Thursday, June 17, 2010

ကျမချောင်းနေရတဲ့ ကြောင်လေးများ


ကျမတို့ရုံးမှာ လွန်ခဲ့တဲ့ ခြောက်လလောက်က ဘယ်ကမှန်းမသိတဲ့ ကြောင်နှစ်ကောင် ရောက်လာပါတယ်.။ ကြည့်လိုက်တော့ ကြောင်တွေက ကြောက်ကြောက်ရွံ့ရွံ့ ပုံလေးတွေနဲ့..။ ဒါနဲ့ ကျမက ညနေ တညနေမှာ ကြောင်လေးတွေ စားဖို့ ထမင်းလေးနယ်ပြီး ကျွေးမလို့ လုပ်တော့ ကျမကိုလည်း မြင်ရော အပြင်းအထန် ထွက်ပြေးလိုက်တာ တကောင်က သစ်ပင်ပေါ် အတင်းတက်ပြေးတာ အလယ်လောက်ရောက်တော့ ပြုတ်ကျပါရော… ပြုတ်ကျတာတောင် ထပ်ပြီး သစ်ပင်ပေါ်ရအောင် တက်ပြေးပြီး ဟိုဘက်ခြံထဲ ပြေးသွားတယ်… နောက်တကောက်ကတော့ ခြံအုတ်တံတိုင်းပေါ် တက်ပြေးလိုက်တာ… ဟိုဘက်ခြံထဲပဲ ရောက်သွားရော.. ကျမမှာသာ အငေးသားနဲ့ ဘာဖြစ်လို့ ထွက်ပြေးတာလဲ မသိဘူးဆိုပြီး တကိုယ်တည်း မေးခွန်းထုတ်နေမိတာပေါ့..။

သူတို့ ဆာမှာစိုးလို့ ကျွေးချင်လို့ လာကျွေးတာကို ကျမကိုမြင်တာနဲ့ ထွက်ပြေးလိုက်တာ အလုအယက်ပါလား……..။

ဒါနဲ့ပဲ ကျမတယောက် ကြောင်ကြောက်ကြီး ဖြစ်သွားပါတော့တယ်..။ ရုံးက လူတွေက နင် ကြောင်ကို သွားမကျွေးနဲ့တော့.. ကြောင်တွေလည်း မမြင်စေနဲ့တော့တဲ့.. ကိုင်း…. မခက်ပေဘူးလား…..

ရုံးမှာ ရှိတဲ့ မိန်းခလေး နှစ်ယောက်လုံးကို ကြောင်ကလည်း အကြောက်ကြီး ကြောက်နေလေတော့ ကျမတို့ နှစ်ယောက်ကလည်း ခပ်ဝေးဝေးပဲ နေဖြစ်ပါတယ်..။ ဟုတ်တယ်… ကြောင်တွေကလည်း ကျမတို့ နှစ်ယောက်ကို မမြင်လိုက်နဲ့.. မြင်တာနဲ့ ထွက်ပြေးတော့တာပဲ..။ သိပ်မကြာပါဘူး… အဲဒီကြောင်နှစ်ကောင်လုံး ပျောက်သွားလိုက်တာ ပြန်မလာတော့ဘူး..။ ကျမတို့နှစ်ယောက်ကြောင့်ပဲ ပြန်မလာတော့သလိုလို ဖြစ်သွားတော့တာပေါ့……..။ ဘယ်ကမှန်း မသိရောက်လာပြီး ဘယ်ကိုပြန်သွားမှန်းလည်း မသိရပါလား…။

အော်… လွန်ခဲ့တဲ့ လကတော့ အဲဒီ် ကြောင်နှစ်ကောင် ပြန်ရောက်လာပြီး ကြောင်လေးတွေ လေးကောင် ပေါက်ပါရော…။ ရုံးက ပြောပြန်ရော.. ကျမတို့ကို သွားမကြည့်နဲ့တဲ့.. နောက်ထပ် ထွက်ပြေး သွားအုံးမယ်တဲ့လေ… (အဲလို နာမည်ရတာ…….).

ကြောင်လေးတွေ ကလည်း သူ့မိခင် ကြောင်မလေး လိုပဲ ကြောက်တတ် လိုက်တာ..။ ကျမတို့မှာ ကြောင်လေးတွေကို ကြည့်ချင်လို့ သွားချောင်းလိုက်.. ကြောင်လေးတွေက ထွက်ပြေးသွားလိုက်နဲ့ တခါတလေ စိန်ပြေးတမ်း ကစားနေသလိုတောင် ဖြစ်ရတယ်.။

ဟိုတနေ့ ညနေကလည်း ကြောင်လေးတွေ အားလုံး ၀ရန်တာပေါ်မှာ ရှိနေတာနဲ့ နီးနီးလေးတော့ သွားမကြည့်ရဲဘူးပေါ့..။ အောက်ကနေ ချောင်းတာ ကြောင်လေးတွေကလည်း သူ့အမေအပေါ်ကနေ ပြန်ချောင်းလိုက် ကျမက ဟိုဘက်ပုန်းနေလိုက် ကြောင်လေးကလည်း တိုင်ဘေးနား သွားပြီး ပြန်ချောင်းလိုက်နဲ့…။ ကျမနဲ့ ကြောင်လေးတွေနဲ့ ချောင်းတိုင်း ဆော့သလိုတောင် ဖြစ်နေကြတယ်..။ ကြောင်လေးတွေကလည်း ကျမကို အကဲခတ်ပေါ့… ဘာများလုပ်မလဲဆိုပြီး..။

မနေ့ညနေကတော့ ကျမပြန်ခါနီး ကြောင်လေးတွေကို တခါ သွားချောင်းသေးတယ်…။ ကျမကိုလည်း မြင်ရော ကြောင်ပေါက်လေး လေးကောင်လုံး စတိုခန်းထဲ ပြန်ပြေးလိုက်ကြတာ.။ ကျမလည်း ဘီစကွတ် ယူလာပြီး ချေပြီးတော့မှ သူတို့စားတဲ့ ပန်းကန်ထဲ ထည့်ပေးထားလိုက်တယ်.. ပြီှးတော့ ပြန်လာပြီး ကွယ်ရာကနေ ချောင်းတာပေါ့..။ သူတို့တွေ ဟိုကြည့်ဒီကြည့်နဲ့ ထွက်လာကြတယ်.. ပြီးတော့ ပန်းကန်ထဲက ဘီစကွတ်တွေ တကြွတ်ကြွတ်နဲ့ ၀ါးနေလိုက်တာ….. အဲဒီတော့မှ သူတို့ ဘီစကွတ်စားသားပဲ… ဆိုပြီး နောက်ထပ် ကျွေးဖို့ ထပ်ယူလာတော့ ပြန်ပြီးထွက်ပြေး သွားတယ်..။ ဒါနဲ့ပဲ ပန်းကန်ထဲ ထည့်ထား ခဲ့လိုက်ပြီးတော့ ကြောင်လေးတွေကို ပြန်ချောင်းတာပေါ့… ကျမလည်း သူတို့ စားနေတာကို ပီတိဖြစ်ပြီး ချောင်းနေလိုက်တာ..

အဲ.. တော်တော်ကြာတော့မှ ကျမ ခြံရဲ့ အုတ်တံတိုင်းပေါ် ကြည့်မိလိုက်တာ…

အလို…. ကြောင်လေးတွေရဲ့ အမေက ကျမကို သေချာကြည့်နေတာကိုး…။ ကြောင်လေးတွေကို ကြည့်လိုက် ကျမကို ကြည့်နေလိုက်နဲ့.. သူလည်း လာမစားဘူးလေ…။ ကြောင်လေးတွေကို ဘာများလုပ်မလဲလို့ ကျမရဲ့ အရိပ်အခြေ ကိုစောင့်ကြည့်နေပုံရတယ်..။ ကျမသာ သူ့ကလေးတွေကို တခုခု လုပ်မယ်ဆိုရင် ဘာများပြန်လုပ်မလဲ မသိဘူးနော်..။ ကျမမှာလည်း ရဲရဲတင်းတင်း မကျွေးရတော့ ခုလိုပဲ ချောင်းမြောင်းပြီး ကျွေးရပေအုံးမယ်..။ ကျမရဲ့ ကြောင်ချောင်းရတဲ့ အဖြစ်လည်း တဒုက္ခပါလားလို့သာ ညည်းချင်း ထုတ်ပြီး ထပ်ပြီး ချောင်းပေရအုံးမှာပေါ့...။

24 comments:

သိင်္ဂါကျော် said...

ကြောင်လေး တွေက ရိုင်းလို့နဲ့ တူပါရဲ့ ကျွေးပါများရင်တော့ ယဉ်သွားမလားပဲ..

ခိုင်နုငယ် said...

မည်သည့်တိရစ္ဆာန်ပဲပဲဖြစ်ဖြစ်အစတော့
မယဉ်ပါးကြဘူး။
နောက်တော့ကိုယ်ကစေတနာနဲ့မေတ္တာမျှရင်
ရောင်ပြန်ဟပ်ပါတယ်။
မသဒ္ဓါကြောင်ချောင်းနေတယ်ဆိုလို့အရောက်လာဖတ်တာ။
အဟီး..ဒီရောက်တော့သူကကြောင်းချောင်းတာကိုး။။

သော်ဇင်စိုး said...

ဖတ်ရတာ ပျော်စရာကောင်းလိုက်တာ မသဒ္ဓါလှိုင်းက ကြောင်တွေနဲ့ စေပြေးတမ်းကစားနေတာကိုး... ကြောင်တောင်ကြောက်ပြီးပြေးတယ်ဆိုတော့ ဘဲတွေဆို ပိုပြေးမလားဘဲ.. ခစ်..ခစ်..
ကြောင်းလေးတွေနဲ့ ပျော်ရွှင်ပါစေ..

sosegado said...

ကြောင်တွေကို အစာမကျွေးဘို့ သတိပေးခံရဘူးပါသည်၊

မောင်သီဟ said...

အစ်မက ကြောင်ချောင်းတာကိုး
း)
ကျွန်တော်က အတွဲချောင်းတာဗျာ့
ကြောင်တွေခွေးတွေများ မောင်ဘကြိုင်ဆို သူတို့အမျိုးလိုပဲဗျ ပွတ်သီးပွတ်သတ်တွေချည်းပဲး)

Crystal said...

ကျမက ကြောင်ချစ်သူမို့ ကြောင်လေးတွေ အကြောင်း လာဖတ်သွားပါတယ်။ ကြောင်လေးတွေ ကြည်နည်း သိချင်ရင် သင်ပေးမယ် :)) အဟိ။

အင်ကြင်းသန့် said...

ဟဟဟ....ဖြစ်မှ ဖြစ်ရလေ မသဒ္ဓါရယ်း))
အတိတ်ဘ၀တုန်းက သူတို့နဲ့ တစ်ခုခုဖြစ်ခဲ့ဘူးတယ်နဲ့တူတယ်း))


ညီမလေး
ဂျင်ဂျင်း

SHWE ZIN U said...

အမ ကတော့ ကြောင်တွေ အနားမကပ်ဘူး မချစ်လို့မဟုတ်ဘူး စိတ်မသန့်လို့

မြစ်ကျိုးအင်း said...

လွယ်ပါတယ်။ ကြောင်မျက်နာဖုံး တပ်ပြီး သွားလေ။ အမျိုးတွေထင်ပြီး အနားကပ်တာ ခံနိင်လောက်တယ်း)

သူကြီးမင်း (တုံးဖလား) said...

အဲဒီလို ချောင်းလိုက် ကျွေးလိုက်နေရတာလဲ အရသာတစ်မျိုးပါဘဲ။ အမြဲတမ်းကပ်နေရင် အလုပ်ပျက်နေဦးမှာ။းဝ)

မောင် လေး said...

ဟုတ်တယ် အစ်မရေ.....ကြောင်တွေကအဲဒီအတိုင်းပဲ၊
လူသိပ်အကပ်မခံဘူး။ကျွန်တော်တို့ရုံးမှာလည်း ကြောင်၂
ကောင်ရှိလေရဲ့ အနားကိုအကပ်မခံဘူး။အဲ အစာတော့
တောင်းတယ်ခင်ဗျ။ကျွေးတာသာစားတာ အနားတော့
လုံးဝကိုအကပ်မခံဘူး။တနေ့ကပဲ တခြားကြောင်မကြီး
တကောင် သူ့သားပေါက်လေး ၃ကောင်ချီလာလေရဲ့။
အဲ တရုံးလုံးကဝိုင်းကြည့်လို့ထင်ပါရဲ့ ဒီနေ့ကြည့်တော့
မတွေ့တော့ဘူးဗျ။ပြန်သယ်သွားပြီနဲ့တူပါရဲ့

ပေါ့ဆိမ့် said...

ကြောင် ဆိုလို့ အိမ်က မီညောင်မလေး တောင် သတိရသွားပြီ။ အချို့ကြောင်လေး တွေက မျက်နှာ ပွင့်တယ် ထင်တယ်။ မြင်ရုံ နဲ့ ချစ်ချင်စရာ ကျွေးချင်စရာ ကောင်းတယ်။
... ကျနော်တို့ ဆင်တဲကဖေး မှာ ပိုစ်ဆန်းဟာသလေး လုပ်ထားတယ်။ မသဒ္ဒါ နာမည်လေး တောင်ပါသေး တယ်ဗျ။ ...
စကားမစပ် .. ကျနော် ပေါ့ဆိမ့် က ဆင်တဲကဖေး ဆိုဒ်ကလေး ရဲ့ အစိတ်အပိုင်းလေး တစ်ခုပါ။ မသဒ္ဒါဆီမှာ လင့်ချိတ် ထားတာ ပေါ့ဆိမ့် ဆိုတဲ့ နေရာမှာ ဆင်တဲကဖေး လို့ ပြောင်းပေးပါလား ခင်ဗျာ ..။ ကျေးဇူးတင် ပါတယ်..
ခင်မင်စွာဖြင့်
ပေါ့ဆိမ့်

ဏီလင်းညို said...

သဒ္ဒါရေ.....

ကြောင်ကလေးတွေအကြောင်းလာဖတ်ရင်းပြုံးမိတယ်.....။
ကိုဏီလင်းတို့ ကင်(န်)တင်းက ကြောင်လေးတွေဆိုလည်း.....အစက....အဲ့ဒီအတိုင်းပါပဲ....။
နောက်ကြာလာတော့မှ အနားကပ်ခံတော့တာ.....း))

မေတ္တာရောင်ပြန် .....ဆိုတာ....ဟပ်တတ်ပါတယ်ဗျာ.....

ခင်မင်တဲ့
ဏီလင်းညို

MoeThwayNge said...

ကျွန်တော်တို့ အိမ်မှာ (အလုပ်ကပေးထားတဲ့အခန်း) ကြောင် တွေကိုပဲ မျှော်နေရတာပါပဲ။ ဘာလို့လည်းဆို ကြောင် မရှိတော့ဘူး ကြောင်အသံပျောက်တာနဲ့ ညဆို အိပ်လို့ကို မရတော့ဘူး မျက်နှကျက်ပေါ်က ကြွက်တွေ သောင်းကျန်းတာများ မျက်နှာကျက်များ ပြုတ်ကြတော့မလားထင်ရတယ်ဗျာ။
အဲ ကြောင်းမမွေးဘူးလား မမေးနဲ့ဗျ မွေးတာမှ ခဏခဏ ပေါ့။ငယ်ငယ်သေးသေး ထဲက မလေးကုန်စုံဆိုင်ကနေ တောင်းပြီး ကိုမွေးတာ အဲချိန်ဆို စိတ်တော့ အညစ်သား သေး၊ချေး နဲ့လေ။ ဟော လူပျို၊အပြို ပေါက် ပြောပါတော့ဗျာ အချိန်လည်းရောက်ရော အိမ်က ဆင်း လစ်သွားတော့တာပါပဲ။ အဲဒီအချိန်ဆို သူတို့ကို သတိယလိုက်တာ.. ည အိပ်လို့မှ မရတာကိုး။
ခုတော့ တောကြောင်တွေ ခဏခဏ လာနေကြတယ်။ အိမ်လည်တဲ့ကြောင်တွေလေ။ ကျွန်တော်တို့ နေတာက တောစပ်မှာဆိုတော့ ခဏခဏ တောထွက်တယ် ပြောတယ်။ ခု လာလာနေတဲ့ ကြောင် တွေက လူကို အနားကပ်မခံဘူးလေ။ ရိုင်းတယ် အစာကို မီးဖိုထဲက ခွတ်မှာ ထည့်ထားပေးရတယ်။ လူလစ်မှ လာစားတာ။သူတို့ မရှိလို့ကတော့ မလွယ်ဘူးဗျို့။ စကား စပ်မိ လို့ ပွားလိုက်တာ .... အဟား....ပိုစ်ထက်တောင်ရှည်မလို့ ဗျာ။ဆောရီး

ခင်မင်မှုဖြင့်
အားလုံးကို ပျော်စေချင်တဲ့-

ကိုလတ်

ချိုကျ said...

သဒ္ဓါရေ...ကြောင်တွေကတောင်ကြောက်ကြတယ်တဲ့ တစ်ခုခုတော့ တစ်ခုခုပဲ ဟီး စတာနော်

ခင်တဲ့(ချိုကျ)

ချစ်ကြည်အေး said...

သဒ္ဒါ...ကြောင်ကလေးတွေက အစမို့စိမ်းတာ နေမှာပါ...နောက်ဆို အနားကပ်လွန်းလို့ စိတ်တောင်ညစ်ရမယ်...:)

လသာည said...

ကြောင်ကြောက်လေးဖြစ်ရတာ ဟိုလူပြော ဒီလူပြောနဲ့ အော် မခက်ပေဘူးလား(အင်း ခက်ပေတယ် ခက်ပေတယ်း)))

Cameron said...

ကြောင်တော့မချစ်တတ်ဘူး ကြောင်မှမဟုတ်ဘူး ဘာအကောင်မှမချစ်တတ်ဘူး ဒါပေမယ့် ကြောင်ချောင်းတဲ့ ကောင်မလေးကိုတော့ လာချောင်းသွားတယ်...။

ခင်မင်စွာဖြင့်
မိုးငွေ့

ကိုဇော် said...

ဖြေးဖြေးချင်းတော့ အိုကေ လာမယ် ထင်တာပဲ။
ကိုယ်တိုင်ကတော့ မကျွေးဖူးပါဘူး။
ပြောကြည့်တာ. .

ပန်းနုနှင်းဆီ said...

ကျွန်မလည်း မသဒ္ဓါရဲ့ ကြောင်ကလေးတွေကို လာချောင်းသွားပါတယ်နော်..
တူတူဘဲ.. ကြောင်တွေကိုချစ်တယ်.. မွေးလဲမွေးထားတယ်..
သံယောဇဉ်မီးတွေပေါ့..း)

blackcoffee said...

ကိုယ်ချောင်းလိုက် ကြောင်လေးတွေက ချောင်းလိုက်နဲ့ ။ သူချောင်း ကိုယ်ချောင်းနဲ့ ပေါ့ ။ ဒါကြောင့် ပျော်စရာ ကောင်းနေတာ။ဒီလိုလေးပဲ ကောင်းတယ် ယဉ်သွားရင် ပျင်းစရာကောင်း သွားလိမ့်မယ်။

နေ၀သန် said...

:)))))...

ကြောင်ချစ်တဲ့သူတွေကိုတော့ တကယ်ချီးကျူးပါတယ်...။


ခင်မင်တဲ့
နေ၀သန်

khineshwemaung said...

ဆက်လက်ကြီုးစားနိန်ပါစေ ဒကာမလေး
ဦးဇင်းအားပေးနေပါတေယ်နော်

Myanmar Good Knowledg Co., Ltd said...

မသဒ္ဓါ
မင်္ဂလာပါ
စာလာဖတ်ပါတယ်။

ကျွန်မလည်းကြောင်ချစ်တယ်။
ကြောင်လေးတွေက အဲလိုပဲနော်။
သိပ်ကြောက်တတ်ကြတယ်။

ခင်မင်လျှက်