Monday, June 14, 2010

`ငါ…´ ပြန်လာနိုင်ပါတော့မလားးးးးးးးး

`………………..´ ရေ

အိပ်မက်တွေ တပွေ့တပိုက်နဲ့ လှမ်းလျှောက် လာခဲ့တဲ့ ခရီးလမ်းမှာ အနာဂတ် ဆိုတာ မရေရာ မသေချာ ခဲ့ဘူး..။

သေချာတာကတော့ ၀မ်းနည်းမှု၊ စိတ်အားငယ်မှု၊ သတိရမှု၊ ခွဲခွါခဲ့ရမှု၊ ဝေးကွာမှု၊ ဆိုတဲ့ ဒဏ်ရာ တွေနဲ့သာ ပြည့်နှက်လို့… ရှေ့မှာ ရင်ဆိုင်ရမဲ့ အရာ မှန်သမျှကို ဘယ်လို သတ္တိ ခွန်အားတွေနဲ့ ရင်ဆိုင် ဖြည့်စွမ်းရမလဲ ဆိုတာသာ အထပ်ထပ် ပေါ်နေခဲ့တော့တယ်…။

ခရီးလမ်းကြမ်းမယ် ဆိုတာ သိပေမဲ့ အမှန်တရား အစိုင်အခဲက ရင်ထဲ၊ နှလုံးသားထဲမှာ ထုဆစ်ပြီးသားမို့ လျှောက်ခဲ့တဲ့လမ်း ဘယ်လောက်ပဲ ကြမ်းကြမ်း၊ ဘယ်လောက်ပဲ ခက်ခဲပါစေ အားတင်းပြီး လျှောက်ဖို့သာ ဇောကပ်နေမိတယ်…။

ဖြစ်ချင်တဲ့ ဆန္ဒတွေက ကိုယ်နဲ့ ရင်းနှီးနေခဲ့ပေမဲ့ ရှေ့မှာ မြင်ရမဲ့ လမ်းက ချောမွေ့ချင်မှ ချောမွေ့မှာ သိပေမဲ့ ဒီလမ်းကိုမှ ရွေးပြီးလျှောက်ခဲ့တာကိုတော့ သိနားလည်ချင်မှ နားလည်ကြမှာပါ….။

အဲဒီ ဖြစ်ချင်ခဲ့တဲ့ ဆန္ဒတွေ အောင်မြင်ဖို့၊ အကောင်အထည်ဖေါ်ဖို့ အတတ်နိုင်ဆုံး ကြိုးစားရတော့မယ်.. စိတ်ဓါတ်ခိုင်မာရတော့မယ်.. အရာရာ သည်းခံရတော့မယ်… ဆိုတာ တွေကလည်း ရစ်ပတ်ချည်နှောင်လို့….။

အတ္တမပါတဲ့ ဆန္ဒတွေနဲ့ လျှောက်နေတဲ့ လမ်းမှာ အဖုအထစ်တွေ များမယ်… ဆိုတာလည်း မသိမဟုတ်…… ။

မရေရာမှုတွေကို တတ်နိုင်သလောက် မောင်းထုတ်ရင်း သေချာတဲ့ အမှန်တရား ကိုအထပ်ထပ် ထုပ်ပိုးလို့ လျှောက်နေခဲ့ပေါ့…။

`…………..တွေ´ က

နင် ပြန်မလာတော့ဘူးလား တဲ့………….

ဘယ်ဘက်ရင်အုံထဲက တင်းကျပ်မှုတခုက နာနာကျင်ကျင် ဆွဲဆောင့်လိုက်ရင်း စည်းချက် မမှန်တဲ့ ရင်ခုန်သံတွေကြောင့်….ငါ…….. ဘာပြန်ပြောရမလဲ …….။

အဖြေတခု အနေနဲ့ `ငါ….. နာနာကျင်ကျင်... ဟားတိုက် ရယ်မောပစ်ခဲ့တယ်´……….

တနေ့ပေါ့………..???

ဆန္ဒ ရှိနေတဲ့ အရာတွေ၊ ဖြစ်ချင်နေတဲ့ အရာတွေ၊ စိတ်ရှိတိုင်း လုပ်ခွင့်ရဖို့ .… စိတ်ခွန်အား အပြည့်နဲ့ ကြိုးစားတည်ဆောက်ပေါ့….။

ငါ့..ရဲ့ ဆန္ဒ တစုံတရာကို `..........တို့´ ကို သိခွင့်ပေးဖို့၊ သိနားလည်ပေးဖို့လည်း အခြေအနေ မပေးခဲ့လေတော့…

ခုချိန်မှာ `ငါ…တို့တွေ…´ မသိခဲ့တဲ့၊ မသိသေးတဲ့ ခါးသီးတဲ့ ဘ၀တွေ အသေင်္ချေ ရှိနေတယ်လို့ ပြောချင်နေမိတာ ရင်နဲ့အပြည့်ပေါ့…။

အဲဒါတွေပြောဖို့ဆို တထောင့်တည ပုံပြင်တောင် မှီနိုင်မယ် မထင်တော့ဘူး….။ `ငါ…´ လေ `………တွေ´ ကို ခါးသီး နာကျင်စရာတွေ ရှိတဲ့ ဘ၀တွေကို မတွေ့နိုင်၊ မသိနိုင်ကြတာကိုတော့ သိလာအောင်၊ နားလည်လာအောင် ပြောချင်နေမိတယ်… ဒါမှလည်း `ငါ..´ ဆိုတဲ့ `ငါ…´ လည်း တစုံတခု အတွက် တာဝန်ကျေတဲ့ သူတယောက် ဖြစ်မှာ….။ `ငါ…´ တာဝန်ကျေတဲ့ သူတယောက်တော့ ဖြစ်ချင်တယ်….။

ဒီလိုမျိုး ဘ၀တွေကို သိနားလည်ခဲ့ရင်၊ စာနာနိုင်ခဲ့ရင် ကိုယ်ကိုယ်တိုင် မတ်နိုင်သမျှလည်း မတ်အောင် လုပ်နေရင်း ဘေးနားဝန်းကျင်က လဲကျနေတဲ့ သူတွေကိုလည်း မတ်နိုင်အောင် ထူပေးသင့်သလောက် ထူပေးနိုင်ဖို့ ခွန်အား သတ္တိတွေ၊ နားလည်မှုတွေ မွေးမြူလာနိုင်လိမ့်မယ်…။

`……….တို့´ တွေ ပြောသလို အရင်ဆုံး ကိုယ်ကိုယ်တိုင် မတ်နိုင်မှ ဖြစ်မှာဆိုတဲ့ စကားကြောင့် ….. ကိုယ်ကိုယ်တိုင်လည်း မတ်မတ်နေနိုင်အောင် ကြိုးစားရင်း ၀န်းကျင်မှာရှိတဲ့ ဘ၀လေးတွေကိုလည်း မတ်မတ် ဖြစ်နေအောင်၊ မတ်မတ်နေနိုင်အောင် ကြိုးစားပေးရလိမ့်မယ်…။

ဟုတ်တယ်လေ… ကိုယ်ကိုယ်တိုင် မတ်မတ်မနေနိုင်ရင် တခြားဘ၀လေး တွေကိုလည်း ဘယ်မှာ မတ်လို့ရအောင် လုပ်နိုင်ပါ့မလဲ…..။ ကိုယ်တယောက်တည်း မတ်နေအောင်ပဲ အရင်ကြိုးစား လိုက်အုံးမယ် ဆိုရင်လည်း ဘယ်အချိန်မှာမှ ကိုယ့်ကိုယ်ကို မတ်နေနိုင်ပြီလို့ သိကြလိမ့်မလဲ… အတောသတ်နိုင်ပါ့မလဲ..။

`………..တို့´ က `ငါ့..´ကို ကောက်ချက်ချတာက သွေးအေးလိုက်တာတဲ့..….။ စိတ်ဓါတ်က မာကျောလိုက်တာတဲ့…။ `..............ငါတို့အားလုံး´ ဘ၀တွေထဲမှာလည်း အထူးဆန်းဆုံးပဲတဲ့……..။

`ငါ….´ ဘာပြန်ပြောရမလဲ…………။

`ငါ့… မှာ `............တို့တွေ´ သိနားလည်လာအောင် လောလောဆယ် ပြန်ပြောဖို့ အကောင်းဆုံး စကားလုံးတွေ ရှာဖွေနေမိတယ်..။

`ငါ..´ ပြောချင်တာက `ငါ..´ အားမာန်အပြည့်၊ ယုံကြည်မှုအပြည့်နဲ့ ယုံကြည်ရာလမ်းကို သစ္စာရှိရှိ၊ သမာဓိရှိရှိနဲ့ ရဲရဲလျှောက်လှမ်း နေပါတယ် ဆိုရင် `……….တို့´တွေ `ငါ့………´ ကို ဘာပြန်ပြောမလဲလို့......။

8 comments:

ခိုင်နုငယ် said...

"အားမာန်အပြည့်၊ ယုံကြည်မှုအပြည့်နဲ့ ယုံကြည်ရာလမ်းကို သစ္စာရှိရှိ၊ သမာဓိရှိရှိနဲ့ ရဲရဲလျှောက်လှမ်း နေပါတယ် ဆိုရင် `……….တို့´တွေ `ငါ့………´ ကို ဘာပြန်ပြောမလဲလို့......။"
လျှောက်လိုက်ပါမသဒ္ဓါ ဘယ်သူတွေဘာတွေပြောနေကြပါစေ။
ယုံကြည်ရာလမ်းကို သစ္စာရှိရှိ၊သမာဓိရှိရှိရဲရဲကြီးလျှောက်လိုက်ပါဗျာ။
လျှောက်ခဲ့တဲ့လမ်းခရောင်းလမ်းဖြစ်ချင်ဖြစ်နေနိုင်တယ်.ဒါပေမယ့်ယုံကြည်မူ့အပြည့်နဲ့လျှောက်။
အင်း..ကွက်လပ်...ကွက်လပ်ချန်လှစ်ထားခဲ့တော့..
စာဖတ်ရတာနည်းနည်းထောက်တယ်..မသဒ္ဓါ..
ပျော်ရွှင်ပါစေဗျာ။
ခင်တဲ့
ခိုင်နုငယ်

SHWE ZIN U said...

ညီမ သဒ္ဓါရေ

ယုံကြည်ရာလမ်းကို ရဲရဲလျှောက်လှမ်းရင်း အားလုံးကို ရင်ဆိုင်နိုင်ပါစေ

ခင်မင်စွာဖြင့်
ရွှေစင်ဦး

အင်ကြင်းသန့် said...

မသဒ္ဓါရေ...
ယုံကြည်သောလမ်းကို ရဲရဲသာလျှောက်ပါ။ မသဒ္ဓါရဲ့ မယိုင်မလဲ ခိုင်မြဲတဲ့ စိတ်တွေကြောင့် ရည်ရွယ်ရာ ပန်းတိုင်ကို မလွဲမသွေ ရောက်ကိုရောက်မှာပါ။

ချစ်ခင်စွာဖြင့်
ညီမလေး
ဂျင်ဂျင်း

အရှင်ဝိသာရဒ(ရမ္မာဝတီ) said...

ကောင်းမြတ်တဲ့နှလုံးသားနဲ့ ပန်းတိုင်တစ်ခုထားပြီးလျှောက်လှမ်းနေကြသူတိုင်း
ပန်းတိုင်ကိုအမြန်ဆုံးရောက်နိုင်ပါစေ။

သော်ဇင်စိုး said...

ယုံကြည်မှုရှိရင် ပန်းတိုင်ဟာ အမရဲ့အနီးဆုံးနေရာမှာပဲ ဖြစ်မှာပါ...
ပျော်ရွှင်စရာ အနာဂတ်လေး ဖြစ်ပါစေဗျာ....

လသာည said...

ဖတ်လို့ကောင်းတယ်..

မကြောက်နဲ့ ရဲရဲလျှောက်စို့.. သဒ္ဒါ..
ခင်မင်စွာ အားပေးသွားပါတယ်။

ဒါနဲ့ စကားမစပ်
နာမည်လေးက သဒ္ဒါဆိုတော့
ဟိုသီချင်းကို သတိရတယ်..
“သဒ္ဒါရယ် နင့်ကို သိပ်ချစ်တယ် သဒ္ဒါ......”ဆိုတဲ့ သီချင်းလေ..။

ချိုကျ said...

စာဖတ်ရင်း စိတ်တွေ ခွန်အားရှိလာစေတယ်ဗျာ။ ကောင်းလိုက်တဲ့ အတွေး အရေး ။ အာပေးနေပါ၏
ခင်တဲ့(ချိုကျ)

မောင်သီဟ said...

ကိုယ်ရွေးတဲ့လမ်းက ကိုယ်ယုံကြည်ရာလမ်းပဲဗျ
ရဲရဲသာလျှောက်သွားး) အားပေးတယ်း)