Friday, April 29, 2011

ရာဇဝင်တခု

သက္ကရာဇ်တခုရဲ့ ရာဇဝင်ထဲ
ထိုးဖေါက်ကြည့်တော့
ရင်ဘတ်တခြမ်းနဲ့ လူ...
ရုပ်သေနေတဲ့ လူ...
အပြုံးတုနဲ့ လူ...
အမုန်းတုနဲ့ လူ...
မျက်ရည်တုနဲ့ လူ...
အရိုင်း လူ...

ပျံ့ကျဲနေတဲ့ စိတ်ရာဇဝင်ထဲ
ဖွေရှာ ကြည့်မိတော့
ညီမျှမှု ကင်းမဲ့ချင်တဲ့ စိတ်...
ရွှေမှုန်ကြဲချင်တဲ့ စိတ်...
ငွေမှုန်ကြဲချင်တဲ့ စိတ်... တွေနဲ့
စိတ်ကိုစိတ်ချင်းထပ်နေတဲ့..
ကြဲချင်တိုင်း ကြဲနေတဲ့ စိတ်တွေနဲ့...

ရာဇဝင်ထဲက လူသားတဦး
ဖွေရှာမိတဲ့ တရားက..
ကန့်လန့်ဖြတ်မနေတဲ့ မျဉ်းတကြောင်း...

နံရံတွေကာထားတဲ့
မေတ္တာတုတွေထဲ..
အပြုံးတွေကာထားတဲ့
ဟန်ဆောင် ကမ္ဘာထဲ..
သစ္စာရည်တွေ ဖြန်းပက်ပစ်လိုက်မယ်..
ရာဇဝင်တခု လှပဖို့ပေါ့..

ခုတော့... ဘဝအသေတွေကို
ရာဇဝင်ဟောင်းထဲမှာ ထားခဲ့ပြီး
ကညစ်နဲ့ ရေးခြစ်နေတဲ့
ဘဝအသစ်တွေကိုတော့
ရာဇဝင်သစ်ထဲမှာ...ပေါ့...!

9 comments:

လင်းခေတ်ဒီနို said...

ရာဇဝင်ထဲက လူသားတဦး
ဖွေရှာမိတဲ့ တရားက..
ကန့်လန့်ဖြတ်မနေတဲ့ မျဉ်းတကြောင်း...


သိပ်လှတဲ့ စကားစုလေး . အဓိပါယ်လည်း လေးနက်စွာ ပါဝင်နေတယ်

ကဗျာတပုဒ်လုံးရဲ့ ပြောချင် ပေးချင်တဲ့ မက်ဆေ့လေးကိုလည်း ကြိုက်တယ်း)))

ကဗျာကောင်း တပုဒ်ပါပဲ မဒါး)))

ခံစားချက်များနဲ့ အမြဲအားပေးလျှက်
ဗညား

Angelhlaing(May everybody be happy and healthy! said...

နံရံတွေကာထားတဲ့
မေတ္တာတုတွေထဲ..
အပြုံးတွေကာထားတဲ့
ဟန်ဆောင် ကမ္ဘာထဲ..
သစ္စာရည်တွေ ဖြန်းပက်ပစ်လိုက်မယ်..
ရာဇဝင်တခု လှပဖို့ပေါ့.....
လှလိုက်တဲ့ အသုံးနှုန်းးးး
မမရေခံစားအားပေးလျှက်
ကောင်းသောနေ့လေးဖြစ်ပါစေ။

Cameron said...

ပျောက်နေတာကြာပြီ ပြန်လာတော့လဲ ကဗျာကောင်းလေးနဲ့....တစ်ပုဒ်လုံးကောင်းတယ်..။

ခင်တဲ့
မိုးငွေ့

သူကြီးမင်း (တုံးဖလား) said...

ရာဇ၀င်သစ်ကို ကညစ်နဲ့ ရေးခြစ်မယ်ပေါ့လေ။ အဲဒီ ရာဇ၀င်ကတော့ တကယ် တောက်ပြောင်လောက်တယ်။ ကညစ်မတုံးသရွေ့ပေါ့။

ခင်မင်လျက်
ကိုကိုမောင်(ပန်းရနံ့)

ချော(အစိမ်းရောင်လွင်ပြင်) said...

ကညစ်အသစ်နဲ့ ရေးတဲ့ ရာဇ၀င်အသစ်ကို ဖတ်သွားတယ် သဒ္ဓါရေ
ဟန်ဆောင်မှုတွေများတဲ့ လောကကြီးမှာ အပြုံးတုတွေလည်း အများကြီးပေါ့
ကဗျာကောင်းလေးမို့ ချီးကျူးမိတယ်

ကိုရင်လေး said...
This comment has been removed by the author.
ကိုရင်လေး said...

အစစ်တစ်ခု အတုတစ်သိန်းဆိုပဲ။
ကညစ်ရဲ့တန်ဘိုးမြင့်တက်မယ့် ရာဇ၀င်ရေးခြစ်နိုင်ပါစေ။

တောက်ပကြယ်စင် said...

တစ်ခါတစ်ခါ ဟန်ဆောင်ပြုံးရတာလည်း အမောသား။ ကျန်းမာရွှင်လန်း အေးချမ်းပါစေ...

blackroze said...

ရင်ထဲကို..ထိသွားတဲ့
ကဗျာလေးပါဘဲ..သဒ္ဒါရေ..
မအားလို့ခုမှဘဲလာဖြစ်တာစိတ်မဆိုးပါနဲ့နော်...