Saturday, May 7, 2011

အတ္တနဲ့သာ ကဗျာဖွဲ့

အတ္တနဲ့သာ လုပ်
အတ္တနဲ့သာ ပြော
အတ္တနဲ့သာ နေ
အတ္တနဲ့သာ သွား
အတ္တနဲ့သာ ရေး
အတ္တနဲ့သာ ငွေ့ရည်ဖွဲ့
အတ္တနဲ့သာ အသက်ဆက်
အတ္တနဲ့သာ နေသားကျခဲ့။

နှလုံးသားထဲက ယုံကြည်ချက်
သွေးစက်....တွေ
ဖေါက်စားခံရတဲ့ အခိုက်
အတ္တဆိုတာ ဘယ်မှာမှန်း မသိခဲ့။

လုပ်ယူမထားတဲ့
ဖြစ်တည်မှု အမြုတေလေးတခုကို
လုယူခံရတဲ့ အခိုက်
အတ္တဆိုတာ ထားရမှန်း မသိခဲ့။

ခြောက်သွေ့အက်ကွဲနေတဲ့
ညမှောင်မှောင်မှာ
သွေးစက်...နဲ့
အမြုတေလေး..ကို
မေတ္တာတရား
သစ္စာတရား
သိက္ခာတခု
ဆန္ဒတစုံ
ရိုးသားမှု.....ရယ်လို့
ရိုးသား ဖြူစင်လေဟန်
ခေါင်းစဉ်တပ်ထားတဲ့
အတ္တ..တွေနဲ့ ပြန်ယူချင်ခဲ့။

........
အတ္တဆိုတဲ့
အတ္တတွေနဲ့သာ ကဗျာဖွဲ့သီနေလေရော့။။။

7 comments:

အလင်းသစ် said...

အားပေးဖတ်ရှုခဲ့ပါ၏။။။

ကိုရင်လေး said...

အတ္တနဲ့တော့ မလျှောက်လှမ်းလောက်ပါဘူးနော်။
အားပေးသွားပါတယ်။

အဖြူရောင်နတ်သမီး said...

အတ္တတွေဖုံးလွှမ်းနေတဲ့လောကကြီးထဲမှာ..
မွန်းကြပ်စွာအသက်ရှင်နေရတဲ့ တို့တွေ...
အတ္တတွေနဲ့ မကင်းနိုင်ကြသေးပါလားနော်...

Angelhlaing(May everybody be happy and healthy! said...

အတ္တတွေမကင်းသ၍ လျှောက်လှမ်းနေရတဲ့ ဘဝလမ်းတွေ..မမောတမ်းမပန်းတမ်း...ပေါ့နော်...
မမရေ ခံစားအားပေးလျှက်..
သင်တန်းလေးကြောင့် မှန်မှန်မရောက် ဖြစ်ပေမယ့်
သတိရနေတာပါ...မမရေ..
ကောင်းသောနေ့လေးဖြစ်ပါစေ။

blackroze said...

လူသားတိုင်းဘယ်တော့များမှ
အတ္တ နဲ့ကင်းကြမလဲမသိပါဘူး
သဒ္ဒါရယ်..

မိုးစက်အိမ် said...

အတ္တနဲ့ ဖွဲ့ သီတယ်ဆိုတဲ့ကဗျာဆိုတော့ လမ်းပြောင်းပြန်
မောင်တဲ့ကားလိုပေါ့ သွားတော့သွားတယ် ရောက်တော့
ရောက်တယ် ဒါပေမဲ့ အန္တာရယ်များတယ် ခရီးဆုံးတော့
လည်းကိုသွားချင်တာနဲ့ ကတခြားစီ ဒါပေမဲ့အတ္တနဲ့ အနား
စီလိုက်တော့ ငါမောင်းတာမှန်တယ် ငါသွားချင်တာဒီခရီး
ဘဲတဲ့ . . . အတ္တမပါတဲ့အသွားအပြန်ကဗျာဘဲကောင်း
ပါတယ်လေး)

သော်ဇင်စိုး said...

လုပ်ယူမထားတဲ့
ဖြစ်တည်မှု အမြုတေလေးတခုကို
လုယူခံရတဲ့ အခိုက်
အတ္တဆိုတာ ထားရမှန်း မသိခဲ့။

အရမ်းလှတယ်ဗျာ.. :)