Friday, August 16, 2013

သြဂုတ်စ်တစ္ဆေ

သြဂုတ်စ်ဟာ တစ္ဆေတစ်ကောင်လို့ပဲ
ငါ့ကိုပွေ့ဖက်တယ်
သူရဲ့မိုးသားမည်းမည်းတွေနဲ့
သူရဲ့မှိုင်းညှို့နေတဲ့တိမ်သားထူထူတွေနဲ့
သြဂုတ်စ်ဟာ ကမ္ဘာစစ်ကိုအဆုံးသတ်ခဲ့တဲ့
အနူမြူဗုံးနှစ်လုံးအောက်မှာ အရပ်သားတွေသေကြရတာမျိုး
ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးအောက်မှာ
အပြစ်မဲ့ကျောင်းသားတွေစတေးရတာမျိုး
သြဂုတ်စ်ဟာ စာမျက်နှာတွေပေါ်မှာမည်းနက်နေတယ်
သြဂုတ်စ်ဟာ ဘာအကြောင်းပြချက်မှမရှိရင်လည်း
ငါတို့ချစ်တဲ့သူတွေကို ခေါ်ခေါ်သွားတတ်တယ်
မငြိမ်းချမ်းသေးတဲ့ ကမ္ဘာကြီးမှာ အနူမြူစီမံကိန်းတွေ ခြောက်လှန့်သလို
မငြိမ်းချမ်းတဲ့ ငါ့ဘ၀ကိုလည်း
သြဂုတ်စ်တစ္ဆေက သက္ကရ်ဇ်ဆိုတဲ့စကားလုံး
ခဏခဏ လူဘ၀ထဲပစ်ချတယ်…။
ဘယ်လိုယုံကြည်ရမှာလည်း ပျော်ရွှင်မှုချည်းသက်သက်ရှိမယ်လို့
ပြက္ခဒိန်ထဲက ဖျက်ပစ်လို့မရတဲ့ အမည်းစက်တွေလို့
မိုးသားတွေနဲ့ရောထွေးသွားတဲ့မျက်ရည်စတွေ
မီးလုံးမှိန်မှိန်လေးအောက်မှာ အေးစက်သွားတဲ့ကဗျာတွေ
အငွေ့ပျံသွားတဲ့သီချင်း
ပြန့်ကျဲလွင့်စင်နေတဲ့ဝါကျတွေ
အမေ့ဝမ်းခေါင်းထဲက မွေးဖွားလာတယ်ဆိုတာ
မီးခိုးခေါင်းတိုင်ကြီးတစ်ခုကနေ ပြန်ထွက်သွားဖို့
ဘ၀ဟာ ရယ်မောလိုက် နာကျင်လိုက်…
မိုးစက်တွေစဲသွားရင် သက်တံ့မှာအသက်ရှုမှားမိမှာပဲ
ဒီအချိန်မှာတော့ သြဂုတ်စ်ကတစ္ဆေတစ်ကောင်လို…။

မိုးလှိုင်ည

အစ်မရေ... ပျော်ရွှင်ဖွယ်မွေးနေ့ ဖြစ်ပါစေ..။

ကဗျာဆရာ ကိုမိုးလှိုင်ညရဲ့ မွေးနေ့အမှတ်တရ ကဗျာလေးပါ။

7 comments:

သူကြီးမင်း (တုံးဖလား) said...

ပျောက်နေလိုက်တာ။ မွေးနေ့ကျမှ ဘွားကနဲ ပေါ်လာတော့တယ်။

မွေးနေ့ကစပြီး ထာဝရပျော်ရွှင်ချမ်းမြေ့နိုင်ပါစေ ညီမ။

စာလဲ များများ ရေးနိုင်ပါစေလို့။

Aunty Tint said...

ဟုတ်ပ သူကြီးမင်းပြောသလိုပဲ ခြေရာဖျောက်ထားတာ ကြာပေါ့ သဒ္ဓါရေ.... အလုပ်တွေများနေတာတော့ လူတိုင်းကိုယ်စီပါပဲလေ... တစ်ခါတစ်ရံတော့ ကိုယ်ထင်ပြလေနော်... မေ့မသွားအောင်ပါ :P
ကဗျာလေးအားပေးသွားတယ်...
စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။

မေတ္တာဖြင့်
အန်တီတင့်

နွေတေးရှင် (မင်းဧရာ) said...

ကဗျာ ကောင်းလေးကို ဖတ်ရင်း
ပျော်ရွှင်စရာ ကောင်းသောမွေးနေ့ပေါင်းများစွာကို ပိုင်ဆိုင်နိုင်ပါစေ ဗျာ ။

ပျောက်နေတာ ကြာပြီ ။

သိ င်္ဂါ ရ said...

FB ပေါ် အနေများလာတဲ့ Blogger များ ကို ... Blog Post များဘက် ခြေဦးလှည့်ပါရန် ... တိုက်တွန်းရင်း .......

ဤကဗျာ နှင့် ပတ်သက်၍ .....
သြဂုတ် ဟာ ... တစ္ဆေ ...
ငါတို့ ချစ်တဲ့သူတွေ ကို ...
ငါတို့ ဆီ က လုယူဖို့ ...
သူ ဟာ ခါတော်မှီ ...
ရောက်ရှိခဲ့ပြန်ပြီ ... ။ :( :( :(

လသာည said...

ညီမလေး..

အခုမှပဲ ရောက်တော့တယ်။ မတွေ့တာကြာင်္ပြီနော်။

အများကြီး နောက်ကျသွားပေမယ်.. ပျော်ရွှင်ဖွယ်မွေးနေ့ဖြစ်ပါစေ လို့ ဆုတောင်းပါတယ်။

သဒ္ဓါလှိုင်း said...

သတိရခြင်းများစွာနဲ့ မွေးနေ့ဆုမွန်တောင်းပေးကြသော သူကြီးမင်း ကိုကိုမောင်(ပန်းရနံ့)၊ တီတင့်၊ နွေတေးရှင် (မင်းဧရာ)၊ သိင်္ဂါရ၊ မလသာည တို့ကို ကျေးဇူးတင်ခြင်းများစွာဖြင့်... ပေးသောဆုများ ပြည့်ပါရစေရှင်...

ချစ်ခင်စွာ
သဒ္ဓါလှိုင်း

Angelhlaing(May everybody be happy and healthy! said...

ခုမှ ဖတ်ဖြစ်တယ် ... မမ
မမဘလော့လေးထဲတောင် မရောက်ဖြစ်ခဲ့တာ ကြာသွားပြီ....ပဲ :(