Thursday, October 11, 2012

အနီရောင် ကြယ်တပွင့်သို့...


မကြွေစေချင်တဲ့ ကြယ်တွေထဲက
ကြယ်တပွင့် ကြွေလွင့်ခဲ့ပေမယ့်..


နယ်ချဲ့ ဆန့်ကျင်ရေး
ဖက်ဆစ် တော်လှန်ရေး
ပြည်တွင်းငြိမ်းချမ်းရေး
ပစ္စည်းမဲ့ ပြည်သူလူထုကြီး
အဖိနှိပ်ခံ ပြည်သူလူထု.. အတွက်
ပုခုံးထက်က သမိုင်းတာဝန်ကိုထမ်း
ရှင်းသန့်  ၀င်းဖန့် တဲ့ သူရဲကောင်း ရနံ့တွေနဲ့
လမ်းပြကြယ် တပွင့် ဖြစ်ခဲ့တဲ့ အဘိုး..ရယ်...

သမိုင်းမှာ
သူရဲကောင်း ကြယ်တွေ
ကြွေဆင်း ခဲ့တယ်ဆိုတာ
ကိုယ်တိုင်ရေး အတ္ထုပ္ပတ္တိ.က
(ဆိုင်းစုမှသည် မန်ရှိုးဆီသို့)..
နှလုံးအိမ်ထိ ဆွဲငင်
အလင်းအမှောင် ကွဲပြားခဲ့ရပါတယ် အဘိုး..ရယ်...

ခုဆို
ငြိုမှောင်နေမယ့် ဆိုင်းစု ကောင်းကင်ကြီးနဲ့
သံစဉ်တူ နှလုံးသွေးတွေ..ကို
အနီရောင် ကြယ်တပွင့်က
လွတ်လပ်ခွင့်တွေနဲ့ အတူ အုပ်မိုးလို့.....။

(ရဲဘော်သုံးကျိပ်ဝင် သူရဲကောင်း ဗိုလ်မှူးချုပ်ဟောင်း ကျော်ဇော သို့ သဒ္ဓါလှိုင်း၏ လွမ်းသူ့ ကဗျာခြင်း...)
 

17 comments:

မိုးနတ်ကြယ်စင် said...

ကဗျာလေးက ကောင်းလိုက်တာ...မမရေ...
ဖတ်ရင်းနဲ့တောင်ဝမ်းနဲမိပါတယ်...

မိုးနတ်ကြယ်စင် said...

ကဗျာလေးက ကောင်းလိုက်တာ...မမရေ...
ဖတ်ရင်းနဲ့တောင်ဝမ်းနဲမိပါတယ်...

မိုးနတ်ကြယ်စင် said...

ကဗျာလေးက ကောင်းလိုက်တာ...မမရေ...
ဖတ်ရင်းနဲ့တောင်ဝမ်းနဲမိပါတယ်...

လေပြေချို said...

ကဗျာလာဖတ်တာပါ... ကဗျာလေးက တမြေ့မြေ့လေးနဲ့နော်..မိုးနတ်ပြောသလိုပဲ ဖတ်ရင်းနဲ့တောင် ၀မ်းနဲမိတယ်...
ခင်တဲ့
လေပြေ

လက်ဝဲ said...

တိုင်းပြည်အတွက်
ပြည်သူ့အတွက်
သူတို့တွေ ပေးဆပ်ဖူးကြတယ်

လွမ်းသူတစ်ယောက်ရဲ့
ကဗျာခြင်း ထဲက ကဗျာရနံ့ကို
ရှူရှိုက်သွားပါတယ် အမရေ..

စံပယ်ချို said...

ရင်ထဲကိုထိတဲ့ကဗျာလေးပါရှင်

Cameron said...

တကယ့်ကဗျာဝိညာဉ်တွေပူးကပ်နေပုံရတယ်...ကောင်းလိုက်တာ ညီမရယ်...။

ချစ်စံအိမ် said...

တကယ်ကောင်းတဲ့ကဗျာတစ်ပုဒ်ပဲ..

ဘုန်း၂တောက် said...

လွမ်းသူ့ကဗျာခြင်းလေးက လှလိုက်တာ...
ချမ်းမြေ့ပါစေ
ခင်မင်တဲ့

Anonymous said...

စာအရေးပါးပေမယ့် တစ်ခါရေးတစ်ခါထိတယ်အမတော်

mstint said...

လွမ်းချင်းကဗျာလေး အားပေးသွားတယ် သဒ္ဓါရေ။
ပျောက်နေတာကြာပေါ့ အလုပ်တွေများနေလား?
စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။

မေတ္တာဖြင့်
အန်တီတင့်

မာန်လှိုင်းငယ် said...

ကျနော်လည်း ထပ်တူခံစားရပါတယ် ... ကဗျား အသွေးအသားတွေက သူ့ကို ပိုပြီး လွမ်းဆွတ်စေမိပါတယ် ... ကဗျာတွေလည်း မဖတ်ရတာကြာပြီး ... အရမ်းကောင်းလာတယ် ... ကဗျာတွေရေးဖွဲ့သီကုံးလာကိုပါ ... ဆက်လက်အားပေးပါဦးမယ် .. ဆရာမသဒ္ဓါလှိုင်း ရေ ....

မောင်ဘုန်း said...

ကဗျာလေးဖတ်ပြီး ထပ်တူ ဝမ်းနည်းမိပါတယ် ... ။

Anonymous said...

မနေ့ကပဲ သူ့နာရေးသတင်းဖတ်လိုက်ရတယ်
ဦးညွတ်ဂါဝရပြုမိပါရဲ့ အသွားဖြောင့်ပါ့မလား မြန်မာပြည် အရေးက နောက်ဆံတင်းစရာ


မောင်ဘကြိုင်

ညီရဲ said...

ကြယ်တွေ တစ်စင်းပြီး တစ်စင်းကြွေဆင်းသွားကြတယ်... ကြွေသက်သွားတဲ့ ကြယ်တွေ နေရာကို အစားမထိုးနိုင်သရွေ့ တော့ ကျွန်တော်တို့ ကောင်းကင် မှောင်မိုက်နေဦးမှာဘဲ... ကဗျာလေး ကောင်းလိုက်တာ အစ်မ...

Anonymous said...

ခံစားမှုအားကောင်းတဲ့ ကဗျာလေးကိုဖတ်သွားတယ်မသဒ္ဓါရေ့...

ခင်မင်ခြင်းအားဖြင့်..
ဏီလင်းညို

Angelhlaing(May everybody be happy and healthy! said...

ရင်ထဲ လှိုက်ဖိုစေသော ကဗျာလေး...
မမရေ.. ခံစားအားပေးလျှက်..