Saturday, July 31, 2010

အဓိပ္ပါယ်ရှိပါရဲ့လား…


အဓိပ္ပါယ်ပြည့်ဝတဲ့ တခုသော နေရာလေးကို ရောက်သွား ခဲ့ရပြန်တယ်..။ ဒါဟာ တစုံတခု အတွက် ခံပြင်းမှု၊ အလိုမကျမှု၊ အပေါ်စီးဆန်မှု၊ အနိုင်ကျင့်ခံလိုက်ရမှု၊ ဆိုတဲ့ အမျိုးမျိုးသော `………..မှု´ တွေကြောင့် ပဲလေ.။

စိတ်ကို ဖြူစင်အောင် ဆုံးမနေတဲ့ ကြားထဲမှာပဲ တခါတရံ ဖြူစင်တဲ့ စိတ်ရဲ့ ဆန့်ကျင်ဘက် ဖြစ်တဲ့ `စိတ်´လောကကြီးထဲ ခေါ်ဆောင် သွားခံခဲ့ရတာ ကိုတော့ မငြင်းဆို နိုင်ပါဘူး…။ အဲဒီ အခါမှာ ဆန့်ကျင်ဘက် `စိတ်´ ထဲ ရောက်နေပြီ ဆိုတာ သိလိုက်တာနဲ့ တပြိုင်နက် စိတ်ကို အလျင်အမြန် ဖမ်းဆုပ်ပြီး ဖြူစင်တဲ့ စိတ် ဆီကို ဦးတည် ခုတ်မောင်းလို့..။

အဓိကက စိတ်ကို အနိုင်ကျင့် မခံရဖို့ အရေးကြီးပါတယ်..။ တပါးသူရဲ့ အဓိပ္ပါယ် အပြည့်နဲ့ လျှောက်လှမ်းနေတဲ့ စိတ် ကို အနိုင်မကျင့်မိဖို့ ပိုအရေးကြီး ပြန်ပါတယ်။

တချို့ကျတော့လည်း မိမိ လုပ်လိုက်မိတဲ့ ကိစ္စ တရပ်က တပါးသူရဲ့ စိတ် အပေါ်မှာ ဘယ်လောက်ထိ အနိုင်ယူ လိုက်တယ်ဆိုတာ မသိလိုက်တာလား… မသိချင်ယောင်ဆောင် လိုက်တာလား…! ဒါမှ မဟုတ် `အကျင့်´ပါ နေလို့ ပါလို့ ဖြေရှင်းနိုင်မဲ့…. ဒိုင်း သဖွယ် အကာအကွယ် ယူနေကြတာများလား….!

တချို့ကျတော့လည်း မိမိ လုပ်လိုက်မိတဲ့ ကိစ္စတိုင်း မှန်ကန် ပြည့်ဝ မျှတ နေပါတယ်လို့ ယူဆ မိကောင်း ယူဆလို့ ဖြစ်ပါလိမ့်မယ်..!

တချို့ကျတော့လည်း မိမိကြောင့် တပါးသူရဲ့စိတ် ထိခိုက်ရှနာ သွားမှာကိုပဲ စိုးရိမ်လွန်း ကြပြန်တယ်.။ တပါးသူရဲ့ စိတ် အခြေ ကို အမြဲ ဖတ်နေဖြစ်တဲ့ သူမျိုးပဲ..။ အဲဒီအခါ မိမိဘက်က တခုခု လွန်ကဲသွားရင်တောင် ချက်ခြင်း ပြင်ပြီး မိမိစိတ် မခံနိုင်မဲ့ လုပ်ရပ်မျိုးကနေ မလုပ်ဖြစ်တော့မဲ့သူ တယောက် ဖြစ်သွားရလိမ့်မယ်…!

တချို့ကျတော့လည်း တပါးသူရဲ့ စိတ်ကို မသိလိုက် မသိပါသာ နေတတ်တဲ့ သူမျိုးမို့ ထူးခြားတဲ့ လက္ခဏာ မဖြစ်မိမူပဲ မိမိရဲ့ စိတ်သွားရာ လမ်းအတိုင်း ချောမွေ့လို့….!

ဘယ်လိုပဲ ဖြစ်ဖြစ်ပါလေ… အခက်ခဲဆုံးလို့ ယူဆရတဲ့ မိမိ နဲ့ သူတပါး စိတ် ကို တန်ဖိုးထားတတ်ဖို့၊ လေးစားတတ်ဖို့၊ မျှဝေ ခံစား နားလည်ပေးတတ်ဖို့…!

အဓိပ္ပါယ် ပြည့်ဝတဲ့ နေရာလေး တခုမှာ ကိုယ်စိတ် နှလုံး စိတ်ခွန်အား မှန်ကန် ပြည့်ဝစွာနဲ့ ၀န်းကျင် ပတ်လည်မှာလည်း ဖြူစင်သော စိတ်ထားများ ပိုင်ဆိုင်ထားသူများ နဲ့သာ ဆုံတွေ့ခွင့် ရရပါလို၏။

သူတပါးရဲ့ ကိုယ် စိတ် နှလုံးကို.... နာကျင် ထိခိုက် ခံစားရစေမဲ့ လုပ်ရပ်… အနိုင်ကျင့် လိုက်တဲ့ အပြုအမူ လုပ်ရပ်… အနိုင်ကျင့် လိုက်တဲ့ စကား အပြောအဆို လုပ်ရပ်… လှပတဲ့ အနာဂတ်လေး ပျက်စီး သွားမဲ့ လုပ်ရပ်…မျိုး မလုပ်ဖြစ် ခဲ့ရင် အပြန်အလှန် သန့်ရှင်း စင်ကြယ်တဲ့` စိတ်´တွေ ထွန်းလင်း တောက်ပ နေမှာပါ…။

ထိုထိုသော ဖြူစင်သော စိတ်ရဲ့ ဆန့်ကျင်ဘက် ဖြစ်စေမဲ့ စိတ်မျိုး… မိမိကိုယ်.. မိမိစိတ် ၌ ဘယ်သောအခါမှ.. ဘယ်လိုကဲ့သို့သော အခြေအနေ… မျိုးမှာမှ သန္ဓေမတည် မိဖို့ သာ ငါ့အား စွမ်းဆောင် ပေးပါလေ……..!!!!!

28 comments:

Cameron said...

သူတပါးရဲ့ ကိုယ် စိတ် နှလုံးကို.... နာကျင် ထိခိုက် ခံစားရစေမဲ့ လုပ်ရပ်… အနိုင်ကျင့် လိုက်တဲ့ အပြုအမူ လုပ်ရပ်… အနိုင်ကျင့် လိုက်တဲ့ စကား အပြောအဆို လုပ်ရပ်… လှပတဲ့ အနာဂတ်လေး ပျက်စီး သွားမဲ့ လုပ်ရပ်…မျိုး မလုပ်ဖြစ် ခဲ့ရင် အပြန်အလှန် သန့်ရှင်း စင်ကြယ်တဲ့` စိတ်´တွေ ထွန်းလင်း တောက်ပ နေမှာပါ…....အဲဒီင်္လုပ်ရပ်မျိုးလုပ်မိသလား ကိုယ့်ကိုယ်ကိုပြန်တွေးနေမိတယ်....

ခင်မင်စွာဖြင့်
မိုးငွေ့

flowerpoem said...

မှန်ပါတယ် သူများ စိတ်နာကျင်အောင် မလုပ်မိဖို့ အတတ်နိုင်ဆုံး ဆင်ခြင်ပါတယ်. . .

ဇော်သိင်္ခ said...

သူတပါးရဲ့ ကိုယ် စိတ် နှလုံးကို.... နာကျင် ထိခိုက် ခံစားရစေမဲ့ လုပ်ရပ်မျိုး၊ သူတပါး စိတ်ဆင်းရစေရမဲ့ အပြုအမူအပြောအဆိုလေးများကို ရှောင်ကျဉ်နိုင်တဲ့ သူ ဖြစ်အောင်တော့ ကြိုးစား နေထိုင်သွားပါ့မယ်ခင်ဗျာ..

ခင်မင်စွာဖြင့်
ဇော်သိင်္ခ

နေ၀သန် said...

မွန်မြတ်တဲ့ ဆန္ဒပြုခြင်းလေးပါလား... အစ်မရေ... သူတပါး စိတ်ကို အေးချမ်းအောင်စွမ်းဆောင်နိုင်တာ အတော်ကို ခက်ပြီးတော့ မွန်မြတ်ပါတယ်...

ခင်မင်တဲ့
နေ၀သန်

ခိုင်နုငယ် said...

သူတပါးရဲ့ ကိုယ် စိတ် နှလုံးကို.... နာကျင် ထိခိုက် ခံစားရစေမဲ့ လုပ်ရပ်… အနိုင်ကျင့် လိုက်တဲ့ အပြုအမူ လုပ်ရပ်… အနိုင်ကျင့် လိုက်တဲ့ စကား အပြောအဆို လုပ်ရပ်… လှပတဲ့ အနာဂတ်လေး ပျက်စီး သွားမဲ့ လုပ်ရပ်…မျိုး မလုပ်ဖြစ် ခဲ့ရင် အပြန်အလှန် သန့်ရှင်း စင်ကြယ်တဲ့` စိတ်´တွေ ထွန်းလင်း တောက်ပ နေမှာပါ…
အခြားသူကိုနာကျင်ထိခိုက်လွယ်သော..စိတ်မျိုး..
မဖြစ်အောင်ကြိုးစားသွားပါမယ်...မမသဒ္ဓါရေ..


ခင်မင်စွာဖြင့်
ခိုင်နုငယ်

chindwinthu said...

ဟုတ်ပါတယ်။ ကိုယ့်ကြောင့် သူတပါး စိတ်မနာကျင်စေဖို့ အရမ်း အရေးကြီးပါတယ်။

Anonymous said...

မှန်တယ်အစ်မ ကိုယ့်ကြောင့် သူများစိတ်အနှောက်ယှက် မဖြစ်စေချင်ဖူး

မောင်ဘကြိုင်

သူကြီးမင်း (တုံးဖလား) said...

စာလေးတွေဖတ်ရင်း ညီမရဲ့ စိတ်ရင်းဖြူဖြူလေးကို တွေးမြင်မိတယ်။ ညီမက အတွေးနှင့်အရေး ကောင်းတယ်။ တိုတိုနှင့်လိုရင်းဖြစ်အောင် စကားလုံးရွရွလေးတွေနဲ့ ရေးဖွဲ့တတ်တယ်။

ညီမပြောသလိုပါဘဲ။ ကိုယ့်အတွက်ကြောင့် ဘယ်သူ့ကိုမှ စိတ်မဆင်းရဲစေချင်သလို သူတစ်ပါးတွေကလဲ ကိုယ့်ကို စိတ်ဆင်းရဲအောင် မလုပ်လာပါစေနဲ့လို့ ဆုတောင်းနေမိတာ အခါခါပါဘဲ။

ခင်မင်လျက်
ကိုကိုမောင်(ပန်းရနံ့)

ကိုဇော် said...

အင်း....စိတ်..စိတ်...စိတ်...
တစ်လုံးထဲ မို့လို့ပါပဲ။
ထိန်းရခက်ပါ့။

လသာည said...

သဒ္ဒါ...
ကောင်းလိုက်တဲ့ပိုစ်လေး....

ညီမလေးရယ်.. အရိပ်တကြည့်ကြည့်ဆိုတဲ့စကားဆိုတာ ကြားဖူးတာ ကြာပြီ..။
တချို့က သူများအပေါ် အရိပ်တကြည့်ကြည့်နဲ့ သူများစိတ်ကို နားလည်ပေးဖို့ ကြိုးစားကြတယ်..

တချို့က ကိုယ့်ကိုကိုယ့် အရိပ်တကြည့်ကြည့်နဲ့ သူများအကြောင်းဆို ခေါင်းထဲမထည့်ပဲ သူများစိတ်တွေကို အ၀င်မခံဖို့ ကြိုးစားကြပြန်တယ်..။

သူများနဲ့ ကိုယ် သဟဇာတ မျှဖို့ ဆိုတာ တကယ်ပဲ ခက်လွန်းတယ်ထင်ပါရဲ့..

ချော(အစိမ်းရောင်လွင်ပြင်) said...

ဘာတွေဖြစ်
ကြည့်ရတာ အစာမကြေစရာ တစ်ခုခု ဖြစ်တယ်ဟုတ်..
ကိုယ်ကောင်းရင်ခေါင်းမရွေ့ဘူးလို့ဘဲ ဆိုကြပါစို့...
ဘယ်သူတရားပျက်ပျက် ကိုယ်မပျက်ဖို့ ကြိုးစားရအောင်နော်..
ကိုယ့်ကြောင့်တော့ သူများ အနာဂတ်ရော လက်ရှိမှာပါ ပျက်စီးသွားအောင် ဘယ်တော့မှ လုပ်မှာ မဟုတ်ဘူး...
အထင်လွဲခံရတာမျိုးတော့ မတတ်နိုင်ဘူးပေါ့ သဒ္ဓါရယ်

နွေဆူးလင်္ကာ said...

စိတ်ထားတတ်ရင် နိဗ္ဗာန်ဆိုတာ နီးနီးလေးပါတဲ့။

ဝေလင်း said...

သူများကို မနာကျင်စေဖို့လိုသလို ကိုယ့်ကိုယ်ကို မနာကျင်စေဖို့လည်း လိုတာပဲဗျ။ သူတစ်ပါးစိတ်၊ သူတပါးအမြင်ကို သိပ်ဂရုစိုက်လွန်းနေရင်လည်း ကိုယ့်စိတ်ကိုယ် ညှင်းဆဲနေသလို ဖြစ်တတ်ပြန်ရော..။ ရှဥ့်လည်းလျှောက်သာ ပျားလည်း စွဲသာ ဖြစ်မှ ကောင်းမယ်ထင်မိတယ်အစ်မရေ..
ပျော်ရွှင်ပါစေ..

အဖြူရောင်နတ်သမီး said...

သဒ္ဓါရေ...
စိတ်မညစ်နဲ့ သူငယ်ချင်း..မင်းမှာအဖော်ရှိတယ်..
ကိုယ်လည်း မင်းလိုပဲ.....
း(

Anonymous said...

ညီမ သဒ္ဒါရေ

လူကိုနာကြင်အောင် လုပ်တာထက် စိတ်နှလုံးကိုနာကြင် အောင် လုပ်တာ ပိုဆိုးတယ်

မတော်တစ မဖြစ်မိအောင်ကို အတတ်နိုင်ဆုံး ကျိုးစားတယ်

ခင်မင်စွာဖြင့်
ရွှေစင်ဦး

ကိုခိုင် said...

ကောင်းလိုက်တဲ့စိတ်ကူးလေးပါ။
တဦးနဲ့တဦး
အပြုံးလေးတွေနဲ့ဆက်ဆံကြမယ်ဆိုရင်
အကောင်းဆုံးလို့ထင်မိတာပဲ။

ခင်မင်စွာဖြင့်

ကိုခိုင်

အင်ကြင်းသန့် said...

တစ်ခါတစ်ရံမှာ ကိုယ်ကတော့ နာကျင်စေတော့ရယ်လို့ ပြုမူပြောဆိုလိုက်တာမျိုး မဟုတ်ပေမယ့် တစ်ဘက်လူရဲ့စိတ်ထဲမှာ နာကျင်ထိခိုက်သွားရတဲ့အခါ....

(အဲလိုမျိုးတွေ တတ်နိုင်သမျှ မကြုံတွေ့ရပါစေနဲ့လို့ ဂျင်းတော့ ဆုတောင်းမိပါတယ် မသဒ္ဓါရေ....)

blackroze said...

ကိုယ်ကြောင့်သူတစ်ပါးစိတ်ထိခိုက်နာကျင်
ခံစားသွားမှာမျိုးကိုလူတိုင်းဆင်ခြင်သင့်တာပေါ့
တခါတလေတော့လဲစိတ်ဆိုတာက
ဖမ်းဆုပ်ရခက်သားလားရှင်..
အကောင်အထည်မရှိ
ပုံစံမရှိ..နေရာအတည်တကျရယ်လို့မရှိတဲ့
ဒီ..စိတ်ဆိုတာကို..ဘယ်အရာနဲ့များထိန်းချုပ်ရပါ့မလဲ
အသိတရားဆိုတာနဲ့ဘဲ..ထိန်းသိမ်းရမှာပါ..

သော်ဇင်စိုး said...

လောကမှာ လူအမျိုးမျိုး စိတ်အထွေထွေပါပဲ.. ဘာတွေပဲပြောနေပါစေ ဘယ်လိုပဲတုန့်ပြန်ပါစေ ကိုယ်သွားရမဲ့လမ်းကိုသာ ဦးတည်ထားလိုက်ပါ ကျန်တာတွေ မှေးမှိန်သွားလိမ့်မယ်..
ပြီးတော့ အမှား၊ အမှန်ဆိုတာ လူတွေသိကြပါတယ် သူတို့ကိုယ်သူတို့ ပြန်လိမ်နေကြလို့ပါ.. အချိန်တန်လို့ ၀န်ခံသည်ဖြစ်စေ.. ၀န်မခံသည်ဖြစ်စေ.. အမှန်တရားဟာ အမှန်တရားပါပဲ..
ပျော်ရွှင်ပါစေ...........

ပန်းနုနှင်းဆီ said...

ဆုတောင်လေး လှတယ်.
လူတိုင်းဒီလို စိတ်မျိုး ရှိနိုင်ပါစေနော်။
အရောင်ဆိုးတတ်တဲ့ သူတွေနဲ့ ဝေးဝေးနေတာ အကောင်းဆုံး ဖြစ်မှာပါ။ ကိုယ်တိုင်လည်း ဒီလိုလူတွေကို မုန်းမိတယ်..

ဧည့်သည် said...

“ ဘယ်လိုပဲ ဖြစ်ဖြစ်ပါလေ… အခက်ခဲဆုံးလို့ ယူဆရတဲ့ မိမိ နဲ့ သူတပါး စိတ် ကို တန်ဖိုးထားတတ်ဖို့ ၊ လေးစားတတ်ဖို့ ၊ မျှဝေ ခံစား နားလည်ပေးတတ်ဖို့ ” ဆိုတာက ကိုယ်ချင်းစာစိတ်ထားတတ်ဖို့ လိုတာပေါ့နော် ။ အများစုက ဒါကို သိပ်ပြီးထည့်မတွက်ကြဘူးဗျ ။

“ အဓိပ္ပါယ် ပြည့်ဝတဲ့ နေရာလေး တခုမှာ ကိုယ်စိတ် နှလုံး စိတ်ခွန်အား မှန်ကန် ပြည့်ဝစွာနဲ့ ၀န်းကျင် ပတ်လည်မှာလည်း ဖြူစင်သော စိတ်ထားများ ပိုင်ဆိုင်ထားသူများ နဲ့သာ ဆုံတွေ့ခွင့် ရရပါလို၏ ” တဲ့ အရမ်းကောင်းလွန်းနေတယ်နော် ။ လောကပတ်ဝန်းကျင်တစ်ခုလုံးသာ ဒီလိုလေး ဆိုရင် .......

“ သူတပါးရဲ့ ကိုယ် စိတ် နှလုံးကို.... နာကျင် ထိခိုက် ခံစားရစေမဲ့ လုပ်ရပ်… အနိုင်ကျင့် လိုက်တဲ့ အပြုအမူ လုပ်ရပ်… အနိုင်ကျင့် လိုက်တဲ့ စကား အပြောအဆို လုပ်ရပ်… လှပတဲ့ အနာဂတ်လေး ပျက်စီး သွားမဲ့ လုပ်ရပ်…မျိုး မလုပ်ဖြစ် ခဲ့ရင် အပြန်အလှန် သန့်ရှင်း စင်ကြယ်တဲ့` စိတ်´တွေ ထွန်းလင်း တောက်ပ နေမှာပါ… ” တစ်ခါတစ်လေ သတိထားနေတဲ့ကြားက အမှတ်မထင် ပြောလိုက်လုပ်လိုက်မိတာတွေ ရှိပါတယ် ။ တစ်ချို့ကျတော့လည်း ရည်ရွယ်ချက်မရှိပဲ အကျင့်ပါနေကြတာလေ ။ “ သတိ ” တော့လိုတာပေါ့နော် ။
ဘယ်လိုပဲ ဖြစ်ဖြစ် သူ မှ ကိုယ် မဟုတ်တာလေ ။

မြစ်ကျိုးအင်း said...

ကိုယ်ချင်းစာစိတ် မျှတနားလည်တဲ့ စိတ်တွေ ရှိတဲ့ လူ့ဘောင်လေး ဖြစ်စေချင်ပေမယ့် ဖြစ်လာဖို့ မလွယ်လို့ ကိုယ်တိုင်ပဲ မိမိကိုယ်ကို တာဝန်ယူပြီး နေထိုင်ရမှာပဲ မဟုတ်လား။

ချိုကျ said...

မသဒ္ဓါရေ....စိတ်တွေအမျိုးမျိုးနဲ့ လူတွေကိုတွဲပြီး တင်ပြထားပုံလေးက ဗဟုသုတရစေပါတယ်။ ကျေးဇူးတင်ပါတယ်ခင်ဗျာ။

ခင်တဲ့(ချိုကျ)

မဗေဒါ (၈၈) said...

ညီမရေ..

အတော်ကြာခဲ့ပြီ မရောက်ခဲ့တာ..။

အတွေးကောင်းပါ၏.. ဖြစ်ချင်တဲ့စိတ်ကူး.. လက်တွေ့လေးလည်း ကောင်းပါ၏..။ ကောင်းတဲ့စိတ်ဟာ လူတွေအတွက် တော့ ကြည်နူးမှု..ကို ပေးမှာ အမှန်ပါ ညီမရေ..။

မဗေဒါ (၈၈)

Myanmar Good Knowledg Co., Ltd said...

စိတ်ကို စကားလုံးတွေနဲ့ ဖွဲ့နွဲ့သွားတာ
ဖတ်လို့ကောင်းသလို စိတ်ကိုပြန်ပြီး အဟာရဖြစ်စေတယ်။

ahphyulay said...

သိစိတ် နဲ့ မသိစိတ် နှစ်မျိုး ရှိပါတယ်နော်၊
တစ်စိတ်က လုပ်သင့် တာကို လုပ်နေရပေမဲ့
ကျန်တစိတ် ကတော့ လုပ်ချင်ရာ ကို ပဲ
လုပ်နေတတ်တာပါပဲ၊
အဲ့ ဒီ နှစ်စိတ် တစ်ထပ် ထဲ ကျရင် ကောင်း
တဲ့  လူ့ ဘောင်ကို တည်ဆောက် နိုင်မှာပါ

ဝက်ဝံလေး said...

ကျန်းးးးးးးး ဒီလောက်ကောင်းတဲ့ပိုစ့်ကို ဝက်တို့ နောက်ကျပြန်ဘီ
စာလာဖတ်တယ်ဗျိုးးးး
အဟီးးး ကိုယ့်စိတ်ကို တခါတလေ ဘာမှန်းတောင်မသိဘူး ဘာဖြစ်ချင်မှန်းကိုမသိတာဗျ
သူတပါးစိတ်ကိုလဲ မနာကျင်စေချင်ပါဘူးလေ ဟူးးးးးးးးးးးးးးးးးးး
ဒါနဲ့ မ ကို ဝက်အရင်က ဘယ်လိုခေါ်တာလဲဟင်
ရှူတင်တွေကများတော့ မမှတ်မိတော့ဘူးရယ် ဟိ

ပေါ့ဆိမ့် said...

ဘယ်အရာမဆို ကိုယ်ချင်းစာစိတ်ကလေး နဲ့ နေတတ်၊ ပြောတတ်မယ် ဆိုရင် အဓိပ္ပာယ်ရှိရဲ့လား ဆိုတာ ထွေထွေထူးထူး သုံးသပ်နေရမယ့် အချိန်နည်း သွားနိုင်ကြမှာပါ ..
ခင်မင်စွာဖြင့်
ဆင်တဲကဖေး ကိုယ်စား