့တင် လုပ်ချင်သမျှတွေကို အကုန်မလုပ်နိုင်ဘဲ တစ်ရက်တာက ကုန်ဆုံးသွားပြန်ရော....ဒီလိုနဲ့ပဲ....ဟင်းးးးးးးးး (သက်ပြင်းသာချသွားပါတော့တယ်)

ဂျင်း

မဗေဒါ (၈၈) said...

ညီမရေ..

အားတာနဲ့ ရောက်စ်ပါ..။

ဘာတွေတုန်း... အလုပ်ရူပ်နေတာလား.. ဖတ်ချင်တာတွေ ဖတ်ပစ်လိုက်.. ဟဲ..။

ဒီလိုပဲ... စောင့်နေတဲ့ အလုပ်တွေ ထဲမှာ စာအုပ်တွေလည်း ပါရဲ့နော်.. ဘလော့တွေလဲ ပါမယ်ထင်တာပဲ.. ဟဲ..။

လာအုံးမယ့် တနင်္ဂနွေကို စောင့်အုံးစို့ ညီမ..။

အဆင်ပြေပါစေ
မဗေဒါ (၈၈)

လသာည said...

တနင်္ဂနွေတွေက တစ်ရက်ပြီးတစ်ရက် ကုန်နေတာ။ အသက်တွေလည်း တထစ်ပြီး တထစ်ကြီးလာတယ်။ လုပ်စရာ လုပ်ချင်တာတွေ လုပ်ဖို့လိုအပ်တာတွေကလည်း အများကြီးတန်းစီစောင့်နေတယ်...လို့

ကုန်ဆုံးသွားခဲ့တဲ့ တနင်္ဂနွေအကြောင်းကို မလသာလည်း သဒ္ဒါနားမှာ အတူတူ ထိုင်တွေးသွားတယ်နော်း)))

ရွှေရတုမှတ်တမ်း said...

တနင်္လာမှာ...အလုပ်လုပ်ရမှာ ကြောက်နေပြီလား..

ညိမ်းနိုင် said...

အင်း..ကုန်သွားပြန်ပြီ....။ဒီနိုင်ငံရောက်မှ တနင်္ဂနွေဆိုတာ
အဓိပ္ပာယ်အတော်ရှိမှန်း သိတော့တယ်...မသဒ္ဓါရေ...။
ရွာမှာတုန်းကတော့ တနင်္ဂနွေဆိုရင် ရေဒီယိုက ပုံပြင် လာ
တတ်နေ့ဆိုတာကလွဲလို့ ဘာမှမဟုတ်ခဲ့ဘူးး)

အဖြူရောင်နတ်သမီး said...

ဟုတ်တယ်..သဒ္ဓါရေ...
တပတ်ပြီး တပတ်...
မြန်မှမြန်ပဲ...

ချစ်ကြည်အေး said...

အချိန်တွေကို စောင့်ရင်ကြာ၊ ဆွဲထားချင်ရင် အကုန်မြန်...:)

မောင်သီဟ said...

စနေနေ့ဆိုပျော်ပြီ ဆန်းဒေးကိုမျှော်ပြီး ဟိဟိ ဒါပေမယ့်ခဏလေးပဲ တနင်္လာနေ့ပြန်ရောက်ပြန်ရောာာ...

ကိုဇော် said...

တစ်ခါတလေတော့ ဒီလို စဉ်းစားမိပါရဲ့။
ဒါပေမဲ့ စာအုပ်လေး တစ်အုပ်ကတော့ ဒီလိုပြောတယ်။
ရှေ့ကိုရောက်အောင် သွားမည် ဆိုပြီး တိုးတတ်ချင်သူတွေက အကယ်၍( If ) ဆိုတဲ့ စကားကို ရှောင်ရှားပြီး နောက်တစ်ကြိမ် ( Next time ) ဆိုတဲ့ စကားနဲ့ အစားထိုးတယ်...တဲ့။

နောင်လာမဲ့ တနင်္ဂနွေနေ့တိုင်း တန်ဖိုးရှိတဲ့ နေ့လေးတွေ ဖြစ်ပါစေ။

ချော(အစိမ်းရောင်လွင်ပြင်) said...

နေလို့ကောင်းတဲ့နေ့တွေ
အချိန်တွေက အကုန်မြန်တယ်တဲ့
ဟုတ်လောက်တယ်.. နေ့တွေထဲမှာ တနင်္ဂနွေဟာ အကုန်လွယ်ဆုံးဘဲနော်...
တစ်ပတ်မှာ တနင်္ဂနွေ ၃ရက်လောက် ရှိရင်ကောင်းမယ်..း)

ချော(အစိမ်းရောင်လွင်ပြင်) said...

နေလို့ကောင်းတဲ့နေ့တွေ
အချိန်တွေက အကုန်မြန်တယ်တဲ့
ဟုတ်လောက်တယ်.. နေ့တွေထဲမှာ တနင်္ဂနွေဟာ အကုန်လွယ်ဆုံးဘဲနော်...
တစ်ပတ်မှာ တနင်္ဂနွေ ၃ရက်လောက် ရှိရင်ကောင်းမယ်..း)

မြစ်ကျိုးအင်း said...

အားလပ်ရက်မှာ သိပ်မတွေးတာ ကောင်းမယ်
စိတ်ရော လူရော အနားရချင်တယ်
ဒါပေမယ့်လည်း တွေး တွေး နေမိတယ်။
စနေညတွေကို ချစ်သလောက် တနင်္ဂနွေ ညတွေကို ငြင်းပယ်ချင်မိတယ်။
နောက်ထပ် ၆ ရက်လုံး မနားမနေ သွားရအုံးမှာလေ။

ကိုခိုင် said...

တွေးမိတာတွေကို
ရေးပြီးရင်တော့ ...
မလုပ်မဖြစ်တာတွေလုပ်
နောက်နေ့အတွက်ပြင်ဆင်
ပြီးတော့ကျတော့....
လ္ဘက်ရည်ချိုချိုလေးတခွက်နဲ့
စာအုပ်တွေဖတ်နေတာက
အကောင်းဆုံးလို့ထင်မိတာပဲ။

အစစအရာရာအဆင်ပြေပါစေ။

ကိုခိုင်

sirimingala said...

ဟဲဟဲ ကျုပ်ကတော့ တစ်ပတ်လုံးလုံး နားနေရတာ။ တနင်္ဂနွေနေ့ပဲ အလုပ်ရှိတာလေ။
ဒါတောင် ဆွမ်းစားမရှိတဲ့တနင်္ဂနွေနေ့တွေကရှိသေး။ အဲဒီနေ့ဆိုရင် ကျုပ်နားနေတဲ့ကျောင်းသားတွေက
ကျုပ်ကို ဝှောင်ဝှောင်ရှေးကြတယ်။ ငေါက်ခံရမှာကြောက်လိုတဲ့လေ။ ကျုပ်ကလည်း
ဆွမ်းစားမရှိတဲ့တနင်္ဂနွေဆို ဘလောဂ့်မိတ်ဆွေတွေထံသွားပြီး စာပေဆွမ်းတွေ လိုက်စားနေတာပါပဲ။ ဆွမ်းမေ့ ကွမ်းမေ့ပေါ့နော်။ ကျန်းမာပါစေ။

blackroze said...

သဒ္ဒါရေ...တနင်္ဂနွေတိုင်းပျော်ရွှင်ပါစေကွယ်..
အတွေးနဲ့ရှင်သန်နိုးထတဲ့ တနင်္ဂနွေလေးဆိုပါတော့နော်..
နိုင်ငံခြားမှာနေမှဘဲ နားရက်လေးတရက်ရဲ့တန်ဘိုးကို
သေချာသိတော့တယ်..
ကိုမောင်လေးပြောသွားတာမှန်တယ်

ahphyulay said...

ကျွန်တော် တို့ က ဒီလို တနင်္ဂနွေ ပေါင်း များစွာ ကို
မရေတွက် နိုင်သော အကြိမ် ပေါင်း များစွာ ဖြတ်သန်း
သုံးစွဲ ခဲ့ ပြီးပြီ ပဲ ..။ ဘာများ ကိုယ့် ဆီ ကျန် ခဲ့ 
ပါသလဲ ... ကျွန်တော် တော့  ဒီလိုပဲ တွေး မိတယ်။

မြသွေးနီ said...

တနင်္ဂနွေနေ့တွေက မြသွေးနီအတွက်တော့ တန်ဘိုးမဖြတ်နိုင်ပါဘူး..။ အချိန်တွေက တနင်္ဂနွေဆို
ကုန်တာမြန်မှမြန်..။ တနင်္ဂနွေတိုင်းကို နှမြောတယ်..။

ဧည့်သည် said...

ပြီးဆုံးသွားခဲ့တဲ့ တနင်္ဂနွေလေးတွေကို ပြန်သုံးသပ် .. ခုရောက်နေတဲ့ တနင်္လာကို အကောင်းဆုံးဖြစ်အောင်ဖန်တီးပီး နောင်လာမယ့် တနင်္ဂနွေအတွက် ကြိုတင်ပြင်ဆင်ထားကြည့်ပါလား ...
ခင်မင်စွာဖြင့်
ဧည့်သည်

ခိုင်နုငယ် said...

မမသဒ္ဓါရေ..တော်သေးတယ်။
တနင်္ဂနွေနေ့မှာ ဒီပိုစ့်လေးမဖတ်ဖြစ်လို့
မမနဲ့ထပ်တူ လိုက်တွေးဖြစ်နေမလားပဲ။
ိုခိုင်နုတော့ တနင်္ဂနွေနေ့ရက်တွေကို မကြိုက်ဖူး။
မမရေ ပျော်ရွှင်ပါစေနှော်


ခင်မင်စွာဖြင့်
ခိုင်နုငယ်

ပန်းနုနှင်းဆီ said...

အိုး တနင်္ဂနွေ ချစ်တာခြင်း တူနေပြီ
တစ်ပတ်မှာ အကြိုက်ဆုံးရက်ကိုပြပါဆိုရင် တနင်္ဂနွေလို့ဘဲ ပြောရမယ်..
လျှောက်လည်လို့လဲကောင်း
နားနားနေနေ နေလို့လည်းကောင်းတယ်လေ
ကိုယ်ချက်စားချင်တာဆိုရင်လည်း စားလို့ရတယ် မဟုတ်လား။

chindwinthu said...

တခါတခါ မသဒ္ဓါလို ကုန်ဆုံးသွားတဲ့ အချိန်တွေ အတွက် ပြန်စဉ်းစားမိတယ်။ အတိတ်ကို ပြန်စဉ်းစားတာထက် အနာဂတ်မှာ ဘာတွေကို အကောင်ဆုံးလုပ်နိုင်မလဲ လို့လဲ ပြန်စဉ်းစားမိတယ်။

မြတ်မွန် said...

အဖိုးတန်ဆုံး တနင်္ဂနွေတစ်ရက်ကို လုယူနေရတဲ့ ရက်တွေက လွပ်ချင်တယ် မသဒ္ဓါရေ။ နားရတဲ့ ရက်တွေက မလောက်သလို ခံစားမိတယ်။

သုခုမလေဒီ said...

ကုန်သွားတဲ့ အချိန်တိုင်းမှာ အမှားပေါင်းများစွာ ကြုံတွေ့ရဆဲပါ သဒ္ဓါရေ..

blackcoffee said...

သူငယ်ချင်းရေ... တနင်္ဂနွေတစ်ရက်တော့ ထပ်နီးလာပြန်ပြီ အကောင်းဆုံး ဖြတ်ကျော်နိုင်ဖို့ ပြင်ဆင်ထားနော်။

သူကြီးမင်း (တုံးဖလား) said...

အင်း... မနက်ဖန်ဆို တနင်္ဂနွေရောက်ပြန်ပြီလေ။ သူလဲ အချိန်တန်ရင် ကုန်ဆုံးသွားပြန်ဦးမှာပါဘဲ။
ရရှိတဲ့အချိန်လေးမှာ စိတ်ကြည်လင်အောင်နေနိုင်ရင် ဘ၀အတွက် နေရကျိုးနပ်ပါပြီ။

ခင်မင်လျက်
ကိုကိုမောင်(ပန်းရနံ့)

ကောင်းမွန်ဝင်း said...

တနင်္ဂနွေနေ့က မရှိမဖြစ်ပဲ။
နောက်တပတ်အတွက် ခွန်အားသစ်တွေကို အဲဒီနေ့လေးနဲ့ ပြန်လည်ရယူရလို့ပါ။

ပုံမှန် said...

ဟုတ်တယ် ကျွန်တော်လည်း တနင်္ဂနွေရောက်ပြီ ဆိုတာနဲ့ မပျော်တော့ဘူး ငယ်ငယ်တုန်းက ကျောင်းတက်ရမှာ ကြောက်လို့ ၊ ကြီးလာတော့ အလုပ် ဆင်းရမှာ ကြောက်လို့ ဟီးးးးးးး

ငွေလမင်း said...

ဟုတ်တယ် တနင်္ဂနွေကို ကြိုက်တယ် အလုပ်နားလို့ သွားချင်၇ာသွားလို့ရ အိပ်ချင်တဲ့အချိန်အိပ် စာဖတ်ချင်တဲ့ချိန်ဖတ် ကိုယ့်စိတ်ကိုယ်ပိုင်တဲ့နေ့ဘဲ
ပုံမှန်လုပ်ဖြစ်တာက အနဲဆုံး မနက်၁၀နာရီကျော်မှ အိပ်၇ာထတယ်
ဘာဘဲဖြစ်ဖြစ် မသဒ္ဒါရဲ့ ယုံကြည်ချက်ပန်းတိုင်ကို လှပတဲ့ တနင်္ဂနွေတိုင်းနဲ့အတူ အမြန်ဆုံးေ၇ာက်ပါစေ

သောစေယျံ said...

မသဒ္ဓါ လာလယ်တယ်နော် ဧည့်ခံမူ့ကတော့ အံ့မခန်းပဲ အရသာ အရန်းရှိတယ် စာပေကိုတန်ထားသူအတွက် စာပေရဲ့ အရသာဟာ ဘယ်အရသာနဲ့မှ နိုင်းလို့မရဘူးနော်
ကျွန်တော်စီလဲလာလယ်ပါအုံး ကြိုတောင်းပန်မယ်နော် မသဒ္ဓါလောက် အရသာရှိတဲ့ စာတွေမရေးတတ်သေးလိုဲ့ ဖတ်ခေါ်မူ့ကိုမငြင်းဘူးဆိုရင် ဒီလိပ်စာနဲ့ လာခဲ့နော်
http://soceyam.blogspot.com/

သော်ဇင်စိုး said...

ကျွန်တော်ကတော့ ခေါင်းထဲက မလိုချင်တဲ့ အတွေးတွေ အားလုံးဖယ်ထုပ်ပြီး.. လိုချင်တဲ့အတွေးလေးကိုထည့်.. အီးယားဖုန်းလေးနားမှာတတ်.. ထွက်လာတဲ့ သံစဉ်လေးတွေကို ရုပ်ရှင်ကားလေးထဲက နောက်ခံတီးလုံးအသံလေးလို ခံစားရင်း ကိုယ်ရောက်ချင်တဲ့ အတိတ်ပဲဖြစ်ဖြစ်အနာဂတ်ပဲဖြစ်ဖြစ်.. အတွေးထဲ ခရီးသွားနေလိုက်တယ်..
P.S. (ကျွန်တော့်လို လိုက်မလုပ်နဲ့နော်.. တကယ်တော့ ဒီလိုအကျင့်မျိုးက လူပျင်းအကျင့်.. ဟီး..ဟီး.. :P)