Friday, October 1, 2010

ဘ၀တခု ဖြတ်ကျော်ချိန်မှာ...

လူတိုင်း လူတိုင်း... မလွဲမသွေ ရှောင်လွဲလို့ မရနိုင်တဲ့ အရိပ်သဖွယ် လိုက်နေတာ ကတော့ အို၊ နာ၊ သေတဲ့..။

ဒီစကားလုံးလေးကို ဟိုးးးးးးးးး ငယ်ငယ် စာအုပ်လေးတွေမှာ ဖတ်ဖူး၊ မြင်ဖူးနေခဲ့တယ်.။

နုပျိုတဲ့အရွယ်ကနေ တဖြည်းဖြည်း အသက်အရွယ် ကြီးလို့ ရင့်ကျက်လာပြီး အိုမင်းတဲ့ ဘ၀ကြီးကို မရောက်ချင်ပေမဲ့ ရောက်ရှိလာကြရမယ်.။ အိုမင်းတဲ့ဘ၀တခုကို ရောက်ပြီဆိုရင်…… မိမိရဲ့ဘေးမှာ ဘယ်လိုအရာတွေ… ဘယ်လို တရားတွေနဲ့ ၀န်းရံ နေပါ့မလဲ…။ အကောင်းဆုံး အဖေါ်က ဘာဖြစ်လိမ့်မလဲ…။

တွေးကြည့်ရုံနဲ့တင် ကြက်သီးထစရာ!!!!!

မိမိရော….. အိုမင်းလာတဲ့ အချိန်တခုကို ရောက်ရင် ဘာတွေနဲ့ ရင်ဆိုင်ရမလဲ… စိတ်ခွန်အားတွေရော အားကောင်းပါ့မလား… စိတ်ချမ်းမြေ့စရာ ကောင်းတဲ့… သာယာလှပတဲ့ ၀န်းကျင်လေးထဲမှာ တရားမျှတစွာနဲ့ အိုမင်းလှတဲ့ ဘ၀လေးကို ဖြတ်ကျော်နိုင်ပါ့မလား……….

တပါးသူရဲ့ အိုမင်းလှတဲ့ ဘ၀လေးတွေကိုလည်း ကိုယ်ချင်းစာတရားထားနိုင်ပြီး ဘယ်လို ပုံသဏ္ဍာန်မျိုးနဲ့ ၀န်းရံ ပေးနိုင်ပါ့မလဲ…။ အိုမင်းလာတဲ့ အချိန်လေးမှာ အထီးကျန်ဆန်မှုတွေကို တတ်နိုင်သလောက် ဖြည့်ဆည်းပေးနိုင်ပြီး စောင့်ရှောက်ပေးနိုင်မယ့် ခွန်အားတွေရော ရှိနေပါပြီလား…။

နုပျိုတဲ့ ဘ၀လေးကနေ အိုမင်းတဲ့ ဘ၀တခုကို လိုချင်တပ်မက်မိမှာ မဟုတ်သလို အိုမင်းတဲ့ ဘ၀လေး ရောက်ခဲ့ရင်လည်း ကိုယ်၊ စိတ်၊ နှလုံး ကျန်းမာစွာနဲ့ ရှိနိုင်ဖို့ အရေးကြီးပါတယ်..။ အဲလို ကိုယ်၊ စိတ် ကျန်းမာစွာ ရှိနိုင်ဖို့အတွက် ငယ်ရွယ်တဲ့သူတွေက ဖေးမတွဲကူဖို့…. အားလပ်တဲ့ အချိန်လေးတွေမှာ အတူတကွ အဖေါ်ပြုပေးဖို့… စိတ်အားဖြည့်ပေးဖို့…. တယောက်တည်း ရှိနေတဲ့ အချိန်လေးတွေမှာလည်း ကိုယ်တိုင် စိတ်ပျော်ရွှင်မှုလေးတွေနဲ့ နေထိုင်နိုင်အောင် ပြုလုပ် စွမ်းဆောင် ပေးနိုင်ခဲ့ရင်.. အိုမင်းနေတဲ့ အဘိုးအဘွားတွေ အတွက် တတ်နိုင်သလောက်လေး လုပ်ပေးနိုင်ခဲ့ရင်…ပေါ့။

အဓိကက စိတ်ကျန်းမာနေရင် အရာအားလုံးနီးပါးလည်း ကျန်းမာနိုင်မယ်လို့ ထင်ပါတယ်။ အသက်အရွယ် ကြီးသူတွေကို ဦးစားပေး ဆက်ဆံတတ်ဖို့လည်း လိုမယ်ထင်ပါတယ်။ မေတ္တာတွေ ပေးတတ်ဖို့ လိုပါတယ်..။

အိုမင်းတဲ့ အသက်အရွယ်ကြီးသူတွေကို ကူညီစောင့်ရှောက်ပြီး မိမိရဲ့ ပေးဆပ်နိုင်တဲ့ ပေးဆပ်မှုလေးတွေနဲ့ ဖြည့်ဆည်းပေးပြီး လုပ်ပေးနေတ STA အဖွဲ့လေးတခု ပွင့်ဖူးလာတာကလည်း ကမ္ဘာမြေပြင် အတွက် လှပတဲ့ သက်ဝင် လှုပ်ရှားမှုလေး တခုပါပဲ..။

မိမိတို့ရဲ့ မိသားစုအတွင်း... မိမိတို့ရဲ့ ပတ်ဝန်းကျင် အ၀န်းအ၀ိုင်းအတွင်း... မှာ သက်ကြီးရွယ်အို အဘိုးအဘွားများအား တတ်အားသရွေ့ ဖေးမကူညီ စောင့်ရှောက်ရင်း... မေတ္တာတွေ ဝေမျှပေးရင်း... အိုမင်းနေတဲ့ ဘ၀တွေကို အားအင်ဖြစ်စေမယ့်.. ကြည်နူးမှုတွေ ဖြစ်စေမယ့်... အကြင်နာ မေတ္တာများ ပေးနိုင်ကြဖို့ ရည်သန်မျှော်တွေးရင်းးး

အောက်တိုဘာလ(၁) ရက်နေ့မှာ ကျရောက်တဲ့ အပြည်ပြည်ဆိုင်ရာ သက်ကြီးရွယ်အိုများနေ့မှာ အသက်အရွယ်ကြီးမြတ်သူ ဘိုးဘွားတို့အား လက်ဆယ်ဖြာမိုး ရှီခိုးဦးချလျက်..

18 comments:

သောစေယျံ said...

တော်တော်လေးကောင်းပါတယ် အမြဲတန်းလဲမလွတ်တန်းဖတ်နေတယ် ခုရေးလိုက်တဲ့ စာလေးဖတ်လိုက်ရတော့ သတင်းကျွတ်ခါနီး မြန်မာပြည်ရှိစဉ်က သက်ကြီးဘိုးသွားတွေကို ကန်တော့တာ သွားပြီး သတိရမိပါတယ်

အင်ကြင်းသန့် said...

မမရေ....ပိုစ့်ကောင်းလေး တစ်ပုဒ်ပါ။
ဂျင်းဖြင့် ကိုယ့်အလုပ်တွေနဲ့ကိုယ်ရှုပ်ပြီး ဒီနေ့ကို မေ့တောင်နေတယ်။ မမရဲ့ပိုစ့်ကိုဖတ်လိုက်မှ အသိလေးပြန်ဝင်သွားတယ်။ ကျေးဇူးပဲနော်....။

နေရောကောင်းပြီလား....ဂရုစိုက်နော်....

ချစ်တဲ့
ဂျင်း

သက်ဝေ said...

အပြည်ပြည်ဆိုင်ရာ သက်ကြီးရွယ်အိုများနေ့မှာ မိဘ ဘိုးဘွား ဆရာသမား သက်ကြီးရွယ်အိုတွေ အားလုံး စိတ်ရော ကိုယ်ပါ ကျန်းမာ ချမ်းသာစေကြောင်း ထပ်တူ ဆုတောင်းသွားပါတယ်...
ကျေးဇူး...

အဖြူရောင်နတ်သမီး said...

ပို့စ်လေးလည်း ဖတ်ရင်း...
အပြည်ပြည်ဆိုင်ရာ သက်ကြီးရွယ်အိုများနေ့မှာ
အဘိုး အဘွား အားလုံးကို ကန်တော့ခွင့်ရအောင် သတိပေးတဲ့အတွက်
သဒ္ဓ့ါကို ကျေးဇူးတင်ပါတယ်နော်...

ကိုအောင် said...

သက်ကြီးရွယ်အိုအားလုံး ပျော်ရွှင်ပါစေ။

blackroze said...

အိုမင်းလာတဲ့တနေ့ဆိုတာ
လူတိုင်းမလွဲမသွေရင်ဆိုင်ရမှာပါလေ..
ဒီပိုစ့်လေးဖတ်ပြီးတော့....
အင်းးးးးးးးးးးးးးးးးး
ကျမတို့လည်းမအိုသေးပေမဲ့
ကြိုပြင်ဆင်ထားသင့်တယ်နော်...

ချော(အစိမ်းရောင်လွင်ပြင်) said...

ကိုယ့်အတွက်လည်း ပြင်ဆင် ကိုယ်တွေထက် သက်ရွယ်ကြီးတွေသူတွေကိုလည်း ရိုသေချစ်ခင်စွာ စောင့်ရှောက်ကြရအောင်နော်...

မြစ်ကျိုးအင်း said...

ဒီလိုနေ့လေးတွေကို ဖော်ပြတာ ကောင်းတယ်။
ကိုယ်လည်း တနေ့ အိုရမှာ ဆိုတော့ ခုထဲက သက်ဆိုင်တဲ့ ပို့စ်လေးပါပဲ။

မြသွေးနီ said...

ညီမသဒ္ဓါ...
ဒီမှာလည်းတစ်ခေါက်လာဖတ်သွားပါတယ်။
ဒီလိုနေ့ထူးနေ့မြတ်မျိုးမှာ တန်ဖိုးရှိတဲ့ပို့စ်လေးဖတ်ရတာ မင်္ဂလာအပေါင်းနဲ့ ပြည့်စုံသွားသလိုပါဘဲ ညီမရေ။

ahphyulay said...

တစ်ယောက်ထဲ ဝင်လာ ခဲ့  ရသူ တွေ မို့ 
တစ်ယောက်ထဲ ပဲ ပြန်ထွက် ရ တော့  မဲ့ 
နေ့  တစ်နေ့  ကို ကျွန်တော် တို့  တစ်နေ့ 
ရင်ဆိုင် ရ တော့  မှာ ပါ ။
ကိုယ် ကိုယ် တိုင် လဲ တစ်နေ့  အကတော့ ခံ လူတန်းစား
ထဲ ပါ ရ တော့  မှာ၊
ဘဝ နေဝင်ချိန် ကို ဖြတ်သန်း နေ ရသူ တွေ မို့ 
လုပ်သင့်  တဲ့  အလုပ် တစ်ခု ပါပဲ ။

ခင်တဲ့ 

Anonymous said...

မြင်သာမြင်မကြင်ရပါဗျာ
ုပို့စ်တွေ့ပြီး မန့်မရတာနဲ့ လှည့်ပြန်ပြီး ကနေ့လာမန့် သွားတယ်ရဗျာ့ သတင်းကျွတ်ကျရင် ကျွန်တော်တို့အဖွဲ့တော့ ဆည်းဆာရိပ်ဘိုးဘွားရိပ်သာကို ချီတက်ကျဖို့ပြင်ထားကြတယ်း)

မောင်ဘကြိုင်

သူကြီးမင်း (တုံးဖလား) said...

ဘိုးဘွားတွေဟာလဲ တစ်ချိန်တုန်းက လူငယ်တွေပါ။ ယခုလူငယ်တွေလဲ တစ်ချိန်ကျရင် ဘိုးဘွားတွေ ဖြစ်ကြရဦးမှာပါ။ ဒါကြောင့် ဘိုးဘွားတွေကို တတ်နိုင်သမျှ ဖေးမ ကူညီသင့်ပါတယ်။

ခင်မင်လျက်
ကိုကိုမောင်(ပန်းရနံ့)

Cameron said...

ညီမလေးပို့စ်ကိုဖတ်ပြီး ပီတိဝမ်းမြောက်ဖြစ်မိတယ်...
အဘိုးအဘွားတွေအားလုံးကိုလဲ ဒီနေရာက ကန်တော့လိုက်ပါတယ်...ဒီသီတင်းကျွတ်ရင်တော့ အဖွားကိုသွားကန်တော့ရမယ်...။

ခင်တဲ့
မိုးငွေ့

မိုးစက်အိမ် said...

စာနာမှုနဲ့ ဖေးကူပေးတဲ့ ပို့ စ်လေးအတွက်
မသဒ္ဓါလည်း လိုအင်ဆန္ဒတွေပြည့်ဝပါစေဗျာ

ရွှေရတုမှတ်တမ်း said...

ဘကျောက်ကိုလဲ ကန်တော့ကြဦးလေ

သော်ဇင်စိုး said...

မနေ့ကပဲ Eleven မှာဖတ်လိုက်ရတယ်.. ကျွန်တော်တို့ မြန်မာနိုင်ငံမှာ လူ(၁၁)ယောက်မှာ သက်ကြီးရွယ်အို တစ်ယောက်ရှိနေပြီတဲ့..
အားလုံးက ဆေးပညာနဲ့ အသိလေးသာ တိုးတက်လာလို့ အသက်ရှည်လာကြပေမဲ့ အိမ်ထောင်စုတစ်ခုစီမှာ မနက်မိုးလင်းတာနဲ့ ရှိရှိသမျှလူတွေအားလုံး အလုပ်ခွင်ဝင်ကြရတော့ အိမ်မှာ ကျန်ခဲ့တဲ့သူတွေက (သူတို့တို့ကို အသုံးမ၀င်တော့ဘူးလို့ အားငယ်နေတဲ့) အဘိုးကြီး၊ အဘွားကြီးတွေပဲကျန်ရစ်ခဲ့တယ်။
အမှန်ဆိုရင် သူတို့ဟာ အမှတ်တရတွေ အပြည့်ရေးခြစ်ထားတဲ့ လောကထဲရှိ တန်ဖိုးမဖြတ်နိုင်တဲ့ စာအုပ်ကောင်းတွေပါ.. ကျွန်တော်တို့ သူတို့တွေဆီက သင်ယူသင့်တာတွေအများကြီးသင်ယူလို့ရနိုင်သလို၊ သူတို့ရဲ့ အထီးကျန်မှုကိုလည်း ငွေအား၊ လူအားနဲ့ တတ်နိုင်သမျှအားပေးသင့်တယ်။
ပြောသာပြောရတာ ကျွန်တော်လည်းဘာမှမလုပ်ပေးနိုင်ဘူး.. တစ်နေ့နေ့ပေါ့ဗျာ..
ပျော်ရွှင်ပါစေ............

ကိုခိုင် said...

သာဓု သာဓု သာဓု ပါ
ကျန်းမာပါစေ။

ကိုခိုင်ု

ဟိန်းတင့်ဇော် said...

ကျွန်တော်ရဲ့အဖေအမေလည်း အသက် (၇၀) ကျော်တွေလေ...
သတိယတယ်ဗျာ... ဒါပေမယ့်အဝေးမှာ