Wednesday, May 4, 2011

သေကြသူများ

အီဂျစ်က လူတွေ သေတယ်တဲ့
လစ်ဗျားက လူတွေ သေတယ်တဲ့
ဆီးရီးယားက လူတွေ သေတယ်တဲ့
တိဘက်ဘုန်းကြီး သေတယ်တဲ့
ဂျပန်က လူတွေ သေတယ်တဲ့
အိုစမာဘင်လာဒင် သေတယ်တဲ့

ဧရာဝတီက လူတွေ သေတယ်တဲ့
ရခိုင်ပြည်က လူတွေ သေတယ်တဲ့
ရှမ်းပြည်တာလေက လူတွေ သေတယ်တဲ့
ဦးမိုးဟိန်း(သားဂျာနယ်ကျော်) သေတယ်တဲ့
စာရေးဆရာကြီး ပါရဂူ သေတယ်တဲ့
မုန်တိုင်းသင့် ရေလုပ်သားတွေ သေတယ်တဲ့

မသိတဲ့သူတွေ သေတယ်
သိတဲ့သူတွေ သေတယ်
လူ့အဖိုးတန်တွေ သေတယ်
လူ့အန္ဓတွေ သေတယ်
မသေစေချင်တဲ့ သူတွေ သေတယ်

မေတ္တာ သေတယ်
သစ္စာ သေတယ်
ရိုးသားမှုတွေ သေတယ်
တရားမျှတမှုတွေ သေတယ်

တချို့က ယုံကြည်မှု သေတယ်
တချို့က မျှော်လင့်ချက် သေတယ်
တချို့က စကားသေတယ်
တချို့က ဘဝ သေတယ်
တချို့က စိတ်သေတယ်
တချို့က နာမည်သေတယ်
တချို့က ထပ်ကာထပ်ကာ သေနေတယ်.

သေ..
သေ...
သေ....
သေခြင်းရဲ့ နောက်ကွယ်က
ထင်ကျန်ရစ်မယ့် ပုံရိပ်က
သေဆုံးခြင်းမရှိတဲ့ မသေဆုံးသောအဖြစ်နဲ့သာ.။

(ကဗျာလေးရဲ့ ခေါင်းစဉ်နာမည်လေး ရွေးပေးခဲ့တဲ့ ဘလော့ဂါ ဦးမင်းဒင် ကို ကျေးဇူးတင်ပါတယ်။)

21 comments:

မောနေယျ said...

ကဗျာလေးက စာရေးသူရဲ့ ကမ္ဘာကြီးနဲ့ မျက်ခြေမပြတ်မှုကို တစ်ဖက်က လှစ်ပြလိုက်သလို
တစ်ဖက်က သံဝေဂယိမ်းတဲ့ သေခြင်းအကြောင်းကို
မသေခင် ကိုယ်ဘာတွေ ထားခဲ့မလဲလို့ မေးခွန်းထုတ်လိုက်သလို ကိုယ့်ကိုယ်ကိုလဲ အသိဝင်စေတယ်..။

kay said...

သေခြင်းတရား များ ကူးစက် သွားပေါ့.. ညီမ ရေ...
ဒါဟာလည်း.. တရားတော် တပုဒ်ပေါ့..။

ငွေလမင်း said...

ဒီကဗျာလေးက ရေးသားသူရဲ့ ကမ္ဘာ့ရေးကို မျက်ခြေပျက် သူတစ်ယောက်မဟုတ်ဟု ဖော်ပြနေသလို ၊ မသေခင် ဒါတွေမဖြစ်အောင်နေရမယ်ဆိုတဲ့ ရသတခုကို လဲ ပေးစွမ်းသွားတယ်၊ ကျေးဇူးတင်ပါတယ်...ဆက်လက်ရေးသားနိုင်ပါစေစ...။

Nge Naing said...

သဒ္ဒါလှိုင်းရေ - လောလောဆယ် အစ်မတော့ စိတ်သေနေတယ်။

မဗေဒါ (၈၈) said...

ညီမရေ..

ရောက်လာခဲ့သေး..။

`သေ ` နည်းမျိုးစုံထဲ ဘယ်နည်းထဲမှာမှ ` မသေ`(ပါ) ချင်သေးဘူး.. ။

မဗေဒါ (၈၈)

ကိုကိုမောင်(ပန်းရနံ့) said...

သေတာတွေ အများကြီးပါလား။ တော်ပါသေးရဲ့ သိက္ခာသေတာ မပါသေးလို့။း)))

စိတ်ကူးအရမ်းကောင်းတယ်။

ခင်မင်လျက်

နေ၀သန် said...

ကောင်းလိုက်တဲ့ စိတ်ကူးလေးနဲ့ ကဗျာလေး...

SHWE ZIN U said...

ညီမ သဒ္ဒါရေ

ခုချိန်မှာ သေတာကို မကြားချင်အောင်ဖြစ်နေတယ်

ချော(အစိမ်းရောင်လွင်ပြင်) said...
This comment has been removed by the author.
ချော(အစိမ်းရောင်လွင်ပြင်) said...

သေခြင်းတရားဆိုတာ ဘယ်ခါကြားကြား ကြားရတာ နားဝင်မချိုဘူးလို့ ခံစားရပါတယ်
လူသေတာထက် နာမည်သေတာ ပိုဆိုးတယ်နော်
တစ်ချို့လူတွေကျတော့ နာမည်သေနေရက်နဲ့ မျက်နှာပြောင် တိုက်ကောင်းနေကြတယ်။
ရာထူးဂုဏ်ရှိန် ပကာသနကြောင့်လားတော့ မသိ

ချော(အစိမ်းရောင်လွင်ပြင်) said...
This comment has been removed by the author.
မြစ်ကျိုးအင်း said...

ကိုယ့်ချစ်သူခင်သူတွေ ခေါ်ဆောင်ခြင်းခံရမှ နီးနီးလေးမှာရှိတဲ့ သေခြင်းတရားကို ဖျတ်ခနဲ သတိရမိတယ်။

တောက်ပကြယ်စင် said...

တကယ်တော့ သေခြင်းတရားဟာ ကိုယ့်ရဲ့အကောင်းဆုံး မိတ်ဆွေပါပဲနော်...ကိုယ့်ဘေးမှာ အချိန်ပြည့်ရှိနေတယ်...(သူဘယ်အချိန်ခေါ်ခေါ် အထုပ်အပိုးတွေ အသင့်ပြင်ထားဖို့ပဲ လိုပါတယ်)
ကျန်းမာရွှင်လန်း အေးချမ်းပါစေ

လင်းခေတ်ဒီနို said...

နောက်ဆုံး ကိုယ့်စိတ်ကိုယ် သတ်သေတယ်

ခင်မင်လျှက်ပါ မဒါရေး)
ဗညား

sosegado said...

သေ ပြီးရင် ရှင် ၊ တဆက်ထဲဖြစ်၊
ရှင်ပြီးတော့ခံမလား၊ ရှင်ပြီးတော့စံမလား၊
အဝီစိကနေ ထိပ်ဆုံးထိ လည်နေမှာပဲ၊
လည်နေတဲ့ သံသရာကလွတ်အောင်……

Cameron said...

ကဗျာလေးရဲ့ အဓိပ္ပါယ်တော်တ်ာကောင်းတယ်...။ သေခြင်းကို ဘယ်သူမှမမေ့လျော့သင့်ကြောင်း သတိပေးရာရောက်တယ်...။ ဖြစ်ချင်တာမဖြစ်ရသေးလို့ စိတ်တွေသေနေတယ် ခုတော့..။


ခင်တဲ့
မိုးငွေ့

ဆောင်း said...

ညီမရေ
ကိုကြီးကျောက်လဲ...

စိတ်မကောင်းလိုက်တာ

သိင်္ဂါကျော် said...

သေကြတာကတော့ မျက်စိအောက်တင် တစ်ယောက်ပြီး တစ်ယောက်...၊ တစ်ခု ပြီး တစ်ခု...။

lin lin tun said...

သေတော့သေကြတာပဲလေ
အင်းဟုတ်ကဲ့ညီမ
ဘယ်လိုလုပ်ရမလဲ

ွှTraveller said...

ကိုယ်မှာ ဘာတွေများ သေ သွားပြီးလို့ သေဖို့ ဘာတွေများကျန်နေသလဲ စဉ်းစားဖို့ အမှတ်ရစေတယ်

Étoile said...

ကောင်းတယ်
အပိုအလိုမရှိဘူးလို့ ခံစားရတယ်