Wednesday, July 28, 2010

ပုံရိပ်ယောင်…

ရင်ထဲ အနက်ရှိုင်းဆုံး တနေရာမှာ ဖြစ်တည်နေတဲ့ အစိုင်အခဲ ဒြပ်မဲ့တခု…

တကယ်တော့ ကိုင်တွယ် ထိတွေ့ခွင့် ရဖို့ အခွင့်အလမ်း မရှိခဲ့တဲ့ ဒြပ်မဲ့တခု အဖြစ်နဲ့သာ……

ဆိုပေမဲ့.. ကိုင်တွယ် လို့ရတဲ့ ဒြပ်ဝတ္ထုတွေထက် ပါဝါအား ကောင်းတဲ့ ဒြပ်မဲ့ ပုံရိပ်ယောင်လေး တခု…

အတ္တမပါတဲ့ နှလုံးသား ထဲမှာ အဖြူရောင် သံစဉ်တွေနဲ့ ရောယှက်ထားတဲ့ သံစဉ် တေးသွားလေး တပုဒ်က ၀င်ရောက် နေရာယူ စည်းချက် လိုက်လို့…

နှလုံးသား ထဲကို မသိမသာ တိုးဝင်လာတဲ့ ညင်းသဲ့သဲ့ အရိပ်အယောင်လေး တခုကလည်း ဆွတ်ပျံ့ ကြည်နူးစွာ စီးဆင်းလာခဲ့လို့….! ဒါ….. ဒြပ်မဲ့ ပုံရိပ်ယောင်လေး တခုတဲ့လား..!

အသက်ရှူသံ တွေတောင် ကပြောင်းကပြန်နဲ့….!

နှလုံးသွေးကြော တလျှောက် စီးဆင်းလာတဲ့ ပုံရိပ်ယောင်လေး တခုက ဖြတ်ကနဲ ဆိုပေမဲ့ တကယ့်ကို စွဲထင် ကျန်နေခဲ့တဲ့ စစ်မှန်တဲ့ အလင်းတန်းလေး တခုပါလား….။

အဲဒီ အလင်းတန်း လေးတခုကို သိမ်းဆည်းထားနိုင်တဲ့ နေရာလေး တခုကလည်း ဒီနှလုံး သွေးကြောလေး ထဲမှာပဲ ဖြစ်နေလေရဲ့…! နှလုံးသွေးထဲမှာပဲ ပုံရိပ်ယောင်လေး တခုအဖြစ် သိုဝှက် ထားချင် လိုက်တာလေ...

နှလုံးသွေးတွေ ပုံမှန် စီးဆင်းနိုင်မဲ့ ပုံရိပ်ယောင်လေးရဲ့ ကိုယ်ပွားတခု……!!!

ပုံရိပ်ယောင်ရဲ့ အလင်းတန်းလေးကြောင့် မှုန်ဝါး ရီဝေ… အိပ်စက်နေတဲ့ နှလုံးသားလေးလည်း အလင်းရောင်တွေနဲ့ ရှင်သန် နိုးထ စေခဲ့တာပေါ့…။

ိပ်စက်နေတဲ့ နှလုံးသားလေးလည်း ခုတော့… အလင်းတန်းလေးနဲ့ အတူ သစ်လွင် လှပတဲ့ အာရုဏ်ဦး နံနက်ခင်း ကို ကြိုဆိုလို့…!

တခါတရံတော့ ယုံကြည်မှုတွေကို စတေး ပစ်လိုက်တဲ့ အခါ မှာတော့… ပုပ်ပွနေတဲ့ ချစ်ခြင်းမဲ့ အကောင်တကောင် ပုံစံနဲ့ ယိုင်နဲ့ ချိခွေလို့…!

အဲဒီအခါ မှာတော့ ငါ ကိုယ်တိုင် ဆုပ်ကိုင်ထားတဲ့ လေးနက်မှုတွေ… မေတ္တာတရားတွေ… ချစ်ခြင်းတရားတွေ… နားလည်မှုတွေ… ဟာ လွတ်ကျ ထွက်သွားခဲ့ပြန်ပေါ့… !!!

ဒါပေမဲ့လည်း ကိုယ်တိုင်… ယုံကြည် နားလည်မှုတွေနဲ့ တည်ဆောက်ထားခဲ့ပြီး တန်ဖိုးထားရတဲ့ `….´ တွေမို့ တစစီ ပြန်ကောက်ရင်း ပြန်ပုံဖေါ်လို့ ပြန်ထုဆစ်လို့…။

နှလုံးသွေးနဲ့ ရင်းပြီး ပြန်လည် ထုဆစ်တဲ့ အခါမှာတော့ တန်ဖိုးထားရတဲ့ အရာတွေနဲ့ အတူ အလင်းရောင်တွေနဲ့ ပြည့်နှက်နေမဲ့ ပုံရိပ်ယောင် ကမ္ဘာငယ်လေး တခု အနေနဲ့ ၀င့်ဝင့်ကြွားကြွား…

ပုံရိပ်ယောင်လေး က ဒီလောက်တောင်ပဲ တန်ခိုးရှိ သတဲ့လား..!!!

တည်ငြိမ် နက်ရှိုင်းတဲ့ နှလုံးသား ထဲထိ တိုးဝှေ့ ၀င်လို့ အလှပဆုံး ကြယ်ပွင့်လေးတွေနဲ့ ထုံမွှန်းထားတဲ့ ဒြပ်မဲ့ ပုံရိပ်ယောင်လေး အဖြစ် အသိအမှတ် ပြုခဲ့ရပြီ။။။

ပုံရိပ်ယောင်လေး´ ရေ….
ငါ့ရဲ့ ဖြူစင် သန့်ရှင်း စင်ကြယ်တဲ့ နှလုံးသွေးထဲကို နာကျင်မှုတွေနဲ့ အတူ မျက်ရည်မိုးတွေနဲ့ ရောပြွန်းနေမဲ့ အရာတွေနဲ့ စွန်းထင်း ညစ်ပေအောင် မရောထွေး ပစ်လိုက်ပါနဲ့….


တခါက ပုံမှန် လည်ပတ် စီးဆင်း နေတဲ့ နှလုံးသားထဲကို အမှတ် ထင်ထင် ၀င်ရောက်ပြီး နေရာ လာယူ ခဲ့တဲ့ `ပုံရိပ်ယောင်လေး´လေးမို့ ရင်ထဲ နှလုံးသားရဲ့ အနက်ရှိုင်းဆုံး တနေရာ မှာ ခိုဝင် နားခို ခွင့် ပြုမှာ မို့လို့ပါ…!!!!!

20 comments:

~ဏီလင်းညို~ said...

သဒ္ဒါရေ့....

အဲ့ဒီလို ကိုင်တွယ်ထိတွေ့လို့မရတဲ့....၊ နူးညံ့တဲ့ခံစားချက်တွေရဲ့ စွမ်းအားကလည်း....မသေးဘူးဗျာနော့်......။
ခံစားဖတ်ရှုသွားပါတယ်ဗျား.......။

ခင်မင်ခြင်းအားဖြင့်.......
ဏီလင်းညို

ခိုင်နုငယ် said...

ပုံရိပ်ယောင်လေးရေ....
ဖြုစင်နေသူရဲ့ရင်ထဲကို..နာကျင်မူ့..
မျက်ရည်မိုးတွေမရွာသွန်းမိစေပါနဲ့နှော်...
ပုံရိပ်ယောင်လေးသိနိုင်ပါစေ။:) :)

ခင်မင်စွာဖြင့်
ခိုင်နုငယ်

ချော(အစိမ်းရောင်လွင်ပြင်) said...

နုနုညံ့ညံ့လေးပါလား
ခံစားချက်လေးတွေ အသက်ဝင်လာပြီး ရေးဖွဲ့ထားတာမို့ လူတောင် ဖတ်ရင်းနဲ့ နည်းနည်း ပျော့ခွေသွားတယ်..
ခံစားချက်တွေကူးစက်ကုန်လို့လေ..
ဘယ်သူလေးပါလိမ့်
ပုံရိပ်ယောင်လေးကး)

ကောင်းမွန်ဝင်း said...

ပုံရိပ်ယောင်..... ကိုဖတ်ရတာ
abstract art တစ်ခုပါပဲ။

ဇော်သိင်္ခ said...

ပုံရိပ်ယောင်လေး ရဲ့.... ဒီစာပုဒ်လေးကို နူးညံ့သိမ်မွေ့စွာနဲ့.. ခံစားသွားပါတယ်...
`ပုံရိပ်ယောင်လေး´ ရေ….
ငါ့ရဲ့ ဖြူစင် သန့်ရှင်း စင်ကြယ်တဲ့ နှလုံးသွေးထဲကို နာကျင်မှုတွေနဲ့ အတူ မျက်ရည်မိုးတွေနဲ့ ရောပြွန်းနေမဲ့ အရာတွေနဲ့ စွန်းထင်း ညစ်ပေအောင် မရောထွေး ပစ်လိုက်ပါနဲ့….!!!

proxy အခက်အခဲကြောင့် အမြဲ လာမလည်နိုင်တာကို ခွင့်လွှတ်ပါနော်... အဆင်ပြေတဲ့အချိန်လေးတွေတော့ အပြေးလာပြီး စာလာဖတ်ပါ့အုံးမယ်ခင်ဗျ...

ခင်မင်စွာဖြင့်
ဇော်သိင်္ခ

ကိုဇော် said...

အခုတလော. . .
ကိုယ်ကလွမ်းနေရင် မြင်မိတာတွေ အားလုံးက အဆွေးတွေချည်းပဲ ဆိုတဲ့ စကားလိုပေါ့ဗျာ။ အခု လိုက်ဖတ်ဖြစ်နေတဲ့ နေရာတွေ အားလုံးကလည်း အလွမ်းတွေ သိပ်သိပ်သည်းသည်းနဲ့ တနင့်တပိုးပါလားဗျာ။

ညိမ်းနိုင် said...

ရင်ထဲ အနက်ရှိုင်းဆုံး တနေရာမှာ ဖြစ်တည်နေခဲ့တဲ့
ပုံရိပ်ယောင်လေး တဲ့လား....

ဘယ်တော့မှ မပျောက်ပြယ်နိုင်တဲ့ ခံစားမှု တွေပေါ့ဗျာ...

အဖြူရောင်နတ်သမီး said...

xxx I am falling love xxx....

သီချင်းဆိုတာပါနော်...ဟီး...

..........................

(၃)ရက်နေ့ကျရင်လာလည်အုံးနော်...post ထဲမှာ သဒ္ဓါ့နာမည်ပါတယ်..း)

အင်ကြင်းသန့် said...

မမရေ....

ကိုင်တွယ်ထိတွေ့ခွင့်မရတဲ့ ပုံရိပ်ယောင်လေးကနေမှတဆင့် အပြင်မှာတကယ်တကယ်တွေ့ခွင့်ရမယ့် မမလိုချင်တဲ့ ဒြပ်ဝတ္ထုလေးကိုပိုင်ဆိုင်နိုင်ပါစေလို့ ဂျင်းဆုတောင်းပေးသွားတယ်နော်....

ချစ်ခင်စွာနဲ့
ညီမလေး

ချိုကျ said...

ကောင်းလိုက်တဲ့စာစုလေးပါ အစ်မရေ...ဖတ်နေရင်းနဲ့ စိတ်ကမျောပါသွားတယ် ။

ခင်တဲ့(ချိုကျ)

နေ၀သန် said...

ဖတ်လို့ကောင်းတယ်ဗျာ... ရေးတတ်လိုက်တာ..း))))


ခင်မင်တဲ့
နေ၀သန်

သူကြီးမင်း (တုံးဖလား) said...

ပုံရိပ်ယောင်လေး အသိတရားရပါစေ။ နာကျင်မှုတွေ မပေးပါစေနဲ့။

မြစ်ကျိုးအင်း said...

ကိုယ့်ပုံရိပ်ယောင်နဲ့ကိုယ် ပျော်မွေ့နေကြတဲ့ ကမ္ဘာငယ်တွေ ထဲမှာ နာကျင်ခြင်းကို ဘယ်သူမှ မလိုချင်ကြဘူး မဟုတ်လား။
ယုံကြည်ချက် တခုနဲ့ပဲ နှလုံးသားထဲ နားခိုခွင့် ပြုခဲ့တဲ့ ပုံရိပ်ယောင်လေးက စိတ်ချမ်းမြေ့စေမယ် လို့ မျှော်လင့်ထားရမှာပဲ။

blackroze said...

ရင်ထဲမှာထာဝရတည်တံနေမဲ့
စစ်မှန်တဲ့..ပုံရိပ်ယောင်လေးဖြစ်ပါစေလို့
ဆုတောင်းပေးမယ်နော်...

လသာည said...

ပုံရိပ်ယောင်တဲ့ နာမည်လေးကစပြီး လွမ်းမော ဖတ်တွယ်ချင်စရာ..
ရေးထားတာလေး သဘောကျသွားတယ်။

ယွန်း said...

နူးညံ့စွာ ရင်ထဲစီးဆင်းသွားတဲ့ စာလေးတစ်ပုဒ်ပါပဲ၊
အားပေးလျှက်ပါ..

ခင်တဲ့
ယွန်း

ahphyulay said...

အင်း..
တစ်ခါခါ တော့ လဲ ပုံရိပ်ရောင်များက
ပုံရိပ်စစ် ဖြစ် လာတတ်ပါတယ် နော....။
ဒါပေမဲ့  ..
အစစ်က ရင်ထဲ အထိ ရောက်မလာခဲ့ ရင်တော့ 
အဲ့ ဒီ အစစ် ရဲ့  အရိပ် အရောင် ပဲ ဖြစ်တော့ မှာ။

သော်ဇင်စိုး said...

လိုချင်တဲ့ ပုံရိပ်ယောင်လေးကို လိုချင်တဲ့ နေရာမှာ ထာဝရ သိမ်ူထားနိုင်ပါစေ ဗျာ......

SHWE ZIN U said...

လှပ နူးညံ တဲ့ စကားလုံးလေး တွေပါ

ခင်မင်စွာဖြင့်
ရွှေစင်ဦး

Unknown said...

အစ်မသဒ္ဓါရေ...
စကားလုံးလေးတွေကို ဖြေးဖြေးချင်းနဲ့ ခံစားဖတ်ရှုလိုက်တော့ ရင်ထဲမှာ ကြေကွဲမိတယ်
အလွမ်းဓါတ်ခံအားကောင်းသူမို့ထင်ပါရဲ့ အစ်မရယ်
ခံစားမှုရသမြောက်ပါပေတယ်

ခင်မင်လေးစားလျှက်
နှင်းဟေမာ