Tuesday, January 8, 2013

ဝိညာဉ်များ


လွန်ခဲ့သော
မှတ်မှတ်ရရ နှစ်.
လောကလေးထဲက
သက်ရှိလူသားအချို့
နီလွန်းသောသွေး
ရဲရင့်သော သတ္တိ
အတုံးအရုန်း လဲပြို

လောကထဲကနေ
ထွက်ခွါခဲ့ကြရ
သူတို့ရဲ့ ဝိညာဉ်
ခု...
ဘယ်နေရာကများ
ငေးမောကြည့်နေမလဲ

သူတို့ကို
လောကလေးထဲမှာ
ရှင်သန်ခွင့်
မပေးခဲ့ကြရသလဲ

တဘဝမှာ
တခါသာ
သေကြရတယ်.

ရီမောဟားတိုက်
လိမ်လည်လှည့်ဖျား
အကြိမ်ကြိမ် သေနေကြတဲ့
လူ့အန္ဓများ

ဟေ့..
တန်ဖိုးဂုဏ်သိက္ခာ.များနဲ့
သေမယ်။

(၁၉ အောက်တိုဘာ ၂၀၁၁၊ ၁နာရီ၄၅ မိနစ်) က ရေးထားတာလေးပါ..။


11 comments:

စံပယ်ချို said...

ကဗျာထဲကနေ အများကြီးကိုပြောလိုက်ပြီ
ဟုတ်ပါတယ် အဲဒီဝိညဉ်တွေက
တနေရာကနေ လောကကြီးကိုငေးမောလျှက်ငိုကြွေး
နေမလားပဲနော်

လွင်ပြင်လှိုင်းငယ် said...

ကဗျာလေးက အဓိပ္ပါယ်ရှိတယ် ။

သူကြီးမင်း said...

ပတ်ဝန်းကျင်မှာ မြင်နေရတာတွေကို ချရေးလိုက်တာ ထင်ပါရဲ့။ ဟုတ်တယ်နော်။ အဲဒီလို အကြိမ်ကြိမ်သေနေကြတဲ့သူတွေက အများသားကလား။

မိုးနတ်ကြယ်စင် said...

ကဗျာထဲကနေ တစ်ခုမက အများကြီးရသွားတယ်.....
ကျေးဇူးပါ မမသဒ္ဓါ....:)
ချစ်တဲ့...မိုးနတ်

Anonymous said...


ဟေ့..
တန်ဖိုးဂုဏ်သိက္ခာ.များနဲ့
သေမယ်။

ကြွေးကြော်လိုက်သံကို နှစ်ထောင်းအားရရှိလှတယ်။

ပန်းချီ said...

လူဆိုးတွေက သက်ဆိုးပိုရှည်ကြတယ်နော် မဒါရေး) အောက်ဆုံးက ကဗျာစာကြောင်းက မာန်အပါဆုံး။

လင်းခေတ်ဒီနို said...

ရီမောဟားတိုက်
လိမ်လည်လှည့်ဖျား
အကြိမ်ကြိမ် သေနေကြတဲ့
လူ့အန္ဓများ


စကာလုံးလေးတွေကနေ စကားပြောသွားတယ်ဆိုပါတော့ . . . တွေ့လိုက်တယ်ဗျ ခံစားချက် တစ်ခုခုပေါ့း))

ဗညားရှိန်

အင်းတော်ရှမ်း said...
This comment has been removed by the author.
အင်းတော်ရှမ်း said...

တော်တော်များများကတော့ အသေကောင်းဖို့ အသေလှဖို့ကို မေ့နေကြတယ်... ကျနော်အပါအဝင်ဆိုပါတော့ ။
သိက္ခာနဲ့ သေနိုင်ဖို့ ကြိုးစာရအုံမယ်။

blackroze said...

အဓိပ္ပါယ်ရှိတဲ့ကဗျာလေး

Angelhlaing(May everybody be happy and healthy! said...

ရီမောဟားတိုက်
လိမ်လည်လှည့်ဖျား
အကြိမ်ကြိမ် သေနေကြတဲ့
လူ့အန္ဓများ

အသုံးနှုန်းလေး လှတယ်မမရယ်...
ခံစားအားပေးလျှက်..