Friday, July 16, 2010

ခဏတာ...


ကျမတို့ရုံးမှာ ဘယ်နေရာက လာမှန်းမသိတဲ့ ကြောင်လေးတွေက တော်တော့်ကို ကြောက်ရွံ့တတ်ပါတယ်.။ ကျမလည်း အချိန်တန်ရင် ထမင်းလေးကျွေးလိုက် မုန့်လေးကျွေးလိုက်နဲ့ သူတို့နဲ့ ဆက်ဆံရေး အဆင်ပြေအောင် ချစ်ကြည်ရေးရအောင် လုပ်ရပါတော့တယ်..။ တဖြည်းဖြည်းတော့ သူတို့လည်း ယဉ်ပါးလာပြီး ကြောက်တာလည်း လျော့လာပါတယ်.။

ကျမ ရုံးဆင်းရင် ကြောင်လေးတွေ အတွက် ထမင်းလေးကို နယ်ပြီး ထားခဲ့ပါတယ်.။ ခုဆို နေ့လည် ကျမတို့ ထမင်းစားနေရင်တောင် ခပ်လှမ်းလှမ်းကနေ `ညောင်..ညောင်..´ ဆိုပြီး တောင်းတတ်နေပါပြီ.။ လွန်ခဲ့တဲ့ တပတ်ကတော့ အငယ်ဆုံးကြောင်လေး တကောင်ပျောက်သွားခဲ့ပါတယ်..။ ထင်တာတော့ အငယ်ဆုံး အသေးဆုံးလေးဖြစ်ပြီး သေသွားတယ်လို့ ယူဆလိုက်ရတာပေါ့.။ ဒါနဲ့ သုံးကောင်ပဲ ကျန်ခဲ့ပါတယ်..။ သုံးကောင်ထဲမှာ တကောင်က အ၀ါရောင် ချစ်စရာလေးနဲ့ ချောချောလေးလည်း ပါပါတယ်.။

နေ့လည်ခင်း တနေ့မှာတော့ ကျမ ထမင်းစားနေတုန်း အ၀ါရောင် ကြောင်လေးက ကျမကို အဝေးကနေ အစာလှမ်းတောင်းပါတယ်.။ ကျမလည်း မြန်မြန် ထမင်းနယ်ကျွေး လိုက်ရတာပေါ့..။ ကြောင်လေးတွေက သိပ်မကြောက်တော့ပေမဲ့ သူတို့ကို ကြည့်နေရင် မစားပဲ ထွက်ပြေးသွားတတ်တယ်.။ ဒါနဲ့ ကျမလည်း ကျွေးပြီး ရှောင်နေလိုက်ရတယ်.။ ညနေဘက် ကျမရုံးမဆင်းခင် ထမင်းနယ်ပြီး ကျွေးထားခဲ့ပြန်တာပေါ့.။

နောက်နေ့ ကျမ ရုံးကိုအလာမှာတော့ ရုံးရှေ့မှာ ချစ်စရာ အ၀ါရောင် ကြောင်လေး သေဆုံးနေတာကို တွေ့လိုက်ရတော့ ရင်ထဲမှာ တမျိုးကြီး ဖြစ်သွားခဲ့ရတယ်.။ မနေ့ကပဲ အကောင်းကြီးရှိသေးတယ်. ရောဂါဖြစ်တာလည်း မတွေ့မိပါဘူး ဆိုပြီး စဉ်းစားနေတာပေါ့..။ ဘာဖြစ်လို့များလဲ.. ဘာကောင်ကိုက်လိုက်လို့လဲ.. ခန္ဓာကိုယ်မှာလည်း ကိုက်ရာ မတွေ့မိပါဘူး.. နဲ့ ဘာဖြစ်လို့ သေသွားမှန်းကို မသိလိုက်ရဘူး..။

ဒါနဲ့ပဲ ကြောင်လေး နှစ်ကောင်ပဲ ကျန်တာပေါ့..။

ကြောင်လေးနှစ်ကောင်လည်း ဆော့လိုက်..စားလိုက်နဲ့ ကြည့်ရတာ ကောင်းကောင်းမွန်မွန် ပုံစံပါပဲ.။ ဒီနေ့ မနက် ရုံးလာတော့ ကြောင်လေး နှစ်ကောင် ရုံးရှေ့မှာ ကွေးလို့.။ ကျမလည်း ၀င်လာရော သူတို့ပုံစံ အတိုင်း ထပြေးကြပါတယ်.။ တကောင်က မပြေးတော့ ဘာဖြစ်လည်းမသိဘူးဆိုပြီး `မ´လိုက်တာ အကြောလိုက် သွားပါတယ်.။ မထနိုင်တော့ပါဘူး.. ကျမလည်း လန့်ပြီး တခြားသူတွေကို ခေါ်ပြပြီး ဘာဖြစ်လည်း မသိဘူး ဆိုပြီး ပြလိုက်တော့ သေတော့မလား မသိဘူးတဲ့.။

ဟင်.. မနေ့ကပဲ အကောင်းကြီး ရှိသေးတယ်.. ဘာဖြစ်လဲမသိဘူးပေါ့..။ ကျမရဲ့ လုပ်ဖေါ်ကိုင်ဖက် ညီမလေးရောက်တော့ (အဲဒီညီမလေးက ကြောင်မွေးဖူးတဲ့သူ ဆိုတော့ ကျွမ်းကျင်ပါတယ်) သူက ကြည့်ပြီး ကြောင်ကြီး ကိုက်လားမသိဘူးတဲ့..ပြောပြီး နနွင်းလူးပေး နနွင်းတိုက် လုပ်ပါတယ်. ကျမကတော့ ကြောင်နဲ့ပက်သက်ပြီး အကျွမ်းတ၀င် မရှိလေတော့ ဘေးနားကနေပဲပေါ့..

ကျမလည်း တိရစ္ဆာန်ဆေးခန်း သွားပြမယ်ဆိုပြီး သူငယ်ချင်းညီမလေး တယောက် လှမ်းခေါ်လိုက်ပါတယ်။ အဲဒီညီမလေးက ခနနေ လာမယ်တဲ့.။ ကြောင်လေးကို ထားခဲ့ပြီး ကျမလည်း အဲဒီညီမလေး မလာခင် အလုပ်လုပ်နေလိုက်ပါတယ်.။ ညီမလေး လာလို့ သွားကြည့်လိုက်တော့ ကြောင်လေး သေနေပါပြီ။။ ညီမလေးရေ ဆေးခန်းသွားလို့ မရတော့ဘူး ကြောင်လေး သေသွားပြီလို့ ပြောလိုက်ရတယ်.။ ကျမလည်း စိတ်ထဲမှာ ဆေးခန်း သွားပြလိုက်ရင်တော့ ကောင်းသွားမှာပဲ ဆိုပြီး ထင်ထားတာလေ.။ ကြောင်လေး သက်သာအောင် ဆရာဝန်ဆီမှာ ကုမယ်ဆိုပြီး.... နောက်ကျသွားလို့လားနဲ့ စိတ်မကောင်းစွာပေါ့..။

လုပ်ဖေါ်ကိုင်ဖက် ညီမလေးကတော့ ကြောင်လေးတွေက အဲလိုပဲ သေသွားတတ်တယ်တဲ့.။ ခုတော့ တကောင်တည်း အဖေါ်မဲ့စွာ ကျန်နေခဲ့ပြီပေါ့..။ ခါတိုင်းဆို သူတို့လေးတွေ တတွဲတွဲနဲ့ ပြေးလိုက်လွှားလိုက်နဲ့ ဆော့နေကြတာ..။ ကျန်ခဲ့တဲ့ တကောင်လည်း ဘယ်လိုများ ဖြစ်အုံးမလဲ ဆိုပြီး တွေးပူနေမိတယ်..။ အဲဒီ ကြောင်လေးကို ကြည့်လိုက်တော့ နားလည်သလိုလို မှိုင်လို့….

ကျမ ဘယ်တုန်းကမှ တိရစ္ဆာန် မမွေးဖူးခဲ့သလို ချစ်လည်း မချစ်တတ်ခဲ့ပါဘူး..။ ဒါပေမဲ့ သတ္တ၀ါလေး တွေကိုတော့ သနားတယ်.။ ကျွေးတယ်.။

ဘာပဲဖြစ်ဖြစ် ခနတာ တွေ့ခဲ့ရတဲ့ အတောအတွင်း သံယောဇဉ် ဖြစ်သွားခဲ့ရတယ်..။

ခုတော့ တရားသဘောအတိုင်း တနေ့မှာ ဒီလိုပဲ အားလုံး မလွဲမသွေ သွားကြရမဲ့ ခရီးလမ်းပါလားလို့ သံဝေဂသာ ထပ်ပွါး မိတော့တယ်...။

34 comments:

ဧပရယ်လ်ပူး@ပူးတေ said...

မသဒ္ဓါရေ

ပူးတေလဲ ကြောင်လေးတွေ အရမ်းချစ်တာ... ပူးတေရှေ့မှာ အဲလိုဖြစ်ရင်လဲ ပူးတေလဲ စိတ်မကောင်းဖြစ်မိမှာပါပဲ... တိရစ္ဆာန်တွေကို ကျွေးမွေးပြီးရင် သံယောဇဉ်က တော်တော်နဲ့ ဖြတ်မရတော့ဘူးမမရေ... တကောင်ထဲကျန်တဲပ ကြောင်လေးကို မမြင်ရပဲ သနားနေတယ်..သူလဲ စိတ်ညစ် ဝမ်းနည်းနေမှာပဲနော်...

ဇော်သိင်္ခ said...

ခဏတာ ခင်တွယ်မိကြပေမယ့်.. လူပဲဖြစ်ဖြစ် တိရစ္ဆာန်ပဲ ဖြစ်ဖြစ်... သံယောစဉ်ဖြစ်လာပြီးမှ..အဲဒီလို ရုတ်တရက် ခွဲခွာသွားကြရင်တော့.. ၀မ်းနည်းမိတက်ကြတာတော့ လူတွေရဲ့ သဘာဝ နေမှာပါနော်... ဒါလည်း.. ရှူတက်မယ်ဆိုရင်တော့ သံဝေဂ ရစေပါတယ်ဗျာ..

ခင်မင်စွာဖြင့်
ဇော်သိင်္ခ

ခိုင်နုငယ် said...

တရိစ္ဆာန်တွေက..ကူးစက်ရောဂါ
ဖြစ်တာမြန်တယ်လို့ဆိုကြတယ်။
ကျန်နေတဲ့အကောင်သတိထားရမယ်။
သနားကြင်နာတတ်ပေမယ့်
ခွေး၊ကြောင်တော့မချစ်တတ်ဖူးရယ်..
ရုပ်၊နာမ်ရှိကြတဲ့သတ္တ၀ါတိုင်းနောက်ဆုံး
သွားရာတွေကတော့အတူတူပါပဲလေ။
..ဖြိုးကနဲ..ဖြတ်ကနဲ.တွေ့ကြုံရမယ်ဆိုရင်
ဘာမှမပြင်ဆင်ရသေးဘူးရယ်.မသဒ္ဓါရေ..

ခင်တဲ့
ခိုင်နုငယ်

SHWE ZIN U said...

အင်း ညီမပြောနေတဲ့ ကြောင်လေးတွေ သေသွားပြီနော် မမြဲတဲ့ တရားတွေဘဲ

သိင်္ဂါကျော် said...

တိရိစ္ဆာန်တွေမွေးရတာလည်း သံယောဇဉ်တွယ်ရတယ်နော်.. သေသွားတော့လည်း စိတ်မကောင်းဘူးပေါ့..

ရီမိုးပြည့်  said...

ညီမ အိမ်မှာမွေးတဲ့ ကြောင်လေး သေတုန်းက ငိုလိုက်ရတာ မပြောပါနဲ့တော့။ အခုလဲ ဒါလေးဖတ်ပြီး သနားလို့.....

ချော(အစိမ်းရောင်လွင်ပြင်) said...

တိရိစ္ဆာန်ဘဲဖြစ်ဖြစ် လူဘဲဖြစ်ဖြစ်ကြာလာရင်သံယောဇဉ်ညှိတွယ်တတ်တဲ့သဘောပါဘဲသဒ္ဓါ..
မမျှော်လင့်ဘဲ ဖြစ်သွားကြတဲ့ သံယောဇဉ်တွေပေါ့
သံယောဇဉ်ဖြစ်လာမိတော့လဲ ပူပင်လာရတာပါဘဲနော်..
များများဖြစ်ရင်များများ ပူပင်ရတယ်..
တော်ပြီ နည်းနိုင်သမျှ နည်းအောင်ထားတော့မယ်း)

ကိုကိုမောင် (ပန်းရနံ့) said...

ဘာရောဂါမှန်းမသိဘူးနော်။ ကြားဖူးတာတော့ ကြောင်ပေါက်စလေးတွေဟာ လူ့လက်တွေနဲ့ ခဏခဏ အကိုင်ခံရရင် ပျော့စွဲပြီး သေတတ်တယ်ဆိုလားဘဲ။

ကိုမျိုး (အညာမြေ) said...

မင်္ဂလာပါ..

သံဝေဂ လှိုင်းလေးတွေ ဖတ်ရင်းနဲ့ ခံစားရရှိစေတယ်ကွယ်...

ဒို့တတွေလဲ တနေ့တော့ ကြောင်လေးတွေလို...

ခင်မင်စွာဖြင့်
ကိုမျိုး (အညာမြေ)

ချိုကျ said...

အိမ်မှာလည်း အရင်တုန်းကတော့ ခွေးလေးတွေ ကြောင်လေးတွေ မွေးတယ်။ အဲလိုတွေ ခံစားရလွန်းလို့ မမွေးတော့တာ ကြာပြီ မသဒ္ဓါရေ

ခင်တဲ့(ချိုကျ)

မောင် လေး said...

သံယောဇဉ် အမျှင်တန်းကို ရှင်ခန်းဘယ်သူဖြတ်ပါ့ ဆိုတဲ့
စကားလေးကို သွားသတိရမိတယ်..။
ဟုတ်တယ်ဗျ...။သံယောဇဉ် တွယ်မိရင် စိတ်မကောင်းဖြစ်
ရတာနဲ့ပဲ အဆုံးသတ်ရတာချည်းပဲ...။

ဏီလင်းညို said...

သဒ္ဒါရေ.....
ကြောင်ကလေးတွေအကြောင်းဖတ်သွားတယ်...။
ကိုဏီလင်းတို့တော့ အမှတ်မရှိလို့ ခုတစ်ကောင်မွေးထားပြန်ပြီဗျာ.....။
သားသားက အားကြီးချစ်စရာကောင်းတာ...။
၃လကျော်ကျော်လောက်ပဲရှိဦးမယ်ဗျ.....။
မြင်ရင်မနေနိုင်လေ...။
သနားလို့..............း))

ခင်မင်ခြင်းအားဖြင့်........
ဏီလင်းညို

ကိုဇော် said...

သံမံသလင်းပေါ်မှာ အိပ်တာ ထင်တယ်။ သူတို့အတွက် အိပ်ဖို့ နေရာလေး လုပ်ပေးထားလိုက်ပါလား။ သံမံသလင်းဆိုရင် အယ်လ်ဇေးရှင်းလို ကောင်ကြီးတွေတောင်မှ အောက်ပိုင်း သေသွားတတ်ပါတယ်။ မွေးကင်းစ ကြောင်လေးတွေ ဆိုတော့ မိခင်က ထိန်းတာ မကောင်းရင် ဖြစ်တတ်ပါတယ်။

နေ၀သန် said...

အင်း... အိုနာသေကတော့ ဘယ်သတ္တ၀ါမှ မလွတ်ပါဘူးလေ.... တနေ့ မလွဲမသွေသွားရမယ့်လမ်းပေါ့....


ခင်မင်တဲ့
နေ၀သန်

အင်ကြင်းသန့် said...

မသဒ္ဒါရေ....သံယောဇဉ်ဆိုတာကတော့ အဲလိုပဲ တွယ်မိရင်ကိုယ့်မှာခံစားရတာချည်းပဲ....
ခွေးလေးကြောင်လေးတွေကိုမွေးပြီ့း တစ်ခါမှတော့ သေသွားတာ မကြုံဘူးသေးဘူး။ ဒါပေမယ့် အိမ်ကခွေးလေးတစ်ကောင်ကို သူများကိုပေးလိုက်တုန်းကတော့ ငိုလိုက်ရတား)

ညီမလေး
ဂျင်း

ပန်းနုနှင်းဆီ said...

ကြောင်ချစ်သူချင်းမို့ ကိုယ်ချင်းစာမိတယ်..
အရင်ကတော့ ကြောင်ကလေးတွေမွေးဖူးတယ်..
သေသွားတာတို့ပျောက်သွားတာတို့ဆို ခံစားမဆုံးဖြစ်ရတာနဲ့ ခုတော့ မမွေးဖြစ်တော့ဘူး..

Anonymous said...

သေခြင်းတရားဆိုတာ တကယ်အစိုးမရတာပါ ကနေ့
အင်းစိန်လမ်းပေါ် လမ်းလှည်းတန်းမှတ်တိုင်ရှေ့မှာ ကားတွေကြပ်ညပ်ပြီး ဖြေးဖြေးမောင်းနေတဲ့ကြားထဲ ရှမ်းတရုတ်မလေး လို မိန်းကလေးငယ်ငယ်တစ်ယောက် ကားကြီးနောက်ပိုင်းရမ်းတာထိပြီး ဘေးနားက တက္ကစီနောက်ကြည့်မှန်ကို နဖူးနဲ့သွားရိုက်ပြီး လမ်းမပေါ် လန်အလဲ နောက်စိကွဲပြီး ပွဲချင်းပီးဖြစ်သွားတယ်ဗျာ မျက်စိရှေ့တင် သနားလိုက်တာ ငယ်ငယ်လေးပဲ ပြီးတော့လည်း ကားအရှိန်ဘာမှမပြင်းပဲဖြစ်သွားတာ သေရမယ့် ကံကိုပါလာတော့ ဘာမှမတတ်နိုင်ဖူး တက္ကစီသမား ခမျာ ကြားထဲက အချုပ်ထဲလားရရှာတယ်
ဥပစ္ဆေဒက ကံပေါ့ဗျာာာာ အခုကြောင်လေးတွေလည်း သေချိန်တန်လို့ ဝဋ်ကြွေးကုန်လို့ ဘဝပြောင်းရတယ်ပဲ မှတ်လိုက်ပါ


မောင်ဘကြိုင်

ရွှေရတုမှတ်တမ်း said...

တိရစ္ဆာန်ကို မချစ်တတ်ဖူး ဆိုတော့....
တိရစ္ဆာန်မဟုတ်တာတော့ချစ်တတ်ပုံပဲ...

ကိုလူထွေး said...

မချိုသင်း မဖတ်မိစေနဲ့အုံး...

းဝ)

မြစ်ကျိုးအင်း said...

နေ့စဉ် အချိန်တိုင်း သေဆုံးခြင်းတွေ ရှိနေပေမယ့် ကိုယ့်အနီးနားက အရာမှ ခံစားတတ်တာဟာ မြင် ထိတွေ့ ဆက်ဆံဖူးတဲ့
သံယောဇဉ်ကြောင့် လို့ထင်တယ်။

သံယောဇဉ် က သံသရာ ဖြတ်ဖို့ အကြီးဆုံး အဟန့်အတား ပါပဲ။
ဒါကြောင့် အားလုံးကို စွန့်ပြီး တောထွက် ကြတာ ထင်ပါရဲ့။

လသာည said...

စိတ်မကောင်းစရာပဲ..နော်။ အစ်မလည်း ငယ်ငယ်က အိမ်က ကြောင်လေးတွေသေရင် တပတ်လောက်ငိုလို့မဆုံးခဲ့ဘူး။ သံဃောဇဉ်ကြီးတတ်တော့ နောက်တော့ ကြောင်တွေ ခွေးတွေ မမွေးဖြစ်တော့ဘူး။

blackroze said...

ကြောင်လေးတွေသနားပါတယ်နော်

ကျမလဲငယ်ငယ်တုန်းကကြောင်လေးတွေမွေးဖူးတယ်

ပျောက်သွားတာနဲ့သေသွားတာနဲ့

စိတ်မကောင်းဖြစ်ရလွန်းလို့နောက်တော့

မမွေးတော့ဘူး..

ကျန်ခဲ့တဲ့ကြောင်လေးလဲသနားပါတယ်..

အဖေါ်မဲ့သွားတယ်ဆိုတာမျိုးပေါ့..

ဇွန်မ said...

မွေးဖွားလာခြင်းက သေဆုံးဘို့အတွက်ပဲနော် အမ။

ယွန်း said...

အဲဒါကြောင့် ဘယ်တော့မှ ကြောင်မမွေးဘူး
ခွဲခွာသွားရင် စိတ်ထဲ အရမ်းခံစားရလို့ လေ..

ခင်မင်စွာဖြင့်
ယွန်း

thaw zin soe said...

သနားစရာကောင်လေးတွေ သူတို့ စကားမပြောတတ်တော့ ပိုဆိုးတာပေါ့.. ကျန်တဲ့ တစ်ကောာင်ကိုပဲ အချစ်တွေ ပုံလိုက်ပေါ့.. :)

မြတ်မွန် said...

သံယောဇဉ်ဆိုတာ ရစ်ပတ်တာ မြန်ပေမယ့်
ဖြတ်ရတာတော့ တော်တော်ခက်တယ် မသဒ္ဓါရေ..

ညလင်းအိမ် said...

သံယောဇဉ်ရဲ့ နှောင်ဖွဲ့မှုက လူဖြစ် တိရစ္ဆာန်ဖြစ်ဖြစ် ကြီးမားလိုက်တာနော် ...

ahphyulay said...

အင်း...
လူဆိုတာ တစ်ယောက်ထဲ ရောက်လာပေမဲ့ 
ကိုယ်နဲ့  ထိစပ်မိ သမျှ အရာရာ အားလုံးကို
အတင်းဆွဲကိုင် ဖမ်းဆုပ် ရစ်ပတ်ဖွဲ့ နှောင်နေ တတ်
တော့ တာပါပဲ။
သံယောဇဉ် လို့ပဲ ပြောပါရစေတော့ ..။

မိုးငွေ့...... said...

အမကတော့ အိမ်မှာ ဘာအကောင်မှမမွေးဖူးတော့ အဲဒီသံယောဇဉ်တော့ပြတ်တယ်...။ ခုကတည်းက အားလုံးကိုဖြတ်ထားနိုင်ရင်အကောင်းဆုံးပဲ...။

ခင်မင်စွာဖြင့်
မိုးငွေ့

ဧည့်သည် said...

အနိစ္စ ၊ ဒုက္ခ ၊ အနတ္တ ပါပဲဗျာ ....။
eagle

အရုပ်ကလေး said...

ခဏတာလေးအတွင်းမှာပဲ .....
သေမင်းရဲ့ အဆုံးစီရင်ချက်မှာ
သတ္တ၀ါအားလုံး ၀ပ်တွားရ ..။

ရိုးရိုးလေးပါပဲ ....
သေမင်းကို လွန်ဆန်ဖို့
ရင်ထဲတေးမှတ်မရတာတွေက အကြိမ်ကြိမ် ..။

နောက်ဆုံး ...
တိမ်းပါးသွားရတဲ့ဖြစ်စဉ်တွေအတွက်
နေမကွယ်ခင် တရားအထုပ်ကိုသယ်ပိုးကြစို့ ..။

ခင်ခင်မင်မင်
idulize(အရုပ်ကလေး )

Mila said...

Hello! Invite to Ukraine!))

ကောင်းမွန်ဝင်း said...

ကျွန်မလည်းကြောင်ချစ်တတ်တယ်။
ရန်ကုန်ကအိမ်မှာ မွေးထားတဲ့ကြောင်လေးတွေထဲက တစ်ကောင်ကို ဟိုတလောကခဏအပြန်မှာပြန်တွေ့ခွင့်ရခဲ့တယ်။ အသက်၈နှစ်ရှိနေပြီ။
ခွဲရမှာကိုတော့ မတွေးရဲဘူး။

ကိုခိုင် said...

ခုမှအားလို့
စာတွေအကုန်လုံးစုဖတ်သွားပါတယ်။
ကျန်းမာပါစေ။

ကိုခိုင်