Monday, August 16, 2010

အက်ဆစ်ထက်ပြင်းမယ့်အဆိပ်

လူသားတွေဟာ မျှော်လင့်ချက်နဲ့ အသက်ရှင်နေရတယ် ဆိုတာ ကိုတော့ ငြင်းဆိုလို့ မရနိုင်ပါဘူး.။ တချို့ကလည်း ဒါလုပ်လိုက်မှ တစုံတခု ပြောင်းလဲသွားမလား ဆိုတဲ့ မျှော်လင့်ချက်နဲ့….။ တချို့ကလည်း ပြောင်းလဲသွားမလား ဒါမှမဟုတ် ပိုကောင်း သွားနိုင်မလားဆိုပြီး မျှော်လင့်ချက်ကြီးကြီးနဲ့….။ တချို့ကလည်း ဒါလုပ်ပေမဲ့လည်း ပြောင်းလဲသွားမှာ မဟုတ်ပါဘူး ဆိုတဲ့ တိကျလှတဲ့ မျှော်လင့်ချက်နဲ့….။

တချို့သော အရေးကြီးဆုံးအရာတွေဟာ ဒါလုပ်လိုက်ပေမဲ့ ထင်ထား မျှော်လင့်ထားသလို ကောင်းတဲ့ ပြောင်းလဲမှုမျိုး ဖြစ်လာချင်မှာ ဖြစ်လာမှာပါ…။

ဒါဟာ ဘယ်လိုဖြစ်လို့လဲ…

ကောင်းသော ပြောင်းလဲခြင်းတွေကို ပြောင်းလဲပေးနိုင်မဲ့ အရာဟာ အသိဥာဏ် ပညာပြည့်ဝပြီး မှန်ကန်မျှတမှု ရှိတဲ့ လူသားဆန်တဲ့ လူသား ဖြစ်နေလို့ပါပဲ.။ အဲလို အရေးကြီးတဲ့ လူသားတွေကမှ ကောင်းသော ပြောင်းလဲမှုတွေကို ပြုပြင် ပြောင်းလဲ ပေးနိုင်မှာလေ… ။ ပြောင်းလဲပေးနိုင်မယ့် လူသားဟာ ဘ၀တန်ဖိုးကို နားလည်ပြီး လူသားဆန်တဲ့ လူသားသာ ဖြစ်ခဲ့မယ်ဆိုရင် ကောင်းသော ပြောင်းလဲမှုမျိုးတွေကို ပြောင်းလဲပေးဖို့ စိတ်ဆန္ဒလည်း ရှိနေမှာပါ…။

ဒါလုပ်လိုက်လို့ ပြောင်းလဲသွားနိုင်မလား.. မပြောင်းလဲသွားနိုင်ဘူးလား… ပိုဆိုးလာနိုင်မလား ဆိုတဲ့ ကိစ္စတွေမှာတော့ လူသားတွေရဲ့ မြင့်မြတ်လှတဲ့ စိတ်ဓါတ် နဲ့ သေသပ် လှပစွာ ချည်နှောင်ထားတဲ့ သစ္စာကြိုးလေးသာ အဓိကပါ…။ အဲဒီကြိုးလေးသာ မခိုင်ခဲ့ရင်တော့….!

ပြောင်းလဲသွားနိုင်တယ်လို့ ယူဆနေတဲ့ အရာတွေရဲ့ နောက်ကွယ်မှာလည်း အဆိပ်ထက် ပြင်းတဲ့ အဆိပ်တွေ ကပ်ပါလာခဲ့ရင်……..! ကောင်းသော ပြောင်းလဲမှုမျိုးထက် ဆိုးတဲ့ အဆိုးရွားဆုံး ပြောင်းလဲမှုမျိုး ဖြစ်သွားမှာ မုချဧကန်ပါ…။

အဆိပ်တွေနဲ့ ပြည့်နေမဲ့ ပြောင်းလဲမှုမျိုးကို လူသားဆန်တဲ့ လူသားတွေက ဘယ်လို လိုချင်တပ်မက်မိမှာပါလိမ့်…!!!

တစုံတခုကို အပြင်းအထန် ပြောင်းလဲချင်ဇောနဲ့ တခုခုကို လုပ်လိုက်တဲ့ အခြေအနေတွေမှာ အရေးကြီးတာက လွတ်လပ် မျှတပြီး ကိုယ်ချင်းစာတရားနဲ့ ပြည့်စုံတဲ့ ဗြဟ္မစိုတရားကို လက်ကိုင်ထားနိုင်တဲ့ ကောင်းမွန်လှတဲ့ စိတ်စေတနာကောင်းလေးတွေကို အခြေခံပြီးမှ လုပ်ကိုင် ပြုမူသင့်ပါတယ်…

မျှတမှု မရှိတဲ့ လုပ်ရပ်တွေ… `ငါ´ဆိုတဲ့ အတ္တကြီးကိုပဲ ဆုပ်ကိုင်ပြီး `ဒါပဲဖြစ်ရမယ်´ ဆိုတဲ့ လူသားမဆန်တဲ့ စိတ်ရိုင်းတွေ…. `ငါ´ ပြောတဲ့ သြဇာကိုပဲ နာခံရမယ်ဆိုတဲ့ တကိုယ်ကောင်းဆန်မှုတွေ…. ကိုယ်ချင်းစာတရား ခေါင်းပါးပြီး တပါးသူရဲ့ ဝေဒနာကို မသိကျိုးကျွန် ပြုမူမှုတွေ…. လောဘဇောကြီးပြီး လိုချင်တပ်မက်မှု လွန်ကဲနေမှုတွေ….. နဲ့ ခန္ဓာကိုယ်ထဲမှာ မွှန်းထုံထားမယ်ဆိုတဲ့ လူသားတွေသာ ဖြစ်နေခဲ့မယ်ဆိုရင်တော့ ကောင်းသော ပြောင်းလဲခြင်းတွေ ဖြစ်လာမှာ မဟုတ်သလို မျှော်လင့်ထားနေခဲ့တဲ့ ပြောင်းလဲခြင်းတွေဟာ အက်ဆစ်ထက် ပြင်းတဲ့ အဆိပ်တွေနဲ့ ပြည့်နေပြီး အချည်းနှီး ဖြစ်မှာ မြေကြီးလက်ခတ် မလွဲပါပဲ..။

ကောင်းသော ပြောင်းလဲမှုမျိုးကို လိုချင် မျှော်လင့်နေတဲ့ လူသားတွေဟာလည်း မိမိကိုယ်တိုင် ကောင်းသော ပြောင်းလဲမှုမျိုးကို ဘယ်လိုပုံစံလုပ်မှ ပြောင်းလဲမလည်း ဆိုတာ သိနားလည်ခဲ့ရင်….!

မိမိ ကိုယ်တိုင်လည်း ကောင်းသော ပြောင်းလဲမှုမျိုးကို လိုချင် တပ်မက်မိလေတော့……!!!

21 comments:

ကိုခိုင် said...

အကောင်းဆုံးမှန်ကန်သောပြောင်းလဲမှုမျိုးကို
လိုချင်မိပါတယ်။
ကျန်းမာပါစေ။

ကိုခိုင်

ချိုကျ said...

မှတ်သားဖွယ်စာစုလေးပဲ မသဒ္ဓါရေ...ဖတ်ခွင့်ရတဲ့အတွက်ကျေးဇူးပါ။

ခင်တဲ့(ချိုကျ)

မဗေဒါ (၈၈) said...

ညီမရေ..

ကောင်းပါတယ်.. (တွေးတာရော ဖြစ်ချင်တာရော မိုက်စ်ပါပဲကွယ်..။ )..။

မဗေဒါ (၈၈)

ဇော်သိင်္ခ said...

တော်တော်ကောင်းတဲ့ အတွေးလေးတွေပါဗျာ
``တစုံတခုကို အပြင်းအထန် ပြောင်းလဲချင်ဇောနဲ့ တခုခုကို လုပ်လိုက်တဲ့ အခြေအနေတွေမှာ အရေးကြီးတာက လွတ်လပ် မျှတပြီး ကိုယ်ချင်းစာတရားနဲ့ ပြည့်စုံတဲ့ ဗြဟ္မစိုတရားကို လက်ကိုင်ထားနိုင်တဲ့ ကောင်းမွန်လှတဲ့ စိတ်စေတနာကောင်းလေးတွေကို အခြေခံပြီးမှ လုပ်ကိုင် ပြုမူသင့်ပါတယ်…!``
ဒီစာပိုဒ်လေးက အရမ်းမှန်ပါတယ်။
ပြောင်းလဲမှုတွေအတွက်.. ကောင်းသောပြောင်းလဲမှုမျိုးကို ကျိုးစားကြည့်ပါအုံးမယ်..

ခင်မင်စွာဖြင့်
ဇော်သိင်္ခ

SHWE ZIN U said...

ညီမ သဒ္ဒါရေ

အခုအချိန်မှာ တော့ အကောင်းဆုံး ပြောင်းလဲမှု့ ကို ရချင်ပေမဲ့ မရမှာ သေချာနေတော့


ခင်တဲ့
မမရွှေစင်ဦး

ကိုဇော် said...

ကျနော်ကတော့ ကောင်းသောဘက်ကို ဦးတည်သော မည်သည့် ပြောင်းလဲမှုကို မဆို ကြိုဆိုပါတယ်။ မဟုတ်ရင်တော့ . . . .

ညလင်းအိမ် said...

ကောင်းသောပြောင်းလဲခြင်းတွေသာ ဖြစ်ရပါစေဗျာ ...

ချော(အစိမ်းရောင်လွင်ပြင်) said...

လိုချင်တာကတော့ ကောင်းတာတွေကိုပေါ့ သဒ္ဓါ..
မျှော်လဲမျှော်လင့်ပါတယ်..
ဒါပေမဲ့ ................................
ဖြစ်လာဖို့တော့ ရာခိုင်နှုန်းက နည်းမှနည်း

ခိုင်နုငယ် said...

မသဒ္ဓါရေ...
တရားမျှတတဲ့ ကောင်းသောပြောင်းလဲမူ့တွေကို
ကြိုဆိုလက်ခံချင်ပေမယ့်။ ဒါပေမယ့် မျှော်လင့်ချက်ဆိုတာလည်း
ခပ်ပါးပါးမျှသာပါပဲ။


ခင်မင်စွာဖြင့်
ခိုင်နုငယ်

မောင်သီဟ said...

သိပ်မကြာခင်မှာ စမယ့် ကောက်ပွဲကိုပြောတာလားမသိး)း)
ရင်တမမနဲ့ ကောင်းသောပြောင်းလဲခြင်းတွေကိုမျှော့်လင့် ချက်ပါးပါးလေးနဲ့ မျှော်ရင်း

မောင်ဘကြိုင်

သော်ဇင်စိုး said...

အားဗျာ... ပြန်ချင်လှပြီ.. ငယ်ငယ်ကတည်းကပဲ အမှောင်ထဲနေ.. အမှောင်ထဲစား.. အမှန်တရားတွေအားလုံးဟာ.. အမှားရဲ့အသုံးပြုခံ ပစ္စည်းတွေပဲ ဖြစ်ခဲ့တော့.. ကိုယ့်ကိုယ်ကို ယုံကြည်မှုမရှိအောင် အသိဥာဏ်တွေ ခေါင်းပါးလာ.. (ခေါင်းပါးအောင်လည်း အစီစဉ်တကျလုပ်ထား) အမရယ်.. ဘာအဖြေကိုပဲ မသိနိုင်အောင်တောင်.. ဥာဏ်နည်းနေမိပါပြီဗျာ...

နေ၀သန် said...

မသဒ္ဓါက ဒီလိုဆောင်းပါးလေးတွေကို သိပ်ရေးတတ်တယ်နော်... အတွေးအခေါ်လေးတွေပေါ့....


ခင်မင်တဲ့
နေ၀သန်

အဖြူရောင်နတ်သမီး said...

ပြောင်းလည်းပါအုံးမလား...
နီးလာပြီ ဆိုပြီး...
ဝေး..ဝေး သွားတာလည်း ခနခနပါပဲ...
ဘယ်လိုပဲပြောင်းလည်း ပြောင်းလည်း..
ကောင်းသောပြောင်းလည်းခြင်းမျိုးသာ
ဖြစ်စေချင်ပါတယ်...။

blackroze said...

လူသားတိုင်းကောင်းသောပြောင်းလဲမှု့
ပြုနိုင်ကြပါစေလို့
ကျမလဲဆုတောင်းမိပါတယ်..

မသဒ္ဒါရေ..အက်ဆေးလေးတွေကောင်းတယ်သိလား
အားပေးနေတယ်နော်

ဧည့်သည် said...

” မျှတမှု မရှိတဲ့ လုပ်ရပ်တွေ “ငါ”ဆိုတဲ့ အတ္တကြီးကိုပဲ ဆုပ်ကိုင်ပြီး `ဒါပဲဖြစ်ရမယ်´ ဆိုတဲ့ လူသားမဆန်တဲ့ စိတ်ရိုင်းတွေ ၊ `ငါ´ ပြောတဲ့ သြဇာကိုပဲ နာခံရမယ်ဆိုတဲ့ တကိုယ်ကောင်းဆန်မှုတွေ ၊ ကိုယ်ချင်းစာတရား ခေါင်းပါးပြီး တပါးသူရဲ့ ဝေဒနာကို မသိကျိုးကျွန် ပြုမူမှုတွေ ၊ လောဘဇောကြီးပြီး လိုချင်တပ်မက်မှု လွန်ကဲနေမှုတွေ နဲ့ ခန္ဓာကိုယ်ထဲမှာ မွှန်းထုံထားမယ်ဆိုတဲ့ လူသားတွေသာ ဖြစ်နေခဲ့မယ်ဆိုရင်တော့ ကောင်းသော ပြောင်းလဲခြင်းတွေ ဖြစ်လာမှာ မဟုတ်သလို မျှော်လင့်ထားနေခဲ့တဲ့ ပြောင်းလဲခြင်းတွေဟာ အက်ဆစ်ထက် ပြင်းတဲ့ အဆိပ်တွေနဲ့ ပြည့်နေပြီး အချည်းနှီး ဖြစ်မှာ မြေကြီးလက်ခတ် မလွဲပါပဲ..။ ”
ဒီစာပိုဒ်လေးကို အကြိုက်ဆုံးပါပဲ ...။ ကျွန်တော်လည်း အတ္တဆန်တဲ့လူတွေကို မုန်းတယ် .. သနားလည်းသနားတယ် ... သူတို့ဘ၀တွေက ဘယ်တော့မှ မချမ်းသာကြဘူးလေ .. သူတို့ဘ၀က အမြဲတမ်း လိုအပ်ချက်တွေရှိနေကြတယ် .. ဘယ်တော့မပြည့်စုံကြဘူး ... ဒါကြောင့် သူတို့ဘ၀ကသေနေကြတယ် .. ရပ်နေကြတယ် .. အဲဒီနေရာကနေ ဘယ်ကိုမှ မရွေ့ကြတော့ဘူး .. အစ်မ ပြောသလို အဲဒီ အဆိပ်တွေဟာ သူတို့ကို ပြန်ပြီးလောင်ကျွမ်းနေတာပါ .. အဲဒီ အဆိပ်တွေကို သူတို့တွေပဲ စားသုံးနေလို့လေ .. သနားစရာနော် ... ပရဟိတတရားများ လက်ကိုင်ထားနိုင်ပါစေ ...

မြစ်ကျိုးအင်း said...

လူတိုင်းကတော့ ကောင်းသော ပြောင်းလဲခြင်းကိုသာ လိုလား နေကြပေမဲ့
ပြောင်းလဲခြင်းကို အလိုမရှိတဲ့ သူတစ်ချို့ကြောင့်ဘာတွေဆက်ဖြစ်လာဦးမလဲ မျှော်မောနေရတယ်

ဝက်ဝံလေး said...

အပေါ်က ကိုမြစ်ကျိုးအင်း ပြောတာကို ထောက်ခံမိတယ်
မ စာလေး ဖတ်ပြီးတော့ တွေးမိတယ် ဘာတွေလဲတော့ မသိဘူးရယ်
-----
ကိုကိုဆိုတာ ဝက်ရဲ့ အကိုရင်းပါ
ချစ်သူ့လက်ဆောင် အဟုတ်ဘူးလေ ဟီးးးးး ငရဲကြီးကုန်ရော့မယ် ဟိ

နှင်းဟေမာ said...

အကောင်းဆုံးမဟုတ်ရင်တောင် .... လက်ရှိထက်မဆိုးနိုင်တဲ့ ပြောင်းလဲမှုတစ်ခုခုတော့ မျှော်လင့်မိပါတယ် ...

နှင်း

သူကြီးမင်း (တုံးဖလား) said...

ပြောင်းလဲမှုတိုင်းမှာ အားအင်တွေပါဝင်တတ်ပါတယ်။ အဲဒီ အားအင်တွေဟာ ကောင်းတဲ့ဘက်ကိုဦးတည်ပြောင်းလဲဖို့လဲ အရေးကြီးပါတယ်။

ကောင်းလိုက်တဲ့တွေးခေါ်မှုလေးတွေ။ ရေးတတ်တွေးတတ်ပါ့။

ခင်မင်လျက်
ကိုကိုမောင်(ပန်းရနံ့)

မြတ်မွန် said...

ကျေးဇူးတင်ပါတယ်..
ဗဟုတုတ ရသွားပါတယ်..မသဒ္ဓါ..

အင်ကြင်းသန့် said...

မသဒ္ဓါရေ...ကောင်းတဲ့ပြောင်းလဲခြင်းမျိုးကိုပဲ အားလုံးက မျှော်လင့်နေကြရတာပါပဲ။ ဒါပေမယ့်လည်း....