Thursday, August 15, 2013

ငြိမ်းချမ်းရေးခေါင်းစဉ်အောက်က သူမ

ဆေးစက်ကလေးတွေ...
မင်ရည်ကလေးတွေ..
ခဲတံကလေးတွေ ... နဲ့...
ရင်ဘတ် တွေ အများကြီးကို
သူမ က ရေးခြစ်/လိမ်းခြယ်တယ်..။

သူမ ထုဆစ်ပုံဖော်တဲ့..
ယုံကြည်မှု အဟုန်ဟာ...
သူမ ချစ်ခင် မြတ်နိုးရတဲ့..
အဝိုင်းအဝန်းလေးကို
အုပ်မိုး လွှမ်းခြုံထားတယ်..။

အဲလိုနဲ့..
သူမမှာရှိတဲ့....
တင်းတင်းစေ့ထားတဲ့ နှုတ်ခမ်းက
စုတ်ချက်ကြမ်းတဲ့ သမိုင်းကို
ပုံဖော်ထားရဲ့..
သူမမှာ ရှိတဲ့...
စူးစူးရဲရဲ အကြည့်တွေက..
သူမ ယုံကြည်တန်ဖိုးထားတဲ့..
အနီရောင်ခြယ် အနုပညာကို..
အလံထူဖို့ ကြိုးစားလိမ့်မယ်။

သူမဟာ...
နာမ်စားတစ်ခု ဆိုတာထက် ပိုခဲ့တယ်..
ဖယောင်းမီးဆန်ဆန်..
အရည်ပျော်.. လောင်ကျွမ်းပြီး
လောကကို အလင်းပေးလိုခဲ့တယ်...
လွတ်လပ်/ ငြိမ်းချမ်းဖို့ သူမဟာ..
မြင့်မား/ခိုင်မာတဲ့ သက်တံ့ရောင် တံတားတစ်စင်း
ဖြစ်ချင်ခဲ့တယ်...
သူမဟာ.... လူ ပီ သ ချင် ခဲ့ တယ်။

သူမ ခံယူ/ဆောက်တည်ထားတဲ့ ကိုယ်ကျင့်တရား
သူမ လေးစား/မြတ်နိုးတဲ့ အနုပညာ
သူမ ချစ်ခင်/တွယ်တာတဲ့ အဝိုင်းအဝန်းများနဲ့အတူ
သူမ လှမ်းယူ ပွေ့ဖက်တော့မယ့် အနာဂါတ်ကို
သူမ ရဲ့ တစ်နှစ်တာ ခရီးရဲ့.. ဒီနေ့က စပြီး...
ငြိမ်းချမ်းစေလိုက်ပါတော့မယ်..
သူမထံ ဆုတောင်းပေးသံ အချို့နဲ့..
သူမကိုယ်သူမ...
အေး... ချမ်း... ပစ်.. လိုက် .. ပါ.. တော့.. မယ်.. ။

(အမ သဒ္ဓါ အတွက် ဒုတိယအကြိမ် မွေးနေ့အမှတ်တရလက်ဆောင်)
လက်ဝဲ 

  
ဘလော့ဂါ ကဗျာဆရာ လက်ဝဲ ရဲ့ မွေးနေ့အမှတ်တရ ကဗျာ.. 

3 comments:

ဆွေလေးမွန် said...

ဒီနေ့က အစ်မရဲ့ မွေးနေ့လား?
ဒါဆိုရင်တော့ မွေးနေ့မှာဆုတောင်းပေးခဲ့မယ်နော်။
မွေးနေ့မှသည် လိုရာဆန္ဒများ တစ်လုံးတစ်ဝတည်း ပြည့်စုံနိုင်ပါစေနော်။

သဒ္ဓါလှိုင်း said...

အမမွေးနေ့ပါညီမ.
ကျေးဇူးတင်ခြင်းများစွာဖြင့် ပေးတဲ့ဆုနဲ့ပြည့်ပါရစေ ညီမလေး.

ချစ်ခင်စွာ
သဒ္ဓါလှိုင်း

လက်ဝဲ said...

:) ထာဝရ ပျော်ပါစေ.. အမရေ