Monday, May 21, 2012

တစ္ဆေတစ်ကောင်ရဲ့ည

တိတ်ဆိတ်ညကို ဖြတ်သန်းစဉ်
ခပ်ကြမ်းကြမ်း တိုးဝှေ့လာတဲ့ တစ္ဆေတစ်ကောင်
ငါ့ကိုယ်ကို ဖေါက်ထွင်းလို့
လောကကြီးကို စိမ်ခေါ်ချင်သတဲ့
လောကကြီးထဲက ဘယ်လိုအရာတွေနဲ့
စီးချင်းထိုးချင်ရတာလဲ
ငါ... ခဏတာ မေ့မြော..

တချို့..
မှောင်လွန်းတဲ့ ညလေးထဲ
စီရရီ ထွက်ပေါ်လာတဲ့ လင်းရောင်ခြည်တချို့
လောကကြီးကို အရောင်ပြောင်း
နှလုံးသားကိုယ်စီနဲ့ထွန်းညှိ ထားကြ..
စကြာဝဠာ တစ်ခုလုံး
ဟုန်းဟုန်းတောက်..

တချို့..
ညစ်ကျယ်ကျယ် အတွေးနဲ့
ဝေဖန် လေကန် ပြစ်တင် ရှုံ့ချ ဘေးထွက်
လူ့အန္ဓများနဲ့ ကခုန်မြူးတူး
တန်ဖိုးမဲ့ ခရီးသည်..

တချို့..
မဟုတ်ကို အဟုတ်လုပ်
မရှိကို အရှိလုပ်
လိမ်ညာမှုကို ဖြူစင်ဟန်လုပ်
အတုကို အစစ်လုပ်
ယုတ်မာမှုကို သူတော်ကောင်းဟန်လုပ်
ဟန်လုပ် ခရီးသည်..

တချို့..
ကိုယ်ကျင့်တရားကို ရောင်းစားကြ
အတ္တတွေကို ဖလှယ်ကြ
နှုတ်ခမ်းဖျားထက် အရောင်ပြောင်းကြ
ရင်ခုန်သံချင်း လဲလှယ်ကြ
အသည်းကို အစားထိုးကြ
နှုတ်ထွက်စကားလုံးများ လွှင့်ပစ်လိုက်ကြ
တာဝန်ခံယူရမှုကို စားသုံးလိုက်ကြ
ငရဲသား ခရီးသည်..

တချို့..
အတ္တတိုက်ပွဲတွေကြား
အတ္တကိုယ်စီ ယှဉ်ပြိုင်တဲ့ပွဲမှာ
အတ္တတွေနဲ့ စ
အတ္တတွေနဲ့ပဲ အဆုံးသတ်ရမယ်ဆိုတာ
အတ္တလူသားများ မသိလေရော့သလား
လောက ခရီးသည်..

ခရီးသည်တွေကြားမှ
တစ္ဆေတစ်ကောင်ရဲ့ည..။


22 comments:

ညီရဲ said...

ကဗျာလေးကို ဖတ်ကြည့်ပြီး ကိုယ်ကိုယ်တိုင် ဘယ်လို ခရီးသည်မျိုးလဲလို့ တွေးကြည့်မိသွားပြီ... တို့ အစ်မ ရေးထားတဲ့ ကဗျာလေး ကောင်းလိုက်တာ... အားလုံးကို ကွက်ကွက်ကွင်းကွင်း မြင်နိုင်အောင်ကို ရေးပြထားတာ... လေးစားတယ် အစ်မ...

ချစ်စံအိမ် said...

တစ္ဆေတစ်ကောင်းတဲ့လားမမရေ
ရေးတတ်ပါပေတယ်..

mstint said...

ကဗျာလေး အားပေးသွားတယ် သဒ္ဓါရေ။ အတ္တတွေအမှောင်ဖုံးနေတဲ့ ခရီးသည်မဖြစ်ဘို့ ကြိုးစားနေပါတယ်း)
စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။

မေတ္တာဖြင့်
အန်တီတင့်

စံပယ်ချို said...

တချို့..
ညစ်ကျယ်ကျယ် အတွေးနဲ့
ဝေဖန် လေကန် ပြစ်တင် ရှုံ့ချ ဘေးထွက်
လူ့အန္ဓများနဲ့ ကခုန်မြူးတူး
တန်ဖိုးမဲ့ ခရီးသည်..

တချို့..
မဟုတ်ကို အဟုတ်လုပ်
မရှိကို အရှိလုပ်
လိမ်ညာမှုကို ဖြူစင်ဟန်လုပ်
အတုကို အစစ်လုပ်
ယုတ်မာမှုကို သူတော်ကောင်းဟန်လုပ်
ဟန်လုပ် ခရီးသည်------
ခုတလောတွေ့နေရတယ်---အဲတာမျိုးတွေလေ အပြင်မှာ တစ်ကယ်ရှိတယ်
ကောင်းလိုက်တာနော် အတွေးတွေကထက်တယ်

မင်းဧရာ said...

ကျွန်တော်လည်း အဲသည်အထဲကနေ တိုးထွက်နေစဲပါ မသဒ္ဓါ...။

မရောက်တာတောင်ကြာပါပေါ့ဗျာ အေးဆေးမှ လာခဲ့ဦးမယ် လွတ်သွားတာတွေများတယ်။

ပဥာက် said...

အ၇မ်းကောင်းတယ်ကဗျာလေးက..

မြသွေးနီ said...

ကဗျာရဲ့ စကားလုံးတိုင်းက အသက်ဝင်နေတယ်..
ကဗျာလည်း ဆုံးရော ကိုယ်တိုင် တစ္ဆေတစ်ကောင်ဖြစ်သွားရတယ်။

( အခုမှ ဘလော့တွေ ပြန်လည်နိုင်တယ်ညီမရေ..။ မရောက်တာ ကြာတဲ့ရက်တွေမှာ ညီမ ကဗျာတွေကို အားကောင်းကောင်းနဲ့ ရေးနေတယ်ဆိုတာ သိလိုက်ရတယ်။ အက်ဆေးလေးတွေသာမက ကဗျာလှလှလေးတွေပါ ရေးတတ်သူဆိုတာ အခုတော့သိပြီ...)

လွင်ပြင်လှိုင်းငယ် said...

တချို့..
ကိုယ်ကျင့်တရားကို ရောင်းစားကြ
အတ္တတွေကို ဖလှယ်ကြ
နှုတ်ခမ်းဖျားထက် အရောင်ပြောင်းကြ
ရင်ခုန်သံချင်း လဲလှယ်ကြ
အသည်းကို အစားထိုးကြ
နှုတ်ထွက်စကားလုံးများ လွှင့်ပစ်လိုက်ကြ
တာဝန်ခံယူရမှုကို စားသုံးလိုက်ကြ
ငရဲသား ခရီးသည်..

အရမ်းကိုကောင်းပါတယ်ဗျာ....

sosegado said...

ဖတ်ရင်း တစ္ဆေတွေ သရဲတွေကြားထဲရောက်သွားသလိုပဲ

Candy said...

မကောင်းတဲ့စိတ်ဓာတ်တွေက တစ္ဆေတွေပါပဲ မမရယ် :D
လူတိုင်းမှာ တစ္ဆေစိတ်လေးတော့ ရှိကြမယ်ထင်တယ်.. နည်းတာနဲ့ များတာပဲ ကွာလိမ့်မယ် :)

ပစ်ပစ် said...

အတ္တဆိုတာကလည်း
ကြောက်ဖို့ကောင်းတယ် သဒ္ဒါရေ
ကဗျာလေးကောင်းတယ်

သူကြီးမင်း (တုံးဖလား) said...

တစ္ဆေကဗျာကို တစ္ဆေတစ်ကောင် လာဖတ်သွားသည်။
း)

တင်စားတတ်ပါ့။

မဒမ်ကိုး said...

တစ္ဆေတစ်ကောင်ကို မှင်စာလေးတစ်ကောင်လာဖတ်သွားပါတယ်

ချစ်တဲ့မမသဒ္ဒါပျော်ရွှင်ပါစေ


ချစ်သော ဂျာရစ်း))

Cameron said...

လူတစ်ယောက်ရဲ့ ခရီးလမ်း ဘယ်လောက်ကြမ်းတမ်းလိုက်သလဲ....။

ငြိမ်းစိုးဦး said...

ဟုန်းဟုန်းတောက် တန်ဖိုးမဲ့ ငရဲသားက ဟန်လုပ်
တစ္ဆေတစ်ကောင်ရဲ့ညမှာ ငါ... ခဏတာ ...

ကြည်ဖြူခင်ခင် said...

တစ္ဆေတစ်ကောင်တဲ့လား.. အမရေ.. အားလုံးမြင်နိုင်တဲ့ ကဗျာလေးပါပဲ..။

လေပြေချို said...

ကဗျာလေး ကောင်းပါတယ်။ လောကလူသားတွေက ပုထုဇဉ်တွေပဲမို့ ဒီကိလေသာတွေကတော့ အနည်းနဲ့အများ ရှိကြမှာပါ။ ဒီအတ္တတွေကို နည်းသထက်နည်းပြီး ပျောက်ကွယ်သွားအောင် ကြိုးစားနိုင်ရင်တော့ ခရီးလမ်းလည်း ဖြောင့်ဖြူးသွားမှာပါနော်။
အမြဲအားပေးနေမယ်:)

Anonymous said...

ဟုတ်ပ သဒ္ဓါရေ..
တကယ်တော့ ကိုယ်လဲ တစ္ဆေတစ်ကောင်မျှရယ်သာ...

ဂျူ

Anonymous said...

တစ်ပုဒ်တစ်ပုဒ်တင်ဖို့ ဖတ်ခွင့်ရဖို့ တော်တော်ကြာစောင့်ရမှန်းသိပေမယ့် သတိတရ လာလာဖတ်နေမိတာ ဆရာမရဲ့ အနုပညာအားကြောင့်ပါခင်ဗျာ။

Anonymous said...

တချို့..
မဟုတ်ကို အဟုတ်လုပ်
မရှိကို အရှိလုပ်
လိမ်ညာမှုကို ဖြူစင်ဟန်လုပ်
အတုကို အစစ်လုပ်
ယုတ်မာမှုကို သူတော်ကောင်းဟန်လုပ်
ဟန်လုပ် ခရီးသည်..
တဲ့...ကောင်းလိုက်တာ...စာလုံးတိုင်း အသက်ပါတယ်..အရေးအသားထက်လိုက်တာ...

Anonymous said...

တစ်ချို့တစ်ချို့ပေါင်းရင်း
အားလုံးလိုလိုပါဘဲ..
ကြောက်ခမန်းလိလိ
တစ္တေတစ်ကောင်ရဲ့ညပါလားနော်း))

ချစ်ခင်လေးစားလျှက်
မိစံ

နေသာ said...

ကဗျာ လေးတော်တော်ကို ကောင်းတယ် အစ်မ
ကျွန်တော့်ကို စောင်းပြောထားသလိုပဲ :D