Tuesday, May 24, 2011

မတူညီမှုထဲမှ တူညီသူ

မတူညီဘူးလို့ ထင်နေတဲ့
တူညီသူတွေရဲ့ လှည့်ကွက်တွေကို
တွေ့လိုက်ရတဲ့အခိုက်
အံ့သြတုန်လှုပ်မှု ရိုက်ခတ်သံက
ရင်ကိုထိုးဖေါက် စူးနစ်စေခဲ့ပြီ။
ခေတ်တခေတ်ရဲ့ လူ့သမိုင်းမှာ
ရလိုမှု အနာဂတ်
ခြောက်လှန့်မှုနဲ့ ဝိုးတဝါး ဝေဝဲ
ညတည
တွေ့မြင်မှု အပြင်အဆင်မျိုးနဲ့
ခြယ်မှုန်းခြယ်သ တစ္ဆေတကောင်ရဲ့ည..။

တူညီမှုတွေများနေတဲ့ ရေစီးကြောင်းထဲ
မတူညီသူတွေသာ ရှိခဲ့ရင်ဆိုတဲ့
ရီစရာကောင်းတဲ့
ခြောက်ကပ်ကပ် အက်ကွဲသံကို
အမှန်တရားတခုအဖြစ် လက်ခံဖို့
အဝေးဆုံးကို ထွက်ပြေးချင်ခဲ့ပြီ။
လျှပ်တပြက် မွှေနှောက်ခဲ့တဲ့
ခြစ်ရာတခုပေါ်မှာ
ရှောင်ကွင်းသွားတတ်ဖို့တော့
အခက်ခဲဆုံးအရာတခုရဲ့ နှစ်ဆယ့်လေးနာရီ..။

မတူညီမှုတွေထဲက တူညီသူတယောက်ရဲ့
မသိမှုရဲ့ သိမှုကို
အကျဉ်းအကျပ်ထဲမှ
အဖြေရှာခိုက်
ဟိုး….
ကျောက်ခေတ်လူသားတို့ရဲ့ ကျောက်စာထိုးသံနဲ့အတူ
မွေးဖွားရှင်သန်လာမယ့်…နေ့။

12 comments:

ကိုဇော် said...

တိုက်ဆိုင်လိုက်တာ ဒီနေ့ပဲ အဲဒီ မတူညီတာနဲ့ တူညီတာကို စဉ်းစားမိပြီး ရေးထားသေးတယ်။ အခုလိုပဲ အမြင်တွေကတော့ မတူဘူးပေါ့။

Angelhlaing(May everybody be happy and healthy! said...

တူညီမှုတွေများနေတဲ့ ရေစီးကြောင်းထဲ
မတူညီသူတွေသာ ရှိခဲ့ရင်ဆိုတဲ့
ရီစရာကောင်းတဲ့
ခြောက်ကပ်ကပ် အက်ကွဲသံကို
အမှန်တရားတခုအဖြစ် လက်ခံဖို့
အဝေးဆုံးကို ထွက်ပြေးချင်ခဲ့ပြီ။
လျှပ်တပြက် မွှေနှောက်ခဲ့တဲ့
ခြစ်ရာတခုပေါ်မှာ
ရှောင်ကွင်းသွားတတ်ဖို့တော့
အခက်ခဲဆုံးအရာတခုရဲ့ နှစ်ဆယ့်လေးနာရီ..။
...မမရေ ..ခ့စားအားပေးလျှက်ပါလို့..

ချစ်ခြင်းအလင်္ကာ said...

ခြောက်ကပ်ကပ် အက်ကွဲသံကို
အမှန်တရားတခုအဖြစ် လက်ခံဖို့
အဝေးဆုံးကို ထွက်ပြေးချင်ခဲ့ပြီ။

စာသားလေးကကောင်းလိုက်တာ..

အဖြူရောင်နတ်သမီး said...

“မတူညီမှုတွေထဲက တူညီသူတယောက်ရဲ့
မသိမှုရဲ့ သိမှုကို
အကျဉ်းအကျပ်ထဲမှ
အဖြေရှာခိုက်”..



ခပ်ပါးပါးလေး ပြထားတာကို ကိုယ်ခံစားမိတယ်..
(အလုပ်တွေအရမ်းများနေလို့ အိမ်လည်ကျဲနေတာ ခွင့်လွှတ်ပါ သူငယ်ချင်းလေးရေ...)


:P

jr said...

မသိမှုရဲ့ သိမှု

ဟုတ်တယ် မသဒ္ဓါရေ ..
တခါတလေကျတော့လဲ ဝေေ၀၀ါးဝါး မသိစိတ်ရဲ့ သိစိတ်ကို သိပ်ကြောက်မိတယ်။

မြစ်ကျိုးအင်း said...

မသဒ္ဒါရေ
မအားမလပ်လို့ ခုမှ ကဗျာလာဖတ်ဖြစ်တယ်။ နောက်ကျသွားတာ ခွင့်လွှတ်ပါ။

Angel Shaper said...
This comment has been removed by the author.
Angel Shaper said...

မတူညီမှုတွေထဲက တူညီသူတယောက်ရဲ့
မသိမှုရဲ့ သိမှုကို
အကျဉ်းအကျပ်ထဲမှာ ကိုယ်လည်း ကြောင်တောင်တောင်
အဖြေရှာခဲ့ဖူးတယ်။ စာသားလေးတွေ ကောင်းတယ်... မမလှိုင်းးး

Cameron said...

ကဗျာလေးအရမ်းကောင်းတယ်....ညီမ


ခင်တဲ့
မိုးငွေ့

flowerpoem said...

ဟုတ်တယ် မသဒ္ဓါ မတူညီမှုတွေထဲက တူညီတာတွေကို ရှာရင်းနဲ့ပဲ . .

စံပယ်ချို said...

နေရာတိုင်းမှာမတူညီမှုတွေရှိတယ်နော်...

ငြိမ်းစိုးဦး said...

တု ရင်း နဲ့ ကွဲပြား အတုများ အစစ် ဆိုတာ မတူတာတွေပဲ လို့ သိမြင်ခွင့် ရခဲ့ပါတယ် ...