Saturday, January 21, 2012

သစ္စာတရားကို ရှာဖွေခြင်း

လူတယောက်ဟာ အမှန်တရားကို ရှာဖွေဖို့ ထွက်လာခဲ့တယ်။ သူစပြီးတွေ့ဆုံခဲ့တဲ့ ဘာသာရေး ကိုင်းရှိုင်းတဲ့ပုဂ္ဂိုလ်တယောက်ဟာ သူ့ရွာရဲ့အပြင်ဘက်က သစ်ပင်အောက်မှာ ထိုင်နေတာကို တွေ့ခဲ့တယ်။

ကျွန်ုပ်က ထိုပုဂ္ဂိုလ်ကို အမှန်တရားနဲ့ သစ္စာတရားရှိတဲ့သူကို ရှာဖွေနေတာလို့ ပြောခဲ့ပါတယ်။ အဲလိုလူမျိုးတွေရဲ့ ထူးခြားတဲ့ လက္ခဏာတွေကို ပြောပြပေးဖို့ တောင်းပန်ခဲ့ပါတယ်။ ထိုပုဂ္ဂိုလ်ရဲ့ ဖွင့်ဆိုထားတဲ့အချက်လေးက သိပ်ကို ရိုးရှင်းလှပါတယ်။" ဒီလိုမျိုး သစ်ပင်အောက်မှာ ထိုင်နေတဲ့သူမျိုး၊ ဒီလို ဟန်ပန်အနေအထားရှိတဲ့သူမျိုး၊ ဒီလိုအမူအယာမျိုး ရှိတဲ့သူမျိုး"ပေါ့၊ အဲလိုပုဂ္ဂိုလ်မျိုးက မင်းရှာဖွေတဲ့ပုဂ္ဂိုလ်မျိုးပါပဲ။

ရှာဖွေမယ့် ကျွန်ုပ်ဟာ စပြီးထွက်ခွါလာခဲ့ပါတယ်။ နေရာအနှံ့လျှောက်သွားနေခဲ့တာ နှစ်ပေါင်းသုံးဆယ်ကျော် ကြာခဲ့တယ်။ သူဟာ နေရာပေါင်းစုံရောက်ခဲ့တယ် ဒါပေမယ့် သူတွေ့ဆုံချင်တဲ့ ပုဂ္ဂိုလ်မျိုးကို မတွေ့ခဲ့ပါဘူး။

သစ္စာရှိသည်ဟု ဆိုသူများကိုတွေ့ခဲ့ပြီး မည်သူတဦးတယောက်မျှ သစ္စာတရားရှိသူများ မဟုတ်ခဲ့ပါဘူး။ သူဟာ အလွန်အမင်း မောပန်းနွမ်းနယ်ပြီး နေရပ်ကိုပြန်လာခဲ့တော့တယ်။

သူပြန်လာတဲ့အခါ အလားတူသစ်ပင်အောင်မှာ ထိုင်နေတဲ့ အဖိုးအိုကိုတွေ့လို့ မယုံကြည်နိုင်လောက်အောင် အံ့အားသင့်ခဲ့ပါတယ်။ "သူပြောတဲ့အတိုင်း သစ်ပင်အောက်မှာ ထိုင်နေတယ်၊ သူ့ရဲ့ ဟန်ပန်အနေအထားကလည်း သူပြောတဲ့အတိုင်းပါပဲလား"။ "လွန်ခဲ့တဲ့ နှစ်ပေါင်း သုံးဆယ်က ဒီလို ထိုင်နေခဲ့တယ်၊ ကျွန်ုပ်မျက်လုံး ကွယ်နေလို့လား" သူ့ရဲ့မျက်နှာနဲ့ သူ့ရဲ့အမူအယာတွေကို အရင်အတိုင်း တွေ့ရတယ်။

ကျွန်ုပ်က ကျွန်ုပ်ရဲ့ခံစားချက်ကို...
"ပထမစတွေ့ခဲ့တုန်းက ဘာဖြစ်လို့ကျွန်ုပ်ကို မပြောခဲ့တာလဲ"
"နှစ်ပေါင်းသုံးဆယ်လောက် ဘာဖြစ်လို့ လမ်းမှားကို ပို့လိုက်ရတာလဲ"
"အမှန်တရားနဲ့ သစ္စာတရားရှိတဲ့သူလို့ ဘာဖြစ်လို့ မပြောတာလဲ" လို့ ပြောတော့ အဖိုးအိုက "မင်းနားလည်သဘောပေါက်မှာ မဟုတ်သေးတဲ့အတွက်ကြောင့်ပဲလို့" ပြောခဲ့တယ်။

"ဝေးလံတဲ့နေရာကို လျှောက်မသွားပဲ မင်းအိမ်ကို ပြန်လာဖို့ စိတ်ကူးမှာမဟုတ်ဘူး။ မင်းဟာ ကိုယ့်ရဲ့နေရာကို ရောက်လာဖို့အတွက် နေရာပေါင်းများစွာကို သွားခဲ့ပြီးပြီ၊ မင်းပြန်လာမှ ဒီလိုအပင်အောက်မှာ အစခပ်သိမ်းရှိတယ်လို့" ပြောခဲ့တယ်။ "ငါထိုင်တဲ့ ပုံစံမျိုးပေါ့၊ ဒါပေမယ့် မင်းစိတ်တွေက ဆန္ဒစောလွန်းတယ်၊ မင်းနားမထောင်ဘူး၊ မင်းရေးကြီးသုတ်ပြာ အလောတကြီး လုပ်ခဲ့တယ်"။

"မင်းဟာ သစ္စာတရားရှိတဲ့သူကို ရှာဖွေဖို့အတွက် နေရာတကာကို သွားခဲ့တယ်။ မင်းအတွက် ရှာဖွေတာက အရေးကြီးနေတယ်၊ အမှန်တရားက အရေးမကြီးခဲ့ဘူး။ ဒါပေမယ့် မင်းဘာဖြစ်လို့ ပြန်လာတာလဲကွာ! ငါပင်ပန်းလှပြီ၊ မင်းအတွက် ဒီပုံစံအတိုင်း အဆက်မပြတ် ထိုင်နေခဲ့တာ အတော် ပင်ပန်းနေခဲ့ပြီ"

"မင်းဟာ နှစ်ပေါင်းသုံးဆယ်လောက် လျှောက်သွားခဲ့ပြီးပြီ၊ ဒါပေမယ့် သစ်ပင်အောက်မှာ ငါထိုင်နေတယ်ဆိုတာ စဉ်းစားနေမိလိမ့်မယ်၊ မင်းတနေ့ ဒီနေရာကို ပြန်ရောက်လာမယ်ဆိုတာ ငါသိပါတယ်၊ ဒါပေမယ့် ငါကွယ်လွန်သွားခဲ့ရင် မင်းဘာလုပ်မလဲ၊ ငါမင်းကိုစောင့်နေခဲ့တယ်၊ မင်းပြန်ရောက်လာခဲ့ပြီ၊ နှစ်ပေါင်းသုံးဆယ်လောက် လျှောက်သွားခဲ့ရပြီးပြီ၊ ဒါဟာ မင်းရဲ့ အမှားပဲ၊ သစ္စာရှိတယ်ဆိုတဲ့ သူဟာ ဒီမှာပါပဲကွာ"

"ငါတို့ဟာ ငါတို့နားမှာဘာရှိလဲ၊ ငါတို့ဘေးမှာ ဘာရှိလဲဆိုတာ မမြင်နိုင်တာ ငါတို့ဘဝမှာ အကြိမ်ပေါင်း များစွာဖြစ်ခဲ့ပါတယ်၊ ဟိုးအဝေးက သာယာတဲ့အသံလေးက ငါတို့ကို ဆွဲဆောင်တယ်၊ ဝေးလံတဲ့ စိတ်ကူး၊ အိပ်မက်တွေက ငါတို့ကို ဆွဲခေါ်သွားခဲ့တယ်၊"

ကိုယ့်ကိုယ်ကို ယုံကြည်စိတ်ချဖို့ ကြိုးစားပါ၊ ပြီးတော့ ကိုယ့်စိတ်ကို သိအောင်ကြိုးစားပါ၊ မင်းဟာ မင်းရဲ့စိတ်အတွင်းမှာ သစ္စာတရားရှိတယ်ဆိုတာကို မင်းကိုယ်မင်း မယုံကြည်ခဲ့ဘူး။

www.funzug.com မှ Try to believe in yourself ကို ဘာသာပြန်ဆိုသည်။

25 comments:

Crystal said...

ရှာဖွေနေဆဲ လမ်းခုလတ်မှာပေါ့...

ဟန်ကြည် said...

သစ္စာတရားဆိုတာ နှလုံးသားထဲမှာပဲ ရှိတာကလား ညီမရယ်...

mstint said...

'မင်းမှာသစ္စာလူမှာကတိ'တဲ့ သာသနာနဲ့ဝေးလေ
သစ္စာမရှိတဲ့မင်း ကတိမတည်တဲ့လူတွေ ပေါများလာတဲ့
ဒီလောကကြီးထဲမှာ မှန်ကန်တဲ့သစ္စာတရား
တွေ့နိုင်ပါအုံးမလားလို့ တွေးမိတယ် သဒ္ဓါရေ။
စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။

မေတ္တာဖြင့်
အန်တီတင့်

Cameron said...

သစ္စာတရားဆိုတာ ခုခေတ်ခါတော့ ရှားပါးပစ္စည်းဖြစ်သွားပြီထင်တာပဲ...။

Anonymous said...

ကိုယ့်ကိုယ်ကို ယုံကြည်စိတ်ချဖို့ ကြိုးစားပါ၊ ပြီးတော့ ကိုယ့်စိတ်ကို သိအောင်ကြိုးစားပါ၊


သေသေချာချာဖတ်မှတ်ပြီး ကြိုးစားရမယ်
ကျေးဇူးဗျာ


မောင်ဘကြိုင်

မြစ်ကျိုးအင်း said...

ဒီစာစုထဲကလို အနီးဆုံး ကိုယ့်နှလုံးသားထဲမှာ ရှိတဲ့အရာကို ပြန်မမြင်ဘဲ အဝေးကြီးလိုက်ရှာခဲ့မိတဲ့ အချိန်တွေ ရှိခဲ့ကြမှာပဲ။ ဒီလိုစာစုမျိုးက သတိပေးရာ ရောက်စေပါတယ်။

Anonymous said...

ကိုယ့်ကိုယ်ကို ယုံကြည်စိတ်ချဖို့ ကြိုးစားရင်း
သစ္စာတရားကို ရှာဖွေနေဆဲ...


ချစ်ခင်လေးစားလျှက်
မိစံ

Angelhlaing(May everybody be happy and healthy! said...

ပို့စ်လေးဖတ်ပြိး အသိတွေဝေသွားတယ်မမရေ... ဖတ်ခွင့်ရလို့ ကျေးဇူးပါလို့..

စံပယ်ချို said...

ကိုယ့်ကိုယ်ကို ယုံကြည်စိတ်ချဖို့ ကြိုးစားပါ၊ ပြီးတော့ ကိုယ့်စိတ်ကို သိအောင်ကြိုးစားပါ၊ မင်းဟာ မင်းရဲ့စိတ်အတွင်းမှာ သစ္စာတရားရှိတယ်ဆိုတာကို မင်းကိုယ်မင်း မယုံကြည်ခဲ့ဘူး------------
ကျေးဇူးတင်လိုက်တာမသဒ္ဓါရေ
ခုတော့ဖြင့် သစ္စာဆိုတာ ဘာလဲ ဖြစ်နေပြီနော်
အားလုံးတော့မဟုတ်ပါဘူး

ဘိုဖြူ said...

သစ္စာတရားဟာ
ခုတော့ဖြစ် ရှာပါးပစ္စည်းလိုဖြစ်နေပါပြီ မသဒ္ဓါရေ
ရှိတော့ရှိတယ်ရှားတယ်ပေါ့ဗျာ

Anonymous said...

သစ္စာတရားဟာ ရှာဖွေသူရဲ့နှလုံးသားထဲမှာရှိရမယ်


မမသဒ္ဒါကိုသတိရနေတဲ့

ညီမလေး မဒိုးကန်

ညီရဲ said...

ဒီပိုစ့်လေးကို ဖတ်ပြီး အတွေးလေးတွေ ထပ်ပွားမိတယ်... လူတွေက ကိုယ့်အနီးအနားက အရာတွေကို တန်ဖိုးမထားတတ်ကြဘူး... အဲဒီအရာတွေကို ဆုံးရှုံးရတော့မှ နောင်တတွေနဲ့ ကိုယ့်ကိုယ်ကို ခွင့်မလွှတ်နိုင် ဖြစ်နေတဲ့သူတွေကို မြင်ဖူးတယ်...

blackroze said...

ညီမလည်းခုချိန်ထိရှာဖွေနေဆဲဘဲအမရယ်..

လင်းခေတ်ဒီနို said...

မဒါ။ ။ ။ လောကမှာ ရှားပါးလွန်းတဲ့ အရာ နှစ်ခု ရှိသတဲ့ . . . တစ်ခုက သစ္စာ တစ်ရားနဲ့ နောက်တစ်ခုက ဘုရားရှင်ပဲ တဲ့ ။

ခင်မင်တဲ့
ဗညားရှိန်

မြသွေးနီ said...

တကယ်တော့ အဝေးကြီးမှာ မဟုတ်ပဲ မိမိနဲ့ အနီးဆုံးမှာ ရှိနေတယ်ဆိုတာ အမှန်ပါဘဲ။ လောကသစ္စာတရားအစစ်အမှန်ကို ရှာဖွေတွေ့ရှိနိုင်ပါစေ ညီမရေ...၊

jr said...

"ငါတို့ဟာ ငါတို့နားမှာဘာရှိလဲ၊ ငါတို့ဘေးမှာ ဘာရှိလဲဆိုတာ မမြင်နိုင်တာ ငါတို့ဘဝမှာ အကြိမ်ပေါင်း များစွာဖြစ်ခဲ့ပါတယ်၊ ဟိုးအဝေးက သာယာတဲ့အသံလေးက ငါတို့ကို ဆွဲဆောင်တယ်၊ ဝေးလံတဲ့ စိတ်ကူး၊ အိပ်မက်တွေက ငါတို့ကို ဆွဲခေါ်သွားခဲ့တယ်" ...
အမြဲတမ်းမှန်ကန်တဲ့ တရားပါပဲ။

ဒီပို့စ်လေးသိပ်ကောင်းတာပဲ မသဒ္ဓါ။

ခင်မင်လျှက်

သော်ဇင်စိုး said...

အမှားနဲ့ အမှန်ရဲ့ကြားမှာ အတွေ့အကြုံတွေ အများကြီးလိုပါတယ်.. ရေးထားတာလေးက နေ့တိုင်းဖြတ်သန်းနေရတဲ့ ပြင်ပ လောကအတွက် အသိတရားတစ်ခုခုကိုရ စေမယ်လို့ မြင်ပါတယ်..

ကိုဇော် said...

ကောင်းလိုက်တဲ့ အတွေးလေး . . .
သစ္စာတရားဆိုတာ စောင့်ထိန်းတတ်သူ အတွက် နဲ့ အသုံးချသူ အတွက်သာ ဖြစ်တည်နေတာပါ။

Candy said...

မမရဲ့ ပိုစ့်တိုင်းက အမြဲတမ်း တွေးစရာ တခုခုပေးတယ်..
အဲ့လိုစာမျိုးအရမ်းကြိုက်တယ် မမ..
မမက စာရေးကျဲပေမယ့် ရေးလိုက်တိုင်း အကောင်းဆုံးတွေချည်းပဲနော်..

ချစ်ခင်လေးစားတဲ့
ညီမ ကန်ဒီ

အဖြူရောင်နတ်သမီး said...

သစ္စာတရား... ဆိုတာ..

ချစ်စံအိမ် said...

မမရေ လမင်းစာလာဖတ်တာနောက်ကျသွားတာ
ဆိုဒ်လေးပျက်သွားလို့ လမင်းဆိုဒ်အသစ်လေးကိုလ
လာဖို့ဖိတ်ပါတယ်ရှင်

ချယ်ရီမြေ said...

ကိုယ့်အနားမှာ ကိုယ့်ဘေးမှာ ဘာတွေရှိလဲဆိုတာကို မမြင်နိုင်ခဲ့လို့လဲ သံသရာခရီးဆန့်ခဲ့ရတယ်ထင်တယ်.။ နောင်လဲဆန့်နေဦးမှာလားပဲ မသဒ္ဓါရေ...။


ချမ်းမြေ့ပါစေကြောင်း
ချယ်ရီမြေ

အင်းတော်ရှမ်း said...

အရာရာတိုင်းမှာ သူ့ကိုယ်ပိုင်သစ္စာတရာတွေရှိနေကြတယ်
ဒါမေမဲ့မြင်နိုင်ဖို့တော့ တော်တော်ကြိုးစားရမယ်ထင်
တယ်နော်

Angelhlaing(May everybody be happy and healthy! said...

တစ်ကယ်ကောင်းတဲ့ ပို့စ်လေးပါပဲ မမရေ... သစ္စာဆိုတာ ရှာဖွေလေ တွေ့ရှိလေ မဟုတ်ပဲ ရှာဖွေလေ ပျောက်ဆုံးလေ ဖြစ်နေသလို ပဲ မမ။

အင်းတော်ရှမ်း said...

နောက်တစ်ခေါက်ထပ်လာဖတ်တယ်။ ဒီတစ်ပြန်ဖတ်တော့ ဗုဒ္ဓရဲ့ တရာတော်ထဲကအတိုင်းမြင်တွေ့လိုက်ရတယ်။
တစ်လံမျှရှိတဲ့ မိမိရဲ့ ခန္ဓာကိုယ်အတွင်းမှာရှိတဲ့ ဖြစ်ခြင်းပျက်ခြင်းတွေရဲ့ အပြင်ဘက်ကိုထွက်ပြီး အမှန်းတရားကိုရှာတဲ့ သူဟာ ရှာလေဝေးလေးပဲ ဆိုတဲ့ စကားကို မူရင်းစာရေးသူဆိုလိုတာများလား ။