Monday, April 18, 2011

နွေဆူးလင်္ကာ၏ အမှတ်တရကဗျာ

ကမ်းခြေရေးတဲ့ လှိုင်း

ဆူနာမီတွေထက်
အများကြီး မြင့်တယ် ...
ကြောက်မသွားကြပါနဲ့
အဲဒီလှိုင်းက သဒ္ဓါလှိုင်းပါ ...
ကျနော်လို ကမ်းခြေကောင်တွေ
အမြဲမျှော်လင့်နေရတဲ့
စာတွေ သယ်ဆောင်လာတဲ့လှိုင်း ...။

ပင်လယ်တွေ မခမ်းသလို
လှိုင်းတွေ မကုန်သလို
သဒ္ဓါလှိုင်း လည်း
ကျနော်တို့ ရင်ကို
ဆက်ပြီး ရိုက်ခတ်နေနိုင်ပါစေ ....။ ။

(သဒ္ဓါလှိုင်းဘလော့ဂ် တစ်နှစ်ပြည့်အမှတ်တရ)

ချမ်းမြေ့ပါစေ ....
နွေဆူးလင်္ကာ

သဒ္ဓါ့ရဲ့ ဘလော့တနှစ်ပြည့် အမှတ်တရလေး ရေးပေးပါလို့ ပြောလိုက်တာနဲ့ မအားလပ်တဲ့ကြားထဲကနေ ချက်ချင်း ရေးပေးတဲ့ ကိုနွေဆူးကို ကျေးဇူးတင်ကြောင်း ပြောပါရစေ.။

11 comments:

ကိုဇော် said...

ကိုနွေးဆူးကတော့ အမြဲတမ်း လက်စောင်းထက်တာပါပဲ။ ထိထိမိမိကို ကောင်းတယ်။

Anonymous said...

လှပတဲ့ကဗျာပါ။
စာတွေလဲအများကြီးဆက်လက်ရေးနိုင်ပါစေ။
မင်္ဂလာရှိသောနှစ်သစ်ဖြစ်ပြီး
အစစအရာရာအဆင်ပြေသောနှစ်ဖြစ်ပါစေ။

ကိုခိုင်

Angelhlaing(May everybody be happy and healthy! said...

ကဗျာလေးက လည်းကောင်းပနော်..
မမရေ မင်္ဂလာရှိသောနှစ်သစ် လေးဖြစ်ပါစေ။

Anonymous said...

ကဗျာ နဲ့ သဒ္ဒါ လိုက်ပါပေတယ်

ကဗျာဆရာ ကိုနွေဆူး နဲ့ ညီမ သဒ္ဒါတို့ မင်္ဂလာနှစ်သစ်ပါနော်

ခင်မင်စွာဖြင့်
ရွှေစင်ဦး

တောက်ပကြယ်စင် said...

ကဗျာလေး လှလိုက်တာကွယ်...ရနံ့လည်း သင့်ပျံ့ပါပေတယ်...နွေဆူးရော သဒ္ဓါရော နှစ်သစ်မှာ ပျော်ရွှင်ကြပါစေ...(သဒ္ဓါရေ ဘုန်းဘုန်းကို မှတ်မိသေးလား၊ မတွေ့တာလည်း ကြာပြီနော်...)

ကိုအောင်(ပျူနိုင်ငံ) said...

တစ်နှစ်ကနေ နှစ်ပေါင်းများစွာ တိုင်ပါစေ ...

သူကြီးမင်း (တုံးဖလား) said...

တစ်နှစ်ပြည့်ဆိုပေမဲ့ မာတိကာကို ကြည့်လိုက်တော့ ၂၀၀၉က စခဲ့သလိုလိုပါလား။း))))

ကဗျာလေးကလဲကောင်း သဒ္ဓါလေးကလဲကောင်းတော့
ကျနော်လဲ အသာကလေး ချောင်းကြည့်သွားတယ်။

နှစ်များစွာ ပျော်ရွှင်စွာ ချီတက်နိုင်ပါစေ။

ခင်မင်လျက်
ကိုကိုမောင်(ပန်းရနံ့)

အဖြူရောင်နတ်သမီး said...

နှစ်သစ်မင်္ဂလာမှသည်...
ရင်ထဲက စာစုများ ဆက်လက်ရှင်သန်ပါစေကြောင်း ဆုတောင်းလိုက်ပါတယ် သူငယ်ချင်းရေ...

မဗေဒါ (၈၈) said...

ညီမရေ..

ရောက်လာပါသည်..

ရှင်သန်နိုင်တဲ့ လှိုင်း... အားပြင်းတဲ့ လှိုင်း.. မာန်ပါတဲ့ လှိုင်း.. အဓိပ္ပါယ်ရှိတဲ့ ဘဝများစွာ ဖန်တီးပေးနိုင်ပါစေလို့ ဆုတောင်းရင်း.. ။

လာတာနောက်ကျသွားပါတယ်ရှင်...

မဗေဒါ (၈၈)

မြန်မာအွန်လိုင်းဘလော့ဂ္ဂါများအသင်း said...

သဒ္ဓါလှိုင်းဒီ့ထက်မက ပိုအောင်မြငတာ ပိုမြင့်တာကို မြင်ရပါစေသား။ မေတ္တာပို့သလျက်....


ဒီကိုလည်း လာလည်ပါဦးနော် www.moba4all.org ပါ။ စာလေးတွေ ၊ ကဗျာလေးတွေလဲ လာရောက်ဝေငှပေးပါလို့ ဖိတ်ပါတယ်ရှင်။

ခင်မင်လေးစားလျက်
မေသိမ့်သိမ့်ကျော်
www.moba4all.org

လင်းခေတ်ဒီနို said...

ကိုနွေဆူးကတော့ ဆ၇ာ့ဆ၇ာပဲး))

မဒါရေ နေကောင်းပါစဗျး))