Wednesday, August 15, 2012

ကြိုးနှင့် ချည်သော... (လက်ဝဲ ရဲ့မွေးနေ့ကဗျာ)

အတွေးနဲ့ အသက်ဆက်သူများရဲ့ ရင်ဘတ်ကို
ဖွင့်ဟ လှပ်ကြည့်ဖို့ ကြိုးစားမိသူ လေလား
သူမ သဘောထားကြီးထားတဲ့ လောကကြီးဟာ
သူမကို ပြန်ပြီး သဘောထားကြီးနေပြန်လေသလား
ကြည့်....
ကဗျာဆန်တဲ့ နေ့တွေမှာ...
သူမနဲ့ အတူ တစ်လောကလုံးက
မီးအိမ်လေးတွေကို ဆွဲ........ လို့။

အို.... ကောင်းကင် တဲ့
မျက်လုံးကို မှိတ်ထားလေမလား
ခေါင်းမော့ ထားလေမလား
လက်ချောင်းလေးတွေချင်း ယှက်ပြီး
ရင်ဘတ်မှာ ကပ်ထားလေမလား
အမှန်တရား/ ငြိမ်းချမ်းမှု/ စစ်မှန်မှု/.....
ရင်ထဲကနေ တောင်းဆုတွေ ပြုနေလေမလား
သစ္စာ ကို သူမ လက်ဖြန့် တောင်းနေရှာတာပါ
အို ကောင်းကင်.... တဲ့။

ယုံကြည်ရာ၊ စွဲလမ်းရာ၊ ရပ်တည်ရာ အတွက်
မြို့ပျက်ညကြီးထဲမှာတောင်
သူမဟာ သမာသမတ်ကျကျ
စည်းစနစ်ရဲ့ မျဉ်းဖြူလွလွလေးပေါ်မှာ
ကျွန်တော့် ကို ရပ်ပြ နေတယ်။

သူမက လေ
“ဟိုးမှာ...
ဆက်လျှောက် သွားကွဲ့
အဲဒီလမ်းမှာ
အမှန်တရား/ ငြိမ်းချမ်းမှု/ စစ်မှန်မှု/.....”
အဲဒီ ညွှန်ပြမှုတွေအတွက်
အရာရာကို ကျွန်တော်
အံတုဖို့ ဖြစ်လာခဲ့ရတယ်။    ။

အမ သဒ္ဓါလှိုင်း မွေးနေ့ အတွက် အမှတ်တရ ကဗျာ

လက်ဝဲ

ဘလော့ဂါ ကဗျာဆရာ လက်ဝဲ ရဲ့ မွေးနေ့အမှတ်တရ ကဗျာလေးပါ။

10 comments:

ချော (အစိမ်းရောင်လင်ပြင်) said...

Happy Birthday ပါ သဒ္ဓါ
ကြည်လင်ရွှင်လန်း စိတ်နှလုံးအေးချမ်းဖွယ်နေ့ကလေးမှာ မွေးဖွားတဲ့ သဒ္ဓါတစ်ယောက် ကြံစည်တိုင်း ပြီးမြောက်ပါစေ....
ရည်ရွယ်ရာ စိတ်ကူးဆန္ဒများအားလုံး ပြည့်စုံအောင်မြင်ပါစေ...
ချစ်သူခင်သူများနဲ့ မခွဲမခွာ ကိုယ်စိတ်ချမ်းသာစွာ နေထိုင်နိုင်ပါစေလို့ ဆုမွန်တောင်းပေးလိုက်ပါတယ်နော်။

Angelhlaing(May everybody be happy and healthy! said...

ပျော်ရွင်ဖွယ် မွေးနေ့ မင်္ဂလာ ရက်မြတ်လေးမှာ စိတ်၏ ချမ်းသာခြင်း ကိုယ်၏ ကျန်းမာခြင်းများနဲ့အတူ ချစ်သော သူများ ချစ်ရသူများနှင့် ပျော်ရွင်မှု အပေါင်းနဲ့ ပြည့်စုံနဲ့ မွေးနေ့ မင်္ဂလာ ရက်မြတ်လေး ဖြစ်ပါစေလို့ ဆန္ဒပြုရင်း Happy Birthday ပါမမ သဒ္ဓါ....။

စံပယ်ချို said...

စိတ်ချမ်းသာပြီးကိုယ်ကျန်းမာစေပါစေ
ဘ၀နဲ့ဆန္ဒတွေလဲ အမြဲထာဝရ တစ်ထပ်တည်းကျနေပါစေလို့
ပျော်ရွှင်တဲ့မွေးနေ့လေးဖြစ်နေပါစေ

မောင်ဘုန်း said...

ပျော်ရွင်ဖွယ်ရာ မွေးနေ့ လေးဖြစ်ပါစေ အစ်မ ...

ဘုန်းဘုန်းတောက် said...

ပျော်ရွှင်ဖွယ် မွေးနေ့မှသည် နောင်နှစ်ပေါင်းများတိုင်အောင် စပါယ်ပန်း၊ နှင်းဆီပန်းတို့လို မွှေးကြိုင်လန်းဆန်း၍ စမ်းချောင်းရေတံခွန်ပမာ အေးမြကြည်လင်ပြီး ဆန္ဒနဲ့ဘ၀ တစ်ထပ်တည်းကျပါစေလို့ ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ် မသဒ္ဓါလှိုင်းရေ။

လက်ဝဲ said...

Happy Birthday. အမ

အဖြူရောင်နတ်သမီး said...

“အို.... ကောင်းကင် တဲ့
မျက်လုံးကို မှိတ်ထားလေမလား
ခေါင်းမော့ ထားလေမလား
လက်ချောင်းလေးတွေချင်း ယှက်ပြီး
ရင်ဘတ်မှာ ကပ်ထားလေမလား”
.........................
အိုးးးးးးးးးးးး
မွေးနေ့ကဗျာလေးက နူးနူးညံ့ညံ့လေးနဲ့ ရိုမန့်တစ်ဆန်လိုက်တာ..
“လက်ချောင်းလေးတွေချင်း ယှက်ပြီး ရင်ဘတ်မှာ ကပ်ထားလေမလား”တဲ့..
မျက်လုံးထဲမှာ မြင်ကြည့်လိုက်ယုံလေးနဲ့တင် ကြည်နူးလိုက်တာ..ဟိ

.....................
ချစ်ရတဲ့သဒ္ဓါလေးရဲ့မွေးနေ့မှာ ပျော်ရွှင်ခြင်းအပေါင်းနဲ့ပြည့်စုံပါစေကွယ်..
I Love You... xxx

mstint said...

မနက်က တီတင့်ခြံထဲက ပန်းလေး သဒ္ဓါ့မွေးနေ့အတွက် ဘုရားမှာ ကပ်ပေးလိုက်ပြီနော် Facebook မှာကြည့်ပါး)
ပျော်ရွှင်ဖွယ်မွေးနေ့မင်္ဂလာရက်မြတ်လေးပါ သဒ္ဓါရေ။
စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။

မေတ္တာဖြင့်
အန်တီတင့်

သဒ္ဓါလှိုင်း said...

မွေးနေ့လေးကို မေတ္တာတရားအပြည့်နဲ့ ဆုမွန်တောင်းပေးကြတဲ့ ခင်မင်ရသူအားလုံးကို ကျေးဇူးတင်ရင်း။
ကျန်းမာချမ်းသာကြပါစေ။။
ချစ်တဲ့
သဒ္ဓါ

jr said...

သဒ္ဓါရေ ....
Very happy belated birthday ပါနော်။
အစဉ်အမြဲ စိတ်ချမ်းမြေ့ပါစေ။

ဂျူ