Wednesday, October 6, 2010

လောင်မြိုက်စေခဲ့လေသလား…

ကမ္ဘာမြေပေါ်မှာ နေထိုင်နေကြတဲ့ လူသားတွေရဲ့ စိတ်ထဲမှာ တစုံတခုအတွက်.. တစုံတရာသော မေးခွန်းတွေ အတွက်… တစုံတရာသော မမျှတမှုတွေ အတွက်… `……………တွေ´ အတွက် လောင်မြိုက်နေကြရပါလား…။

ရင်ထဲ၊ နှလုံးသားထဲမှာ တစုံတရာသော အကြောင်းအရာတွေအတွက် လောင်မြိုက်ခဲ့ကြရတယ်။

ဘယ်လောက်များ လောင်မြိုက်မှုတွေ များခဲ့ရပါပြီလဲ…!

သူတပါးရဲ့ အပြောအဆို၊ အပြုအမူ၊ စိတ်နေစိတ်ထားတွေနဲ့ အကျင့်အကြံ တွေကြောင့် လောင်မြိုက် ကြရတယ်။ မိမိကြောင့် `ငါ´ မဟုတ်တဲ့ သူတပါးအပေါ် လောင်မြိုက်မှုတွေများ ပေးခဲ့မိလေ သလားးးးးး

မိမိရဲ့ မသိလို့ပဲဖြစ်ဖြစ်၊ သိလို့ပဲဖြစ်ဖြစ်၊ ကိုယ် စိတ်နှလုံး၊ အပြုအမူ၊ အပြောအဆို၊ ဟန်ပန် တွေကြောင့် တပါးသူရဲ့ စိတ်မှာ မလောင်ကျွမ်းစေချင်ပါဘူး..။ တခါတရံမှာ မိမိရဲ့ အပြောအဆိုလေး တခုကြောင့်…. စိတ်ကူးလေး တခုကြောင့်… တပါးသူကို ပြင်းထန် လောင်မြိုက် သွားစေနိုင်ပါတယ်..။

မိမိရဲ့ သိလိုစိတ် မေးခွန်းတွေကြောင့်လည်း သူတပါးရဲ့ ရင်ထဲမှာ လောင်မြိုက်မှုတွေ ဖြစ်သွားစေနိုင်ပါတယ်.။ သူတပါးရဲ့ စိတ် မလောင်မြိုက်စေဖို့ မပြောသင့်တာကို မပြောမိဖို့၊ မမေးသင့်တာကို မမေးမိဖို့လည်း လိုပါတယ်။

မိမိရဲ့ အမေးတခွန်းကြောင့် တပါးသူမှာ မဖြေချင်ပေမဲ့. ဖြေခဲ့ကြရတဲ့ အဖြေလေးတွေ အတွက် ဘယ်လောက်တောင် လောင်မြိုက်သွားခဲ့ရပြီလဲ……။ မပြောချင်ပေမဲ့ ပြောခဲ့ကြရပြီ….။ မဖြေချင်ပေမဲ့လည်း ဖြေလိုက်ကြရပြီ…။ ဖြေလိုက်ရပေမဲ့.. ပြောလိုက်ရပေမဲ့ တပါးသူမှာတော့ အဖြေတခုအတွက် လောင်မြိုက်မှုတွေ ဖြစ်သွားခဲ့လိမ့်မယ်။ အဲဒီအခါ သူတပါးရဲ့စိတ် လောင်မြိုက်သွားခဲ့လား ဆိုတာ သတိပြုမိ လိုက်ပါရဲ့လား…။ သတိပြုမိ ခဲ့ရင်လည်း လောင်မြိုက်မှု အတွက် ကိုယ်ချင်းစာစိတ် ရှိခဲ့ ပါ့မလားလို့ တွေးမိတယ်…။

လောင်မြိုက်သွားမှု အတွက် ဘယ်လိုမျိုး ရေချမ်းလေးနဲ့ ပြန်ပြီး ဖျန်းပက် ပေးနိုင်ပါ့မလဲ…။ ဖျန်းပက်ပေးတယ် ဆိုအုံးတော့… လောင်မြိုက်ခဲ့တဲ့ အပူရှိန်ရဲ့ ပူပြင်းမှုလေးတွေကတော့ ထင်ကျန်နေခဲ့အုံးမှာပဲလေ..။

ဒါကြောင့် သူတပါး အဖြေခက်မယ့် မေးခွန်းမျိုးကို မမေးမိဖို့.. မသိချင်ဖို့ ကြိုးစားရလိမ့်မယ်..။ သူတပါး အဖြေခက်မယ့် မေးခွန်းမျိုးကို မသိသား ဆိုးရွားစွာနဲ့ ဘာကြောင့်များ ဆက်ပြီး မေးအုံးမှာလဲ…။

သူတပါးရဲ့စိတ် မလောင်မြိုက်စေဖို့ နေထိုင်နိုင်တာလည်း လောကလူ့ဘောင်အတွက် လှပတဲ့ အနုပညာ ဖန်တီးခြင်း တမျိုးပါပဲလေ...။

မိမိလည်း တပါးသူ အဖြေခက်စေမယ့် မေးခွန်းမျိုးတွေ မေးခဲ့မိလေသလားလို့ တမျှော်ကြီး စဉ်းစားနေရင်း အတွေး ရေယာဉ်ကြောကြီးထဲ မျောချင်တိုင်း မျောနေလေတော့တယ်…။

24 comments:

ညိမ်းနိုင် said...

ဟုတ်တယ်...ကိုယ်ပြောလိုက်တဲ့ စကား၊မေးလိုက်တဲ့မေး
ခွန်းတွေက တဖက်သားကို ထိခိုက်စေမှာကို မလိုလားခဲ့
ပါဘူး..။ခက်တာက အဲလိုအတွေးတွေနဲ့ မပြောဖြစ်လိုက်
မိတဲ့အခါမှာကြတော့လည်း....။

မဗေဒါ (၈၈) said...

ညီမရေ..

ထက်ထက်မိုးဦး ကိစ္စတော့ ဟုတ်ပါဘူးနော်..။

မသိလို့ မေးခဲ့မိရင်တောင် တခြားသူ နာကျင်သွားရင် ကိုယ်က တောင်းပန်တက်ရမယ်.. ထင်တာပါပဲ..။ စဉ်းစားမိတာက တခါတလေ ကိုယ့်အတွက် အဆင်ပြေတဲ့ ကိစ္စက တပါးသူအတွက် အခက်အခဲ ဖြစ်နေတာမျိုးလည်း ရှိတော့ နဲနဲတော့ ပြောရ ခက်တာပေါ့နော်..။

ဒါပေမယ့် ဘာပဲပြောပြော ကိုယ်က ဝန်းကျင်နဲ့ ဆက်စပ်တက်တဲ့ အခြေအနေ နောက်ကြောင်းတော့ သိထားရင် အမှားလုပ်မိဖို့ အဟန့်အတားဖြစ်မယ်ထင်တာပါပဲနော်..။

မဗေဒါ (၈၈)

SHWE ZIN U said...

မဖြေချင်တာ ကို တချို့လည်း အတင်းမေးတတ်ကြတယ်

တချို့ကလည်း ပါးစပ်နဲ့ မဖြေဘူး လက်နဲ့ဖြေလေ့ရှိတယ် အဟဲ

ခင်မင်စွာဖြင့်
ရွှေစင်ဦး

ခိုင်နုငယ် said...

မမသဒ္ဓါရေ...
သတိနဲ့ဆင်ယှဉ်စရာ ပိုစ့်ကောင်းလေးတစ်ခုပါ။
နောက်ဆို ကိုယ်မေးလိုက်တဲ့မေးခွန်းဟာ
တစ်ဖက်လူအတွက် မနစ်နာစေဖို့
သတိထားရမှာပေါ့နှော်..။
မမသဒ္ဓါရေ..စာတွေအများကြီးမဖတ်နိုင်သေးပေမယ့်
ရောက်လာခဲ့ပါတယ်။
ခင်တဲ့
ခိုင်နုငယ်

အဖြူရောင်နတ်သမီး said...

ဟုတ်တယ်...
သဒ္ဓါပြောတာ သိပ်မှန်တယ်..
တဖက်သားက ပြောချင်မှန်း မပြောချင်မှန်းမသိ..၊
အတင်းမေးတဲ့သူတွေနဲ့လည်း တွေ့ဖူးတယ်။
မျက်ရိပ်မျက်ကဲ ပြလို့လည်းသဘောမပေါက်။
မကြီးရွှေစင်ဦးပြောသလို လက်နဲ့သာ ဖြေလိုက်ချင်တော့တာပါပဲ..း)

တချို့ကျပြန်တော့ ကိုယ်ကမသိစေချင်လို့ ဖုံးဖိထားပါတယ်ဆိုမှ အစဖော်ချင်နေကြပြန်ရော...
ညီမကတော့ ပြောသင့် မပြောသင့် ကိုယ့်ဖာသာအရင်စဉ်းစားပြီးမှ ပြောတယ်..။
ဒါတောင် တခါတလေ..မပြောသင့်တဲ့စကား ပြောမိတတ်သေးတယ်..။
သြော်...လူ့ ပါးစပ်ဆိုတာကလည်း ပိတ်ဖို့ခက်သားလား...

သူကြီးမင်း (တုံးဖလား) said...

ဖြတ်သန်းခဲ့တဲ့ ဘ၀တစ်လျောက် မသိလိုက်မသိဖာသာ လောင်မြိုက်စေခဲ့၊ လောင်မြိုက်ခံခဲ့ရပေါင်း မနည်းလှတော့ဘူး။ သဒ္ဓါလှိုင်းက ဘ၀ဆန်ဆန် စဉ်းစားတတ်တယ်နော်။ သက်ဆိုင်သူတွေ ဒီစာလေးဖတ်ပြီး အပြောအဆို အနေအထိုင် အမူအကျင့် ပြင်ဆင်ကြရင် သိပ်ကောင်းမှာဘဲလို့ အောက်မေ့မိတယ်။

ခင်မင်လျက်
ကိုကိုမောင်(ပန်းရနံ့)

ahphyulay said...

အင်း....
အမြဲတန်းပဲ တစ်ယောက်နဲ့ တစ်ယောက် တွေးခေါ်
ယူဆ နေပုံခြင်း မတူ နေတဲ့  လူ့  သဘာဝ ကြီး
ထဲ မှာ ဒီလောက်တော့  လဲ ဖြစ်ဖြစ် နေမှာပါပဲ။
ဘာပဲ ပြောပြော အပြု သဘောလေး ဆောင်နေရင်တော့ 
ဖြေသိမ့်  လို့ ရမှာပါ။

ကိုအောင် said...

ဘာတွေများလဲ ဖတ်တော့ဖတ်တယ်၊ သဘော
မပေါက်လို့ ....း)

ချော(အစိမ်းရောင်လွင်ပြင်) said...

စကားတိုင်းကို သတိနဲ့ ဆင်ခြင်ပြီးပြောကြရင် အကောင်းဆုံးပေါ့နော်။
တစ်ချို့သော စကားတွေဟာ မရည်ရွယ်ဘဲ တစ်ဘက်လူ နစ်နာစရာတွေ ဖြစ်သွားတတ်ကြတယ်..
တစ်ချို့ကျတော့ တမင်ရည်ရွယ်ပြီး နစ်နာအောင်ပြောကြတယ်
မကောင်းတာတော့ ၂ခုလုံးတော့ မကောင်းပါဘူး။
စကားဆိုတာ တစ်ယောက်ယောက်အတွက် နာကျင်စရာဖြစ်အောင် ဘယ်လိုဘဲဖြစ်ဖြစ် မပြောသင့်ပါဘူး။

မြစ်ကျိုးအင်း said...

မေးခွန်းမှမဟုတ်ပါဘူး ဘယ်အပြုအမူနဲ့ပဲဖြစ်ဖြစ် တဖက်သား စိတ်အနှောင့်အယှက် မဖြစ်စေတာ အကောင်းဆုံးပါပဲ။

ကိုဇော် said...

တချို့က ရည်ရွယ်ချက်နဲ့ကို ဟိုဘက် ဒီဘက် နောက်ကွယ်ကနေ လုပ်တတ်ကြသေးတယ်ဗျ။
ပြီးတော့ သူတို့ကလည်း သူတို့ပဲ မလုပ်သလိုနဲ့ ရှိန်တိန် လုပ်တတ်ကြသေး။
ကဲ...မခက်ဘူးလား။

ရေသန့် said...

တစ်စုံတစ်ခု တစ်စုံတစ်ဦးအတွက်တော့ လောင်မြိုက်နေရတတ်ပါတယ်....ဟူးးးးးးးး

အင်ကြင်းသန့် said...

မမရေ....တစ်ချို့သူတွေကတော့ တစ်ဖက်သားမှာ ကိုယ့်မေးခွန်းကြောင့် လောင်မြိုက်မယ်မှန်းသိသိကြီးနဲ့ကို တမင်မေးတတ်ကြပါတယ်။ ကိုယ်ကိုယ်တိုင် အဲလိုလူမျိုးထဲမှာ မပါအောင်တော့ ကြိုးစားနေမိတယ်။

ချစ်တဲ့
ဂျင်း

နှင်းဟေမာ said...

အစ်မရေ..

လူတိုင်း အမှတ်တမဲ့နဲ့ ပြုမူနိုင်တဲ့ ကိစ္စမျိုးဖြစ်သလို
အထူးဆင်ခြင်သင့်တဲ့ အပြုအမူတစ်ခုလဲဖြစ်ပါတယ်...။
ခုလို သတိပေးရေးသားတဲ့အတွက် အားလုံးအတွက် တန်ဖိုးရှိသလို အကျိုးကျေးဇူးတစ်ခုပြုရာရောက်ပါတယ်..။ အတွေးအခေါ်ရည်ရွယ်ချက်ကောင်းလေးတွေနဲ့ ခုလိုရေးသားတတ်တဲ့ အစ်မ ... စာတွေအများကြီး ဆက်လက်ရေးသားနိုင်ပါစေလို့ ဆန္ဒပြုရင်း

နှင်း ...

ဇွန်မ said...

တစ်ခါတစ်လေတော့လဲ တစ်ဖက်သားက မရည်ရွယ်ဘဲပြောလိုက်တဲ့ စကားတစ်ခွန်း ဆိုသည့်တိုင် ဆင်ခြင်တုံတရားမရှိတဲ့အတွက် နောက်တစ်ဦးမှာတော့ ဘဝနဲ့ယှဉ်ပြီး လောင်မြိုက်စေခဲ့တာမျိုးပေါ့ အမရေ...

ကောင်းမွန်ဝင်း said...

ညီမရဲ့ ပို့စ်တွေကအမြဲတွေးစရာနဲ့ ဆင်ခြင်စရာတွေကိုရတယ်။

တစ်ဦးတစ်ယောက်စီရဲ့ ယဉ်ကျေးမှုမြင့်အနိမ့်အမြင့်ပေါ်လိုက်ပြီး လောင်မြိုက်စေခဲ့ ကြတယ်ထင်ပါရဲ့နော်။

သော်ဇင်စိုး said...

စာလေးတစ်ခုထဲမှာဖတ်ဖူးတယ်.. သူရဲ့ဆိုလိုရင်းလေးက "ကိုယ့်နဲ့လိုက်လျောညီထွေဖြစ်ဖို့ ပတ်ဝန်းကျင်ကိုထုဆစ်တာထက် ပတ်ဝန်းကျင်နဲ့လိုက်လျောညီထွေဖြစ်ဖို့အတွက် ကိုယ့်ကိုယ့်ကို ထုဆစ်တာက ပိုမြတ်လိမ့်မယ်"တဲ့။ စဉ်းစားကြည့်တော့.. ဒီလိုသာလူသားတွေ အားလုံးကျင့်ကြံကြရင် ဘယ်လောက်ကောင်းမလဲနော်.. ဘာသာတွေ၊ ၀ါဒတွေ၊ နယ်နိမိတ်တွေခြားချင်တိုင်းခြားကြပြီး အမုန်းတွေ၊ စစ်တွေ ဖြစ်စရာမလိုတော့ဘူးပေါ့။
ဒါပေမဲ့ ခက်တာက အားလုံးက ကိုယ့်လိုမျိုးမဟုတ်တော့ ဒီလိုအတိုင်းသာ အမှန်ကျင့်ကြံလိုက်ရင် ၀ိညာဏ်ပျောက်သွားလိမ့်မယ်.. ထင်တယ်။ ကိုယ့်မှာလည်း အတ္တလေးတွေ ရှိသေးတာကိုး။ ထင်တာတွေ၊ ယူဆထားတာတွေ၊ ယုံကြည်တာတွေ ဖြစ်မလာတော့ ဒေါသထွက်မိတယ်။ အေးငြိမ်းပါပေ့ဆိုတဲ့ တရားဆိုတာတွေတောင် တရားကတရား၊ ဒေါသက ဒေါသဖြစ်နေတတ်တယ်။
အတ္တဆိုပေမဲ့ ကျွန်တော်ကတော့ ယုံကြည်ထားတာတွေလည်း ဖြစ်အောင်တော့ ပုံဖော်ဦးမှ ဘ၀ဆိုတာ အဓိပ္ပာယ်ရှိမလားပဲ..

မိမိဖြစ်ချင်တဲ့ ၀န်းကျင် ပတ်ဝန်းကျင်လေးတစ်ခု ဖန်တီးနိုင်ပါစေ..

သိင်္ဂါကျော် said...

အကျိုးမရှိတဲ့ စကားတွေကို တတ်နိုင်သမျှ မပြောတာ အကောင်းဆုံးပါပဲနော်..

ဧည့်သည် said...

တစ်ခါတစ်လေကြတော့လည်း မရည်ရွယ်ပဲ မေးမိတာတွေ ရှိတတ်မိတယ် ...။ အတော်သတိထားရမယ့် ကိစ္စပဲနော် ...

ဇော်သိင်္ခ said...

ကိုယ်ပြောလိုက်တဲ့ ၊ မေးလိုက်တဲ့ စကားတစ်ခွန်း၊ အတွက် အပြောခံလိုက်ရသူ ၊ အမေးခံလိုက်ရသူအတွက် လောင်မြိုက်စေတဲ့ စကားမျိုး၊ မေးခွန်းမျိုးကို (အရင်က အနည်းငယ်သိထားသော်လည်း ယခု ) အတက်နိုင်ဆုံး ရှောင်ကြဉ်နိုင်အောင် သတိရစေတဲ့ ပို့စ်ကောင်းလေး ဖြစ်တဲ့ အတွက် ကျေးဇူးတင်ပါတယ်ခင်ဗျာ..

ခင်မင်စွာဖြင့်
ဇော်သိင်္ခ

ညလင်းအိမ် said...

သူ့တစ်ပါး စိတ်ညစ်စေမယ့် အပြုအမူတွေ မလုပ်မိအောင် နေထိုင်ရမှာပေါ့လေ ...

မှတ်သားသွားပါဧ။်

ကိုခိုင် said...

တခါလေကျတော့
အမှတ်မထင်
မတော်တဆလေးတွေုဖြစ်တတ်ကြပါတယ်။
အပြုံးလေးတွေနဲ့တဦးနဲ့တဦး
ဆက်ဆံကြရင်
အကောင်းဆုံးလို့ထင်မိတာပါပဲ။
ကျန်းမာပါစေ။

ကိုခိုင်

may16 said...

မှန်လိုက်တာ မသဒ္ဓါရယ် မလောင်မြိုက်စေဖို့ အရေးကြီးတယ်နော် တကယ်ပါ..

မြသွေးနီ said...

မေးခွန်းတွေဆိုတာ လူတွေနဲ့ မကင်းနိုင်ပါဘူး..။
ဘယ်လိုမေးခွန်းတွေ မေးတတ်ရမယ်..။
ဘယ်လိုမေးခွန်းတွေ မမေးသင့်ဘူး..။
ဘယ်လိုမေးခွန်းတွေကို ဖြေတတ်ရမယ်...။
ဘယ်လိုမေးခွန်းတွေကို ရှောင်တတ်ရမယ်...။
အလွန် စိတ်ဝင်စားစရာကောင်းလှတယ်..။
အားလုံးကို နာကျင်ခံခက်တဲ့ မေးခွန်းတွေနဲ့ဝေးပြီး.. ပျော်ရွှင်ချမ်းမြေ့စရာ မေးခွန်းများနဲ့သာ ဆုံတွေ့စေချင်ပါတယ်ရှင်။