Thursday, June 9, 2011

ခေါင်းစဉ်မဲ့

ပျောက်ဆုံးသွားခဲ့ရတဲ့ ဘဝလေးတခု
အနင်းခံလိုက်ရတဲ့ ဖြူစင်မှုတခု
ရောင်ပြန်မဟပ်တဲ့ သစ္စာတရား
အရောင်ဆိုးထားတဲ့ နှုတ်ခမ်းဖျားတစုံ
ပုပ်ပွနေတဲ့ သက်ရှိနှလုံးသား
တန်ဖိုးဖြတ်ခံလိုက်ရတဲ့ အနှောင်အဖွဲ့
ကျန်နေခဲ့တဲ့ နှလုံးသားမြို့တော်
လွတ်ကျခဲ့တဲ့ ဒဏ်ရာအပိုင်းအစများ
ရုပ်ဝတ္ထု အလိုအရ ချိနဲ့တဲ့ ခေတ်မှီ လောကဓါတ်နည်းပညာ
အမှတ်ထင်ထင် ကြွေကျခဲ့ရတဲ့ နှလုံးသွေးစက်
အတိုင်းအတာ တန်ဖိုးအရ...
ပိုင်ဆိုင်မှုမရှိခဲ့တဲ့ လူသားအကျွန်ုပ်
ကြယ်တွေကြွေလို့ ဆုတောင်းခွင့်ရမယ်ဆို
အကျွန်ုပ်ရှေ့ ကြယ်လေးတပွင့် ချွေချပေးပါ။။။

17 comments:

ငွေလမင်း said...

ကဗျာရေးတာ တော်တယ်
အဆက်အစပ် ၇ှိတယ်
ဖတ်လို့ သိပ်ကောင်းပါတယ်

ahphyulay said...

အင်း..
မလုပ်ပါနဲ့ ဗျား... အဲ့ ဒီကြယ်လေးတစ်ပွင့် ပဲ
ငေး စရာ ရှိနေတာပါ။ ကြယ်တွေများလွန်းပေ
မယ့်  ကျွန်တော့်အတွက် တစ်ပွင့်ထဲသော
ကြယ် ပါပဲ..။
နှလုံးသားကပုတ်ပွနေတော့ သုံးမထားတာ
ကြာသွားတဲ့ သဘောလားမသိ...။

sosegado said...

ခုတလော ကဗျာတွေရေးနေပါလား၊
ကြယ်ကြွေချိန်မှာ ဆုတောင်းပြည့်တယ်လို့ ဘယ်သူစခဲ့သလဲ မသိဘူး

အဖြူရောင်နတ်သမီး said...

ချွေချပေးလိုက်မယ် သူငယ်ချင်းလေးရေ...
ပျော်ရွှင်ပါစေကွယ်...

မြစ်ကျိုးအင်း said...

ချွေချပေးမယ့် ကြယ်လေးကို ဘာလုပ်မလဲဆိုတာ စိတ်ဝင်စားစရာ။

ချော(အစိမ်းရောင်လွင်ပြင်) said...

ကြယ်ကြွေချိန်မှာ ဆုတောင်းရင် ပြည့်တယ်ဆိုလား
ကဗျာတွေရေးလှချည်လား
ခံစားချက်တွေ ဖောက်ခွဲထုတ်နေတာလား သဒ္ဓါ
ပျော်ရွှင်ချမ်းမြေ့ပါစေနော်

ကိုအောင်(ပျူနိုင်ငံ) said...

ကြယ်မကြွေပဲ ရှေ့မှာ တစ္ဆေတစ်ကောင် လာပြနေရင်ရော ဘယ်နဲ့လုပ်မလဲ၊ နောက်တာပါ ...

လသာည said...

သဒ္ဒါ..

မတွေ့တာကြာပြီ..
သတိရနေတာ..
ခေါင်းစဉ်မဲ့ကဗျာလေးက တစ်စုံတစ်ခုကို ခံစားသွားရတယ်။

တောက်ပကြယ်စင် said...

သဒ္ဓါလှိုင်းရေ မင်္ဂလာပါ...ကြယ်ကြွေချိန်မှာ ဆုတောင်းကြစို့နော်...ကျန်းမာပျော်ရွှင် ကြည်လင်ဝင်းပ အေးမြပါစေ...

zue said...

ကဗျာလေး လာဖတ်သွားတယ်.. မသဒ္ဓါရေ...

Anonymous said...

လာလေရော ကြယ်တပွင့် မင်းရှေ့ကို အရောက်ပို့ပေးမယ်

သာထက်ဇော် said...

လာလေရော့ ကြယ်တပွင့် မင်းရှေ့ကို အရောက်ပို့ပေးမယ်

ချစ်ခြင်းအလင်္ကာ said...

ကြယ်တွေကိုကြည့်ပြီးဆုတောင်းရင်ပြည့်တယ်တဲ့

မကြွေခိုင်းပဲနဲ့ဆုတောင်းလိုက်လေ..မမရယ်..

ချစ်ခြင်းအလကာင်္

Angelhlaing(May everybody be happy and healthy! said...

ကဗျာလေး ကောင်းတယ်မမရေ ..ကွန်မန့်လေးတွေကြောင့် ပြုံးမိတယ်....
ကြယ်လေးများရရင် မမများ ဘာလုပ်မလဲဆိုပြိး :):)
ကောင်ေးသာနေ့လေး ဖြစ်ပါစေမမ။

စံပယ်ချို said...

ဒီလိုကဗျာတွေကိုအရမ်းခံစားလို့ရတယ်
ဘာဖြစ်လို့များစောစောကမသိရတာလဲ...
jasmine ညံ့တာပေါ့နော်..

သူကြီးမင်း (တုံးဖလား) said...

သဒ္ဓါလှိုင်းလေးရေ..
ဗလာဆိုင်းတော့ မတီးလိုက်ပါနဲ့
ရော့..
ဒီက တမာကိုင်းလေး ယူထား။း))

စတာ။ စိတ်မဆိုးနဲ့နော်။

ညီမလိုချင်တဲ့ ကြယ်လေးတစ်ပွင့် အမြန်ရနိုင်ပါစေ။

ခင်မင်လျက်

မော်ကွန်းသစ် said...

လူသားဘ၀ကိုပဲ ပိုင်ဆိုင်ပြီးနေပါပြီ ကျေနပ်ပါတော့..